အမေးအဖြေကဏ္ဍ

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ ဆောင်ရွက်ပေးနေပါသလဲ။

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်နှင့် အလုပ်ဌာနများအက်ဥပဒေတို့နှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများရှိ အလုပ်သမားများရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးအတွက် စစ်ဆေးစည်းကြပ်ခြင်း၊ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ အသိပညာပေးခြင်း၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်မှု မရှိပါက တရားစွဲဆို ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်သမားရေးရာ တိုင်ကြားစာများ၊ အငြင်းပွားမှုများ ဖြေရှင်းပေးမှုများကို ရှင်းပြပေးပါ။

အလုပ်သမားရေးရာကိစ္စများ တိုင်ကြားလာပါက စနစ်တကျ မှတ်ပုံတင်၍ လက်ခံထားရှိခြင်း၊ ဤဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေများနှင့် သက်ဆိုင်ပါက ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဤဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေများနှင့် မသက်ဆိုင်ပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့ခြင်း၊ တိုင်ကြားသူအား အခြေအနေများကို အသိပေးအကြောင်းကြားနိုင်ရေးအတွက် ဆက်သွယ်ရမည့် လိပ်စာယူထား၍ အခြေအနေကို ပြန်လည်ပြောကြားပေးခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၁-၂-၂၀၂၂ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့ကာလအထိ တိုင်ကြားခဲ့တဲ့ အမှုတွေထဲမှာ ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ဖြင့် ဖြေရှင်းခဲ့တာက (၁၁)မှု၊ တိုင်းဒေသကြီး/ မြို့နယ်ပေါင်းစပ်အဖွဲ့ဖြင့် ဖြေရှင်းခဲ့တာက (၃၄)မှု၊ ဤဦးစီးဌာနဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့တာက (၁၂၂)မှု၊ စုစုပေါင်း(၁၆၇)မှုမှာ (၁၆၅)မှု ဆောင်ရွက်ပြီးစီးခဲ့ပြီး (၂)မှုကတော့ ဆောင်ရွက်ဆဲ ကျန်ရှိနေပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားများ၏ အချိန်ပိုလုပ်ကိုင်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုပါတယ်။

