အမေးအဖြေကဏ္ဍ

လူမှုဖူလုံရေးအာမခံကို အသင်းဝင်အသစ်အနေနဲ့လျောက်ထားမယ်ဆိုလျှင် ဘယ်လို လျောက်ထားလို့ရနိုင်မလဲ။ စည်းကမ်းချက်တွေရရှိလည်းပြောပြပေးပါ။ ပင်စင်ယူခါနီး လူတွေကရော အသင်းဝင်အသစ်အနေနဲ့ လျှောက်ထားမယ်ဆိုရင်ရမလား။ ဘာတွေလိုအပ်မလဲ။

လူမှုဖူလုံရေးအာမခံကို အသင်းဝင်အသစ်အနေနဲ့လျောက်ထားမယ်ဆိုလျှင် လူမှုဖူလုံရေးအဖွဲ့တင် အကျုံးဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဌာနတွင် လုပ်ကိုင်ပါက အလုပ်ရှင်မှ ၎င်းအာမခံအလုပ်သမားအား လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမှာဖြစ်ပြီး မိမိဆန္ဒအလျောက်အာမခံထားမယ့်သူတွေကတော့ အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးပေးသွင်း၍ အာမခံထားနိုင်ပါတယ်။ အာမခံအလုပ်သမားများအနေဖြင့် ပင်စင်ယူသည့်အခါ လူမှုဖူလုံရေးအာမခံကြေးကို ဆက်လက်ပေးဆောင်ခွင့်ရှိပါတယ်။ ၎င်းတို့အနေဖြင့် ဆန္ဒအလျောက် မှတ်ပုံတင်ခြင်း (သို့) အငြိမ်းစားစိစစ်ရေးသက် သေခံကတ်ပြား (ပုံစံ-၁၄) ကိုလျှောက်ထားနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် ပင်စင်ယူသွားမည့်သူတွေအနေနဲ့ရော လူမှုဖူလုံရေးအာမခံကြေးကို ဒီအသင်းဝင်အနေဖြင့် ဆက်လက်ပေး ဆောင်ခွင့်၊ ခံစားခွင့်ရှိလား။

အာမခံအလုပ်သမားများအနေဖြင့် ပင်စင်ယူသည့်အခါ မိမိဆန္ဒအလျောက် ဆက်လက်အကျုံးဝင်မှတ်ပုံတင်၍ လူမှုဖူလုံရေးအာမခံကြေးကို ဆက်လက်ပေးဆောင်မည်ဆိုလျှင် ဥပဒေပါ ခံစားခွင့်တွေကို ဆက်လက်ခံစားခွင့်ရှိပြီး ထည့်ဝင်ကြေးကို လပေါင်း ၁၈၀ ပေးသွင်းထားတယ်ဆိုလျင် အငြိမ်းစားစိစစ်ရေးသက်သေခံကတ်ပြား(ပုံစံ-၁၄)ကို လျောက်ထားပြီး ဆေးကုသမှုကုန်ကျ စရိတ် ၅၀% ကို ကာယကံရှင်ကကျခံပြီး၊ ကျန် ၅၀% ကို လူမှုဖူလုံရေးအဖွဲ့က ဆေးဖိုးပြန်အမ်းငွေအဖြစ် ပြန်လည်ပေးအမ်းပါတယ်။ မိမိဆန္ဒအလျောက် ဆက်လက်အကျုံးဝင်လိုပါက ထည့်ဝင်ကြေး ၄% ပေးသွင်း၍ နည်းဥပဒေ အပိုဒ်၅၁ (ခ) အရ အာမခံထားသူအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းမှာကုသပြီးတဲ့သူတွေအနေနဲ့ အာမခံဆေးကုသစရိတ်ကို လျှောက်ထားလို့ရနိုင်သလား။

လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းမှာ ကုသ ပြီးတဲ့သူတွေကို ကိုဗစ်ကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ ဆေးဖိုးကုန်ကျစရိတ် များကို  ပြန်လည်ပေးအမ်းလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်ရှင်၊ အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းချက်တွေရှိရင်လည်းပြောပြပေးပါ။

