သတင်းများ

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။

အဆိုပါထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ တနိုင်း၊ ရှင်ဖွေယန်၊ ချီဖွေ၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ နမ္မတီး၊ ပင်းဘော၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ဘုရင့် နောင်တပ်၊ လိပ်သို၊ ကမမောင်း၊ အထက (၂) ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် မြဝတီစာစစ်ဌာန၊ ချင်းပြည်နယ်မှ ဟားခါးနှင့် တီးတိန်စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သက္ကေပြင်ကုန်း၊ အထက(၁)ကျောက်ဖြူ၊ အထက(၂)ကျောက်ဖြူ၊ အထက(မာန်အောင်)နှင့် အထက(ခွဲ)ဈေးတန်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဟိုပုံး၊ ဆီဆိုင်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ အထက(၁)ပင်လောင်း၊ အထက(၂) ပင်လောင်း၊ နောင်တရား၊ တီဂျစ်၊ ပင်ခွန်၊ တင်းတက်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ တုန်ဟုန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းပန်နှင့် မောက်မယ်စာစစ်ဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အထက(၁)တန့်ယန်း၊ အထက(၂)တန့်ယန်း၊ မိုင်းရယ်နှင့် မူဆယ်စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျင်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်း စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ကျောနှင့် ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက(၁)ကလေး၊ အထက(၃) ကလေး၊ အင်ဒိုင်းကြီး၊ မင်းကင်း၊ ပန်းဆက်၊ ကလေးဝ၊ တမူး၊ ကန့်ဘလူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ရေဦး၊ အရာတော်၊ ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ ကင်းတပ်၊ ဖောင်းပြင်၊ ခန္တီး၊ အထက(၁)ဟုမ္မလင်း၊ အထက(၂)ဟုမ္မလင်း၊ ကတ်သာ၊ မောင်းခမ်း၊ ထမံသီ၊ လေရှီး၊ ပန်ဆပ်၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် စာစစ်ဌာန၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ ကျောက်ကြီးစာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ ( ၅၉၁၅ ကီလိုဟက်ဇ်)မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ လှိုင်းလတ်( ၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း အသီးသီးဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

MOI

ကျောက်ဆည်၊ ဇူလိုင်-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ သိရှိလိုက်နာပြီး ကျန်းမာသန်စွမ်း စေရန်အတွက် ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့်အခြေခံပညာဦးစီးဌာန၊ ကျောင်း ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က လယ်ပြင်၊ ရေဦး၊ ကုန်းမြင့်သာ၊ ရွှေကူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်းမာရေး အသိ ပညာပေးလုပ်ငန်းများ  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဒေါ်ကြည်ကြည်ဆွေ နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လယ်ပြင် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၃) ဦး၊ ရေဦးကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၅၃)ဦး၊ ကုန်းမြင့်သာ ကျောင်းမှ(၉၈)ဦး၊ ရွှေကူကျေးရွာကျောင်းမှ(၄၉)ဦးတို့အား  ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်း၊ သွားနှင့် ခံတွင်းသန့်ရှင်းရေးနှင့် စနစ်မှန်သွားတိုက်နည်းများ၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲခြင်း စသည့် ကျန်းမာရေး အသိပညာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ သံချဆေးနှင့်သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်စေရေး  ကျောင်း ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

ကြက်ဥစားသုံးမှုနှင့် သွေးအတွင်း ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိ

ကင်ဘာရာ   ဇူလိုင် ၂၄

ကြက်ဥစားသုံးမှုကြောင့် သွေးအတွင်းဆိုးကျိုးပြု ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိကြောင်း ဆောက်သ်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။ 

ကြက်ဥစားသုံးပါက သွေးအတွင်း ဆိုးကျိုးပြုကိုလက်စထရော စုစည်းမှုအဆင့် မြင့်တက်လာတတ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာတတ်ကြောင်း ရှေးယခင်က ယူဆခဲ့ကြသည်။

သို့ရာတွင် ဩစတြေးလျ နိုင်ငံ ဆောက်သ်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစားအစာများတွင် ပါဝင်သည့် ပြည့်ဝဆီများကြောင့်သာ ကိုလက်စထရောစုစည်းမှု မြင့်တက်လာနိုင်ပြီး ကြက်ဥကြောင့် ကိုလက်စထရောစုစည်းမှု မြင့်တက်လာသည့် သက်သေအထောက်အထားမျိုးမတွေ့ရကြောင်း သိရသည်။

