သတင်းများ

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး

ပြင်ဦးလွင် ဇူလိုင် ၂၅

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချ
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

တံတားဦး ၊ ဇူလိုင် - ၂၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များ များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။

တတိယနိုင်ငံမှ ကြားဝင်ဖျန်ဖြေရေး ထိုင်းပယ်ချ

ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် တတိယ နိုင်ငံမှ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုကို ထိုင်းနိုင်ငံက ပယ်ချလိုက်ပါသည်။ တိုက်ခိုက်မှုများ ရပ်တန့်ကာ နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်၍အခြေအနေကို ဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားထားပါသည်။ 

သမ္မတ ထရမ့်က အိမ်ခြေရာမဲ့စခန်းများဖျက်သိမ်းရန်နှင့် စိတ်မကျန်းမာသူများ၊ မူးယစ်ဆေးစွဲသူများကို ဆေးရုံပို့ရန် အမိန့်ထုတ်ပြန်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

သမ္မတ ဒေါ်နယ်ထရမ့်သည် ဖက်ဒရယ်အေဂျင်စီများအား မူးယစ် ဆေးစွဲခြင်း နှင့် စိတ်ကျန်းမာရေးပြဿနာရှိသည့် အိမ်ခြေရာမဲ့များကိုအတင်းအကျပ်ကုသနိုင်ရေး နည်းလမ်းများရှာဖွေရန်၊ ပြည်နယ်နှင့်မြို့တော်အစိုးရများအား လမ်းဘေးနှင့် ပန်းခြံများရှိ အိမ်ခြေရာမဲ့တဲ များကို ဖျက်သိမ်းရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုအမိန့်တွင် အိမ်ခြေရာမဲ့စခန်းများကို ပြင်းထန်စွာကိုင်တွယ်ရာတွင် အစိုးရများအား ကန့်သတ်ထားသည်ဟု ယူဆရသော တရားရုံးမှ ဆုံးဖြတ် ချက်များနှင့် ဥပဒေဆိုင်ရာ သဘောတူညီချက်များကို ပယ်ဖျက်ရန် ရှေ့နေချုပ် ပမ်ဘွန်ဒီ အား ညွှန်ကြားထားသည်။

အမေရိကန်က ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် မက်ခရွန်၏ အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချ"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြင်သစ်သမ္မတ အီမန် နျူရယ်လ် မက်ခရွန်၏ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်ကို "ပြင်းပြင်းထန်ထန် ပယ်ချကြောင်း" ကြာသပတေးနေ့ (ဇူလိုင် ၂၄) တွင် ပြောကြားခဲ့သည်။

"အဆိုပါ မဆင်မခြင်ဆုံးဖြတ်ချက်သည် ဟားမက်တို့၏ ဝါဒဖြန့်ချိရေး ကိုသာ အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန် ဆုတ်သွားစေသည်" ဟု ရူဘီယိုက X တွင် ရေးသားခဲ့သည်။ "အဆိုပါ ဆုံးဖြတ်ချက်သည် အောက်တိုဘာ ၇ ရက်နေ့တွင် သေဆုံးခဲ့ရသူများကို ထပ်ဆင့် လုပ်ကြံလိုက်ခြင်းနှင့် တူသည်"ဟု ဖြည့်စွက်ခဲ့သည်။

US နှင့် Israel တို့က ကာတာမှ Gaza အပစ်ခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးမှုအဖွဲ့များကို ပြန်လည်ခေါ်ယူ

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော ကာတာနိုင်ငံ ဒိုဟာမြို့မှ ၎င်း၏ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ ကို ပြန်လည်ခေါ်ယူလိုက်ပြီး အထူးကိုယ်စားလှယ် Steve Witkoff က ဟားမက်၏ နောက်ဆုံးတုံ့ပြန်ချက်သည် "အပစ်ခတ်ရပ်စဲရေးရရှိရန် ဆန္ဒ မရှိဟု ထင်ရှားစွာပြသနေသည်" ဟု ပြောကြားခဲ့သည်။

Witkoff က အမေရိကန်သည် "ယခုအခါ ဓားစာခံများအား အိမ်ပြန် ရောက်ရှိစေရန်နှင့် ဂါဇာပြည်သူများအတွက် ပိုမိုတည်ငြိမ်သော အခြေအနေ ဖန်တီးပေးရန် အခြားရွေးချယ်စရာများကို စဉ်းစားသွားမည်" ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ခရီးသည်တင် လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သော ရုရှားနိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ကြေညာ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

An-24 ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သည့် ရုရှား နိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများ အတွက် ဇူလိုင် ၂၅ ရက် မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ဇူလိုင် ၂၄ ရက်က ကြေညာခဲ့သည်။ 

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိဟု ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဆို

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့်ကိစ္စရပ်သည် ကမ္ဘောဒီးယား နိုင်ငံဘက်က လာရောက် ထိပါးခြင်းဖြစ်ပြီး ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်လျက်ရှိကြောင်း၊ ကိစ္စရပ်အခြေအနေသည် စစ်ပွဲအဖြစ် အဆင့်မြင့်တက်သွားနိုင်ကြောင်း ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ဇူလိုင် ၂၅ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ အခြေအနေနှင့်စပ်လျဉ်း၍ မီဒီယာတွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ကိုးကား- Xinhua