သတင်းများ

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။

အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

“သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့် မြောက်အမေရိကမှာ ကမ္ဘာက ပြန်ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ကမ္ဘာ့အားကစားမှာ အလိုချင်ဆုံး ထိုင်ခုံတွေဖြစ်လာမယ့် နေရာတွေကို ရယူရေး အသင့်ပြင်ထားကြဖို့ နေရာတိုင်းက ပရိသတ်တွေကို တိုက်တွန်းပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

လက်မှတ်များကို မည်သို့မည်ပုံ ထုတ်ရောင်းမည်ကို ဖီဖာက အသေးစိတ်မဖော်ပြခဲ့သော်လည်း ကြိုတင်စာရင်းပေးထားသော ပရိသတ်များသည် စက်တင်ဘာ ၁၀ ရက်တွင် ၎င်းတို့၏ ပထမဆုံးလက်မှတ်ဝယ်ယူခွင့်အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်မှတ်စတင် ရောင်းချသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် တနင်္ဂနွေနေ့ နောက်ဆုံးပွဲစဉ်အထိ လက်မှတ်ရောင်းချမှု အဆင့်များစွာ ရှိလိမ့်မည်ဟု ဖီဖာက ပြောကြားခဲ့သည်။

Popular Myanmar

ထိုင်းနိုင်ငံ၏ ‘Gold card’ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကင်ဆာ ဝေဒနာရှင်များ၏ ခရီးစရိတ်ကိုပါ ထည့်သွင်းစီစဉ်ပေးထား

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လ

ထိုင်းနိုင်ငံ၏ အထွေထွေကျန်းမာရေးအာမခံစနစ်ဖြင့် အဆင့်မြင့် ကင်ဆာ ကုသမှုခံယူမည့် လူနာများအတွက် အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အမျိုးသား ကျန်းမာရေး လုံခြုံမှုဘုတ်အဖွဲ့က "Gold card" အထွေထွေ ကျန်းမာရေး အာမခံစနစ် အတွက် ရန်ပုံငွေအား အတည်ပြုပေးခဲ့ပြီး ယခုအခါ အဆင့်မြင့် ဆေးရုံကြီးများတွင်သာရရှိနိုင်သော အဆင့်မြင့်ကင်ဆာကုသမှု (၃) မျိုးဖြစ်သည့်ပရိုတွန်ကုထုံး (proton therapy)၊ မျက်လုံးအတွင်းကင်ဆာအတွက်ရေဒီယိုသတ္တိကြွ ပလိပ်ကုထုံး (eye plaque brachytherapy) နှင့် စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း (robotic surgery) တို့ကို ခံယူရန် လိုအပ်သော လူနာများ၏ ခရီးစရိတ်ကို ထောက်ပံ့ပေးမည်ဖြစ်သည်။

"ယခင်က လူနာများစွာသည် ခရိုင်နယ်နိမိတ်ဖြတ်ကျော် သွားလာရခြင်း ၏ စရိတ်စကကြောင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်" ဟု အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Sasikarn Wattanachan က ကြာသပတေးနေ့ (ဇူလိုင် ၁၆) တွင် ပြောကြားခဲ့သည်။ "အဆိုပါ အသစ် ဖြည့်စွက်ထားသော အကျိုးခံစားခွင့်သည် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံသာမက လူနာများနှင့် မိသားစုများအတွက် အသက်ကယ် ကုသမှုများကို ပိုမိုလွယ်ကူစွာ ရရှိစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်"ဟု ဆိုသည်။

