ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံဆွေးနွေးပြီးမှ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲသို့ တက်ရောက်စေရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

လတ်တလော ကမ္ဘာ့နည်းပညာလောကတွင် တရုတ်နိုင်ငံ၏စမ်းသပ်ထုတ်လုပ်လိုက်သည့် Chatbot DeepSeek အေအိုင်(ဉာဏ်ရည်တုနည်းပညာ)ကြောင့် ပွက်လောရိုက်သွား ခဲ့ပါသည်။ DeepSeek သည် အက်ပဲလ်၏ အကျော်ကြားဆုံးသော အခမဲ့ချက်ဘော့ (Free Chatbot) အေအိုင်အက်ပလီကေးရှင်းများကို ကျော်တက်ပြီး အမေရိကန်၊ ယူကေနှင့် တရုတ်နိုင်ငံတို့တွင် လူကြိုက်ပိုများလာသည့် အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။ DeepSeek အေအိုင်စထွက်လာသည့် ဇန်နဝါရီလ အစောပိုင်းကတည်းက ယင်းအက်ပလီ ကေးရှင်းကို ဒေါင်းလုတ်ဒ်ပြုလုပ်သည့်သူများသည် တစ်နေ့တခြား တစ်ဟုန် ထိုးများလာခဲ့ ကာ အမေရိကန်နိုင်ငံထုတ် ChatGPT အေအိုင်ကိုပင် ကျော်တက်သွားခဲ့ပါပြီ။

သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအတွက် ပုံမှန်စားနေကျ အစားအစာများအပြင် ခန္ဓာကိုယ်၏ လိုအပ်ချက်အပေါ်လိုက်၍ မဖြစ်မနေ ဖြည့်စွက်စာများ သုံးစွဲပေးရန် လိုအပ်လာသည်။ ထိုသို့ လိုအပ်လာသည့်အခါ ဖြည့်စွက်စာများ ဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း၊ ကျောက်ကပ်ထိမည်စိုး၍ ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း (To A Better Health) မှ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက မျှဝေထားသည့် သဘာဝ နည်းများကို ပြန်လည်မျှဝေ တင်ပြပေးပါမည်။

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင် က NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ရန်ကုန်မြို့သည် ကမ္ဘ့ာလေထုညစ်ညမ်းမှုအများဆုံးမြို့ အဆင့် (၂) နေရာသို ရောက်ရှိသွားပြီဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်ဖြစ်ကြောင်း Environment , Health and Safety Myanmar – EHS Myanmar ၏ အချက်အလက်များအရ သိရသည်။

- ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတည့်မှုကြောင့် အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု နာတာရှည်ဖြစ် နေတာကို ခေါ်ပါတယ်။ ကလေးတွေရဲ့ ၁၀-၁၅% ဟာ ပန်းနာရင်ကျပ်ခြင်းကို ခံစားနေကြရပြီး ဖြစ်တဲ့ အရေအတွက်ဟာလည်း တိုးတက်လျက်ရှိပါတယ်။
- ပန်းနာရင်ကျပ်ရောဂါသည်တွေဟာ ဖြစ်နေတဲ့ ရောဂါရဲ့ အတိမ်အနက်နဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ သူတို့ရဲ့ အဆုတ် အလုပ်လုပ်နေပုံကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
- ရင်ကျပ်နေပြီဆိုရင် ဆေးရုံကို အမြန်ခေါ်သွားပြီး လိုအပ်တဲ့ ကုသမှုတွေ ချက်ချင်းပေးနိုင်ဖို့ အလွန် အရေးကြီး ပါတယ်။ ရင်ကျပ်ခြင်းရဲ့ နောက်ဆက်တွဲဟာ အသက်

အစ္စရေးနိုင်ငံ Smartshooter ကုမ္ပဏီသည် သယ်ဆောင်ရလွယ်ကူသော ချေမှုန်းရေးရိုင်ဖယ်သုံး တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အဆုတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အဆုတ်ကျန်းမာရေးကောင်းမှသာ body အတွက်လိုအပ်သော အောက်စီဂျင်ဓါတ်ကို သွေးမှတစ်ဆင့် ပြည့်ပြည့်ဝဝရရှိမှာပဲဖြစ်ပါတယ် ။ချောင်းဆိုးခြင်းအပြင် တစ်ခြားလက္ခဏာများဟာ အဆုတ်အတွက် အရေးကြီးတာကြောင့် သိထားသင့်ပါတယ်။ အောက်ပါလက္ခဏာ ၇ ချက်ဟာ အဆုတ်ကျန်းမာရေးပြဿနာကို ရည်ညွှန်းနိုင်တဲ့အတွက် သတိပြုထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
၁။ မောပန်းနေခြင်း

“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။”
“ဘာဖြစ်တာတဲ့လဲ”
“အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။
အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။
ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ”
“ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော့လေ”
“ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။”

ပန်းနာရင်ကျပ်ရောဂါရှိတဲ့သူတွေက ကိုယ့်နဲ့မတည့်တဲ့ ပန်းဝတ်မှုန်၊ မှို၊ ဖုန် စတဲ့အရာတွေ၊ အေးတဲ့ရာသီဥတုတွေဆိုရင် ပန်းနာရင်ကျပ် ထပြီးတော့ အရေးပေါ်ကုသမှု ခံယူကြရပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီတွေမှာ ရောဂါပိုထတတ်လို့ ဒီရာသီတွေမှာ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ ဒီအချက်လေးတွေကိုလည်း သတိထားဖို့ လိုပါတယ်။

ပန်းနာရင်ကျပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကျပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကျပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။