၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၃၀-၆-၂၀၂၅ ရက်နေ့ အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊

၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၃၀-၆-၂၀၂၅ ရက်နေ့ အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး မည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။
အကြုံပြုချက်
၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ

ပြုံယမ်း ဇွန် ၂၆
အရှေ့ဘက်ကမ်းရိုးတန်းဒေသ၌ ခရီးသွားနယ်မြေသစ်တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်သတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေအမည်ရှိ အဆိုပါ ခရီးသွား နယ်မြေသစ်ဖွင့်ပွဲကို ဇွန် ၂၅ ရက်တွင် ကျင်းပခဲ့ရာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကိုယ်တိုင်တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အရွယ်အစားကြီးမားသော ခရီးသွားနယ်မြေများ ဆက်လက်တည်ဆောက်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဝန်ဆန်ကယ်လ်မာ ကမ်းခြေခရီးသွားနယ်မြေဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေသည် ခရီးသွား ဧည့်သည်၂၀၀၀၀ခန့်ကို ဝန်ဆောင် မှုပေးနိုင်ကြောင်း သိရသည်။
ဝန်ဆန်ကယ်လ်မာကမ်းခြေ အပန်းဖြေစခန်းကို ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ဇူလိုင် ၁ရက်တွင်စဖွင့်ပေးမည်ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမြို့တော်ဖြစ်သည့် ဝန်ဆန်မြို့ကို ကမ္ဘာလှည့် ခရီးသွားနယ်မြေ အဖြစ် ပြောင်းလဲတည်ဆောက်လျက်ရှိကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

နေပြည်တော် ဇွန် ၂၆
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နှင့် စက်ရုံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံရှေ့၌ ပြသထားသည့် ဆေးကုသရေးအထောက်အကူပြု မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများပြခန်းတို့အတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံအစည်းအဝေးခန်းမအတွင်း တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားနိုင်မည့် အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံအတွင်း လှည့်လည်၍ ဆေးဝါးထုတ်လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ Belmedpreparaty ဆေးဝါးစက်ရုံသည် Minsk မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း ၂,၁၀၀ ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
MOI

ဆိုးလ် ဇွန် ၂၆
တောင်ကိုရီးယား နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံအား ပထမဆုံး အကြိမ်အဖြစ် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယားဘေးကင်းလုံခြုံရေးကော်မရှင်က ယနေ့တွင် အတည်ပြုချက်ပေး ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ကိုရီ ၁ အမည်ရှိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကိုဖျက်သိမ်းရန် စီစဉ်ထားသည်။
တောင်ကိုရီးယား နိုင်ငံသည် ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၃၉ နှစ်ကြာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်း လည်ပတ်မှုအမြဲတမ်းရပ်နားထား ခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံကို အပြီးတိုင် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယား ဘေးကင်းလုံခြုံမှုကော်မရှင်က အတည်ပြုချက်ပေး ခဲ့ပြီးဖြစ်ကြောင်းတောင်ကိုရီးယား မီဒီယာများက သတင်းထုတ်ပြန် ထားသည်။
ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ သည်ဖျက်သိမ်းခံရသည့် ပထမဆုံး တောင်ကိုရီးယား နျူကလီးယားအဆောက်အအုံဖြစ်လာလိမ့်မည် ဖြစ်သည်။
ကိုရီ- ၁နျူကလီးယားစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းကို ဖျက်သိမ်းရေးအတွက် အချိန် ၁၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ် ဝမ်ငွေ ၁ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၈၁၀)ထိ ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
Ref : Xinhua
YDNB Newspaper
Photo - Korea Herald

ကမ္ဘာပေါ်တွင် ကိုကင်းဈေးကွက်သည် စံချိန်တင်မြင့်မားလာကြောင်း၊ ကိုကင်းထုတ်လုပ်မှု၊ ဖမ်းဆီးရမိမှုနှင့် အသုံးပြုမှု တို့သည်လည်း အလွန်မြင့်မားလာကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်တွင် ကိုကင်းထုတ်လုပ်မှုသည် ၃၇၀၈ တန်ရှိသောကြောင့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် ၃၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံးက ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ ကိုကင်းထုတ်လုပ်မှုများ မြင့်မားလာခြင်းသည် ကိုလံဘီယာနိုင်ငံ၌ ကိုကာပင်များ တိုးချဲ့စိုက်ပျိုးသည့်ဧရိယာမြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့အတူ ၂၀၂၃ ခုနှစ်အတွင်း ကိုကင်းသိမ်းဆည်း ရမိမှုပမာဏသည် ၂၂၇၅ တန်အထိရှိသောကြောင့် ယမန်နှစ်ကထက် ၆၈ ရာခိုင်နှုန်းမြင့်တက်လာကာ ကိုကင်း အသုံးပြုသူ အရေအတွက်မှာလည်း ၂၀၁၃ ခုနှစ်တွင် ၁၇ သန်းသာရှိရာမှ ၂၀၂၃ ခုနှစ် တွင် ၂၅ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။
MWD Web Portal