အဆိုပါစီမံကိန်းအရ အမျိုးသားကျန်းမာရေးလုံခြုံမှုရုံး (NHSO) သည် လူနာပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ကုသမှုခံယူမည့်ဆေးရုံများကို ချိတ်ဆက်ပေးသည့် ညှိနှိုင်းဆောင်ရွက်ရေးစနစ်တစ်ခုကို ထူထောင် ထားသည်။ ၎င်းတွင် ကင်ဆာလူနာများနှင့် မိသားစုဝင်များအား ၎င်းတို့ ၏နေအိမ်မှ အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်းလည်း ပါဝင်သည်။ ခရီးဆုံး ရောက်ရှိ ပါက ကုသမှုခံယူမည့်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုသည် ကုသမှုတစ်လျှောက် သွားလာရန် လိုအပ်သော ခရီးစရိတ်အား ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုအခါတွင် စတင်လည်ပတ် နေပြီဖြစ်ကြောင်း Sasikarn Wattanachan က ပြောကြားခဲ့သည်။

"အစိုးရအနေဖြင့် နိုင်ငံသားအားလုံး တန်းတူညီမျှစွာ အသုံးပြုနိုင်ရန်အမျိုးသားကျန်းမာရေးလုံခြုံမှုစနစ်ကို မြှင့်တင်ရန် ဆုံးဖြတ်ထားပါသည်" ဟု သူမ က ဆိုသည်။ "အဆိုပါအစီအမံသည် ကင်ဆာလူနာများ၏ ဝန်ထုပ် ဝန်ပိုးများကို လျှော့ချပေးပြီး ယုံကြည်မှုတည်ဆောက်ကာ ၎င်းတို့၏ ဘဝ အရည်အသွေးကို အမှန်တကယ် မြှင့်တင်ပေးလိမ့်မည်ဟု မိမိတို့ ယုံကြည်ပါသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမား အသက် ၁၁၄ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမားအဖြစ် ယူဆရသည့် ဗြိတိန်-အိန္ဒိယနိုင်ငံသား Fauja Singh သည် ကားတိုက်မှုကြောင့် အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။

Fauja Singh သည် ပန်ဂျပ်ပြည်နယ်ရှိ ၎င်း၏ မွေးရပ်ကျေးရွာလေး၌ လမ်းဖြတ်ကူးနေစဉ် အမည်မသိရသေးသူ မောင်းနှင်လာသော ကားဖြင့် ဝင်တိုက်မိသဖြင့်ဒေသခံများက ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးကြသော်လည်း အချိန်မမီဘဲ ဆုံးပါးသွားပြီဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

Fauja Singh သည် အသက် ၁၀၀ ကျော်အထိ အသက်အရွယ်အလိုက် ကျင်းပသော မာရသွန်ပြေးပွဲများ ပါဝင်ယှဉ်ပြိုင်ကာ စံချိန်အကြိမ်ကြိမ် ချိုးနိုင်ပြီး ကမ္ဘာကျော်လာသူ တစ်ဦးဖြစ်ပါသည်။ အသက် ၈၉ နှစ် အရွယ် တွင် အပြေးပြိုင်ပွဲများတွင် စတင်ပြေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်း မာရသွန်အပြေးပြိုင်ပွဲတွင် ၉ ကြိမ်တိုင်တိုင် ဝင်ရောက် ယှဉ်ပြိုင် ပြီးနောက် နောက်ပိုင်းတွင် အနားယူခဲ့ပါသည်။ 

BBC အနေဖြင့် ၎င်းနှင့်နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က အင်တာဗျူးရာတွင် မိမိမှာ နေ့စဉ် ရွာတစ်ဝိုက် မိုင်အနည်းငယ်စီ လမ်းလျှောက်ကာ ကျန်းမာရေး ကို ဂရုစိုက်ရပါကြောင်း၊ လူတစ်ယောက်သည် မိမိခန္ဓာကိုယ်ကို မိမိ ကိုယ်တိုင်သာ ဂရုစိုက်ရမည် ဖြစ်ကြောင်း ပြောကြားဖူးပါသည်။

Fauja Singh ကွယ်လွန်မှုသတင်းကြောင့် ဂုဏ်ပြုစကားများ များစွာ ထွက်ပေါ်လာခဲ့ပါသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက Fauja Singh သည် မယုံကြည်နိုင်အောင် စိတ်ဓာတ်ခိုင်မာသူ အထူးချွန်ဆုံး အားကစား သမား ဟု ဂုဏ်ပြုပြောကြားလိုက်ပါသည်။ 

