သတင်းများ

ကမ္ဘောဒီးယား ရိုးရာသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲ

ဖနောင်ပင် နိုဝင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံ၏ သုံးရက်တာ ရိုးရာရေသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့်ရေသဘင်ပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်များအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပြည်သူများသည် ရေသဘင်ပွဲတော်၏ အထင်ကရတစ်ခုဖြစ်သည့် လှေပြိုင်ပွဲကျင်းပရာ မြို့တော်၏ မြစ်ကမ်းနားသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

ဖနောင်ပင် နိုဝင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံ၏ သုံးရက်တာ ရိုးရာရေသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့်ရေသဘင်ပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်များအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပြည်သူများသည် ရေသဘင်ပွဲတော်၏ အထင်ကရတစ်ခုဖြစ်သည့် လှေပြိုင်ပွဲကျင်းပရာ မြို့တော်၏ မြစ်ကမ်းနားသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

ပွဲတော်ရက်အတွင်း ပြည်တွင်းခရီးသွား ၆ ဒသမ ၂ သန်းခန်းနှင့် နိုင်ငံခြားသားခရီးသွား ၅၂၄၉၈ ဦးလာရောက်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။

ရေသဘင်ပွဲတော်ကို နိုင်ငံ၏ ထူးခြားသော ရိုးရာယဉ်‌ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းလျက် ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက်ကြည်နူးမိပါကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားသည်။

ပွဲတော်အတွင်း ပါဝင်ဆင်နွှဲသူအားလုံး၏ လုံခြုံဘေးကင်း‌ရေးနှင့် အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်အတွက် ပံ့ပိုးကူညီပေးသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ကိုးကား- ဆင်ဟွာ

Source- ကြေးမုံသတင်းစာ

ကမ္ဘောဒီးယား ရိုးရာသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲ

ဖနောင်ပင် နိုဝင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံ၏ သုံးရက်တာ ရိုးရာရေသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့်ရေသဘင်ပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်များအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပြည်သူများသည် ရေသဘင်ပွဲတော်၏ အထင်ကရတစ်ခုဖြစ်သည့် လှေပြိုင်ပွဲကျင်းပရာ မြို့တော်၏ မြစ်ကမ်းနားသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

၂၀၂၄ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။ 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။ 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Alexey Sambuevich Tsydenov နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။ 

ထွန်းညှိပူဇော်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြသည်။

ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကို ထိုးခတ်ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကြိုဆိုကြသည်။ 

ကြည့်ရှုအားပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့တို့က စိန်နားပန်မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကျည် (ညမီးကြီး) မီးပုံးပျံများ လွှတ်တင်ပူဇော် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် မြတ်ရောင်ခြည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါမြတ်ရောင်ခြည်စိန်နားပန် မီးပုံးပျံ၏ ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ၊ ကြာပန်းခက်များ၏အပေါ်တွင် မြတ်ရောင်ခြည်စာသားအား အပြာရောင်ဖြင့် ရေးဆွဲထားပြီး မီးပုံးပျံ၏အောက်ဆွဲတွင် ကြာပန်းပုံနှင့် ဘူရားတီးရားစာသားကို မီးပုံးရောင်စုံများဖြင့် လှပစွာချိတ်ဆွဲထားရှိသည်။ မီးပုံးပျံများ လွှတ်တင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကအလှများနှင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့တို့သည် ကျောက်စာရုံစေတီတော်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံးဆု၊ အဖွဲ့လိုက်ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆု၊ အဖွဲ့လိုက်ချုပ်ရိုး ချုပ်သားအကောင်းဆုံးဆု၊ အဖွဲ့လိုက်ရက်လုပ်ထားသော သင်္ကန်းအထည်သား တည်ဆောက်မှု အကောင်းဆုံး၊ အဖွဲ့လိုက်ရက်ကန်းစင်ကိုင်တွယ်အကောင်းဆုံးဆုတို့ကို ကောင်စီဝင်များက အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဉ္စမဆုရရှိသည့် နေပြည်တော်ကောင်စီကိုယ်စားပြုအသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ်ကိုယ်စားပြုအသင်းအား ကောင်စီတွဲဖက် အတွင်းရေးမှူးကလည်းကောင်း၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်သည်။

