အမေးအဖြေကဏ္ဍ

လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို သိရှိလိုပါသည်။

Provider Purchaser Split (Fee for service Payment) ဖြင့် ဆောင်ရွက်သော စာချုပ်ဆေးခန်း (၁၂)ခန်း ၊ Capitation Payment ဖြင့်ဆောင်ရွက်သော စာချုပ်ဆေးခန်း (၂၄)ခန်း၊ မီးဖွားမှုဆိုင်သည့် ဝန်ဆောင်မှုများဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၉)ခန်းတို့ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

မည်သည့်အခြေအနေများတွင် လူမှုဖူလုံရေးဆေးခန်းများမှ ဆေးသက်သေခံလက်မှတ် ထုတ်ပေးသနည်း။

အာမခံထားသူ လူမှုဖူလုံရေးဆေးခန်းသို့ လာရောက်ပြသသည့်အခါ တာဝန်ခံ ဆရာဝန်မှ ကြည့်ရှုစစ်ဆေးပြီး ရောဂါအခြေအနေအရ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိဟု ယူဆပါက အလုပ်ခွင်မှအနားယူရန် မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များရရှိစေရန်    မီးဖွားမှု (မီးမဖွားမီခွင့်+မီးဖွားပြီးခွင့်) (ဆ-၂)၊ ဖခင်ဘဝဖြစ်မှုအတွက် ဆေးသက်သေခံ လက်မှတ် (ဆ-၂ ခ)၊ သေဆုံးမှုဆေးသက်သေခံလက်မှတ် (ဆ-၄) ထုတ်ပေးပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံထားသူသည် မည်သည့်နေရာတွင် ဆေးကုသမှုခံယူနိုင်ပါသနည်း။

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံထားသူများသည် လူမှုဖူလုံရေး ဆေးရုံကြီး (၃)ခု၊ မြို့နယ်လူမှုဖူ လုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးနှင့် စာချုပ်ချုပ်ဆိုထားသော ပုဂ္ဂလိကဆေးရုံ / ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် အခမဲ့ဆေးကုသမှုရယူနိုင်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံထားသူအမျိုးသား၏ ဇနီးမီးဖွားသည့်အခါ အာမခံထားသူအမျိုးသားသည် ခွင့်အနေဖြင့် မည်မျှခံစားခွင့်ရှိပါသနည်း။

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံထားသူများသည် လူမှုဖူလုံရေး         ဆေးရုံကြီး (၃)ခု၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးနှင့် စာချုပ် ချုပ်ဆိုထားသော ပုဂ္ဂလိကဆေးရုံ / ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် အခမဲ့ဆေးကုသမှုရယူနိုင်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး အာမခံထားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မီးဖွားမှုနှင့်ဆိုင်သည့်ခွင့်အား ကာလမည်မျှအထိ ခံစားခွင့်ရနိုင်ပါသနည်း။

အာမခံထားသူအမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ထားပါက မီးဖွားမှုနှင့်ဆိုင်သည့် ခွင့်အနေဖြင့် မီးမဖွားမီရက်သတ္တပတ် (၆)ပတ်နှင့်  မီးဖွားပြီးနောက် ရက်သတ္တပတ် (၈)ပတ် အထိခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားမှ ပြင်ပပုဂ္ဂလိကဆေးရုံ/ဆေးခန်းများတွင် ကုသခြင်းအတွက် လူမှုဖူလုံရေးအဖွဲ့မှ ပြန်လည်ပေးအမ်းပါသလား။

ဆရာဝန်မှသတ်မှတ်သည့် အရေးပေါ်အခြေအနေတွင်သာ ပုဂ္ဂလိကကုသမှုအတွက်  ဆေးဖိုးပြန်အမ်းခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၈) အရပြန်လည်ပေးအမ်းပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အာမခံအလုပ်သမားမှ ဆေးဖိုးတောင်းခံရာတွင် လိုအပ်သည့်အချက်အလက် အထောက်အထားများကို ဖော်ပြပေးစေလိုပါတယ်။