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ထိုင်းရဲတပ်ဖွဲ့က သံဃာတော်များကို သွေးဆောင်ပြီး ခြိမ်းခြောက် ငွေညှစ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာရဟန်းတော်များကို လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများဖြင့် သွေးဆောင်ပြီး ထိုအချက်များကို အသုံးချကာ ခြိမ်းခြောက်ငွေညှစ်တောင်းဆိုခဲ့သည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးအား အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ဖမ်းဆီးခဲ့သည်။

ရဟန်းတော်များ၏ သီလရှောင်ကြဉ်ရမည့်စည်းကမ်းကို ချိုးဖောက်မှု ဖြစ်စေသည့် အဆိုပါဖြစ်ရပ်သည် မကြာသေးမီသီတင်းပတ်များအတွင်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများကို လှုပ်ခတ်စေခဲ့ပြီး ပြည်သူ လူထု၏ အာရုံစိုက်မှုကို ရယူခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ ဗဟိုစုံစမ်း စစ်ဆေးရေးဌာန (CIB) က အဆိုပါအရှုပ်တော်ပုံနှင့် ပတ်သက်နေသည့် အနည်းဆုံး ဘုန်းတော်ကြီး ၉ ပါးအပါအဝင် ရဟန်းများအား သာသနာ့ဘောင်မှ ထုတ်ပယ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အသက် ၃၀ ကျော် Wilawan Emsawat အား ဘန်ကောက်မြောက်ဘက်ရှိ Nonthaburi ခရိုင်တွင် ၎င်း၏နေအိမ်၌ ငွေညှစ်ခြင်း၊ ငွေကြေးဆိုင်ရာ လိမ်လည်ခြင်းနှင့် ခိုးယူထားသောပစ္စည်းများ လက်ခံခြင်းစသည့် စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ သူမနှင့် ပတ်သက်ခဲ့သော သံဃာတစ်ပါး၏ ကျောင်းဘဏ်အကောင့်မှ Wilawan ထံသို့ လွှဲပြောင်းပေးခဲ့သည့် ငွေကြေးစီးဆင်းမှုလမ်းကြောင်းကို ခြေရာခံ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ရဟန်းများပါဝင်သည့် အရှုပ်တော်ပုံများသည် တစ်နှစ်လျှင် အနည်းငယ်မျှသာ ပေါ်ပေါက်လေ့ရှိသော်လည်း ထေကြီးဝါကြီးများ ပါဝင်မှုမှာ ရှားပါးသည်။ အဆိုပါဖြစ်ရပ်သည် ဘုန်းတော်ကြီးများ ထိန်းချုပ်သည့် ကျောင်းများသို့ လှူဒါန်းသည့် မြောက်မြားသော ငွေကြေးပမာဏ ကိုလည်း သိသာစေခဲ့သည်။ 

ရဲတပ်ဖွဲ့က Wilawan သည် ငွေကြေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သံဃာတော်များကို ဦးတည်ပစ်မှတ်ထားခဲ့ကြောင်း၊ သူမနှင့် အချစ်ရေးဆက်ဆံမှုစတင်ပြီးနောက် ရဟန်းများစွာက ငွေကြေးအမြောက်အမြား လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