သို့ရာတွင် ကျန်အစားအစာများ၌ ပြည့်ဝဆီပါဝင်မှုကိုလျှော့ချထားပါက ကြက်ဥကို နေ့စဉ် နှစ်လုံးစားသုံးပါက သွေးအတွင်း ကိုလက်စထရော ပါဝင်မှုကို လျှော့ချနိုင်ကြောင်း ဩစတြေးလျ သုတေသန ပညာရှင်များက ပြောကြားသည်။

သုတေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစားအစာများ၌ ပြည့်ဝဆီတစ်ဂရမ်တိုး လာတိုင်း ဆိုးကျိုးပြုကိုလက်စထရော စုစည်းမှုအဆင့်သည်လည်း သုညဒသမ ၃၅ မှတ် မြင့်တက်လာတတ်ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

ကင်ဆာရောဂါများအတွက်သုံးသည့် ဆေးနှစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက် ဇူလိုင် ၂၄ 

ကင်ဆာရောဂါများကို ကုသရေးအတွက် အသုံးပြုသည့် ဆေးဝါးနှစ်မျိုးသည် အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များသည် အယ်ဇိုင်းမား ရောဂါအပေါ်အကျိုးသက်ရောက်မှုရှိနိုင်သည့် ဆေးဝါးများကို ရှာဖွေရေးအတွက် ဆေးအမျိုးအစား ၁၃၀၀ ကျော်တို့ကို စိစစ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လေ့လာစိစစ်ရာတွင် ရင်သားကင်ဆာရောဂါကို ကုသရာတွင် အသုံးပြုသည့် Letrozole နှင့် အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတို့ကို ကုသရာတွင် အသုံးပြုသော  Irinotecan ဆေးများသည် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

ကြွက်များဖြင့်ပြုလုပ်ခဲ့သည့် စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ အဆိုပါကင်ဆာ ဆေးနှစ်မျိုးကို တွဲဖက်အသုံးပြုပါက မှတ်ဉာဏ်နှင့်ဦးနှောက်လုပ်ငန်းလည်ပတ်မှုများ ပို၍ကောင်း မွန်လာသည့်သဘော တွေ့ရကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။ 

အဆိုပါ ကင်ဆာဆေးနှစ်မျိုးကို လူသားများဖြင့်စမ်းသပ်ရန် လိုအပ်ဆဲဖြစ်သည်ဟု အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားခဲ့ကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: NBC News

သက်ကြီးပိုင်းများ ဂီတတူရိယာတစ်မျိုးကိုသင်ကြားပါက ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိ

ပေကျင်း  ဇူလိုင် ၂၃

သက်ကြီးပိုင်းများအနေဖြင့် ဂီတတူရိယာတစ်မျိုးမျိုးကို လေ့လာသင်ကြားပါက ဦးနှောက်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိကြောင်း သုတေသနပညာရှင်များက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။

တရုတ်နှင့် ကနေဒါသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဂီတတူရိယာများတီးခတ်လေ့ကျင့်သူ သက်ကြီးပိုင်းများ၏ ဦးနှောက်ကျန်းမာရေးမှာ ပုံမှန်ထက်ပိုကောင်းနေတတ်ကြောင်းသိရသည်။

ထို့ပြင် ဂီတတူရိယာတီးခတ်မှု၏ အထက်ပါအကျိုးကျေးဇူးကို ဂီတတူရိယာများကို နှစ်ပေါင်းများစွာ တီးခတ်ခဲ့သူများသာမက အသက်ကြီးမှ ဂီတတူရိယာစတင်လေ့လာသူများလည်း ရယူခံစားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သုတေသနပညာရှင်များသည် ဂီတတူရိယာများကို နှစ်ပေါင်းများစွာ တီးခတ်ခဲ့သူနှင့် မတီးခတ်သူများပါဝင်သော အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများ၏ ဦးနှောက်ကို သံလိုက်လှိုင်းပုံရိပ်ဖော်စနစ် (MRI) ဖြင့် ဓာတ်မှန်ရိုက်ကူး၍ ဦးနှောက်အတွင်း သွေးစီးဆင်းမှုပုံစံကို တိုင်းတာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ဂီတတူရိယာများကို နှစ်ပေါင်းများစွာ တီးခတ်ခဲ့သော သက်ကြီးပိုင်းများ၏ ဦးနှောက်ကျန်းမာရေးမှာ ပုံမှန်ထက် ပိုကောင်းနေသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ရတနာပုံသတင်းစာ