၎င်းနောက် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆု၊ စက္ခု ပသာဒ အကောင်းဆုံးဆု၊ ဆန်းသစ်တီထွင် အရောင်စုံလင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံ အတက်အကောင်း ဆုံးဆု၊ အတက်စံချိန်အကောင်းဆုံးဆု၊ မီးပုံးပျံပုံသဏ္ဌာန်အလှပဆုံးဆု၊ မှိုင်းခံစံချိန် အကောင်းဆုံးဆု ရရှိကြသည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တတိယဆုရရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကိုယ်စားပြု အသင်းအား ကောင်စီအတွင်းရေးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ 

ယင်းနောက် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 

ဆက်လက်ပြီး ညမီးကျည် (ညမီးကြီး) မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု၊ စက္ခုပသာဒအကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံအတက် အကောင်းဆုံးဆု၊ အတက်စံချိန်အကောင်းဆုံးဆု၊ မီးပုံးပျံပုံသဏ္ဌာန်အလှပဆုံးဆု၊ မှိုင်းခံစံချိန် အကောင်းဆုံးဆု ရရှိကြသည့်ဝန်ကြီးဌာန ကိုယ်စားပြုအသင်းများအား ကောင်စီအဖွဲ့ဝင်များက ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တတိယဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနကိုယ်စားပြုအသင်းအား ကောင်စီအတွင်းရေးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြုအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ 

ယင်းနောက် ပထမဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်ခန်းများ ခင်းကျင်းပြသ ရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင်ဖျော်ဖြေမှုတို့ကို လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ရဟန်းရှင်လူပြည်သူများကလည်း စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

 

၂၀၂၄ ခုနှစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။ 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် သည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး  ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသား၊ တိုင်းရင်းသူ များက မီးကြာခွက်များကိုင်ဆောင်၍ လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုးဒေါ်မိုးအက၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်များ တီးမှုတ်၍ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ် အလုံး ၅၀၀ ကို လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်နားပန် မီးပုံးပျံများနှင့် ညမီးကျည်(ညမီးကြီး) မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံများ လွှတ်တင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မီးပုံးပျံငယ်များကို လွှတ်တင်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင်ဖျော်ဖြေမှုတို့ကို လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော် ကြည်ညိုကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 Source: www.moi.gov.mm

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် သည်။

၂၀၂၄ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ 

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ 

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး  ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးနှင့်ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံမာရဝိဇယကျောင်းတော်ကြီးသို့ လှူဒါန်းရန်ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မာရဝိဇယကျောင်းတော် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပေါက်မြိုင်ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း မာရဝိဇယကျောင်းတော် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တပဏ္ဍိတ ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြားသည်။

၎င်းနောက် မာရဝိဇယကျောင်းထိုင်ဆရာတော်ကြီးထံမှ ရေစက်သွန်းတရား နာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနားအပြီးတွင်  ပေါက်မြိုင်ဆရာတော်ကြီး  အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

၂၀၂၄ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ 

religious

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကိုနိုဝင်ဘာလ ၁၁ နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကိုနိုဝင်ဘာလ ၁၁ နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက် ပါမောက္ခချုပ် ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက်ဆရာတော်နှင့် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ်ဆရာတော်တို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၉ ပင်၊ တန်ဖိုးငွေ ၅၃,၂၃၃,၃၄၀ နှင့် လှူဒါန်းငွေ ၈၀,၆၉၀,၈၀၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၃၃,၉၂၄,၁၄၀ ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.sacoffice.gov.mm

