ကဏ္ဍများ

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ် နိုင်ငံက ထောက်ခံကြောင်း တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက်

အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ သဘောတူ လက်မှတ်ရေးထိုးရန် ဝါရှင်တန်သို့ ဇီလန်းစကီး သွားမည်

မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာအပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး လာရောက်ရန် စီစဉ်ထားရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဇီလန်စကီးအနေဖြင့် သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်မူကြမ်းအပေါ် တရားဝင်သဘောတူညီခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် သတ္တုတူးဖော်ရေးကိစ္စရပ်များကို ယူကရိန်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိပါသည်။

အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ ယူကရိန်း သဘောတူမည်

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ပြီးနောက် အမေရိကန်၏ မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စကို ယူကရိန်းက သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြား ချက်ကို ကိုးကား၍ Finiancial Times ၊ Reuters နှင့် AFP စသည့် သတင်းစာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြပါသည်။

ICC အား ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရန် တောင်းဆို

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)အား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် အကြီး အကဲနှစ်ဦးတို့အား ဂါဇာတွင် အစ္စရေးကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ကို ကူညီအားပေးခဲ့သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးရန် တောင်းဆို လိုက်သည်။

ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်
တည်နေရာဗိဿနိုးမြို့ဟောင်း၏ အရှေ့တောင်ထောင့်အနီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
ဖွင့်လှစ်သည့်ခုနှစ်၁.၉.၂၀ဝ၈
ခင်းကျင်းပြသထားမှုပျူစာအထောက်အထားများပါရှိသည့် အရိုးအိုးများ၊ ပါဋိကတ်ကောက်နုတ် ချက်ပါ ရွှေပေလွှာများ၊ ကျောက်စာများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျောက်ဆစ် ရုပ်ကြွများ၊ အနုသုခုမဆိုင်ရာ ကြေးရုပ်ငယ်များ၊ ဒင်္ဂါးများ၊ ပျူအက္ခရာ၊ ပျူဘာသာနှင့် ပါဠိစာပါဝတ္ထုပစ္စည်းများနှင့်ကြေးထည်ပစ္စည်းများ၊ မြေထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ဗုဒ္ဓဆင်းတုတော်များ၊ အရိုးနှင့်ဆက်စပ် ပစ္စည်းများ၊ အုတ်ချပ်များ၊
ဝင
အလူမီနီယံတင်ပို့ရေးအပါအဝင် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ ကဏ္ဍများအား အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏မြေရှားသတ္တုသိုက်များ ပူးတွဲရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်း ဈေးကွက်သို့ အလူမီနီယံများ တင်သွင်းရေးဆိုင်ရာ အခွင့်အလမ်းနှင့်ပတ်သက်၍ အမေရိကန်အား ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံကြား အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည်ဆိုလျှင် ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇီလန်စကီး ပြောကြား

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်း ပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်း များအရ သိရသည်။

ရာထူးမှနုတ်ထွက်ရန်အသင့်ရှိကြောင်း ဇီလန်စကီးပြော

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကိစ္စနှင့် ပတ်သက်လျှင် မိမိ၏ရာထူးနှင့် လဲလှယ်ရန်ပင် အသင့်ရှိကြောင်း၊ ယူကရိန်း၏ ငြိမ်းချမ်းရေးအတွက် လိုအပ်မည်ဆိုပါက မိမိ အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် အာဏာကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရန် ဆန္ဒမရှိကြောင်း “၂၀၂၅ ခုနှစ် ယူကရိန်း ဖိုရမ်” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

G20 ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမျှော်မှန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့သည်။

ဝမ်ယိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ် နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။

ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၁ ရက် 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။