ဆေးဖိုးတောင်းခံရာတွင် လိုအပ်သည့်အချက်အလက်အထောက်အထားများမှာ-   
(က)      အာမခံကဒ်ပြားမိတ္တူ
(ခ)       အလုပ်ရှင်ထောက်ခံချက်/ ကိုယ်တိုင်ရေးလျှောက်လွှာ
(ဂ)     ဆေးဝယ်ပြေစာမူရင်း
(ဃ)    ဆေးကုသမှုမှတ်တမ်းမိတ္တူ
(င)     တက်ရောက်ကုသခဲ့သည့် ပြည်သူ့ဆေးရုံမှ ဆရာဝန်၏ ထောက်ခံချက်(သို့) သက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းမှ တာဝန်ခံဆရာဝန်၏ ထောက်ခံချက်

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ Mobile Application နှင့် Website လွှင့်တင်ပေးထားတယ်လို့ သိရပါတယ်။ အဲ့တာနှင့်ပတ်သက်ပြီး ပြောပြပေးပါဦးရှင့်။

လူမှုဖူလုံရေးအဖွဲ့၏ ဝန်ဆောင်မှုလုပ်ငန်းများအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် e-Services ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် SSB Website နှင့် Mobile Application ကို လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (SSB Information System) ကို မစတင်မီ Pilot App အဖြစ် အကောင်အထည်ဖော်ရန် ၂၀၂၀ ခုနှစ်မှစတင်၍ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာ SSB Website မှ Update သတင်းအချက်အလက်များကို https://ssb.gov.mm တွင်လည်ကောင်း၊ SSB Mobile App မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အဓိကပါဝင်တဲ့လုပ်ငန်းစဉ်များမှာ-
(က) လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြုထုတ်ပေးလျက်ရှိတဲ့ အကျိုးခံစားခွင့်များ (အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်များ၊ နာရေးစရိတ်များ၊ ၄၀ % လူမှုဖူလုံရေး ထောက်ပံ့ငွေခွင့်ပြုမှုစသည်) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ စသည့် Update သတင်းအချက်အလက်များ၊
(ခ)  အများပြည်သူကို အသိပေးလိုသည့် အလုပ်သမားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာလ အတွင်း ကြေညာချက်များ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများ အတွက် လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်         ထပ်မံဖြေလျော့ကင်း လွတ်ခွင့်ပြုမှုများစသည့် ကြေညာချက်များ၊
(ဂ)  လူမှုဖူလုံရေးအဖွဲ့မှ လစဉ်ရငွေနှင့်ထည့်ဝင်ကြေးများအား  ရငွေနှင့်ထည့်ဝင်ကြေးစာရင်းများ၊
(ဃ)   လူမှုဖူလုံရေးအဖွဲ့၏ လစဉ်ဘုတ်အလိုက် ကျန်းမာရေးအသုံးစရိတ်နှင့် ခွင့်ပြုပေးခဲ့သည့် အကျိုးခံစားခွင့်အခြေအနေများကို ကျန်းမာရေးအသုံးစရိတ်နှင့် ခွင့်ပြုခဲ့သော အကျိူးခံစားခွင့်အခြေအနေများ၊
(င)  ဆေးရုံဆေးခန်းနှင့် ရုံးလိပ်စာများအား Google Map ဖြင့် ဖော်ပြထားခြင်း၊
(စ)  အလုပ်သမားဆေးရုံကြီးများ၏ ပြင်ပလူနာဌာနအတွက် ဆေးကုသပေးနေသည့် အချိန်ဇယားများ ၊
(ဆ) အာမခံစနစ်များနှင့်အကျိုးခံစားခွင့်များ၊
(ဇ) လက်ရှိအကောင်အထည်ဖော်နေသည့် အာမခံစနစ်(၂)မျိုးနှင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ  အကောင် အထည်ဖော်ဆောင်မည့်  အခြားအာမခံစနစ်နှင့် ပတ်သက်၍ တွက်ချက်မှုများအား ထည့်ဝင်ကြေးတွက်ချက်ခြင်း တွင်လည်းကောင်း၊
(ဈ) အကျိုးခံစားခွင့်များအား ၂၀၁၂ခုနှစ်  လူမှုဖူလုံရေးဥပဒေအရ ထည့်ဝင်ကြေးပေးသွင်းမှု၊ ပျမ်းမျှလစာ၏ % အလိုက် ခံစားခွင့်များအား တွက်ချက်ခြင်းတို့ကို အကျိုးခံစားခွင့်တွက်ချက်ခြင်း
(ည) ခွင့်ပြုထုတ်ပေးလျက်ရှိသည့်အကျိုးခံစားခွင့်များအား ခွင့်ပြုခဲ့သည့်အကျိုးခံစားခွင့်များ
(ဋ) အလုပ်ဌာနနှင့် အလုပ်သမားစာရင်းနှင့်လူမှုဖူလုံရေးကတ်နှင့် SSN (Social Security  Number) အရေးပါပုံများ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်၊ ဆေးကုသမှုစရိတ်တောင်းခံခြင်း စသည့်အချက်အလက်များ၊
(ဌ)   လူမှုဖူလုံရေးအဖွဲ့နှင့်ပတ်သက်ပြီး သိသင့်သည်များကို အမေးများသောမေးခွန်းများ၊ 
(ဍ) ဌာနအလိုက်ဆက်သွယ်ရမည့်လိပ်စာများ၊
(ဎ) လက်ရှိ လူမှုဖူလုံရေးအကျုံးဝင်အလုပ်သမားများအတွက် လျောက်ထားသူအမည်၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးအမှတ် (SSN) နှင့် ဖခင်အမည်များ ဖြည့်စွက်ပြီး သင့်အချက်အလက်များ နှင့်
(ဏ)   လူမှုဖူလုံရေးအဖွဲ့သို့ အကြံပြုလွှာများပေးပို့လိုပါက အကြံပြုလွှာနှင့်ဆက်သွယ်ရန် တို့ကို အဓိကလုပ်ငန်းများအဖြစ် ဖော်ပြထားပါတယ်။