အလုပ်သမားများ ရက်သတ္တပတ်၊ အများပြည်သူ အလုပ်ပိတ်ရက်နှင့် အပတ်စဉ်အချိန်ပို နာရီများတွင် အချိန်ပိုလုပ်ကိုင်မှုနှင့်စပ်လျဉ်း၍ –
(က)    ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၇၃(၁)တွင် အလုပ်သမား တဦးတယောက်သည် အလုပ်ရုံတွင် ပုဒ်မ ၅၉နှင့် ၆၂ တွင် သတ်မှတ် ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင်ထိုသူသည် မိမိအချိန်ပို လုပ်ရသည့် နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။
( ခ )   ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေပုဒ်မ ၁၁ (က) အရ ဆိုင် သို့မဟုတ် အလုပ်ဌာန၌ အလုပ်လုပ်သော အလုပ်သမားတစ်ဦးကို တစ်ရက် လျှင် ရှစ်နာရီထက် ပို၍လည်းကောင်း၊ ရက်သတ္တပတ်လျှင် ၄၈ နာရီထက် ပို၍လည်းကောင်း အလုပ်မလုပ်စေရ။ သို့ရာတွင် တစ်ရက်လျှင် ရှစ်နာရီ ထက်ပို၍လည်းကောင်း၊ ရက်သတ္တပတ်လျှင် ၄၈ နာရီထက်ပို၍ လည်းကောင်း အလုပ်သမား၏ သဘောဆန္ဒရယူ၍ ဥပဒေနှင့်အညီ အချိန်ပိုလုပ်ကိုင်သည်ကို ပြဋ္ဌာန်းထားပါတယ်၊
( ဂ )   ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေပုဒ်မ ၁၁ (ခ) အရ အချိန်ပို လုပ်သော နာရီစုစုပေါင်းသည် မည်သည့်ရက်သတ္တပတ်၌မဆို ၁၂ နာရီ ထက်မပိုစေရ၊ သို့ရာတွင် အထူးကိစ္စရပ်အနေဖြင့် လိုအပ်ချက် ရှိပါက ရက်သတ္တပတ်၌ ၁၆ နာရီထက်မပိုစေရ။ ထို့ပြင်ညဉ့်သန်းခေါင် ၁၂ နာရီ ထက် ကျော်လွန် လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါတယ်၊
()    ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ အပိုဒ် ၁၇ တွင် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ဆန္ဒကို ရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင် ခွင့်ပြုမိန့် တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေမည်ဟု ပြဋ္ဌာန်းထားပါတယ်၊
( င)    ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ အပိုဒ် ၅၀ အပိုဒ်ခွဲ (ည) တွင် လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ် လုပ်ကိုင်လိုပါက အလုပ်သမား၏ သဘောဆန္ဒရယူ၍ စစ်ဆေးရေးအရာရှိထံ ပုံစံ(၈)ဖြင့် တင်ပြပြီး  ခွင့်ပြုချက်ရယူ လုပ်ကိုင်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်၊
( စ )   ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး နည်းဥပဒေ ၂၀ တွင် အချိန်ပို အခကြေးငွေနှင့်စပ်လျဉ်း၍ လစားအလုပ်သမားများ၊ နေ့စားအလုပ်သမား များ၊ ပုတ်ပြတ် အလုပ်သမားများအတွက် အချိန်ပိုလုပ်ခ ခံစားခွင့်နှုန်းထား များ ပြဋ္ဌာန်းထားပါတယ်၊
(ဆ)    အချိန်ပိုလုပ်ကိုင်ရန် လျှောက်ထားရမည့် လုပ်ငန်းစဉ်နှင့် လိုအပ်သည့် အချက်အလက်များ၊ အခြားသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူးများထံ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်၊
( ဇ )   ယခုအခါ တိုးတက်များပြားလာသော စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အလုပ်သမားများ၏ အချိန်ပိုလုပ်ကိုင်ခွင့် ခွင့်ပြုမိန့် တင်ပြတောင်းခံရာတွင် ပိုမိုလျင်မြန်သေချာစွာ ဆောင်ရွက်နိုင်ရေးအတွက်  ညွှန်ကြားရေးမှူးချုပ် ကိုယ်စား တိုင်းဒေသကြီး၊ ပြည်နယ်၊ အထူး စီးပွားရေးဇုန်၊ စက်မှု ဇုန်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ခံအရာရှိများမှ တည်ဆဲ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ပိုမိုလျင်မြန်သေချာစွာ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါတယ်၊
( ဈ )   သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ မြို့နယ်ရုံးများမှ စစ်ဆေးရေးအရာရှိများ အနေဖြင့် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် အချိန်ပို လုပ်ကိုင်ခွင့်နှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အသိပညာပေးဆွေးနွေးပွဲ လစဉ်စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်၊
(ည)    ဤဦးစီးဌာန စည်းကြပ်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ အလုပ်သမားရေးရာတိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ အလုပ်သမား ဥပဒေပါရပိုင်ခွင့်များ (အလုပ်ချိန်၊ နားချိန်၊ အချိန်ပိုနာရီ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အပတ်စဉ်နားရက်၊ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ) နှင့်စပ်လျဉ်းသည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များကို အလုပ်သမားဝန်ကြီးဌာန Web Portal Website Social Media ၌ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားအနေဖြင့် ဆေးဖိုးပြန်လည်လျှောက်ထားရာတွင် အချိန်ကန့်သတ်ချက်ရှိပါသလား။

ရှိပါတယ်။ ယခင်ဆေးဖိုးပြန်အမ်းခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/ဆေး-၂၀၁၈) တွင် ရက်သတ္တပတ် (၁၂)ပတ်အတွင်း ပြန်လည်တင်ပြရန်ပါရှိသော်လည်း အာမခံအလုပ်သမား အကျိုးငှာ အဆိုပါ  ညွှန်ကြားချက်အား ရက်သတ္တ(၅၂) ပတ်အထိ ဖြေလျော့ထားသဖြင့် ရက်သတ္တ (၅၂) ပတ် အတွင်းဝယ်ယူထားသော ဆေးမှတ်တမ်းနှင့်ကိုက်ညီသည့် ဆေးဖိုး ကုန်ကျစရိတ်များကို ပြန်လည်တောင်းခံနိုင်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် ပုဂ္ဂလိကဆေးရုံသို့ သွားရောက်ပြသပါက ဆေးဖိုးပြန်လျှောက်လို့ ရပါသလား။

