ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

News Image

ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကိုစတင်လိုက်ပြီဟု မက်ဗီဒက်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲအသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက် ဗီဒက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။ 
"ငြိမ်းချမ်းရေးဆောင်ကြဉ်းသူသမ္မတအဖြစ် တာဝန်ယူရန်ရောက်ရှိလာတဲ့ ဒေါ်နယ်ထရမ့်က အမေရိကန်အတွက် စစ်ပွဲအသစ်တစ်ခုကို စတင်လိုက်ပါပြီ။ အခုအတိုင်းသာဆိုရင် ထရမ့်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုကိုမရနိုင်တော့ပါဘူး" ဟု မက်ဗီဒက်က ၎င်း၏လူမှုကွန်ရက်တွင်ရေးထားခြင်းဖြစ်သည်။

အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု

News Image

အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု

အမေရိကန် တစ်နိုင်ငံထဲတွင်ရှိသော ပေါင်သုံးသောင်းဗုံးများဖြင့် အီရန် ၏ မြေအောက်နျူကလီးယားနေရာ သုံးနေရာကို အမေရိကန် လေယာဉ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သမ္မတထရမ့် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ယနေ့ (ဇွန် ၂၂) အမေရိကန်က ဗုံးကြဲခဲ့သည့် နျူကလီးယား နေရာ သုံးခု ထဲမှ အရေးပါဆုံးနေရာမှာ အစ္စရေးတို့တောင် မဖျက်ဆီးနိုင်သည့် မြေအောက် အနက်ပေ ၂၆၀ နှင့် ၃၀၀ အကြား တည်ဆောက်ထားသော နျုကလီးယား စီမံကိန်း တစ်ခုလည်းပါဝင်ပါသည်။

နတန်ဇ် (Natanz)