ကဏ္ဍများ

ဖိလစ်ပိုင်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တည်ဆောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ

ယမန်နေ့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် အိန္ဒိယဝန်ကြီးချုပ်နာရိန်ဒရာ မိုဒီတို့ ဦးဆောင်သည့် နှစ်ဖက်ဆွေးနွေးပွဲများအပြီး “မဟာဗျူဟာမြောက်မိတ်ဖက်” အဖြစ် ထူထောင်လိုက်ကြောင်း ဖိလစ်ပိုင် နှင့် အိန္ဒိယတို့က ကြေညာလိုက်သည်ဟု ဩဂုတ်လ ၆ ရက်နေ့ The Diplomat သတင်းတွင် ဖော်ပြ ပါရှိပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မဟာဗျူဟာ မိတ်ဖက်သစ်အဖြစ် ကြေညာစာတမ်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် “action plan” များ အပါအဝင်  သဘောတူညီစာချုပ် ၁၃ ခုကို ချုပ်ဆိုခဲ့ကြပါသည်။

ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ နိုင်ငံ၊ လူမျိုးဂုဏ်နှင့် မျိုးချစ်စိတ်မြင့်မား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းရာထောင်ချီ ရှည်လျားရပ်တည်ဖြစ်ထွန်းလာခဲ့သည့် သမိုင်းဝင်သာသနိက ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းဝင်အဆောက်အအုံများကို မူလအခြေအနေမပျက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ထားခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေသည့်အပြင် နိုင်ငံသူနိုင်ငံသားများ၊ မျိုးဆက်သစ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားတိုးတက်စေသည်။

နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် နိုင်ငံရေးအင်အားစုများနှင့် ကိုယ်စားလှယ်များ

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေးသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် ပထမဦးဆုံးသော ဦးတည်ချက်ဖြစ်သည်။ နိုင်ငံကို ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားရာတွင် နိုင်ငံရေးအင်အားစုများဖြစ်သည့် တရားဝင်နိုင်ငံရေးပါတီများ၊ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာ (၃) ရပ်ကို ကျင့်သုံးသွားကြရမည်ဖြစ်ရာ

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲလေ့ကျင့်မှု ပင်လယ်ပြင်လေ့ကျင့်ရေး အဆင့် ရောက်ရှိ

တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်မှ စ၍ ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့်ရောက်ရှိခဲ့ရာ လေ့ကျင့်ရေးတွင် ပါဝင်သည့် နှစ်ဖက်ရေယာဉ် များက ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ စစ်ဘက်ဆိပ်ကမ်းမှ ကြိုတင်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဧရိယာသို့ ကဏ္ဍအလိုက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် စတင်ထွက်ခွာခဲ့သည်။

ဂါဇာသို့ နောက်ထပ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂျော်ဒန်၊ အီဂျစ်၊ ယူအေအီး ပေးပို့

ဂျော်ဒန်၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ဂါဇာကမ်းမြောင်သို့ လေကြောင်းမှ အကူအညီပစ်ချမှု မစ်ရှင် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းများမှတစ်ဆင့် ဂါဇာ ကမ်းမြောင်သို့ နောက်ထပ် အကူအညီများ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် ကြေညာ ခဲ့သည်။

အကြမ်းဖက်နှင့် အဖျက်ကင်းစင် အေးချမ်းပျော်ရွှင် ပညာသင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆ

ပညာရေးသည် အနာဂတ်မျှော်လင့်ချက် ပညာဖြင့်သာ နိုင်ငံတည်ဆောက်နိုင်

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့်အခါ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားရာ တိုက်တွန်းချက်နှင့်အညီ နောင်ချိုဒေသတစ်ခုလုံးကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးသည်နှင့် အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအားလုံးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကျောင်းသား ကျောင်းသူလေးများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနေကြပြီဖြစ်သည်။

တိမ်မြုပ်ပျောက်ကွယ်နေသည့် အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရာတွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံးမြို့ပြများ ထူထောင်နိုင်ခဲ့သော သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူခေတ်မြို့ပြနိုင်ငံများမှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် နှစ်ပေါင်းထောင်ချီ၍ စိုးစံခဲ့သည့် မင်းအဆက်ဆက်တို့၏လက်ထက်များတွင် မြို့များ အများအပြားတည်ဆောက်ခဲ့သော်လည်း မြေပြင်ပေါ်တွင် လက်ညှိုးထိုးပြစရာတစ်ခုမျှမရှိခဲ့။

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံပါဝင်ထမ်းဆောင်

နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

တရားမျှတသည့်ရွေးကောက်ပွဲကျင်းပရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ ၄၃၀ တွင် ပြဋ္ဌာန်း ထားသည်။