အလုပ်ဌာနတစ်ခုအနေဖြင့် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့်ဌာနဆိုလျှင် အလုပ်ဌာနစတင်လုပ်ကိုင်သည့် ရက်ပေါင်း ၃၀ အတွင်းမှတ်ပုံတင်ရန်၊ အလုပ်သမား အားလုံးကို မှတ်ပုံတင်ရန်၊ အလုပ်သမားအသစ်ခန့်ပြီးတိုင်း မှတ်ပုံတင်ရန်၊ အလုပ်ရှင်၊အလုပ်သမားများအနေဖြင့် အလုပ်သမား၊ အလုပ်ဌာနမှတ်ပုံတင်သည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ လက်မှတ်ရေးထိုးရန်၊ အလုပ်သမား အကျိုးခံစားခွင့်များ နစ်နာမှုမရှိစေရေးအတွက် လုပ်ခလစာအမှန်ဖော်ပြပြီး ထည့်ဝင်ကြေး များပေးသွင်းရန်၊ အလုပ်သမားများ နှုတ်ထွက်၊ ပြောင်းရွှေ့၊ သေဆုံး၊ ပင်စင်ယူစာရင်းများ ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရုံးခွဲသို့ ၁၀ရက်အတွင်း သတင်းပို့ရန်၊ လူမှုဖူလုံရေးအဖွဲ့ ဆေးရုံ၊ ဆေးခန်းများမှ တရားဝင်ဆေးသက်သေခံလက်မှတ်ဖြင့် ဆေးခွင့်ခံစားနေသူများ အား အလုပ်ရှင်များမှ ရာထူးအဆင့်လျော့ချခြင်း၊ ထုတ်ပစ်ခြင်း၊ အလုပ်နေရာပြောင်းရွှေ့ ခြင်းများကိုမပြုလုပ်ရန်၊ အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်ခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်ပါက ချက်ချင်း/၂၄နာရီအတွင်း သတင်းပို့ရန်၊ အလုပ်သမားများအနေဖြင့် မည်သည့် အလုပ်ဌာန သို့ ပြောင်းပြောင်း ယခင်မှတ်ပုံတင်စဉ်ကရရှိခဲ့သည့် လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ် ကိုသာ ဆက်လက်အသုံးပြုရန်၊ သက်ဆိုင်ရာ မြို့နယ်ရုံးခွဲများနှင့်ချိတ်ဆက်ရန်၊ အလုပ်ရှင် များအနေဖြင့် အလုပ်သမားများကို အချိန်မီမှတ်ပုံမတင်ခြင်းကြောင့် အလုပ်သမားများ ဥပဒေပါ အကျိုးခံစားခွင့်များဆုံးရှုံးပါက ဥပဒေပုဒ်မ ၆၉ နှင့်အညီ လူမှုဖူလုံရေးအဖွဲ့ ကိုယ်စား အလုပ်ရှင်များက အကျိုးခံစားခွင့်များကိုပေးလျော်ရမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/
 

 

အလုပ်ရှင်၊ အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းချက်တွေရှိရင်လည်းပြောပြပေးပါ။

