သတင်းများ

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံး
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - အင်္ဂါနေ့, 14-ဇန္နဝါရီလ-2025

ရီယိုဒီဂျနေရိုး   ဇန်နဝါရီ ၁၃

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ကိုးဦးမှာ မီးနပ်ဂျီရေ့စ်ပြည်နယ် တောင်ကြားဒေသ၌ မြေပြိုမှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။

ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်ရန်အသင့်ဖြစ်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောကြား

ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်လိုကြောင်း မြောက်ကိုးရီးယားစစ်သား နှစ်ဦးကို  ရုရှားနိုင်ငံ၊ ကာ့ခ်စ်(Kusk) ဒေသတွင် ဖမ်းဆီး ရမိပြီးနောက် သမ္မတဇယ်လန်စကီးက ကြေညာခဲ့ပါသည်။

အမေရိကန် တောမီးငြှိမ်းသတ်ရန် အကျဉ်းသားများကို စည်းရုံးစေခိုင်းမှုမှာ ကြောင်သူတော်လုပ်ရပ်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြု

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောမီးလောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နိုင်ရန် ရာနှင့်ချီသည့်အကျဉ်းသားများကို စည်းရုံးခဲ့သည့် သတင်းများအပေါ် အမေရိကန်၏ ကြောင်သူတော်လုပ်ရပ်ဖြစ်ကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Maria Zakharova က မှတ်ချက်ပြုပြောကြားလိုက်သည်။ 

ဆီးရီးယားပြည်သူများအား လူသားချင်းစာနာမှု အကူ အညီများပေးအပ်ရေးအစီအစဉ်ကို   မထိခိုက်စေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန် ဂျာမနီ အဆိုပြု

ဆီးရီးယားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အာဆတ်အစိုးရအဖွဲ့ဝင်များကို အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွားကြရန်နှင့် ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို မထိခိုက်စေသည့် ဒဏ်ခတ် ပိတ်ဆို့မှုများကိုသာ ပြုလုပ်သွားကြရန်  ဇန်နဝါရီ ၁၂ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီးယာဒ်မြို့တွင် ဆီးရီးယားနိုင်ငံ အရေးဆွေးနွေးကြသည့် အစည်းအဝေး၌ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က တက်ရောက်လာသူ ဥရောပနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထိပ်တန်းသံတမန်များအား အဆိုပြုပြောကြား လိုက်ပါသည်။ 

လော့စ်အိန်ဂျလိစ် တောမီးကြောင့် သေဆုံးသူဦးရေ ၂၄ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံး နေဆဲဖြစ်ကာ လေပြင်းများကြောင့် မီးတောက်များ ပိုမို ပြင်းထန်လာဖွယ်ရှိနေ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္လာနေ့, 13-ဇန္နဝါရီလ-2025

လော့စ်အိန်ဂျလိစ်တွင် ကြီးမားသော တောမီးလောင်ကျွမ်းမှုအတွင်း  ယခုအချိန်အထိ လူ ၂၄ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ရှိ သောလေပြင်းများ ဝင်ရောက်လာနိုင်ကြောင်း သတိပေးထားသည်။

ခြောက်ရက်မြောက်နေ့တွင် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့၌ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ဧရိယာတစ်ခုလုံးနီးပါး လောင်ကျွမ်းပျက်စီးသွားကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ရုရှား-တရုတ် ကုန်သွယ်မှုတန်ဖိုး စံချိန်တင်

အကောက်ခွန်အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် ရုရှားအကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၄၄ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

တရုတ်နှင့်ရုရှားအကြား ကုန်သွယ်မှုတန်ဖိုးသည် ယမန်နှစ်က စံချိန်တင်မြင့်မားလာခဲ့ကြောင်း တရုတ်အကောက်ခွန်အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး       (နေပြည်တော်)

        (၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ 

ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ ကာတာကို ရောက်ရှိ

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး ဆွေးနွေးရန် အစ္စရေး လုံခြုံရေးကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu စေလွှတ်လိုက်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် မော့ဆက်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲလည်း ပါဝင်ကြောင်း Reuters သတင်းဌာနနှင့်အခြား မီဒီယာ များက သတင်းဖော်ပြပါသည်။

ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်ရန် သဘောတူ

ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ရေကြောင်းလုံခြုံရေးနှင့်အခြားနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် အွန်လိုင်း အစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။

ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru သည် အမေရိကန် သမ္မတ Joe Biden၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့နှင့် မိနစ် ၃၀ ကြာ ဗွီဒီယို အစည်း အဝေးကို ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပါသည်။

Quad နိုင်ငံခြားရေးဝန်ကြီး ၄ ဦး အမေရိကန် အစိုးရသစ် နှင့်တွေ့ဆုံနိုင်ရေး စီစဉ်နေ

သမ္မတ ဒေါ်နယ်ထရမ့်လက်အောက်တွင် အမေရိကန်အစိုးရသစ်မှ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းတာဝန်ပေးအပ်ပြီးနောက် လာမည့်သီတင်းပတ်တွင် အမေရိကန်၊သြစတြေးလျ၊ အိန္ဒိယတို့နှင့် Quad နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပနိုင်ရန် ဂျပန်အစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi က NHK ၏ ဆွေးနွေးပွဲ အစီအစဉ်တစ်ခုတွင် ၎င်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ထရမ့်အစိုးရ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။