အစ္စရေးအစိုးရသည် မကြာသေးမီက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် လက်ဘနွန်ရှိ တီဟီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဇူလိုင်လကပြုလုပ်ခဲ့သော လူထုစုဝေးပွဲတစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလားတွင် လူထုမဲဆွယ်စည်းရုံးပွဲကို ထပ်မံ၍ လုပ်ဆောင်ခဲ့သည်။
သမ္မတဟောင်း ထရမ့်သည် စင်မြင့်တစ်ခု၌ စကားပြောနေစဉ် ၎င်း၏ ညာဘက်နားရွက်ကို ကျည်ဆံထိမှန်ခဲ့သည့် အဆိုပါနေရာသို့ အောက်တိုဘာ ၅ ရက်က ပြန်လည်သွား ရောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်နှင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်းလုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် (၄)စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲ ရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံး ခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသ အင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကာလရှည်ကြာ မိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လလယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲ မိုးခေါင်မှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံးမီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သည်။ အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံထုတ် ဘက်ထရီကားများကို သွင်းကုန်အခွန်တိုးကောက် မည့်အစီအစဉ်က ဥရောပသမဂ္ဂနှင့်တရုတ် နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားစေသည်အထိ ဦးတည်စေမည်ဟု ဝေဖန်ရေးသမားများက သတိပေး ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

အသည်းရောင်စီပိုးက ကလာပ်စည်းများကို မည်ကဲ့သို့ ကူးစက်သည်နှင့်ပတ် သက်၍ သိပ္ပံပညာရှင်များက ဖော်ထုတ် နိုင်ပြီဖြစ်သောကြောင့် အဆိုပါပိုးကူးစက် မှုအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိကမ္ဘာတစ်ဝန်းတွင် အသည်းရောင်စီပိုး ကူးစက်ခံထားရသူ ၅၈ သန်းမျှ ရှိကြောင်းနှင့် ထိုရောဂါပိုးကြောင့် နှစ်စဉ် သေဆုံးသူ သုံးသိန်းခန့်ရှိကြောင်း ပညာ ရှင်များက ပြောသည်။

အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။