သတင်းများ

လျှပ်စစ်စွမ်းအင်သုံး GLC ကိုထုတ်ဖော်ပြသလာမယ့် Mercedes-Benz

Mercedes-Benz ဆိုတာ ကမ္ဘာကျော်တဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ဒီနောက်ပိုင်းမှာ Mercedes-Benz ရဲ့ဂုဏ်သိက္ခာကို ပိုမိုထိန်းသိမ်းပေးလာတဲ့အရာက ဓာတ်ဆီစွမ်းအင်သုံး GLC ပါပဲ။ GLC က Mercedes-Benz ကုမ္ပဏီရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံး  ကားအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တာပါ။  သူက Mercedes Benz ကို ပိုမိုကျော်ကြားအောင် လုပ်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။

ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မိုးနှမ်း(၃၂၃၄)ဧကစိုက်ပျိုး

ကျောက်ဆည်၊ဩဂုတ်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်(၃၄)အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။ 

အစ္စရေးက ဟားမက်အဖွဲ့အနေဖြင့် ဓားစာခံများကို လွှတ်မပေးပါက ပြင်းထန်စွာ တိုက်ခိုက်မည်ဟု သတိပေး

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်အဖွဲ့နှင့် ဓားစာခံများလွှတ်ပေးရန် သဘောတူညီမှုမရပါက အစ္စရေးစစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်မည် ဟု သတိပေးလိုက်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် အစ္စရေး ကာကွယ်ရေး တပ် (IDF) ဗိုလ်ချုပ် အီယာလ် ဇာမီးက "လာမည့်ရက် အနည်းငယ် အတွင်း ဟားမက်နှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီမှုရမရ သိရှိရမည်ဟု ခန့်မှန်းပါသည်" ဟု ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ရှိ ကွပ်ကဲရေးစင်တာတစ်ခုတွင် တပ်ခွဲမှူးများနှင့် စစ်သည်များနှင့် တွေ့ဆုံစဉ် ၎င်းက "အကယ်၍ သဘောတူညီမှုမရပါက မိမိတို့အနေဖြင့် စစ်ဆင်ရေး ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်" ဟု သတိပေးခဲ့သည်။

ပူတင်က အီးယူသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာဆုံးရှုံးသွားပြီဟု ပြော

ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး၍မရတော့ဘဲ စီးပွားရေးအချုပ်အခြာအာဏာကိုလည်း ဆုံးရှုံး ရမည် ဖြစ်ပြီး ဆိုးရွားသောငွေကြေးဆုံးရှုံးမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ပူတင်က ပြောကြားခဲ့သည်။ "နိုင်ငံရေးအချုပ်အခြာအာဏာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဥရောပသမဂ္ဂတွင် ယခုအခါ ထိုအတိုင်းအတာရှိသော အချုပ်အခြာ အာဏာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်" ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ Karelia သမ္မတနိုင်ငံရှိ Valaam ကျွန်း၌ ဘယ်လာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံပြီ

ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ခဲ့သည်ဆိုသော Trump ၏ ထုတ်ဖော် ပြောဆိုချက်ကို အိန္ဒိယ ငြင်းဆို

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ "နယူးဒေလီသည် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်လိုက်ပြီ" ဆိုသော ထုတ်ဖော် ပြောဆိုချက်ကို ပယ်ချခဲ့သည်။ အိန္ဒိရေနံကုမ္ပဏီများက ရုရှား ရေနံတင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း သီးသန့်အချက်အလက် မရှိကြောင်း၊ နိုင်ငံ၏စွမ်းအင်ဝယ်ယူမှုများကို ဈေးကွက်အခြေအနေနှင့်အမျိုးသားအကျိုးစီးပွားအရဆောင်ရွက်ကြောင်း ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

အမေရိကန် F-35 တိုက်လေယာဉ်တစ်စီး ကယ်လီဖိုးနီးယားတွင် ပျက်ကျ

အမေရိကန်ရေတပ်၏ F-35 တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုး နီးယား ပြည်နယ်အလယ်ပိုင်းတွင် ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူး သည် အောင်မြင်စွာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖရက်စနိုကောင်တီရဲအရာရှိရုံး၏ ထုတ်ပြန်ချက်အရ လေယာဉ်မှူးသည် ထိုင်ခုံဖြင့်အတူ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျသည့်နေရာအနီးရှိ ကွင်းပြင် တစ်ခုတွင် လေထီးဖြင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ဖရက်စနိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ရေတပ်အခြေစိုက် လေတပ်စခန်း (NAS Lemoore) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံက အမေရိကန်စစ်သားပျောက်ဆုံးမှုနှင့် ပတ်သက်သည့် မှားယွင်းသောသတင်းအချက်အလက်များကို ကန့်ကွက်

ဗီယက်နမ် ပြည်ပရေးရာဝန်ကြီးဌာနက အမေရိကန်အခြေစိုက်အဖွဲ့ တစ်ခု၏ MIA ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတွင် ပါဝင်သည့် မှားယွင်းသော အချက်အလက်များကို အတိအလင်းကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗဟိုအမေရိက နိုင်ငံဖြစ်သည့် နီကာရာဂွာနိုင်ငံက ရုရှား၏ နယ်မြေ အသစ်များကို အသိအမှတ်ပြု

နီကာရာဂွာနိုင်ငံသည် မော်စကို၏ ကိယက်ဗ်နှင့်ဖြစ်ပွားနေသော ပဋိပက္ခ တွင် အပြည့်အဝထောက်ခံပြီး ယခုအခါ ယူကရိန်းနယ်မြေဟောင်း လေးခု ကို ရုရှားသို့သွတ်သွင်းမှုကို အသိအမှတ်ပြုကြောင်း နိုင်ငံ၏ ပူးတွဲ သမ္မတ များဖြစ်သည့် Daniel Ortega နှင့် Rosario Murillo တို့က ကြေညာ ခဲ့သည်။ နီကာရာဂွာ ခေါင်းဆောင်များသည် ဇူလိုင် ၃၀ ရက်နေ့တွင် ရုရှားသမ္မတ Vladimir Putin ထံ ပေးစာဖြင့် အဆိုပါကြေညာချက်ကို ပြုလုပ်ခဲ့ပြီး ဒေသခံမီဒီယာများမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

ထရမ့်က ရုရှားနှင့် နျူကလီးယားစစ်အတွက် အဆင်သင့်ဖြစ်နေပြီဟု ဆို

သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်ဆိုင်ရာ မည်သည့် ပြောဆိုမှုကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားနိုင်ကြောင်း၊ အမေရိကန် သည် မည်သည့်ဖြစ်နိုင်ခြေရှိသော ရင်ဆိုင်မှုအတွက်မဆို အမြဲတမ်း "လုံးဝ အဆင်သင့်ဖြစ်နေရမည်" ဟုပြောကြားခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီမက်ဗီဒက်ဗ်မှ ဖော်ပြခဲ့သော မသင့်လျော်သည့် ခြိမ်းခြောက်မှုကို တုံ့ပြန်သည့် အနေဖြင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။