Photo: BBC

အမေရိကန် အိုလံပစ်ကော်မတီက အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး အားကစားသမားများအား အမျိုးသမီး အားကစားနယ်ပယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်

အမေရိကန် အိုလံပစ်နှင့် ပါရာလံပစ်ကော်မတီ (USOPC) သည် တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီးများအား အိုလံပစ် အမျိုးသမီး အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုကို ပိတ်ပင်လိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်အား လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုစာတွင် "Transgender" ဟူသော စကားလုံးကို တိုက်ရိုက်မဖော်ပြဘဲ ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် သမ္မတထရမ့်၏ “အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းထားသော (Transgender) အမျိုးသမီး များအား အမျိုးသမီး အားကစားမှ ဖယ်ရှားခြင်း' အမိန့်အရ အမျိုးသမီး အားကစားအသင်းများတွင် လိင်ပြောင်းထားသော အမျိုးသမီးများ ပါဝင်ခွင့် ကို တားမြစ်ကာ အဆိုပါမူဝါဒကို ချိုးဖောက်သည့် ပညာရေး အဖွဲ့အစည်း များအား ရန်ပုံငွေဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။

USOPC ၏ အားကစားသမား ဘေးကင်းရေး မူဝါဒတွင် "USOPC သည် အမှုဆောင်အမိန့်အမှတ် ၁၄၂၀၁ (Executive Order 14201) နှင့်အညီ တရားမျှတပြီး ဘေးကင်းလုံခြုံသော ပြိုင်ဆိုင်မှုပတ်ဝန်းကျင်ရှိစေရန် သေချာ စေလိမ့်မည်” ဟု ဖော်ပြထားသည်။

ဇန်နဝါရီတွင် သမ္မတထရမ့် ရာထူးပြန်လည်ထမ်းဆောင်ပြီးနောက်၊ ယခင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် Transgender အခွင့်အရေး အကာအကွယ်များကို ရုပ်သိမ်းခဲ့သည်။ ထို့အပြင် အသက် ၁၉ နှစ်အောက် လူငယ်များအတွက် "အစားထိုး ပြုပြင် ခွဲစိတ်ကုသမှုများ" ကို ဖက်ဒရယ်အစိုးရက ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပြီး လိင်ကို အမျိုးသား၊ အမျိုးသမီး နှစ်မျိုးသာ အသိအမှတ်ပြုသည့် အမိန့်ထုတ်ပြန်ကာ စစ်တပ် အတွင်း Transgender ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ခဲ့သည်။

USOPC ၏ CEO Sarah Hirshland နှင့် ဥက္ကဋ္ဌ Gene Sykes တို့မှ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့သော အသိပေးစာတွင် "ဖက်ဒရယ် အစိုးရ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုအနေဖြင့် USOPC သည် ဖက်ဒရယ်လိုအပ်ချက်များကို လိုက်နာရန် တာဝန်ရှိသည်" ဟု ဖော်ပြ ထားသည်။ ၎င်းတို့သည် အမျိုးသား အားကစားအဖွဲ့ချုပ်အားလုံးအား ၎င်းတို့၏ မူဝါဒများကို အဆိုပါအမိန့်နှင့်အညီ ပြုပြင်ပြောင်းလဲမှုများ လိုက်နာ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုံးပတီသီးစားသုံးမှုက အဝလွန်မှုကြောင့် ပေါ်ထွက်လာသည့် ဆိုးကျိုးများမှ ဦးနှောက်ကို ကာကွယ်ပေးနိုင်ဖွယ်ရှိ

လန်ဒန်   ဇူလိုင် ၂၃

ရုံးပတီသီးစားသုံးမှုသည် အဝလွန်မှုကြောင့် ပေါ်ထွက်လာသည့် ဆိုးကျိုးများမှ ဦးနှောက်ကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်းသုတေသနပညာရှင်များက ဇူလိုင် ၂၂ရက်တွင် ပြောကြားသည်။

