သတင်းများ

ဂါဇာမှ အရေးပေါ်အခြေအနေ နှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကျင်းပမည်ဟု ကြေညာ

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ဟားမက် အဖွဲ့မှ ဓာတ်ပုံနှင့်ဗီဒီယိုများထုတ်ပြန်ပြီးနောက် လုံခြုံရေးကောင်စီက ဂါဇာမှ အရေးပေါ်အခြေအနေနှင့်စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု ပြောကြားလိုက်သည်။ "ကုလသမဂ္ဂလုံခြုံရေး ကောင်စီ သည် ဩဂုတ်လ ၅ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ အခြေအနေ များနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ပြုလုပ်မည်ဖြစ်ကြောင်း" အစ္စရေးသံအမတ်ကြီးက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဘရာဇီး၌ အာဏာသိမ်းမှုဖြစ်စဉ်တွင် အမေရိကန်၏ ပါဝင်ပတ်သက်ခဲ့မှု ကို မည်သည့်အခါမျှမမေ့ဟု လူလာပြောဆို

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီလဗာက အမေရိကန် ပြည်ထောင်စုသည် ဘရာဇီးနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်တွင် ပါဝင် ကူညီခဲ့သည်ဟု စွပ်စွဲပြီး ၎င်း၏နိုင်ငံအား စီးပွားရေးအရ အရေးယူမှုများ ချမှတ်ရန် နိုင်ငံရေးဖိအားသုံးခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ဩဂုတ် ၃ ရက်နေ့က ဘရာဆီလီယာမြို့တွင် ကျင်းပသော အလုပ်သမား ပါတီအခမ်းအနားတစ်ခု၌ ပြောကြားရာတွင် လူလာက ဘရာဇီးနိုင်ငံသည် မညီမျှသော ဆက်ဆံမှုများကို လက်မခံဘဲ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း တွင် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် အဆင်သင့်ရှိကြောင်း သတိပေး ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဥယျာဉ်တွင် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း လက်မှတ်ရောင်းအား ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိ

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်က ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း လက်မှတ်ရောင်းအားမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဩဂုတ် ၁ ရက်၌ ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာအရ သိရသည်။

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့်လေ့လာရေးအဖွဲ့ သွားရောက်စစ်ဆေး

အပစ်အခတ်ရပ်စဲမှု ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု က‌မ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂ ရက်၌ ပြောကြား ခဲ့သည်။အဆိုပါအဖွဲ့၌ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံမှ စစ်သံမှူးနှင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လက်ထောက် စစ်သံမှူးများလည်း ပါဝင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန Undersecretary of State နှင့် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ဆိုသည်။

 ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂

ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ည ၉ နာရီခွဲတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ သန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၃ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ သည်။

ကိန်းဂဏန်းအချက်အလက်ဒေတာများ တိကျမှန်ကန်မှုရှိစေရန် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုအားပေးမည့်အစီအမံများ ချမှတ်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှု အားပေးမည့်အစီအမံများ ချမှတ် ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကမ္ဘာ့ပညာရေးအဆင့်အတန်း ကျဆင်းလာသည့်အတွက် ဖင်လန်ကျောင်းသားများ မိုဘိုင်းဖုန်း အသုံးပြုခွင့်မရှိတော့

ကမ္ဘာ့ပညာရေး အဆင့်အတန်းမြင့်မားသော ဖင်လန်နိုင်ငံရှိ စာသင်ကျောင်းများ သည် ယခုအခါ ကမ္ဘာ့အဆင့်ကျဆင်းလာသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံး ပြုခွင့်မရှိတော့ကြောင်း သိရသည်။

ဖင်လန်နိုင်ငံအစိုးရသည် ပြင်ဆင်ထား သည့် အခြေခံပညာရေးဥပဒေကို ဧပြီလ တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁ ရက်တွင်  စတင်အသက်ဝင်လာပြီဖြစ် သည်။ ထိုဥပဒေတွင် အသက်ခုနစ်နှစ်မှ ၁၆ နှစ်အထိကျောင်းသားများ အနေဖြင့် အတန်းတက်နေစဉ် အချိန်အတွင်း မိုဘိုင်း ဖုန်း အသုံးပြုမှုကို တားမြစ်ထားသည်။

အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိမှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်း ဂါရာပြည်နယ်ရှိ လီဝိုတိုဘီလာကီလာကီမီးတောင်သည်  ဩဂုတ်လ ၁ ရက်ညပိုင်းနှင့် ၂ ရက်နံနက်ပိုင်းတို့တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းနှင့် မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း ဒေသတွင်း တာဝန်ရှိသူများကပြောသည်။

ဒေါ်လာ ၂၅၀၀၀ တည်းနဲ့စတင်ရောင်းချမယ့် Onvo L90 SUV

Nio ဆိုတာ တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ လျှပ်စစ်စွမ်းအင်သုံး ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီကားကုမ္ပဏီ ရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ Onvo က L90 အမျိုးအစား SUV ကားတွေကို ထုတ်လုပ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ SUV ဆိုတဲ့အတိုင်းပဲ မိသားစုများတဲ့ သူတွေအတွက် အဆင်ပြေတဲ့ကားတစ်စီးဖြစ်လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာစိတ်အဝင်စားဆုံး အချက်တစ်ချက်က ဈေးနှုန်းမှာ သူများတွေထက် နည်းပါးနေခြင်းဖြစ်ပါတယ်။    သူ့ရဲ့သတ်မှတ်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၅၀၀၀ သာရှိပါတယ်။  ဒါဟာ  ဥရောပဒေသမှာ ရောင်းချနေတဲ့ Renault 5 ထက်တောင်မှ ဈေးသက်သာနေတာပါ။

Tesla က အသေးစား Cybertruck ကို ထုတ်လုပ်ဖို့ စဉ်းစားလာနေ

Tesla ဆိုတာ လျှပ်စစ်စွမ်းအင်သုံး ကားများကို ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်ကြား လာတဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူ့ကုမ္ပဏီက မကြာသေးခင်ကပဲ Cybertruck ဆိုတဲ့ကားကိုထုတ် လုပ်ထားပါတယ်။ Cybertruck ဆိုတာ အကြမ်းခံ တဲ့ကားအမျိုးအစားပါ။ သူ့အတွက်စွမ်းအင်ကိုလည်း လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။