CIB ဒုတိယကော်မရှင်နာ Jaroonkiat Pankaew က ဘန်ကောက်ရှိ ကျော်ကြားသည့် ဘုန်းကြီးကျောင်းတစ်ခုမှ ဘုန်းတော်ကြီးတစ်ပါး ရဟန်း ဘဝမှ ရုတ်တရက် လူဝတ်လဲသွားပြီးနောက် စုံစမ်းစစ်ဆေးမှုကို လွန်ခဲ့သည့် လက စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများက ထိုဘုန်းတော်ကြီးအား Wilawan က ၎င်းတို့၏ အချစ်ရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ Jaroonkiat က အင်္ဂါနေ့တွင် ဘန်ကောက်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Wilawan က ထိုရဟန်းအား ၎င်းတွင်ကိုယ်ဝန်ရှိကြောင်း ပြောဆိုကာ ဘတ်ငွေ ၇.၂ သန်း (အမေရိကန်ဒေါ်လာ ၂၂၂,၀၀၀) ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုင်းမီဒီယာများက Wilawan ၏ မိုဘိုင်းဖုန်းများတွင် ဓာတ်ပုံနှင့် ဗီဒီယို ထောင်ချီရှိပြီး ရဟန်းများစွာနှင့် ရင်းနှီးမှုကို ဖော်ပြသည့် အချက်အလက်များစွာကို တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုင်းရဟန်းတော်အများစုမှာ ထေရဝါဒဂိုဏ်းဝင်များဖြစ်ပြီး၊ သီလစောင့်ထိန်းရန် လိုအပ်ကာ အမျိုးသမီးများကို ထိတွေ့ခြင်းပင် ရှောင်ကြဉ်ရသည်။

ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုပြန်လည်ရရှိရန် ရဟန်းနှင့်ကျောင်းများနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြန်လည်သုံးသပ်ပြီး တင်းကျပ်စွာ အကောင်အထည်ဖော်ရန်၊ အထူးသဖြင့် ကျောင်းငွေကြေးများ ပွင့်လင်းမြင်သာမှုကို စိစစ်ရန် အာဏာပိုင်များအား အမိန့်ပေးခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကြားခဲ့သည်။

ကိုးကား- CNN

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည် ၊ ဇူလိုင်-၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေများ ဖတ်ရှု့လေ့လာ ကြရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများမှ အလင်းသစ်စာကြည့်တိုက်မှ စာအုပ်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)

မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်း ရုရှားနိုင်ငံသားများ အထူးစိတ်ဝင်စားမှုရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကား

နေပြည်တော် ဇူလိုင် ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၌ ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ “In Siberia-THERE is!” ခေါင်းစဉ်ဖြင့်ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲတွင် ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသည် ရုရှားနိုင်ငံသားများနှင့် နိုဗိုစီဗစ်မြို့သူမြို့သားများ၏ အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး လာရောက်သူများဖြင့် စည်ကားခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းသို့ လာရောက်ကြသူများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို စိတ်ဝင်တစား မေးမြန်းလေ့လာခဲ့ကြသည်။

ပြခန်းတွင် မြန်မာနိုင်ငံမှပညာတော်သင် ကျောင်းသားများ၊ ကောင်စစ်ဝန်ရုံးမိသားစုများက မြန်မာ့ရိုးရာ သူငယ်တော်အက၊ တစ်ပင်တိုင် မင်းသားအက၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ မြန်မာ့ရိုးရာရုပ်သေးအက၊ မြန်မာ့စောင်း၊ မြန်မာ့ရိုးရာခြင်းလုံးတို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသည့်အတွက် နိုဗိုစီဗစ်မြို့သူ မြို့သားများက တစ်ခဲနက်အားပေးကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူရုရှားနိုင်ငံသား ပရိသတ်များဖြင့် ပြခန်းသည် အထူးစည်ကားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဝါရင့်စားဖိုမှူးကြီးနှင့် မြန်မာမိသားစုများက မြန်မာ့အစားအစာများကို ချက်ပြုတ်တည်ခင်း ပြသဧည့်ခံခဲ့ရာ ပြပွဲလာရောက်ကြသူများ နှစ်သက်စွာအားပေးခဲ့ကြပြီး တည်ခင်းဧည့်ခံသည့် အစားအစာများထဲမှ မြန်မာ့မုန့်ဟင်းခါးနှင့် လက်ဖက်ကို အထူးနှစ်သက်စွာအားပေးခဲ့ကြသည့်အပြင် မြန်မာ့ဝိုင်ကိုလည်း စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။

