ရုရှားအနေဖြင့် ယူကရိန်းကို လက်နက်ချရန် တောင်းဆိုနေခြင်း မဟုတ်ဟု ဗလာဒီမာ ပူတင် ပြောကြား
News Image

ရုရှားသည် ယူကရိန်း၏ လက်နက်ချမှုကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် ပြောကြားခဲ့သည်။ သောကြာနေ့ (ဇွန် ၂၀) က စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် ပူတင်အား “ယူကရိန်းကို ရုရှားက သံသယမရှိဘဲ လက်နက်ချရန် တောင်းဆို နေသလား” ဟု မေးမြန်းခံရပြီး ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံမှ တောင်းဆိုနေသည့် အနေအထားနှင့် နှိုင်းယှဉ်မေးမြန်းခံခဲ့ရခြင်း ဖြစ်သည်။