ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆို

News Image

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္ဂနွေ (ဇွန် ၂၂) နံနက်အစောပိုင်းက အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်နေကြောင်း” ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုကာ မငြိမ်မသက်ဖြစ်နေသော ဒေသ တွင် ပဋိပက္ခ ထပ်မံမြင့်တက်လာမှုကို သတိပေးခဲ့သည်။

“ယခုပဋိပက္ခသည် အလျင်အမြန် ထိန်းချုပ်မရဖြစ်လာနိုင်သည့် အန္တရာယ် ရှိနေပြီး ပြည်သူများ၊ ဒေသနှင့် ကမ္ဘာတစ်ဝှမ်းအတွက် အလွန် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်” ဟု ၎င်းက သတိပေး ပြောကြား ခဲ့သည်။

ဂျိုဟိုးပြည်နယ်ရှိ အင်ဂျင်ဝိုင်သိုလှောင်ရုံတစ်ခု၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား

News Image

huge fire

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၌ရှိသော စက်မှုဇုန်တစ်ခု၏ အင်ဂျင်ဝိုင်သိုလှောင်ရုံတစ်ခုတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် မီးခိုးလုံးများ အလိပ်လိုက်တက်လာကာ အနီးနားရှိ ဒေသခံများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးလိုက်ရကြောင်း တာဝန်ရှိသူများ က ဇွန်လ ၂၁ ရက်တွင်ပြောသည်။

မီးလောင်မှုသည် ဇွန်လ ၂၁ ရက်မွန်း လွဲဝိုင်းတွင် ဖြစ်ပွား​ခြင်းဖြစ်ပြီး လေပြင်းများတိုက်ခတ်မှု၊ မီးတောက်က အနီးရှိဆီဟောင်းသိုလှောင်ရုံသို့ကူးစက်သွားမှု တို့ကြောင့် မီးလောင်မှုကြီးမားရခြင်းဖြစ်သည်။

ထရမ့်၏ ကိုယ်စားလှယ်က အီရန်ရှိ အမေရိကန်စပိုင်များအတွက် Starlink အင်တာနက် အခမဲ့ပေးရန် မက် အား တိုက်တွန်း

News Image

ထရမ့်၏ ကိုယ်စားလှယ်က အီရန်ရှိ အမေရိကန်စပိုင်များအတွက် Starlink အင်တာနက် အခမဲ့ပေးရန် မက် အား တိုက်တွန်း

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Richard Grenell က SpaceX ၏ CEO Elon Musk အား အီရန်တစ်ဝှမ်းတွင် Starlink အင်တာနက်ဝန်ဆောင်မှုကို အခမဲ့ဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။ ၎င်း၏ အမေရိကန်စပိုင်များအနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုများ မြင့်တက် နေချိန်တွင် သတင်းအချက်အလက်များကို မပြတ်တောက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ Musk က အဆိုပါတောင်းဆိုမှုကို တုံ့ပြန်မှုမပြုသေးပေ၊ သို့သော် ယခင်က လှိုင်းများဖွင့်ထားပြီ ဟု ပြောဆိုခဲ့ဖူးပြီး Starlink ကို အသုံးပြုရန် သီးသန့်ဂြိုလ်တုအင်တင်နာလိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်

News Image

အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယား စက်ရုံ သုံးခုဖြစ်သော Fordow ၊ Natanz နှင့် Esfahan တို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။