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂ဝ၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကိုနိုဝင်ဘာလ ၁၁ နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confederation ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရုသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွား စေရန် ရည်ရွယ်၍ နိုဝင်ဘာ ၆ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confederation ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရုသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွား စေရန် ရည်ရွယ်၍ နိုဝင်ဘာ ၆ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံသမ္မတ ယဉ်ကျေးမှုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဖိတ်ကြားထားသော ဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ သီတဂူအဓိပတိဆရာတော်ကြီးက ဘုရားပန်းကပ်ခြင်း၊ ဆီမီးထွန်းခြင်းများပြုလုပ်၍ အခမ်း အနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆရာတော်ကြီးက Recognition of Pali as a Classical Indian Language အကြောင်း မိန့်ခွန်းပြောကြားပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

Source- Myanmar National Portal

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confederation ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရုသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွား စေရန် ရည်ရွယ်၍ နိုဝင်ဘာ ၆ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများ မှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဟိန္ဒူအသင်းအဖွဲ့ပြခန်းများ၊ ဟိန္ဒူမျိုးနွယ်စုပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဒီပါဝလီနေ့နှင့် ဆီမီးထွန်းညှိခြင်းတို့နှင့်ပတ်သက်၍ အခမ်းအနားမှူးက ရှင်းလင်းတင်ပြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တစ်ကိုယ်တော်အကဖြင့် ဖျော်ဖြေမှု၊ Ganesha ဓမ္မတေးဖြင့် ပူဇော်မှု၊ ဆီမီးခွက်အကဖြင့် ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ရိုးရာမီးထွန်းပွဲတော်ဖြစ်ပြီး “ဒီပ” ဟူသည့် မီးအလင်းရောင်နှင့် “အာဝလိ” ဟူသည့် စီတန်းခြင်းဟူသော အဓိပ္ပာယ်တို့ကို ပေါင်းစပ်၍ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းအဓိပ္ပာယ်ရသည်ဟု သိရှိရပါကြောင်း၊ ထိုသို့ ဆီမီးပူဇော်ခြင်းအားဖြင့် အလင်းမှ အမှောင်ကို ခွင်းနိုင်သကဲ့သို့ မကောင်းသည့်အခြေအနေဆိုးမှ ကောင်းခြင်းတရားများ ရောက်ရှိလာစေရန်၊ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွန်းလာစေရန်ဟူသည့် ယုံကြည်ချက်များဖြင့် ယခုကဲ့သို့ ဆီမီးပူဇော်ကြသည်ဟု သိရပါကြောင်း၊ စာပေ၌ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟုဆိုကြပြီး အလင်းရောင်သည် လူသားတို့အားလုံးအတွက် ကောင်းကျိုးဖြစ်စေမည့် အဓိကခွန်အား၊ စွမ်းအားဖြစ်ကာ အလွန်ပင်အဓိပ္ပာယ်ရှိပါကြောင်း၊ ထို့ကြောင့် ဟိန္ဒူဘာသာဝင်များအနေဖြင့် ယခုကဲ့သို့ ပွဲတော်ကျင်းပသည့်အခါသမယတွင် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ဘုရားကျောင်းများ၊ မိမိတို့၏နေအိမ်များတွင် ဆီမီးများကို လှပစွာထွန်းညှိပူဇော်ကြခြင်းသည် ဘဝ၏တိုးတက်မှုခွန်အားများကို အားလုံးရစေမည်ဟု ယုံကြည်ပါကြောင်း။

ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည်လည်း ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဟိန္ဒူဘာသာဝင်များအားလုံး စုစုစည်းစည်းပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း။

မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံနေသည်ကိုတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုးလှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာ ကျူးလွန်နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာ သုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီး နေကြရန်လိုကြောင်း၊ ယနေ့အချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး မိမိတို့အားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည်မှန်သော်လည်း အဆိုပါ မတူကွဲပြားမှုများကို စုစုစည်းစည်းရုံးနိုင်ခြင်းကသာ အင်အားကို ဖြစ်စေပါကြောင်း၊ ထိုကဲ့သို့စုစည်းသည့်အင်အားရရှိစေရေး မိမိကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာပြည်ဖွား အိန္ဒိယလူမျိုးစုအဖွဲ့အစည်းများ၊ တရုတ်လူမျိုးစုအဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များတွေ့ဆုံစေခဲ့ကြောင်း၊ အဆိုပါအဖွဲ့အစည်းများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ၎င်းတို့၏သုံးသပ်ချက်များအပေါ် အဖြေရှာဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေသည်ကိုလည်း အားလုံးက မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း ဒီပါဝလီပွဲတော်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သူများအားလုံးနှင့်အတူ စည်းလုံးမှု၊ စုစည်းမှုအားကို မြင်တွေ့ရသည့်နေ့ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုထက်ပိုခိုင်မြဲအောင် ဆက်လက်တည်ဆောက်သွားကြရန် လိုပါကြောင်း။

ထို့ကြောင့် ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်များ၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ခြင်းပွဲတော်ကာလမှစပြီး မိမိတို့နိုင်ငံသားအားလုံးက တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများ မျှဝေပေးပြီး နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ဆန္ဒပြုဆုမွန်ကောင်းစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှတ်တရစကား ပြောကြားပြီး ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ Naypyitaw State Polytechnic University မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ပြေးလမ်းအပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တည်ဆောက်နေမှုအခြေအနေများ၊ ကျောင်းသားအိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားခန်းမ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မစာသင်ဆောင်အတွင်းသို့ ရောက်ရှိကြပြီး ကျောင်းသားစုဝေးခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ယာယီစာကြည့်တိုက်နှင့် အထောက်အကူပြုခန်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကဏ္ဍတစ်ခုချင်းစီအလိုက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တက္ကသိုလ်ယာယီရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အတွင်း သုံးထပ်ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစားကွင်းများ၊ စာကြည့်တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုအဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုးချဲ့ပင်မဆောင် ဆက်လက်ဆောင်ရွက်သွားမည့် အဆိုပြုပုံစံများ ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်ရုပ်တု တည်ဆောက်ထားရှိနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများ ထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက်လည်း ကြိုတင်တွက်ချက်စဉ်းစားဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တက္ကသိုလ်ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ တိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက်လည်း ကြိုတင်တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုပြီး သစ်ပင်ပန်းမန်များ စနစ်တကျထည့်သွင်းစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးပြီးဖြစ်သည့်အပင်များ ဆက်လက်ရှင်သန်စေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အပင်ကြီးများစိုက်ပျိုးရာတွင် ရေရှည်ကြီးထွားလာမည့်အခြေအနေများအထိ ကြိုတင်တွက်ချက်စဉ်းစားပြီးမှသာ စနစ်တကျ စိုက်ပျိုးသွားရန်လိုကြောင်း၊ ယခုပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သဖြင့် လာမည့်နှစ် မိုးရာသီမတိုင်မီ ရေထုတ်စနစ်များအားလုံး ဆောင်ရွက်ပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တက္ကသိုလ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေ၊ မီး စနစ်များ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေနိုင်သည့်အတွက် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ခမ်းခမ်းနားနားနှင့် အဓိပ္ပာယ်ရှိရှိ ကျင်းပရန် ရည်ရွယ်ထားကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ (၂၅) ရက်တွင်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် “အားကစားတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်း” ထည့်သွင်းမိန့်ကြားခဲ့ကြောင်း၊ ၎င်းမှာ နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကစားကဏ္ဍသည် မည်မျှအရေးကြီးသည်ကို လမ်းညွှန်မှာကြားခြင်းပင်ဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော်များကို ယခုအချိန်ထိ (၄) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပထမအကြိမ်ကို ၁၉၉၂ ခုနှစ်၊ မေလ (၃) ရက်နေ့မှ (၁၆) ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၂) နည်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၆) ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၄) နည်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၂၄) ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၉) နည်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၂၈) ရက်နေ့ထိ နေပြည်တော်တွင် အားကစားနည်း (၂၇)နည်းတို့ဖြင့် ကျင်းပခဲ့ကြောင်း။

ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပရန်မှာ အချိန်အားဖြင့် (၁) လကျော်ခန့်သာ ကျန်ရှိတော့သည့်အတွက် ပြိုင်ပွဲကျင်းပနိုင်ရေး ဖွဲ့စည်းပေးထားသည့် ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ပြီးစီးနေကြပြီဟု ယူဆပါကြောင်း။

ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲများ အဆင့်အတန်းမီမီ ကျင်းပနိုင်ရေးတို့အတွက် ကော်မတီ၊ ဆပ်ကော်မတီများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများကို ယနေ့အစည်းအဝေးတွင် တင်ပြပေးကြရန်လိုကြောင်း။

အလားတူ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးက ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ပြည်နယ်/တိုင်းဒေသကြီးအလိုက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အဆင့်အတန်းမီမီ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို တင်ပြပေးရန် မှာကြားလိုကြောင်း။

ပြိုင်ပွဲကြီး ပြီးသွားသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေးအပ်ခြင်းစသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲကြီးကတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ရရှိလာမည့် အားကစားသမားများကို စွမ်းရည်တိုးတက်ကောင်းမွန်အောင် ကျွေးမွေးမှု (Sports Nutrition) အပိုင်းတွင်လည်း အားကစားနည်းအလိုက် သိပ္ပံနည်းကျစနစ်တကျနှင့် ကယ်လိုရီတွက်ချက်ကျွေးမွေးစေရေး၊ ခွန်အားတိုးဖို့ တားမြစ်ဆေးမသုံးစွဲဘဲ တိုင်းရင်းဆေးဝါးများနှင့် ဖေါ်စပ်ကျွေးမွေးစေရေးတို့ကို ဆောင်ရွက်ရန်စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရန် (၁)လ လိုအပ်သည့်အချိန် နိုဝင်ဘာလဆန်းပိုင်းကစပြီး ပြည်သူများစိတ်ဝင်စားစွာနှင့် စောင့်မျှော်အားပေးနိုင်ရန်အတွက် အမျိုးသားအားကစားပွဲတော်နှင့် စပ်လျဉ်းသည့် မီဒီယာကဏ္ဍလှုံ့ဆော်မှုများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းအသီးသီး၏ ပြင်ဆင်နေမှုအင်တာဗျူးများ၊ နားထောင်သူတိုင်း နားထဲသံမှိုစွဲသလိုရောက်ရှိစေမည့် အားကစားပွဲဆိုင်ရာ သီချင်းအသစ်များ၊ ပညာပေးဇာတ်လမ်းတို၊ ဟာသဇာတ်လမ်းတိုစသည်များဖြင့် Social Media, Print Media, Broadcast Media တို့မှာ ပေါ့ပေါ့ပါးပါး Shortcut များနှင့်ဖော်ပြပြီး ပြည်သူလူထုကို ကြိုတင်လှုံ့ဆော်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်လည်းလိုကြောင်း။

ပြိုင်ပွဲများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကျင်းပသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မလိုလားအပ်သည့် အငြင်းပွားမှုများ၊ ကန့်ကွက်မှုများမရှိနိုင်မှာဖြစ်သကဲ့သို့ ပြိုင်ပွဲ၏ ရလာဒ်များသည်လည်း မှန်ကန်တိကျပြီး နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်လျာထားမှုသည်လည်း ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ မျှတစွာယှဉ်ပြိုင်အားပေးမှုများနှင့် နိုင်ငံ၏ဂုဏ်နှင့် အားကစားအဆင့်အတန်းမြင့်မားစေနိုင်သည့် ပြိုင်ပွဲကြီးဖြစ်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက် ပေးကြရန် မှာကြားလိုကြောင်း။

ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် အမှန်တကယ်အရည်အချင်းရှိသူများကို စိစစ်ရွေးချယ်နိုင်ရေးအတွက် အားကစားနည်းအလိုက် အံဝင်ခွင်ကျရှိမည့် စံနှုန်းသတ်မှတ်ချက်နှင့်အညီ နည်းစနစ်ကျွမ်းကျင်သူများဖြင့် စနစ်တကျ ရွေးချယ်သွားရန် မှာကြားလိုကြောင်း။

ပြည်နယ်များနှင့် တိုင်းဒေသကြီးအသီးသီးက အားကစားသမားများ နေပြည်တော်ကိုရောက်ရှိပြီး ပြိုင်ပွဲများကျင်းပနေစဉ်ကာလအတွင်း ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်များကို ဆပ်ကော်မတီအလိုက်က စေ့စေ့စပ်စပ်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အားကစားသမားများ စိတ်အေးချမ်းသာစွာနှင့် ပြိုင်ပွဲကြီးကို စိတ်ပါဝင်စားစွာ အဆင်ပြေပြေယှဉ်ပြိုင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်နှင့် ပြိုင်ပွဲ ကာလအတွင်း ကျန်းမာရေးကအစ မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ထူးခြားဖြစ်စဉ်များမရှိအောင် တာဝန်ရှိသူများနှင့် အသင်းလိုက်အုပ်ချုပ်သူများက ကြပ်မတ်ပြီး အားနည်းချို့ယွင်းချက် နည်းနိုင်သမျှနည်းနည်းနှင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစားပြိုင်ပွဲအဖြစ်သာမရှုမြင်ဘဲ နိုင်ငံတော်အဆင့်အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်အောင် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကလည်း ကြီးမားကျယ်ပြန့်ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ကိုယ်စီကိုယ်စီ ကျရာအခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိ စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသကဲ့သို့ အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မိမိတို့အားလုံး၏ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါ လုပ်ငန်းတာဝန်များကို လစ်ကွက်ဟာကွက်မရှိစေဘဲ အောင်မြင်ပြီးမြောက်စေရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက်လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်မှ အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး အဆင်ပြေ အောင်ဆောင်ရွက်သွားကြရန်၊ အထူးသဖြင့် ဆောင်ရွက်မှုတိုင်းအတွက် လုံခြုံရေးသတိ၊ လုံခြုံရေးအသိနှင့် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်ဆိုင်ရာများ၊ ပြိုင်ပွဲအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးတို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်သွားမည့် အစီအစဉ်လျာထားချက်များနှင့် သက်ဆိုင်ရာအားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းပစ်ဖောက်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ် ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့်အစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

"ပျော်စရာဘုံကထိန်" ‌တေးဂီတဖျော်ဖြေပွဲ ခေါင်းစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့်မည့် တေးသီချင်း(၁၀)ပုဒ်
စဉ်သီချင်းအမည်အဆိုရှင်
၁။ကထိန်သင်္ကန်းပြင်ပအဆိုရှင်
၂။လမြတ်တန်ဆောင်ဌာနအဆိုရှင်
၃။ဘုံကထိန်ပြင်ပအဆိုရှင်
၄။ကျွန်တော်မပါရင်ပွဲမစည်ပြင်ပအဆိုရှင်
၅။သာစွတန်ဆောင်တိုင်ပြင်ပအဆိုရှင်
၆။ကထိန်ပွဲတော်အတူနွှဲပျော်ပြင်ပအဆိုရှင်
၇။ပျော်စရာဘုံကထိန်ဌာနအဆိုရှင်
၈။တန်ဆောင်တိုင်ပွဲတော်ညပြင်ပအဆိုရှင်
၉။တို့ရွာထဲကဘုံကထိန်ပွဲပြင်ပအဆိုရှင်
၁၀။ဖူးပွင့်ဝေဆီ(၁၂)လရာသီပြင်ပအဆိုရှင်

Source- မြန်မာ့အလင်း

"ပျော်စရာဘုံကထိန်" ‌တေးဂီတဖျော်ဖြေပွဲ ခေါင်းစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့်မည့် တေးသီချင်း(၁၀)ပုဒ်