SSB Mobile App ကို အများပြည်သူမည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လတ်တလောအနေဖြင့် Update သတင်းအချက်အလက်များကို သိရှိနိုင်ရေး၊ အသိပညာ ပေးတဲ့ App အနေနဲ့အသုံးပြုလို့ရပါတယ်။

အဓိကအနေဖြင့်Update အချက်အလက်တွေနှင့် ကြေညာချက်တွေစသည့် လူမှုဖူလုံရေးရဲ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိနိုင်မယ်၊ လူမှုဖူလုံရေးအဖွဲ့ရှိ ရုံးခွဲ/ ဆေးခန်းများရဲ့လိပ်စာတွေ၊ ကိုယ်ကထည့်ဝင်ကြေးဘယ်လိုသွင်းရလဲ၊ ဥပမာကိုယ်ခွင့် ယူတဲ့ကာလအရ မီးဖွားမှုအကျိုးခံစားခွင့်ကို တွက်ချက်နိုင်တဲ့အတွက် ကိုယ်ခံစားခွင့်များကို  သိရှိနိုင်ခြင်းစသည့် တို့ကိုရရှိနိုင်ပါတယ်။

Android ဖုန်းများအတွက်  Play Store တွင်လည်ကောင်း၊  iOS ဖုန်းများအတွက် App Store တွင်လည်းကောင်း အောက်ပါ  Logo နှင့် Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

လတ်တလောအနေဖြင့် လူမှုဖူလုံရေးအဖွဲ့၏ Update သတင်းအချက်အလက်များ ကို သိရှိနိုင်ရေး၊ အသိပညာပေးတဲ့ App အနေနဲ့အသုံးပြုနိုင်ပြီး နောက်ပိုင်း SSB Information      System ကို ရေးဆွဲပြီးချိန်မှာ အလုပ်ဌာနများအနေဖြင့် Online မှ မှတ်ပုံတင်ခြင်း/ထည့်ဝင်ကြေးပေးသွင်းခြင်း၊ အလုပ်သမားတွေအနေနဲ့ အကျိုးခံစားခွင့်လျှောက်တာတွေ /ထုတ်ယူတာတွေကို Online ကနေဆောင်ရွက်လို့ရအောင်၊ အလုပ်သမားတစ်ဦး အနေနဲ့ မိမိနဲ့ပတ်သက်တဲ့အချက်အလက်တွေဖြစ်တဲ့ ထည့်ဝင်ကြေးပေးသွင်း လ/ ငွေတွေ၊ အကျိုးခံစားခွင့်မှတ်တမ်းတွေ၊ ဆေးကုသမှုမှတ်တမ်းတွေစသည့် အချက်အလက်များကို ကြည့်ရှုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