တရုတ်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာ(AI)အတွက် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ်ဘီလီယံ ၆၀၀ မှ ၇၀၀ အထိရှိလာနိုင်ကြောင်း အမေရိကန်ဘဏ်က ထုတ်ပြန်ထားသည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံက အသုံးပြုခဲ့သော AI တွင်ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု ပမာဏအနက် အစိုးရက အသုံးပြုသော ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ဘီလီယံ ၄၀၀ အထိရှိပြီး အင်တာနက် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ယွမ် ၁၇၂ ဘီလီယံအထိရှိလာနိုင်ကြောင်း အမေရိကန်ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာခြင်းကြောင့် Deep-Seek ကဲ့သို့သော AI ကုမ္ပဏီများက အချိန်တိုအတွင်း အောင်မြင်လာခြင်းဖြစ်သည် ကိုမြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့က AI နည်းပညာတွင် လွှမ်းမိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
MWD Portal

ဥရောပပါလီမန်သည် လေကြောင်းလိုင်းများအား ခရီးသည်များထံမှ လက်ဆွဲအိတ်အတွက် အပိုကြေးငွေများ ကောက်ခံခြင်းကို တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါ စည်းမျဉ်းအသစ်အရ ဥရောပသမဂ္ဂ (EU) အတွင်း သွားရောက် ကြမည့် ခရီးသည်များသည် ကိုယ်ပိုင်အိတ် (လက်ဆွဲအိတ် သို့မဟုတ် ကျောပိုးအိတ်) တစ်လုံးနှင့် ၇ ကီလိုဂရမ်အထိ အလေးချိန်ရှိသော လက်ဆွဲ ခရီးဆောင်အိတ်တစ်လုံးကို အပိုကြေးမယူဘဲ ယူဆောင်ခွင့်ရှိသည်။ ကိုယ်ပိုင်အိတ်၏ အများဆုံးအရွယ်အစားမှာ ၄၀x၃၀x၁၅ စင်တီမီတာ ဖြစ်ပြီး လက်ဆွဲအိတ်အတွက် အလျား၊ အနံ၊ အမြင့်ပေါင်း ၁၀၀ စင်တီ မီတာ (စုစုပေါင်းအရွယ်အစား) ထိခွင့်ပြုထားသည်။
ဥရောပကော်မရှင်၏ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မတ်တီယို ရစ်ချီ (Matteo Ricci) က အခမဲ့ လက်ဆွဲအိတ် ယူဆောင်ခွင့်အတွက် စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းသည် အပို ကုန်ကျစရိတ်များကို ရှောင်ရှားရန် အခြေခံအခွင့်အရေးတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဇွန် ၂၅ ရက်က မဲခွဲဆုံးဖြတ်မှုသည် ပိုမိုတရားမျှတ၍ ပွင့်လင်းမြင်သာသော ခရီးသွားလာရေးဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ်မှ ဥရောပကော်မရှင်မှ တင်ပြ ခဲ့သော ခရီးသည်အခွင့်အရေးပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လေကြောင်းလိုင်းများအား လေယာဉ် လက်မှတ်စာရင်း သွင်းခြင်း လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်များကို အပြည့်အဝပြသရန် နှင့် ပိုမိုပြေလည်သော လျော်ကြေးပေးချေမှုလုပ်ငန်းစဉ်များ ပါဝင်သည်။
အဆိုပါ စည်းမျဉ်းသစ်များသည် စားသုံးသူအဖွဲ့များမှ လက်ဆွဲအိတ်များ အတွက် မလိုလားအပ်သော အပိုကြေးများကောက်ခံမှုအား (အိတ်များ၏ အလေးချိန်နှင့် အရွယ်အစားသည် သတ်မှတ်ချက်အတွင်းရှိသော်လည်း) စုံစမ်းစစ်ဆေးရန် EU အား တောင်းဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ဆွဲအိတ်များအတွက် အပိုကြေးကောက်ခံသည်ဟု စွပ်စွဲ ခံထားရသော လေကြောင်းလိုင်းအချို့တွင် အီဇီဂျက် (EasyJet)၊ နော်ဝေ ဂျီယံ အာရှတ္တယာ (Norwegian Air Shuttle)၊ ရိုင်ယန်းအေယာ (Ryanair)၊ ထရန်ဆေးဗီးယား (Transavia)၊ ဗိုလိုတီယာ (Volotea)၊ ဗွီလင်း (Vueling) နှင့် ဝီဇ်အေယာ (Wizz Air) တို့ ပါဝင်သည်။
ဥရောပလေကြောင်းလိုင်းများအသင်း (A4E) က အဆိုပါ စည်းမျဉ်းသစ်များသည် အထူးသဖြင့် စျေးနှုန်းချိုသာသော လေကြောင်းလိုင်းများတွင် လေယာဉ်လက်မှတ်စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ A4E ကိုယ်စားလှယ်များက မဖြစ်မနေဝန်ဆောင်မှုများအားစည်းကမ်းချမှတ်ခြင်းသည် ခရီးသည်များအား ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများအတွက် ရွေးချယ်စရာများကို ကန့်သတ်လိုက်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နေပြည်တော် ဇွန် ၂၅
မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် နှစ်ရှည်ပင်၊ သီးပင်စားပင်နှင့် ပျိုးပင် ပေါင်း ၂၀၀ တို့ကို စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပါဝင်စိုက်ပျိုးခဲ့သူများအား အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်သည်။
Source: Myanmar Digital News