ဓာတ်ခွဲခန်းအတွင်း ကြွက်များဖြင့်စမ်းသပ်ခဲ့သော လက်တွေ့စမ်းသပ်မှုများအရ ရုံးပတီသီးဓာတ်စာသည် အဝလွန်မှု၊ သွေးအတွင်း သကြားဓာတ်ပါဝင်မှုနှုန်းမြင့်မားမှုနှင့် ဦးနှောက်ရောင်ရမ်းမှုများကိုလျှော့ချရာတွင် အထောက်အကူပြုနိုင်သည်ကို တွေ့ရကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

ထို့ပြင် ရုံးပတီသီးသည် Hypothalamus ခေါ် ဦးနှောက်နယ်မြေ၏ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ထိန်းပေးထားနိုင်သည်ကိုလည်း သုတေသနပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့ကြကြောင်း သိရသည်။

အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများသည် ရုံးပတီသီးတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပေါ်ထွက်လာခြင်းဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ရုံးပတီသီးတွင် အောက်ဆီဂျင်ဓာတ်ဖျက်ပစ္စည်းများ ပါဝင်မှုမြင့်မားသကဲ့သို့ Catechins နှင့် Quercetin ကဲ့သို့ အပင်ထွက်ဓာတုဒြပ်ပေါင်းများလည်း ပါဝင်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ ကျင်းပသည့် BRIDGE Summer Camp - 2025 တွင် ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၁

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ဇူလိုင် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၃၇) နှစ်မြောက် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ (BRIDGE Summer Camp - 2025) သို့ မြန်မာကျောင်းသားလူငယ် ကိုယ်စားလှယ်ခြောက်ဦးက Junior Ambassador များအဖြစ် ပါဝင်တက်ရောက်၍ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာကျောင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၄ရက်အထိ ဂျပန်နိုင်ငံ Fukuoka Marine House Camp ၌ အာရှ - ပစိဖိတ်ဒေသ ၄၂ နိုင်ငံမှ Junior Ambassador များနှင့်အတူ စခန်းချ၍ စုပေါင်းနေထိုင်ကြပြီး တွေ့ဆုံပွဲအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက်တွင် “မိုင်းအိမတ်ဆုဘာရ” ဂျပန်အလယ်တန်းကျောင်းသို့ သွားရောက်လေ့လာ၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံခြင်း၊ ဂျပန်ကလေးငယ်များနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ကျောင်းခန်းမ၌ နွေဦးကဗျာသင်္ကြန်သီချင်းဖြင့် ကပြခြင်း၊ ဂျပန်ကလေးများအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ဇူလိုင် ၁၅ ရက် ညပိုင်းမှစ၍ ၂၀ ရက် ညပိုင်းအထိ ဂျပန်မိသားစုနေအိမ်များသို့ Home Stay အဖြစ် တစ်ဦးချင်းလိုက်ပါနေထိုင်ပြီး အိမ်ရှင်ကျောင်းသားများ၏ ကျောင်းများသို့ တစ်နေ့တာ အတူလိုက်ပါတက်ရောက်ခြင်း၊ လူငယ်တွေ့ဆုံပွဲ၏ အဓိကအစီအစဉ်ဖြစ်သည့် “We are the BRIDGE Festival” သို့ အိမ်ရှင်မိသားစုများအား မြန်မာဝတ်စုံဝတ်ဆင်စေ၍အတူ ပါဝင်ဆင်နွှဲခြင်း၊ နွေဦးကဗျာ သင်္ကြန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ပွဲတော်သို့ လာရောက်သည့် ဧည့်သည်များအား မြန်မာသနပ်ခါးလိမ်းခြယ်ပေးခြင်း၊ အိမ်ရှင်မိသားစုများနှင့်အတူ Fukuoka Tower အပါအဝင် ဖူကူအိုကာ၏ အထင်ကရနေရာများကို လည်ပတ်ခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူငယ်တွေ့ဆုံပွဲအစီ အစဉ်ကို ဂျပန်နိုင်ငံဖူကူအိုကာမြို့၌ အခြေစိုက်သည့် အာရှ-ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း (Asian Pacific Children's Convention - APCC) က “We are the BRIDGE” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး APCC မှ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၄၂ နိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသား ကျောင်းသူ ၁၉၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာကျောင်းသား လူငယ်များ အဆိုပါနွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ- ၂၀၂၅ သို့ ပါဝင်တက်ရောက်ခွင့်ရရှိခြင်းဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ လူငယ်များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံခွင့်ရရှိခြင်း၊ ယဉ်ကျေးမှုများ အပြန်အလှန်ပိုမိုသိရှိခွင့်ရရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ ရရှိခြင်း၊ မိမိပတ်ဝန်းကျင်တိုးတက်မှုအတွက် အထောက်အကူရရှိခြင်း၊ တစ်ဦးချင်းယုံကြည်မှုနှင့် အားထုတ်မှုများရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် “BRIDGE Summer Camp 2026” အတွက် တရားဝင်ကမ်းလှမ်းဖိတ်ကြားမှုကို လက်ခံရရှိပါက မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း (MJA) အနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ အခြေခံပညာကျောင်းသား လူငယ်များအား အဆိုပြုလွှာခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၅ ကမ္ဘာ့အားကစားပွဲသို့နဂါးလှေလှော်သမားများကိုစေလွှတ်မည်

