ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇူလိုင် ၂၄ ရက် ကျင်းပသည့် ကုလသမဂ္ဂနှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးပြောကြားရာတွင် အမေရိကန် ကိုယ်စားလှယ်၏ ရှင်းကျန်းနှင့်သက်ဆိုင်သည့် လိမ်လည်ပြောဆိုမှုများကို ချေပပြောကြားခဲ့သည်။

ထိုင်းအစိုးရက ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား နယ်စပ် တစ်လျှောက်ရှိ ပြည်နယ်လေးခုတွင် အရပ်သားများကို တိုက်ခိုက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုတိုက်ခိုက်မှု များကြောင့် လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား ပြင်းထန်သည့် နယ်စပ်တိုက်ပွဲဖြစ်ရသည်အထိ ပဋိပက္ခ ဖြစ်ရသည့် အကြောင်း ရင်းသည် နှစ်နိုင်ငံ နယ်စပ်ရှိ Preah Vihear ရှေးဟောင်းဘုရားကျောင်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာအငြင်းပွားမှုများက အခြေခံပါသည်။

အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသည့်အတွက် UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး လက်ထောက် အဖွဲ့ခေါင်းဆောင် Anna Kelly က ပြောကြားလိုက် ပါသည်။

လအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် ဂျပန်နိုင်ငံနှင့် ကြီးမားသည့် ကုန်သွယ်ရေး သဘော တူညီမှုရခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ အင်္ဂါနေ့က ကြေညာသည့် သဘောတူညီချက်တွင် ဂျပန်နိုင်ငံ၏ ပို့ကုန်များအပေါ် အမေရိကန်က အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံ မည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံက အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ လိမ့်မည် ဖြစ်ကြောင်း ထရမ့်က ပြောကြားပါသည်။

ထရမ့်အစိုးရအဖွဲ့သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို အလျင်စလို ဖျက်သိမ်းမှု ပြုလုပ်ရန် မရှိသော်လည်း၊ နှစ်နိုင်ငံစလုံးသည် လာမည့်လ အခွန်စည်းကြပ်မှု သက်တမ်း မကုန်ဆုံးမီဆွေးနွေးမှုများ ပြုလုပ်နေသောကြောင့် ဆွေးနွေးပွဲများသည် “ကောင်းမွန်သည့် အခြေအနေ၌ ရှိနေပါသည်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က တနင်္လာနေ့ (ဇူလိုင် ၂၁)က ပြောကြားလိုက်ပါကြောင်း ဇူလိုင် ၂၂ ရက်နေ့ ထုတ် South China Morning Post သတင်းတွင် ဖော်ပြပါရှိပါသည်။

အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ် ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နောင်ချိုမြို့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၁ ရက်တွင် သွားရောက်ကာ နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံ ဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာ ဝန်ရှိသူ

တိဘက်ကုန်းမြင့် အရှေ့ဘက်ခြမ်းတွင် ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်မည့် ရေကာတာတစ်ခုကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းက ပြောကြားပါကြောင်း ဇူလိုင် ၂၁ ရက်နေ့က ဆင်ဟွာ သတင်းဌာနက တရားဝင် ထုတ်ပြန်ပါသည်။

ရန်ကုန် ကွန်ဗင်းရှင်းစင်တာရှိ လင်းလက်တောက်ပသော ကားအရောင်းပြခန်း၏ မီးအလင်းရောင် အောက်ဝယ် ကြော့မော့ခန့်ညားလှသော လျှပ်စစ်ကားများ (EV) အား ခင်းကျင်းပြသထားသည်။ တောက်ပြောင်နေသော ကားဒက်ရှ်ဘုတ်များ၊ AI လုပ်ဆောင်ချက်များနှင့် စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေသော ကားချစ်သူပရိသတ်များက ကာဗွန်ထုတ်လွှတ်မှု ပိုမိုကင်းစင်သော မော်တော်ကားအနာဂတ်အပေါ် မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှု မြင့်မားလာခြင်းကို ဖော်ပြလျက် ရှိသည်။

အစ္စရေး စစ်လေယာဉ်များက ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဒမတ်စကပ် မြို့လယ်ရှိ ဆီးရီးယားစစ်တပ်၏ တပ်ပေါင်းစုကွပ်ကဲရေးဌာနချုပ်နှင့် သမ္မတအိမ်တော်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒမတ်စကပ် မြို့လယ်အား ပစ်မှတ်ထား၍ အနည်းဆုံး သီးခြားလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆိုသည်။ ဆီးရီးယားစစ်တပ်၏ ပင်မကွပ်ကဲရေးဌာနချုပ် အဆောက်အအုံတည်ရှိရာ အူမေယက်ဒ်ရင်ပြင်မှ မီးခို