အလုပ်ဌာနတစ်ခုအနေဖြင့် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့်ဌာနဆိုလျှင် အလုပ်ဌာနစတင်လုပ်ကိုင်သည့် ရက်ပေါင်း ၃၀ အတွင်းမှတ်ပုံတင်ရန်၊ အလုပ်သမား အားလုံးကို မှတ်ပုံတင်ရန်၊ အလုပ်သမားအသစ်ခန့်ပြီးတိုင်း မှတ်ပုံတင်ရန်၊ အလုပ်ရှင်၊အလုပ်သမားများအနေဖြင့် အလုပ်သမား၊ အလုပ်ဌာနမှတ်ပုံတင်သည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ လက်မှတ်ရေးထိုးရန်၊ အလုပ်သမား အကျိုးခံစားခွင့်များ နစ်နာမှုမရှိစေရေးအတွက် လုပ်ခလစာအမှန်ဖော်ပြပြီး ထည့်ဝင်ကြေး များပေးသွင်းရန်၊ အလုပ်သမားများ နှုတ်ထွက်၊ ပြောင်းရွှေ့၊ သေဆုံး၊ ပင်စင်ယူစာရင်းများ ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရုံးခွဲသို့ ၁၀ရက်အတွင်း သတင်းပို့ရန်၊ လူမှုဖူလုံရေးအဖွဲ့ ဆေးရုံ၊ ဆေးခန်းများမှ တရားဝင်ဆေးသက်သေခံလက်မှတ်ဖြင့် ဆေးခွင့်ခံစားနေသူများ အား အလုပ်ရှင်များမှ ရာထူးအဆင့်လျော့ချခြင်း၊ ထုတ်ပစ်ခြင်း၊ အလုပ်နေရာပြောင်းရွှေ့ ခြင်းများကိုမပြုလုပ်ရန်၊ အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်ခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်ပါက ချက်ချင်း/၂၄နာရီအတွင်း သတင်းပို့ရန်၊ အလုပ်သမားများအနေဖြင့် မည်သည့် အလုပ်ဌာန သို့ ပြောင်းပြောင်း ယခင်မှတ်ပုံတင်စဉ်ကရရှိခဲ့သည့် လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ် ကိုသာ ဆက်လက်အသုံးပြုရန်၊ သက်ဆိုင်ရာ မြို့နယ်ရုံးခွဲများနှင့်ချိတ်ဆက်ရန်၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများကို အချိန်မီမှတ်ပုံမတင်ခြင်းကြောင့် အလုပ်သမားများ ဥပဒေပါ အကျိုးခံစားခွင့်များဆုံးရှုံးပါက ဥပဒေပုဒ်မ ၆၉ နှင့်အညီ လူမှုဖူလုံရေးအဖွဲ့ ကိုယ်စား အလုပ်ရှင်များက အကျိုးခံစားခွင့်များကိုပေးလျော်ရမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အာမခံအလုပ်သမားတစ်ဦး မှတ်ပုံတင်ပြီးတာနဲ့ ထည့်ဝင်ကြေးမပေးသွင်းရသေးသော်လည်း ခံစားခွင့်(၅)မျိုးအာမခံအလုပ်သမားတစ်ဦး မှတ်ပုံတင်ပြီးတာနဲ့ ထည့်ဝင်ကြေးမပေးသွင်းရသေးသော်လည်း ခံစားခွင့်(၅)မျိုး ကိုသိရှိလိုပါတယ်။

အာမခံအလုပ်သမားတစ်ဦး မှတ်ပုံတင်ပြီးတာနဲ့ ထည့်ဝင်ကြေးမပေးသွင်းရသေးသော်လည်း ခံစားခွင့်(၅)မျိုးဖြစ်တဲ့

