ဆူဒန်နိုင်ငံတွင် နှစ်နှစ်ကျော်ကြာ ပြင်းထန်သော ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် Rapid Support Forces (RSF) ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းထားသည့် နိုင်ငံရေးမဟာမိတ်အဖွဲ့က စင်ပြိုင်အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

27 July 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

27 July 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ဗလာဒီမာ ဇီလန်စကီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်း နှစ်ခုကို ဖိနှိပ်မှုများအား ဆန့်ကျင်သည့် ရာနှင့်ချီသော ဆန္ဒပြသူများသည် ကိယက်ဗ်တွင် ပဉ္စမမြောက်နေ့အဖြစ် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ယူကရိန်းခေါင်းဆောင်က ဥပဒေပြင်ဆင်ရန် သဘောတူထားသော်လည်း ဆန္ဒပြသူများက အပြည့်အဝ အတည်မပြုမချင်း ဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဇူလိုင် ၂၇ ရက်နေ့က လန်ဒန်မှ ဂလပ်စဂိုးသို့ ပျံသန်းနေသော EasyJet လေယာဉ်ပေါ်တွင် လူတစ်ဦးက "အမေရိက ပျက်စီးပါစေ"၊ "Trump သေဆုံးပါစေ" စသည်ဖြင့် အော်ဟစ်ခဲ့ပြီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ Donald Trump စကော့တလန် သို့ လာရောက်လည်ပတ်စဉ် ၎င်း၏ Turnberry ရိပ်သာတွင် ဂေါက်သီး ရိုက်ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သတိပေးချက် များကို လျစ်လျူရှုကာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ခိုင်မာစေရန် ကြိုးပမ်းနေကြောင်း သမ္မတ၏ အကြံပေး အကြီးတန်း အရာရှိက စနေနေ့ (ဇူလိုင် ၂၆) တွင် ပြောကြားခဲ့သည်။ ဘရာဇီး၏ BRICS နှင့် ဆက်ဆံရေးနှင့် ယခင်သမ္မတ Jair Bolsonaro အား တရားစွဲဆိုမှု များကြောင့် ဝါရှင်တန်မှ ကုန်သွယ်ခွန် အရေးယူမှုများဖြင့် ခြိမ်းခြောက် ခဲ့သည်။

ဩစတြီးယားနိုင်ငံသည် NATO အဖွဲ့ဝင်အဖြစ် ဆွေးနွေးရန် အဆင်သင့် ဖြစ်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger က ပြောကြားခဲ့သည်။ သို့သော် လက်ရှိအဆင့်တွင် အများပြည်သူနှင့် ပါလီမန် ထောက်ခံမှု များစွာရရှိရန် မလွယ်ကူကြောင်း သူမက ဝန်ခံခဲ့သည်။
Die Welt သတင်းစာ၌ စနေနေ့ (ဇူလိုင် ၂၆) ကဖော်ပြခဲ့သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် Meinl-Reisinger က တိုးမြင့်လာနေသော ရုရှား ၏စော်ကားမှု အကြောင်းပြောကြားခဲ့ပြီး ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ချုပ်ဆိုရန်မလိုလားကြောင်း ဆိုခဲ့သည်။

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း Baden-Wurttemberg ပြည်နယ်တွင် ရထားမတော်တဆမှုဖြစ်ပွားကာ လူသုံးဦး သေဆုံးခဲ့ကြောင်း Bild သတင်းစာက ရဲတပ်ဖွဲ့၏ အချက်အလက်များကို ကိုးကား၍ ဖော်ပြ ခဲ့သည်။ Ulm မြို့၏ အနောက်ဘက် ကီလိုမီတာ ၅၀ အကွာ သစ်တော ဧရိယာတွင် တနင်္ဂနွေ (ဇူလိုင် ၂၇) ညနေ၌ ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့စဉ် ခရီးသည် ၁၀၀ ခန့် လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က အစ္စရေးသည် ဂါဇာကို အပြည့်အဝထိန်းချုပ်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က ဂျာမနီနှင့် ဂျပန်၏ အစိတ် အပိုင်းများကို သိမ်းပိုက်ခဲ့သကဲ့သို့ အစ္စရေးသည်လည်း ပါလက်စတိုင်း နယ်မြေကို ရေရှည်သိမ်းပိုက်မည်ဖြစ်ကြောင်း ၎င်းက NBC သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများနှင့် တစ်သားတည်းရပ်တည်မှုအဖြစ် အစ္စရေးနှင့်ဆက်စပ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ဆောင်ရွက်နေသည်ဟု ဆိုသော ဟူသီလက်နက်ကိုင်အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်နီကို ဆက်သွယ်ထားသည့် အရေးပါသော လမ်းကြောင်း "ဘာ ဘဲလ်မန်ဒက်ရေလက်ကြား" (Bab el Mandeb) တွင် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။