သတင်းများ

NASA ဝန်ထမ်းအင်အား ၂၁% ဖြစ်သည့် ဝန်ထမ်း ၃၇၀၀ ကျော် လျှော့ချမည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္ဂနွေနေ့, 27-ဇူလှိုင်လ-2025

အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှု (US National Aeronautics and Space Administration - NASA) သည် အေဂျင်စီ၏ ဝန်ထမ်းအင်အား ၃၇၈၀ ကို လျှော့ချရန် ဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း ၁၄,၀၀၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Cheryl Warner က TASS သို့ ပြောကြားလိုက် ပါသည်။

ဗြိတိန်သည် ဥရောပတွင် မိုဘိုင်းလ်ဖုန်းခိုးယူခံရမှု အများဆုံးနိုင်ငံဖြစ်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္ဂနွေနေ့, 27-ဇူလှိုင်လ-2025

အမေရိကန်အာမခံကုမ္ပဏီ SquareTrade ၏ စစ်တမ်းအချက်အလက် များအရ ဥရောပတစ်ခွင်တွင် ဖုန်းခိုးယူခံရမှုအာမခံတောင်းခံသည့် အမှု ၅ ခုတွင် ၂ ခုမှာ ဗြိတိန်မှဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်ဖြစ်ပွားသော မိုဘိုင်းလ်ဖုန်းခိုးယူခံရမှုများ၏တစ်ဝက်နီးပါးမှာ လန်ဒန်တွင်သာ ဖြစ်ပွားနေပြီး SquareTrade ၏ ဥရောပ ဈေးကွက် ၁၂ ခုအတွင်း စုဆောင်းထားသော အချက်အလက်များ အရ ဗြိတိန်သည် အာမခံထားရှိသူ ၁၀% သာရှိသော်လည်း ဥရောပ တစ်ခွင်ဖုန်းခိုးယူခံရမှု၏ ၃၉% ကို ဗြိတိန်က ဦးဆောင်နေသည်ဟု ဆိုသည်။

ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ထရမ့်၏ ခံစားချက်များကို ရူဘီယို မျှဝေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရာ တွင် ရုရှားနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံမှု လျော့နည်းလာကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။ မော်စကိုက သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း မည်သည့်ဖြေရှင်းချက်မဆို ၎င်း၏ လုံခြုံရေး အရေးကိစ္စများကို ထည့်သွင်းစဉ်းစားရမည်ဟု ပြောဆိုခဲ့သည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့မှုများ ပြန်လည်ပြုလုပ်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္ဂနွေနေ့, 27-ဇူလှိုင်လ-2025

အစ္စရေးစစ်တပ်က ဂါဇာရှိ ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းကို သက်သာ စေရန်အတွက် ဂါဇာကမ်းမြောင်ဒေသသို့ လေကြောင်းမှ အထောက်အပံ့ များ ပြန်လည်ချပေးရန် ကြေညာခဲ့သည်။ ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက် တွင် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂျုံမှုန့်၊ သကြားနှင့် စည်သွတ်ဘူးများအပါအဝင် အထောက်အပံ့ ၇ မျိုးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လေကြောင်းမှချပေးမည်ဟု ကြေညာခဲ့ပြီး ပါလက်စတိုင်းဘက်ကလည်း ဂါဇာမြောက်ပိုင်းတွင် အထောက်အပံ့များ စတင်ချပေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်ပဋိပက္ခ ထရမ့်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်းရန် နှစ်နိုင်ငံသဘောတူ

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်နိမိတ်အရေးအခင်းကြောင့် ဇူလိုင် ၂၄ ရက်မှစတင်၍ ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်း ရန် သဘောတူညီချက်ရရှိခဲ့သည်။

ပဋိပက္ခစတင်ခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်ဖက်စလုံးတွင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ကာ ထိုင်းပင်လယ်ကွေ့အနီး နယ်စပ်ဒေသသို့ ပဋိပက္ခ ကူးစက်ခဲ့သည်။ထိုင်းဘက်မှ ၁၃၈,၀၀၀ ကျော်နှင့် ကမ္ဘောဒီးယားဘက်မှ ၃၅,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း အဖွဲ့ဝင်နိုင်ငံဟောင်းများအတွက် ရွှေ့ပြောင်းနေထိုင်မှုစည်းမျဉ်းများကို ပူတင်က လျှော့ပေါ့ပေး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားသို့ အလုပ်လုပ်ကိုင်ရန် လာရောက်သည့် မော်လ်ဒိုဗာနိုင်ငံသားများအတွက် ဝင်ရောက်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် စည်းမျဉ်းများကို လျှော့ပေါ့ပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို မော်စကိုနှင့် ဥရောပသမဂ္ဂနှင့် ယူကရိန်းကို ထောက်ခံ သော မော်လ်ဒိုဗာအစိုးရတို့၏ ဆက်ဆံရေး တင်းမာနေစဉ်ကာလတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဖြစ်ခဲ့သော မော်လ်ဒိုဗာသည် ရိုမေးနီးယား နှင့် ယူကရိန်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ခန့်မှန်းခြေ လူဦးရေ ၁၅% သည် ရုရှားဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

ဂျာမနီဝန်ကြီးချုပ် Merz ၏ လုပ်ဆောင်မှုများကို ပြည်သူအများစုက မကျေနပ်

ဂျာမနီနိုင်ငံရှိ INSA စစ်တမ်းတစ်ခုအရ ဝန်ကြီးချုပ် Friedrich Merz ၏ ဦးဆောင်မှုကို ပြည်သူအများစုက မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ ယခု အခါ ဂျာမန်ပြည်သူ ၅၆ ရာခိုင်နှုန်းသည် Merz ၏ လုပ်ဆောင်မှုများကို မကျေနပ်ကြောင်းစစ်တမ်းအရသိရှိရပြီး ဇွန်လအစောပိုင်းက ၄၅ ရာခိုင်နှုန်း နှင့်နှိုင်းယှဉ်လျှင် မနှစ်သက်မှုနှုန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်သည်။

မော်စကိုမှ "အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့" ကျင်းပရန် တောင်းဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က "ကမ္ဘာ့အသိုင်းအဝိုင်းတွင် Russophobia (ရုရှားမုန်းတီးရေး) ဆိုသည့် အစွန်းရောက်သည့်အစွဲကို အမြစ်တွယ်ခွင့်မပြုသင့်ကြောင်း" ပြောကြား ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရုရှားမုန်းတီးရေးဆန့်ကျင်ရေးနေ့ ကျင်းပရန် တောင်းဆိုလိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်  အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

27 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ မြို့အနှံ့နီးပါး ရေကျော်နေ
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - တနင်္ဂနွေနေ့, 27-ဇူလှိုင်လ-2025

သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင်လ (၂၇)ရက် ၊ နံနက် (၆) နာရီခွဲအချိန် တိုင်းတာချက်အရမြို့၏ စိုးရိမ်ရေအမှတ်ထက် (၄)ပေခွဲ ကျော်လွန်နေကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ဘားအံမြို့၏ စိုးရိမ်ရေမှတ်သည် (၇၅၀) စင်တီမီတာဖြစ်ကာ လက်ရှိတွင် မြစ်ရေသည် (၈၉၀) စင်တီမီတာ ထိရောက်ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် မိုးလည်းရွာသွန်းနေကာ နေရာအနှံ့နီးပါး ရေကျော်နေကြောင်း မြို့ခံများကလည်း ပြောသည်။