ကဏ္ဍများ

စားတတ်မှ ကျန်းမာ

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - သတ္တဝါဟူသမျှတို့သည် အစာအာဟာရပေါ်၌သာလျှင် ထောက်ရာတည်ရာ ရှိကြကုန်၏ဟု ဗုဒ္ဓကျမ်းဂန်တို့၌ လာရှိသည်နှင့်အညီ အစာအာဟာရစုံလင်ပြည့်ဝကြမှသာ ခန္ဓာအစိတ်အပိုင်းများက ကျန်းမာကြံ့ခိုင်စွာ ရှင်သန်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ပြည့်စုံနိုင်ကြစေရန်အတွက် အာဟာရပြည့်ဝစွာစားသုံးနိုင်ကြရန်လိုသည်။ အာဟာရပြည့်ဝစေရန် မစားသောက်တတ်ခြင်းကြောင့် အာဟာရလွန်ကဲပြီး အဝလွန်ခြင်းဖြစ်စေနိုင်သလို အာဟာရချို့တဲ့ခြင်းလည်း ဖြစ်စေနိုင်သည်။

မကြာမီတွင် ရုရှား-ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့ သည်။

စပိန်က အမေရိကန်လုပ် F-35 တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းကာ ဥရောပမှ အခြားရွေးချယ်စရာများကို စဉ်းစားနေ

စပိန်အစိုးရက လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ယင်းအစား ဥရောပမှထုတ်လုပ်သည့် အခြားရွေးချယ်စရာ များကို စဉ်းစားလျက်ရှိသည်ဟု ဩဂုတ် ၆ ရက်ထုတ် El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

သုတေသနလုပ်ငန်းများ အားကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖော်ဆောင်

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးတို့သည် သုတေသနလုပ်ငန်းများကို အလေးထားရင်းနှီးမြှုပ်နှံ ထူထောင်ထားကြသည်။ နိုင်ငံအတွင်းရှိ လုပ်ငန်းနယ်ပယ်အသီးသီးတို့တွင် သုတေသနလုပ်ငန်းကဏ္ဍကို တွဲဖက်ထူထောင်ထားကြပြီး မိမိတို့လုပ်ငန်းအတွက် သုတေသနတွေ့ရှိချက်များကို အစဉ်ဖော်ထုတ်ပြီး လုပ်ငန်းအနာဂတ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ဖော်ဆောင်လျက်ရှိရာ ခေတ်နှင့်လျော်ညီစွာ တိုးတက်အောင်မြင်ဖြစ်ထွန်းမှုများ စဉ်ဆက်မပြတ်ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

မေတ္တာလွှမ်းခြုံ လူ့ဘုံခန်းဝါ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသည့်ဘဝကို လူတိုင်းအလိုရှိကြသည်။ လိုအင်ဆန္ဒတို့ တစ်လုံးတစ်ဝပြည့်စုံကြသည့်အခါ ဖြစ်တည်လာသည့်ဘဝတွင် ပျော်ရွှင်ကြသည်။ မေတ္တာသည် တစ်ပါးသူတို့၏အကျိုးကို လိုလားပြီး သတ္တဝါမှန်သမျှ ပျော်ရွှင်ချမ်းမြေ့စေလိုသည့်ဆန္ဒဖြစ်သည်။ တစ်ပါးသူတို့၏လိုအပ်ချက်ကို သိနားလည်သည့်အလျောက် ဖြည့်ဆည်းပေးလိုခြင်းနှင့် သတ္တဝါတိုင်းအပေါ် အညီအမျှ ဖြန့်ဝေနိုင်ခြင်းတို့မှာ မေတ္တာ၏သဘောများပင်ဖြစ်သည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။

ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးအမြန်ဆုံးဖော်ဆောင်

နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဆိုသည့်အချက်ကို နိုင်ငံတော်အစိုးရအဆက်ဆက်တွင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ NCA သဘောတူစာချုပ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

လူကုန်ကူး သားကောင်ဘဝ မကျစေရေး တရားမဝင် ပြည်ပထွက်မှုများရှောင်ရှား

ကမ္ဘာပေါ်တွင် နှစ်စဉ်လူကုန်ကူးခံရသူပေါင်း သန်း ၂၀ ခန့် ရှိနေပြီး လူမှောင်ခိုဂိုဏ်းများမှာ ထိုလုပ်ငန်းမှ အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနေကြသည်ဟု ဆိုသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတို့၏နောက်တွင် လူကုန်ကူးမှုမှာ ကမ္ဘာတစ်ဝန်း တတိယအများဆုံးသော ရာဇဝတ်မှုပင်ဖြစ်သည်။

စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ်သည် “မျှတမှုမရှိ” ဟု အိန္ဒိယ ဝေဖန်

အိန္ဒိယအပေါ် အမေရိကန်၏ လုပ်ရပ်မှာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာ၌ စစ်ရေးရည်မှန်းချက်များ ခြွင်းချက်မရှိ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးပြော

ဂါဇာဒေသသို့ အကူအညီပစ္စည်းများကို ရက်အတန်ကြာ ပေးပို့လျက်ရှိသော်လည်း အစာရေစာ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် လူသေဆုံးမှုများ ထပ်မံဖြစ်ပွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ၎င်းအနေဖြင့် ဂါဇာဒေသ၌ စစ်ရေးရည်မှန်းချက်သုံးရပ်အား ခြွင်းချက်မရှိ အောင်မြင်ရေးအတွက် ယခု သီတင်းပတ်နှောင်းပိုင်းတွင် အစ္စရေးစစ်တပ်အား ညွှန်ကြားသွားမည်ဟု ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့ သည်။