(၁)   ဆေးကုသမှုခံယူခွင့် သာမန်မကျန်းမာမှုများကို (၂၆)ပတ်အထိ၊ ထပ်တလဲလဲ မကျန်းမာမှုနာတာရှည် ရောဂါများ အတွက်   ရက်သတ္တပတ်(၅၂)ပတ်အထိ (သို့မဟုတ်) လူမှုဖူလုံရေးအဖွဲ့က  သီးခြားသတ်မှတ်ပေးသည့်ကာလအထိ၊ အလုပ်ခွင် ထိခိုက်ခြင်း ကြောင့်ရရှိသည့် ဒဏ်ရာများကိုမူ ပျောက်ကင်း သည်အထိ
(၂)    ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် (လွန်ခဲ့သော ၄လ အတွင်းရရှိသော ပျမ်းမျှ လုပ်ခလစာ၏ ၇၀ % အများဆုံး (၅၂) ပတ်အထိခံစားခွင့်)
(၃)   အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်(လုပ်အားဆုံးရှုံးမှုအပေါ်မူတည်၍ (၅) နှစ်စာ ငွေလုံးငွေရင်းမှ (၉)နှစ်စာ ငွေလုံးငွေရင်းထိ)
(၄)   ကျန်ရစ်သူ အကျိုးခံစားခွင့်( ပေးသွင်းထားသော ထည့်ဝင်ကြေးကာလပေါ် မူတည်၍ လွန်ခဲ့သောလေးလအတွင်း ရရှိသောပျမ်းမျှလုပ်ခလစာ၏ အဆ (၃၀) မှ အဆ (၈၀) အထိ)
(၅)  မည်သည့်အကြောင်းကြောင့်မဆို နာရေးစရိတ်အကျိုးခံစားခွင့် (လွန်ခဲ့သော လေးလအတွင်းရရှိသော ပျမ်းမျှလုပ်ခလစာ၏ (၁) ဆ မှ (၅) ဆအထိ) ရရှိနိုင်ပါတယ်။
မှတ်ပုံတင်ကာလ (၆)လ ထည့်ဝင်ကြေး(၄)လရှိပါက ခံစားခွင့်
(၆)   မကျန်းမာမှုအကျိုးခံစားခွင့် (အများဆုံး ၂၆ ပတ်ခံစားခွင့်အထိကို လွန်ခဲ့သော (၄)လ အတွင်းရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၆၀%)
မှတ်ပုံတင်ကာလ (၁၂)လ ထည့်ဝင်ကြေး(၆)လရှိပါက ခံစားခွင့် (၇)မျိုးကတော့
(၇)   မီးဖွားမှုအကျိုးခံစားခွင့် (မီးမဖွားမီ (၆)ပတ်၊ မီးဖွားပြီး (၈) ပတ်၊ အမွှာက လေးမွေးသူများအတွက် နောက်ထပ် (၄)ပတ်အထိကို လွန်ခဲ့သော (၁၂)လ အတွင်းရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၇၀%ခံစားခွင့်)
(၈)   အာမခံအမျိုးသမီးမီးဖွားစရိတ်(လွန်ခဲ့သော (၁၂)လ အတွင်းရရှိသော ပျမ်းမျှ လုပ်ခလစာ၏ ကလေးတစ်ဦးမီးဖွားလျှင် ၅၀%၊ နှစ်ဦးလျှင် ၇၅%၊ သုံးဦးနှင့် အထက် ၁၀၀%) အထိ ခံစားခွင့်
(၉)   ကိုယ်ဝန်ပျက်မှုအတွက် အကျိုးခံစားခွင့်(လွန်ခဲ့သော (၁၂)လအတွင်းရရှိသော ပျမ်းမျှ လုပ်ခလစာ၏ ၇၀%ကို (၆) ပတ်အထိခံစားခွင့်)
(၁၀)   တစ်နှစ်အောက်ကလေးမွေးစားမှုအတွက် အကျိုးခံစားခွင့်၊ (လွန်ခဲ့သော ၁၂လ အတွင်းရရှိသော ပျမ်းမျှလုပ်ခလစာ၏ ၇၀% ကို ၈ပတ်အထိခံစားခွင့်)
(၁၁)   ဖခင်ဘဝဖြစ်မှု အကျိုးခံစားခွင့် (လွန်ခဲ့သော ၁၂လအတွင်း ရရှိသော ပျမ်းမျှ လုပ်ခလစာ၏ ၇၀% ကို အများဆုံးခွင့် ၁၅ ရက်ထိ ခံစားခွင့်)
(၁၂)    ဖခင်ဘဝဖြစ်မှုအတွက်မီးဖွားစရိတ်၊ (အာမခံထားသူ အမျိုးသမီးများခံစား ခွင့်၏ ပျမ်းမျှလစာ၏ (၂၅%) ထက်ဝက်ခံစားခွင့်)
(၁၃)   အာမခံအမျိုးသမီးအလုပ်သမား၏ မွေးကင်းစကလေးအား တစ်နှစ်အထိ ဆေး ကုသမှုခံယူခွင့်၊
၁၉၅၄ ခုနှစ်၊အက်ဥပဒေနှင့် ၂၀၁၂ခုနှစ် ဥပဒေနှစ်ရပ်ပေါင်း ထည့်ဝင်ကြေးကာလ ၁၈၀ လရှိပါက
(၁၄)   သတ်မှတ်ချက်များနှင့်အညီ ဆေးကုသမှုဆက်လက်ခံယူခွင့်
မှတ်ပုံတင်ကာလတစ်လအတွင်း ထည့်ဝင်ကြေးပေးသွင်းထားပါက
(၁၅)   ဆေးဖိုးနှင့်ခရီးစရိတ်များအား ပြန်လည်ခံစားခွင့်ရှိပါသည်။
လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်တွေကို လျောက်ထားသည့်အခါ လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနတွင် လုပ်ကိုင်နေသော အလုပ်သမား များအား အလုပ်ရှင်/HR တို့မှ အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်၍ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ပေးရမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးအာမခံဝင်ထားတဲ့လူတွေကို ဘယ်လိုခံစားခွင့်တွေပေးထားလဲ။ လူမှုဖူလုံရေး အာမခံခံစားခွင့်တွေကို လျှောက်ထားမယ်ဆိုရင် ဘယ်လိုလျှောက်ထားလို့ရနိုင်လဲ။