ကိုဗစ်ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့၏ အလုပ်ရှင်၊ အလုပ်သမားများအပေါ် ဖြေလျော့ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းပြပေးပါ။

လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ကိုကျင့်သုံးပြီး လက်ရှိဆောင်ရွက်နေသည့် အာမခံစနစ်(၂)မျိုးအရ အကျိုးခံစားခွင့်(၁၅)မျိုးကို ခွင့်ပြုလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ အလုပ်ရှင်၊ အလုပ်သမားများအား အခက်အခဲများလျော့ပါးစေရေး ဖြေလျော့ကင်းလွတ်ခွင့်ပြုတာတွေ၊ ထောက်ပံ့မှုပေးခဲ့တာတွေကတော့-
အလုပ်ရှင်အတွက်
(က)    Frist wave နှင့်Second wave ကာလများတွင် သတ်မှတ်ကာလအတွင်း ပေးသွင်းရမည့် ထည့်ဝင်ကြေးကို (၃)လ နောက်ကျပေးသွင်းခွင့်၊
(ခ)   ကိုဗစ်-၁၉ third wave တွင် သတ်မှတ်ကာလအတွင်း ပေးသွင်းရမည့် ထည့်ဝင်ကြေးကို (၆)လ နောက်ကျပေးသွင်းခွင့်၊        
အာမခံအလုပ်သမားများအတွက်
(က)    ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ပွားသည့်နေ့မှစ၍ တစ်နှစ်အထိကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဖိုး နှင့် ခရီးစရိတ်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ခ)  ကိုဗစ်-၁၉ ကာလအတွင်း first wave တွင် အလုပ်ပိတ်ရက်အသီးသီး အတွက် အာမခံအလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့မှုအကျိုးခံစား ခွင့် ၄၀%ခွင့်ပြုထုတ်ပေးခြင်း၊ (အလုပ်ဌာန(၉၀၁၈)ရှိ အလုပ်သမား(၈၅၇,၇၆၈))  ဦး အတွက် ငွေကျပ်သန်း ၂၁,၆၂၇.၆၃၉ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဂ)   ကိုဗစ်-၁၉ ကာလအတွင်း second wave တွင် stay at home ကာလအတွက် အာမခံအလုပ်သမားများကို လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးခြင်း၊ (အလုပ်ဌာန (၉၅၉၇)မှ အာမခံ အလုပ်သမား(၇၇၈,၈၉၆)ဦး အတွက် ခွင့်ပြုငွေကျပ်သန်း ၄၉,၃၉၂.၉၇၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။)
(ဃ)    မီးလောင်မှုဖြစ်ပွားသောအလုပ်ဌာနများရှိ အာမခံအလုပ်သမားများ အလုပ် လက်မဲ့ဖြစ်ပွားခြင်းကြောင့် လူမှုဖူလုံရေးထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% ကို အလုပ်ဌာန (၂၅)ရှိ အာမခံအလုပ် သမား ( ၁၄,၆၀၃) ဦးအတွက် ခွင့်ပြု ငွေကျပ်သန်း ၈၃၄.၉၄၀ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(င)   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ် ၁၉ positive အတည်ပြုလူနာနှင့် quarantine လူနာများအတွက် ဆေးသက် သေခံလက်မှတ် ဆ-၁ ထုတ်ပေးပြီး မကျန်းမာမှုအကျိုးခံစားခွင့်အဖြစ် အများဆုံး ၂၆ ပတ်အထိကို လွန်ခဲ့သော ၄ လအတွင်း ပေးသွင်းခဲ့သော ပျမ်းမျှလုပ်ခလစာ၏ ၆၀%ကို အာမခံအလုပ်သမား (၆,၂၅၂) ဦးအတွက် ငွေကျပ် သန်း ၃၇၁.၄၀၉ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(စ)   ကိုဗစ်-၁၉ ကာလတွင် လုပ်ငန်းခွင်သို့ သွားရောက်ရန် တားမြစ်ခံခဲ့ရသော ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားခွင့်မစတင်မီ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% အဖြစ် အာမခံအလုပ်သမား (၄,၀၂၈) ဦး အတွက် ငွေကျပ်သန်း ၅၈၅.