ဘရာဇီးလ်နိုင်ငံတောင်ပိုင်းတွင် မိုးပျံပူဖောင်း မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး ၈ ဦးသေဆုံး

News Image

ဘရာဇီးလ်နိုင်ငံတောင်ပိုင်းတွင် မိုးပျံပူဖောင်း မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး ၈ ဦးသေဆုံး

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း Santa Catarina ဒေသတွင် စနေနေ့ (ဇွန် ၂၁) က မိုးပျံပူဖောင်း မတော်တဆမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၈ ဦး သေဆုံး ခဲ့ပြီး မိုးပျံပူဖောင်းပေါ်တွင် လူ ၂၁ ဦးပါဝင်ခဲ့ကာ အခြား ၁၃ ဦးမှာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Jorginho Mello က ပြောကြားခဲ့သည်။

လူမှုမီဒီယာပေါ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် မိုးပျံပူဖောင်းသည် ကောင်းကင်ယံတွင် မီးလောင်သည့်အခြေအနေကို မြင်တွေ့ရပြီးနောက် မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။

ကိယက်ဗ်ကို ထောက်ခံသူများသည် ပဋိပက္ခကို အဖြေရှာလိုကြခြင်းမရှိဟု ပူတင်ဆို

News Image

ကိယက်ဗ်ကို ထောက်ခံသူများသည် ပဋိပက္ခကို အဖြေရှာလိုကြခြင်းမရှိဟု ပူတင်ဆို

ကိယက်ဗ်ကို ထောက်ခံသော “တတိယပါတီများ” သည် ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် စိတ်ဝင်စားခြင်းမရှိဘဲ ယခုအချိန်တွင် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များအတွက် ယူကရိန်းနိုင်ငံကို အသုံးချ နေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Sky News Arabia သတင်းဌာန၏ Nadim Koteich အား ပြောကြားခဲ့သည်။ အစည်းအဝေး အပြီး Sky News Arabia နှင့် သီးသန့်အင်တာဗျူး၌ ပူတင်က ရုရှား နှင့်ပူးပေါင်းရန် မဲပေးခဲ့သော ပြည်သူများ၏ ဆန္ဒကို ကိယက်ဗ်အစိုးရက လေးစားလိုက်နာသင့်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြား ခဲ့သည်။

အီရန်သည် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု ပူတင်ဆို

News Image

အီရန်သည် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု ပူတင်ဆို

အီရန်သည် ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် နျူကလီးယား နည်းပညာကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ စနေနေ့ (ဇွန် ၂၁) က စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) ၏ အစည်းအဝေးအပြီးတွင် ဖိုရမ်အစီအစဉ်တင်ဆက်သူနှင့် Sky News Arabia ၏ အထွေထွေမန်နေဂျာ Nadim Koteich တို့နှင့် ဆွေးနွေး ခဲ့သည်။