အမေရိကန်က အီရန်စစ်ဆင်ရေးအတွင်း အာရုံလွှဲရန်ရည်ရွယ်ချက်ဖြင့် ပစိဖိတ်ဒေသဆီသို့ ဗုံးကြဲလေယာဉ်များဟန်ပြ စေလွှတ်ခဲ့
News Image

အမေရိကန်စစ်တပ်က အီရန်ကို ယမန်နေ့ည (ဇွန် ၂၁) က “Operation Midnight Hammer” အမည်ရှိ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ပစိဖိတ် ဒေသဆီသို့ ဗုံးကြဲလေယာဉ်များစေလွှတ်ဟန်ဖြင့် “အာရုံလွှဲရန်” နည်းဗျူဟာ ကို အသုံးပြုခဲ့ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ပြောကြားခဲ့သည်။