ရန်ကုန်၊ ဇူလှိုင် ၂၁

တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဖွဲ့ဝင် ၁၆ ဦးပါသော အားကစားအဖွဲ့ကို မြန်မာနိုင်ငံ လှေလှော်နှင့် ကနူးလှေအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါသည်။

အမျိုးသား အားကစားသမား ခြောက်ဦး၊ အမျိုးသမီး အားကစားသမား ခြောက်ဦး၊ အသင်းခေါင်းဆောင်တစ်ဦး၊ မန်နေဂျာ တစ်ဦးနှင့် နည်းပြ နှစ်ဦးတို့ ပါဝင်သည့် အဖွဲ့သည် သြဂုတ်လ ၆ ရက် နေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးသက်လွင်က ပြောပါသည်။

“အသင်းသည် မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ၂,၀၀၀ အကွာအဝေး ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သွားမည်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ အားကစားသမားများကို ဧပြီလတွင် ရွေးချယ်ခဲ့ပြီး ပြင်းထန်စွာ လေ့ကျင့်‌ပေးထားကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။

Popular Myanmar

၁၀ နှစ်အတွင်းနှလုံးဖောက်နိုင်ခြေ ရှိ၊ မရှိကို ရိုးစင်းသည့် မျက်လုံးစစ်ဆေးနည်းဖြင့် ခန့်မှန်းနိုင်

အီဒင်ဘာ့ဂ် ဇူလိုင် ၂၁

ရိုးစင်းသည့်မျက်လုံးစစ်ဆေးနည်းတစ်မျိုးသည် လာမည့် ၁ဝ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေ သို့မဟုတ် လေဖြတ် နိုင်ခြေ ရှိ၊ မရှိကို ခန့်မှန်းနိုင်ကြောင်း ဇူလိုင် ၂၀ ရက် သတင်း များအရ သိရသည်။

မျက်လုံးနောက်ဘက်အတွင်း အာရုံခံလွှာ သွေးကြောများ၏ ဓာတ်ပုံများကို လူ့ဉာဏ်ရည်တု နည်းပညာ (Al) အကူအညီသုံး၍ လေ့လာဆန်းစစ်ခြင်းဖြင့် လာမည့် ၁၀ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ကြိုတင်ခန့်မှန်းနိုင်သည်ဟု စကော့တလန် သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

အလင်းအာရုံခံလွှာ သွေးကြောများ ပျက်စီးနေခဲ့ပါက သို့မဟုတ် ကျဉ်းမြောင်းနေပါက လာမည့် ၁ဝ နှစ်အတွင်း လေဖြတ်နိုင်ခြေနှင့် နှလုံးရုတ်တရက်ဖောက်နိုင်ခြေတို့ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

လက်တွေ့စမ်းသပ်မှုမှပေါ်ထွက်လာသည့် ရလဒ်များအရ မိမိတို့၏ AI နည်းပညာသုံး မျက် လုံးစစ်ဆေးနည်းသည် လာမည့် ၁ဝ နှစ်အတွင်း နှလုံးရုတ်တရက် ဖောက်နိုင်ခြေနှင့် လေဖြတ်နိုင် ခြေ ရှိ၊ မရှိကို ၂၀ ရာခိုင်နှုန်း တိကျစွာ ခန့်မှန်းနိုင်သည်ဟု စကော့တလန် သုတေသနပညာ ရှင်များက ပြောကြားကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: Yahoo Finance