ယူကရိန်းက မော်စကိုကို ပစ်မှတ်ထား၍ အကြီးစား ဒရုန်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်
News Image

ယူကရိန်းနိုင်ငံမှ မော်စကိုမြို့နှင့် ဆင်ခြေဖုံးဒေသများကို ဒရုန်းများဖြင့် အကြီးစား တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး တစ်ညအတွင်း ဒရုန်း ၄၂စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသခံ အရာရှိများက ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့ပြီး လေယာဉ် ပျံသန်းမှုများကို ယာယီရပ်ဆိုင်းခဲ့ရသော်လည်း လူသေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။