အဆိုပါအစားအစာနှင့် ခရီးသွားပြပွဲကို နိုဗိုစီဗစ်မြို့ အော့မြစ်ဘေးရှိ မီခါရိလော့ဖ်စကားရားပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပသည့် သုံးရက်တာကာလအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းသို့ လာရောက်လည်ပတ်သူ သိန်းဂဏန်းဝန်းကျင်ရှိခဲ့သည်။

ပြပွဲလာရောက်သူများ၏ စိတ်ဝင်စားအားပေးမှုသာမက နိုဗိုစီဗစ်အစားအစာနှင့် ခရီးသွားပြပွဲ ကျင်းပရေးကော်မတီက ပြုလုပ်သည့် အစားအစာ၊ အချက်အပြုတ်၊ အပျော်တမ်းပြိုင်ပွဲ၌လည်း မြန်မာ့ အစားအစာများကို ချက်ပြုတ်ပြသခဲ့ရာ ပြိုင်ပွဲဝင်များအကြား စိတ်ဝင်စားမှုများပြားခဲ့သည်။

ထိုသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများအကြောင်း ပြပွဲသို့လာရောက်သူများထံ တိုက်ရိုက် ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိကာလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပြပွဲလာနိုင်ငံတကာနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားလုပ်ငန်းများ၊ ရုရှားနိုင်ငံသားများ အထူးသဖြင့် နိုဗိုစီဗစ်မြို့သူ မြို့သားများထံ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေမိတ်ဆက်နိုင်ခဲ့သောကြောင့် ရုရှားခရီးသွားဈေးကွက်မြှင့်တင်နိုင်ရန် များစွာအထောက်အကူဖြစ်စေခဲ့သည်။

MOI

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။

အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း ဦးဆောင်၍ အသင်းအုပ်ချုပ်သူ ၊ နည်းပြအပါအဝင် အားကစားသမား စုစုပေါင်း (၁၁)ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအထောက်အကူပြုအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှတာဝန်ရှိသူများ နှင့်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်း သား /သင်တန်းသူများ ၊မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲပထမနေ့တွင်ပင် အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၁,၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ U-18 အမျိုးသားကယက် တစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးနိုင်ခဲ့ကြသည်။

ပြိုင်ပွဲဒုတိယနေ့တွင်လည်း အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၂၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ U-18 အမျိုးသား ကနူး တစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို လည်းကောင်း ၊ အမျိုးသား ကနူး တစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး နှစ်ယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကနူး လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ကယက် လေးယောက်လှော် မီတာ (၅၀၀) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမ ရရှိခဲ့ကြ‌ကြောင်း
သိရသည်။

အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးကို အစ္စရေးဖန်တီးနိုင်ခဲ့

ဂျေရုဆလင်    ဇူလိုင် ၁၅

ကြောက်မက်ဖွယ်ကောင်းသော ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယား ရောဂါတစ်မျိုးဖြစ်သည့် အဆုတ်ပလိပ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံး MANA ကာကွယ်ဆေးကို အစ္စရေးသုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

တိရစ္ဆာန်များဖြင့်ပြုလုပ်ခဲ့သော လက်တွေ့စမ်းသပ်မှုရလဒ်များအရ ၎င်းကာကွယ်ဆေးသည် အဆုတ်ပလိပ်ရောဂါကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါ MANA ကာကွယ်ဆေးသည် ကမ္ဘာပြည်သူထောင်ပေါင်းများစွာတို့ နှစ်စဉ်ရင်ဆိုင်နေရသည့် အဆုတ်ပလိပ်ကူးစက်ရောဂါကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီးရောဂါကြောင့် သေဆုံးမှုနှုန်းကိုလည်း လျှော့ချပေးမည်ဖြစ်ကြောင်း အစ္စရေးသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