နယူးယောက် ဇွန် ၂၅
ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ 28 Years Later ဇာတ်ကားကို စတင်ရုံတင်ပြီး ပထမသီတင်းပတ်ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနင့် သန်း ၃၀ အကြား ရရှိခဲ့ကြောင်း ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။
ဆိုနီရုပ်ရှင်ကုမ္ပဏီသည် 28 Years Later ဇာတ်ကားကို ဇွန် ၁၉ ရက်တွင် ပွဲကြိုပြသခဲ့ပြီး ဇွန် ၂၀ ရက်တွင် စတင်ရုံတင်ပြသခဲ့သည်။ 28 Years Later ဇာတ်ကားသည် ပွဲကြိုပြသမည့်နေ့မှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းထိ ရရှိခဲ့သည်။

28 Years Later ဇာတ်ကားကို ဒါရိုက်တာ ဒန်နီဘွိုင်းက တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရသည်။ ၎င်းဇာတ်ကားအတွက် ဝတ္တုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာအဲလက်စ်ဂါးလန်းက ရေးသားပေးထားသည်။ 28 Years Later ဇတ်ကားတွင် မင်းသား ရက်ဖ်ဖင်းနက်၊ အေရွန်တေလာဂျွန်ဆင်၊ မင်းသမီး ဂျိုဒီကမ်မာတို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

ချန်ဒူ၊ ဇွန် ၂၅
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် အနောက်ပိုင်းတောင်ရှိ ဧရာမပန်ဒါ ထိန်းသိမ်းရေးနှင့် သုတေသနဗဟို (CCRCGP) သည် ၎င်းတို့၏ စင်ချူပင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော ပထမဆုံး ဧရာမပန်ဒါကလေး မွေးဖွားလာကြောင်းကြေညာခဲ့သည်။

ယင်းပန်ဒါကလေးကို ဇွန်လ ၂၁ ရက်၊ ည ၁၁:၅၀ နာရီတွင် မွေးဖွားခဲ့ပြီး၊ ဤပန်ဒါကလေး၏ မိခင်ဖြစ်သော လင်လန်းသည် ပထမဆုံးအကြိမ် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မတ်လအစောပိုင်းတွင် ပန်ဒါအထီး ယရှင်း နှင့် သဘာဝအတိုင်း မိတ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။
“ခုနစ်နှစ်အရွယ် လင်လန်းက မိခင်ရဲ့ဗီဇကို ပြင်းပြင်းထန်ထန်ပြသခဲ့တယ်” ဟု အခြေစိုက်စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဝုဟောင်လင် က ပြောကြားခဲ့သည်။ “သူက လိမ္မာပါးနပ်စွာ ပွေ့ပိုက်ပြီး သူ့သားကို သန့်ရှင်းပေးတယ်၊ ကာကွယ်တယ်၊ ဂရုတစိုက် ပြုစုပေးတယ်”ဟု သူက ပြောကြားခဲ့သည်။
တိရစ္ဆာန်ဆရာဝန်အဖွဲ့များသည် ပန်ဒါမိခင်နှင့်ပန်ဒါကလေးကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး၊ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုထားသည်။
၁၉၈၀ ပြည့်နှစ်များမှစ၍ CCRCGP သည် ပန်ဒါ ဖမ်းသိမ်းမွေးမြူခြင်းအတွက် အဓိကအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး၊ ၁၉၈၃ တွင် ပန်ဒါ ၆ ကောင်မှ စတင်ကာ ယနေ့အချိန်တွင် ပန်ဒါ ၃၈၀ ကျော်အထိ ပြုစုမွေးမြူမှုအောင်မြင်လာခဲ့သည်။
Source: Popular Myanmar