လူမှုဖူလုံရေးဥပဒေတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် အလုပ်သမား(၅)ဦးနှင့် အထက် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သော အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်း ဌာန(၁၅)မျိုး ရှိပါတယ်။ အဲ့ဒီလုပ်ငန်းဌာနတွေဟာ လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀)အတွင်းမှာ အလုပ်ဌာနကို အရင်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ အလုပ်ဌာနမှတ်ပုံတင် စဉ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးကိုလည်းမှတ်ပုံတင်ဖို့လိုပါတယ်။ အလုပ်သမားအသစ်ခန့်ပြီးတိုင်းလည်း(၁၀)ရက်အတွင်း မဖြစ်မနေမှတ်ပုံတင်ဖို့လိုပါတယ်။
မှတ်ပုံမတင်မနေရ လုပ်ငန်းဌာနများနှင့် သက်ဆိုင်ခြင်းမရှိတဲ့ အလုပ်သမားများနှင့် အများပြည်သူများအနေနဲ့ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်တွေကို ခံစားချင်တယ်ဆိုရင် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးတွေကို ကိုယ်တိုင်ပေးသွင်းပြီး မိမိဆန္ဒအလျောက် အကျုံးဝင်မှတ်ပုံတင်နိုင်ပါတယ်။
အလုပ်သမားတစ်ဦးဟာ မှတ်ပုံတင်ပြီးသည် နှင့် လက်ရှိအကောင်အထည်ဖော်နေတဲ့ အာမခံစနစ်ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်(၂)မျိုးကနေ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် (၁၅)မျိုးကို မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလတွေပေါ်မှာမူတည်ပြီးရရှိမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးဥပဒေတွင် အလုပ်ရှင်၊ အလုပ်သမားက ရရှိလစာပေါ်မူတည်၍ လစာ၏ ရာခိုင်နှုန်းအတိုင်း ထည့်ဝင်နေရပါတယ်။ အလုပ်ရှင်ကလစာလျော့၍ သူထည့်ဝင်ရမည့် လစာကိုထည့်နေသော်လည်း အလုပ်သမားကလည်း သူ့သဘောတူညီချက်နှင့်အညီ လစာကို လျော့ပြ၍ ထည့်ဝင်နေခြင်းဖြစ်ပါတယ်။ တစ်ခုခုထိခိုက်မှုရှိမှသာ အလုပ်သမား က သူ့လစာ ဒီလောက်မကရ နေပါတယ်ဟု တိုင်ကြားလာပါက မျှတမှု ရှိ/မရှိ သိရှိလိုပါ ကြောင်း။

လူမှုဖူလုံရေးကို လစဉ်ထည့်ဝင်ကြေး ပေးသွင်းရမည့် တာဝန်သည်အလုပ်ရှင်၏ တာဝန် ဖြစ်ပါတယ်။ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၇နှင့် ၅၀ ၊ နည်းဥပဒေ ၅၄ နှင့် ၅၇ တို့အရ အလုပ်ရှင်သည် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည့်ထည့်ဝင်ကြေးများကို အလုပ်သမား၏ လုပ်ခလစာမှ ဖြတ်တောက်၍ လူမှုဖူလုံရေးအဖွဲ့သို့ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ် ထားသော ဘဏ်စာရင်းသို့ ဖြစ်စေ လစဉ်ပေးသွင်းရန်တာဝန်ရှိပါသည်။ အလုပ်သမားများ၏ လုပ်ခလစာ မှန်မှန်ကန်ကန်ဖြင့် ထည့်ဝင်ကြေးပေးသွင်းရန် အလုပ်ရှင်တွင် တာဝန် ရှိပါသည်။ အကယ်၍ အလုပ်သမားမှ အလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်ဖြင့် လုပ်ခလျော့ပြပါကလည်း ထည့်ဝင်ကြေးပေးသွင်းရန် တာဝန်မှာ အလုပ်ရှင်၏တာဝန် ဖြစ်သောကြောင့် ဥပဒေပုဒ်မ ၆၉ အရ လိုအပ်သည့် အကျိုးခံစားခွင့်ကို အလုပ်ရှင်မှ ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်သမားတစ်ဦး အလုပ်စတင်လုပ်ချိန်မှစ၍ လူမှုဖူလုံရေးငွေကြေးများကို ပုံမှန် ထည့်ဝင်နေပြီး အသက်အရွယ်ကြီးရင့်၍သော်လည်းကောင်း၊ အလုပ်ဆက်မလုပ်လို၍ သော်လည်းကောင်း အလုပ်မှထွက်ပါက မည်သည့်အကျိုးခံစားခွင့်ရရှိပါမည်နည်း။

ဥပေဒေနှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားသူသည် ယခင် ၁၉၅၄ လူမှုဖူလုံရေး အက်ဥပဒေနှင့် လက်ရှိကျင့်သုံးနေသော ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှစ်ရပ်ပေါင်း လပေါင်း ၁၈၀ ရှိပြီး၊ သို့မဟုတ် လက်ရှိဥပဒေမှာပဲ လပေါင်း ၁၈၀ ထည့်ဝင်ပြီး ဖြစ်တယ် ဆိုရင် ပင်စင်ယူတဲ့အခါ ထည့်ဝင်ကြေးဆက်မသွင်းလည်း သတ်မှတ်ချက်များနှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိပါတယ်။ တကယ်လို့ ပင်စင်လစာနှင့် ထည့်ဝင်ကြေး ဆက်သွင်းမယ် ဆိုရင်လည်း ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုစနစ်ပါ အကျိုးခံစားခွင့်များကိုရရှိမှာ ဖြစ်တဲ့အပြင် ဆုံးပါးသွားခဲ့လျှင် နာရေးစရိတ်ကို ခံစားခွင့်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို လူမှုဖူလုံရေး ထည့်ဝင်ရန်အတွက် မှတ်ပုံတင်ထားခြင်းမရှိပါက လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်မှုများ ရှိပါသလား။ ရှိခဲ့ရင် ဆောင်ရွက်ခဲ့မှုများအား သိရှိလိုပါသည်။

အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ နယ်မြေအတွင်းမှ လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါတယ်။ အလုပ်ဌာနကို မှတ်ပုံတင်တဲ့အခါ အလုပ်သမားများကိုပါ တစ်ခါတည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံ တင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးတိုးတိုင်းလည်း မဖြစ်မနေ ၁၀ ရက် အတွင်း မှတ်ပုံတင်ဖို့လိုပါတယ်။ လူမှုဖူလုံရေးအဖွဲ့မှာမှတ်ပုံတင်ပြီးလျှင် ဥပဒေပါခံစားခွင့်ရှိရန် ဖြစ်ပေါ်သည့်အခါ လူမှုဖူလုံရေးအဖွဲ့က တာဝန်ယူမှာဖြစ်ပြီး မှတ်ပုံတင်ရမည့်ဌာန၊ မှတ်ပုံ တင်ရမည့်အလုပ်သမားကို ဥပဒေနှင့် အညီမှတ်ပုံမတင်ထားလျှင် ဥပဒေပုဒ်မ ၆၉ အရ ထည့်ဝင်ကြေးများ ပြန်လည်ပေးသွင်းရပြီး အလုပ်သမားရထိုက်ခွင့်ရှိသည့် အကျိုးခံစားခွင့်ကိုလည်း အလုပ်ရှင်မှ လူမှုဖူလုံရေးအဖွဲ့ကိုယ်စား ပေးလျော်ရမှာဖြစ်ပါတယ်။ ဥပဒေသစ် ကို အကောင်အထည်ဖော်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ယခုအချိန်ထိ အလုပ်ရှင်မှပေးလျော်ရသည့် အမှု ၂၄ မှု ရှိပြီ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/