၄၇၂ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဆ)    ကိုဗစ်-၁၉ ကာလ ၄/၂၀၂၀ လမှ ၁/၂၀၂၃ လအထိ (၃၄)လတာ ကာလ အတွင်း လက်ရှိအကောင်အထည်ဖော်နေသော ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံ စနစ်ပါ အကျိုးခံစားခွင့်(၁၅)မျိုး (ကိုဗစ်-၁၉ကာလအတွင်း လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့်မပါ)အတွက် အမှုတွဲပေါင်း ၆၇၁,၅၃၈ မှုအတွက် ငွေကျပ်သန်းပေါင်း ၄၁,၁၆၅.၀၁၉ သန်း ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါသည်။
(ဇ)   လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေကို စတင် ကျင့်သုံးသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (၄/၂၀၂၂ မှ ၁/၂၀၂၃ လအထိ) အာမခံအလုပ်သမားများအတွက် အကျိုး ခံစားခွင့်အမှုတွဲပေါင်း ၃၇ သိန်းကျော်ကို ငွေကျပ်သန်းပေါင်း ၁၇၉,၅၂၂.၂၉၃ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
(ဈ)   နောက်ဆုံးအနေနဲ့ လူမှုဖူလုံရေးစီမံကိန်းနှင့်ပတ်သက်ပြီး အဓိက အသိပေး လိုတာကတော့ လူမှုဖူလုံရေးစီမံကိန်းဆိုတာ “စုပေါင်းခြင်းဖြင့်ဖူလုံအံ့” ဆို သည့် ဆောင်ပုဒ်နှင့်အညီအလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်တို့မှ စုပေါင်း အာမခံသော လူမှုရေးအာမခံစနစ်တစ်ခုဖြစ်ပြီး အလုပ်သမားများနှင့် မှီခိုသူ မိသားစုများ လူမှုဒုက္ခကြုံတွေ့ရသည့်အချိန်မှာ ဆေးကုသမှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်တွေ ခွင့်ပြုထုတ်ပေးခြင်းဖြင့် အလုပ်သမားနှင့် မှီခိုသူမိသားစုများကို လူမှုဒုက္ခမှ လျော့ပါးသက်သာအောင် ဆောင်ရွက်ပေး သည့်စီမံကိန်းဖြစ်ခြင်းကြောင့် လူမှုဖူလုံရေးဥပဒေနှင့် အညီအကျုံးဝင်မှတ် ပုံတင်ရမည့် အလုပ်ဌာနများအနေနဲ့ မိမိဌာနကို မဖြစ်မနေမှတ်ပုံတင်ပြီး မိမိဌာနမှာလုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးကိုလည်း မပျက်မကွက် အကျုံးဝင်မှတ်ပုံတင်ရန် လိုအပ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးဆေးခန်းပြဖို့အတွက် ဆေးခန်းဖွင့်ချိန်နှင့်ဘယ်မြို့နယ်တွေမှာ ဖွင့်လှစ်ထားတယ်ဆိုတာ ဘယ်လိုသိနိုင်သလဲ။ Online Website တွေရောရှိလား။

လူမှုဖူလုံရေး ဆေးခန်းတွေမှာတော့ ရုံးဖွင့်ရက်များမှာ နံနက် ၈ နာရီ၊ ညနေ ၄ : ၃၀ နာရီ သတ်မှတ်ပြီးပြသနိုင်သလို လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်းတွေမှာ ဆိုလျှင် ပိတ်ရက်မရှိဆေးကုသမှုခံယူနိုင်ပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဥပဒေပါ အကျိုးခံစားခွင့်တွေ ဆေးကုသမှုဆိုင်ရာကိစ္စတွေ၊ သတင်းထုတ်ပြန်ချက်တွေအပါအဝင် လူမှုဖူလုံရေးစီမံကိန်း နှင့် ပတ်သက်တဲ့သိကောင်းစရာများကို ဝန်ကြီးဌာန Website ဖြစ်တဲ့ https://mol.gov.mm နှင့် လူမှုဖူလုံရေး Website ဖြစ်တဲ့ https://ssb.gov.mm မှာ လေ့လာနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/