ပဋိဇီဝဆေးယဉ်ပါး ဗက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတတ်သည့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုများမှာ ကမ္ဘာတစ်ဝန်း မြင့်တက်လာကြောင်း၊ အထူးသဖြင့် အဆုတ်ပလိပ်ရောဂါဖြစ်ပွားမှုနှုန်းမှာ အာဖရိက၊ တောင်အမေရိကနှင့် အာရှိတို့၌ မြင့်တက်လာကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အဆုတ်ပလိပ်ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြဿနာအဖြစ် အမေရိကန်အစိုးရ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (စီဒီစီ) က သတ်မှတ်ထားကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: Tel Aviv University

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ် ဩစတြေးလျသုတေသနပညာရှင်များ ဖန်တီး

ကင်ဘာရာ ဇူလိုင် ၁၅

ပါကင်ဆန်လူနာများအတွက် ထိုးဆေးသစ်တစ်မျိုးကို ဩစတြေးလျနိုင်ငံ တောင်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်းဇူလိုင် ၁၄ရက်သတင်းများအရ သိရသည်။

ဩစတြေးလျသုတေသနပညာရှင်များသည် ပါကင်ဆန်ရောဂါ လူနာများအနေဖြင့် နေ့စဉ် သောက်ဆေးအမျိုးမျိုး သောက်သုံးနေရသည့်ဒုက္ခကိုလျှော့ချနိုင် ရေးအတွက် ၎င်းထိုးဆေးသစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျသုတေသနပညာ ရှင်များသည် ပါကင်ဆန်ရောဂါကို ထိန်းချုပ်ကုသရာတွင် လက်ရှိအသုံးပြုနေသော Levodopa နှင့် Carbidopa အမည်ရှိ ဆေးနှစ်မျိုး ကိုပေါင်းစပ်၍ တစ်ခုတည်းသောထိုးဆေးဖြစ်ကြောင်း သိရသည်။ ဩစတြေးလျသုတေသနပညာရှင်များ၏အဆိုအရ အထက်ပါ ထိုးဆေးကိုပါကင်ဆန်လူနာများအနေဖြင့် သီတင်းတစ်ပတ်လျှင် တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များ အရ ၎င်းထိုးဆေးသည် ပါကင်ဆန်ရောဂါကို ကုသရာတွင် ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း သုတသနပညာရှင်များက ပြောကြားသည်။

လက်ရှိတွင် ၎င်းထိုးဆေးကို ပါကင်ဆန်လူနာနှင့် လက်တွေ့စမ်းသပ်နိုင်ရေးအတွက် ဩစတြေးလျသုတေပညာရှင်များက ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper
 
လာအိုအိမ်ကွင်း အဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်ဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သု၀ဏ္ဏဘောလုံးကွင်း အတွင်းပြောင်းရွှေ့ယှဥ်ပြိုင်မည်

AFC Challenge League Play-Off ပွဲစဉ်အဖြစ် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် လာအိုကလပ် Ezra FC သည် အိမ်ကွင်းအဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်နှင့် ပွဲစဥ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း AFC သတင်းရင်းမြစ်များထံက ကနဦးသိရသည်။

အလားတူ လာအိုကလပ် Ezra FC သည် ရှမ်းယူနိုက်တက်အသင်းဖြင့် ကစားရမည့် Shopee Cup Play-Off အိမ်ကွင်းပွဲစဥ်ကိုလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၊ ချွန်ဘူရီကလပ်ပိုင်ကွင်းအား ပြောင်းရွှေ့ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်နှင့် Ezra FC တို့၏ AFC Challenge League Play- Off ပွဲစဉ်အား လာမည့်ဩဂုတ်လ ၁၂ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ တစ်ကျော့စနစ်ဖြင့် ကစားရမည်ဖြစ်ကာ အနိုင်ရသည့်အသင်းမှာ အုပ်စုအဆင့်ကို တက်ရောက်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။