အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို “ဒုံးကျည်များဖြင့် တိုက်ခိုက်မည်” ဟု ပြောကြား

News Image

အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို “ဒုံးကျည်များဖြင့် တိုက်ခိုက်မည်” ဟု ပြောကြား

အီရန်ခေါင်းဆောင်၏ အရေးပါသော အကြံပေးတစ်ဦးက အမေရိကန် ရေတပ်သင်္ဘောများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် နှင့် ရေနံသယ်ယူ ပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်သိမ်းရန် တောင်းဆိုလိုက်သည်။

“အမေရိကန်က ဖော်ဒိုးနျူကလီးယားစက်ရုံကို တိုက်ခိုက်ပြီးနောက် ယခု မိမိတို့အလှည့်ဖြစ်ပါပြီ” ဟု သဘောထားတင်းမာသော Kayhan သတင်းစာ ၏ အယ်ဒီတာချုပ် Hossein Shariatmadari က သတိပေးပြောကြား ခဲ့သည်။ ၎င်းသည် ၎င်းကိုယ်ကို အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ၏ “ကိုယ်စားလှယ်” အဖြစ် ယခင်က ပြောဆိုခဲ့သူ ဖြစ်သည်။

ဥရောပတစ်ဝန်း၌ ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွား

News Image

ဥရောပတစ်ဝန်း၌ ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွား

လန်ဒန်၊ နိုင်ငံရေး

ဥရောပဒေသတစ်ဝန်း၌ ဇွန်လ ၂၁ ရက် တွင် ပါလက်စတိုင်းထောက်ခံဆန္ဒပြမှုများဖြစ်ပွားကြောင်းနှင့် ဆန္ဒပြသူထောင်ပေါင်းများစွာပါဝင်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံလန်ဒန်မြို့တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် ပါလက်စတိုင်း အလံများကို ကိုင်ဆောင်ဝှေ့ရမ်းကာ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်းနှင့် ဂါဇာစစ်ပွဲကိုရပ်တန့်ရန် တောင်းဆိုကြောင်းတွေ့ ရသည်။

ထို့အတူ ဂျာမနီနိုင်ငံ ဘာလင်မြို့လယ်၌ ဆန္ဒပြသူ ၁၀၀၀၀ ကျော်သည် ဂါဇာကိုထောက်ခံသည့် ဆန္ဒပြမှုများလုပ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်လည်း ဆန္ဒပြသူစုစုပေါင်း ၂ဝဝဝဝ ခန့်က လွှတ်တော်ရှေ့၌ စုရုံး၍ ဂါဇာတွင်အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုကြောင်းသိရသည်။

မည်သည့်ပြန်လည်တုံ့ပြန်မှုကိုမဆို “အဆပေါင်းများစွာ ပိုမို ကြီးမားသော” အင်အားဖြင့် ရင်ဆိုင်မည်ဟု ထရမ့်က အီရန်ကို သတိပေးချက် ပေးပို့

News Image

မည်သည့်ပြန်လည်တုံ့ပြန်မှုကိုမဆို “အဆပေါင်းများစွာ ပိုမို ကြီးမားသော” အင်အားဖြင့် ရင်ဆိုင်မည်ဟု ထရမ့်က အီရန်ကို သတိပေးချက် ပေးပို့

ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အကယ်၍ အီရန်က အင်အားသုံး တုံ့ပြန်မည်ဆိုပါက အလွန်ပြင်းထန်စွာ ပြန်လည်တုံ့ပြန်မည်ဟု ကတိပြုလိုက်သည်။

“အီရန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုအား မည်သည့်တုံ့ပြန်မှုမဆို ယမန်နေ့ည (ဇွန် ၂၂) က ကြုံတွေ့ခဲ့ရသည်ထက် အဆမတန် ကြီးမားသော အင်အားဖြင့် ရင်ဆိုင်တုံ့ပြန်မည်” ဟု ထရမ့်က Truth Social တွင် ရေးသား ခဲ့သည်။

အမေရိကန်၏ ကုန်သွယ်ရေးဟန့်တားနိုင်မှုကို တောင်ကိုရီးယားက စိုးရိမ်ပူပန်

News Image

အမေရိကန်၏ ကုန်သွယ်ရေးဟန့်တားနိုင်မှုကို တောင်ကိုရီးယားက စိုးရိမ်ပူပန်

အမေရိကန်အစိုးရကလုပ်ဆောင်လာနိုင်သည့် ကုန်သွယ်ရေးဆိုင်ရာဟန့်တားနိုင်မှုတစ်ခုနှင့်ပတ်သက်၍ တောင်ကိုရီးယားအစိုးရက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

နှစ်နိုင်ငံမှ ကုန်သွယ်ရေးတာဝန်ရှိသူများသည် ယခုသီတင်းပတ်တွင် တတိယအကြိမ်ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ် နိုင်ငံ၌ လုပ်ငန်းလည်ပတ်လျက်ရှိသော ချစ်ပြားထုတ်လုပ်သူများအပေါ် အမေရိကန်ဘက်က ကန့်သတ်ချက်များချမှတ်လာနိုင်ခြင်းနှင့်ပတ်သက်၍ စိတ်ပူနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး ယိုဟန်ကူးကဇွန်လ ၂၂ ရက် တွင်ပြောသည်။