သတင်းများ

peace train

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတပ်ဖွဲ့နှင့် လာအိုတပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် “Peace Train-2024”  ဟု အမည်ရသည့် ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို ယခုလနှောင်းပိုင်းတွင် လာအိုနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

religious

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကိုနိုဝင်ဘာလ ၁၁ နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုတို့ တွေ့ဆုံဆွေးနွေး

 ပေကျင်း နိုဝင်ဘာ ၁၀

တရုတ်သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုနှင့် ပေကျင်းမြို့တော်၌ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားအစိုးရနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားကို ဖော်ဆောင်မည့်ကိစ္စရပ်များ ကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

အမေရိကန် အရှေ့မြောက်ပိုင်း၌ တောမီးများလောင်မှုကြောင့် နယူးယောက် ဆင်ခြေဖုံးတွင် လေထုအရည်အသွေးဆိုးရွား

နယူးယောက် နိုဝင်ဘာ ၁၀

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း၌ တောမီးများ ဆက်လက်ပျံ့နှံ့လောင်ကျွမ်းလျက်ရှိရာ နယူးယောက်မြို့ ဆင်ခြေဖုံးဧရိယာအထိ ပျံ့နှံ့လာပြီး သီတင်းပတ်အကုန်ပိုင်းတွင် မြို့တော်တစ်ဝန်း လေထုအရည်အသွေး ဆိုးရွားလျက်ရှိသည်။

လက်ရှိသမ္မတ ဘိုင်ဒင်နှင့်‌ ရွေး‌ကောက်ခံသမ္မတ ထရမ့်တို့ နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ဆုံမည်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၃ ရက်တွင် ရွေး‌ကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာလွှဲပြောင်းမည့် သမ္မတသည် ထုံးတမ်းအစဉ်အလာအတိုင်း ရွေးကောက်ခံသမ္မတကို လက်ခံကြိုဆိုခြင်းဖြစ်သည်။ သို့သော်လည်း ထရမ့်သည် ပြန်လည်ရွေးကောက်ခံမှု ရှုံးနိမ့်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဘိုင်ဒင်ကို ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့၊ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့သို့ ရောက်ရှိ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region(GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ ထွက်ခွာရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr.

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့်တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိ၊ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက်ညနေပိုင်းတွင် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချုံချင့်မြို့သို့ ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr.

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr.Atul Aneja အား နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။