ရောဂါအခြေအနေမှာ အရေးပေါ်အခြေအနေဖြစ်ပါက ပြန်အမ်းပေးနိုင်ပါသည်။ သို့သော် ဆရာဝန်စမ်းသပ်ခ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးရုံအခန်းခများ၊ အာဟာရ ဖြည့်စွက်စာများ၊ ခွဲစိတ်ခန်းခများ၊ ဝန်ဆောင်ခများအား ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးအတွက် ဆေးဖိုးပြန်အမ်းခြင်းတွင် ကျောက်ကပ်ဆေးခြင်းအား မည်မျှပေးပါသလဲ။

ဆေးဖိုးပြန်အမ်းခြင်းတွင် ကျောက်ကပ်ဆေးခြင်းအားတစ်ကြိမ် ၃၀၀၀၀/-ဖြင့် ပေးအမ်းပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် ဆေးဝယ်ပြေစာတွင် တာဝန်ခံဆရာဝန်ကြီးလက်မှတ်တောင်းခံလို့မရရင် ဘယ်လိုလုပ်ရမလဲ။

တာဝန်ခံဆရာဝန်၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပါသည်။ သို့သော် တာဝန်ခံဆရာဝန်လက်မှတ်ခက်ခဲပါက ဆေးကုသဆောင်တံဆိပ်တုံးနှင့်တကွ လူမှုဖူလုံရေးဆေးခန်း ဆရာဝန်မှ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီပါကပေးနိုင်ပါသည်။

ဆေးဖိုးပြန်အမ်းလျှောက်ထားရာတွင် မည်သည့်အချက်များ လိုအပ်ပါသလဲ။

ဆေးကုသမှုစရိတ် တောင်းခံရာတွင် ပါဝင်ရမည့်အချက်များ-
(က)    နိုင်ငံပိုင် ဆေးရုံတွင်ပြသထားသည့် ဆေးမှတ်တမ်း (အရေးပေါ်အခြေအနေ တွင် ပုဂ္ဂလိကဆေးရုံ ပြသခြင်း ခွင့်ပြုသည်။)
(ခ)   ဆေးရုံတက်/ဆင်းလက်မှတ်
(ဂ)  အာမခံအလုပ်သမားလူနာ၏ ကိုယ်တိုင်ရေးလျှောက်လွှာ
(ဃ)  အာမခံစိစစ်ရေးကတ်ပြားမိတ္တူ
(င)   အလုပ်ရှင်မှ မိမိအလုပ်သမားဖြစ်ကြောင်း ထောက်ခံချက်
(စ)   ဆေးဝါးဝယ်ယူပြေစာများမူရင်း (ဆေးမှတ်တမ်းနှင့် ကိုက်ညီမှုရှိရမည်။)

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အတွင်းလူနာကုသမှု (ဆေးရုံတက်လူနာကုသမှု) ဝန်ဆောင်မှုကို လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သော ပုဂ္ဂလိက ဆေးရုံများတွင် ရရှိနိုင်ပါသလား။

မရရှိနိုင်ပါ။ 

လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် စာချုပ်ဆေးခန်းများ၏ ဝန်ဆောင်မှု အမျိုးအစားများကို သိရှိလိုပါသည်။

ပြင်ပလူနာကုသမှု (OPD Care) ဝန်ဆောင်မှုဆောင်ရွက်ပါသည်။ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (လှိုင်သာယာ၊  ရွှေလင်ပန်း၊  ရွှေပြည်သာ၊  မင်္ဂလာဒုံ၊  အရှေ့ဒဂုံ) တို့တွင်  သားဖွားမီးယပ်ပြင်ပလူနာကုသမှုဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/