သတင်းများ

နှစ်နိုင်ငံကြား နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်အား တရုတ်နှင့်သီရိလင်္ကာ သက်တမ်း ထပ်မံတိုးမြှင့်

တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့သည် နှစ်နိုင်ငံကြား  နိုင်ငံသုံးငွေကြေးလဲလှယ်ရေး   သဘောတူညီချက်အားသက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။

နှစ်နိုင်ငံကြားနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သက်တမ်းတိုးခြင်းကို  တရုတ်ဗဟိုဘဏ်နှင့် သီရိလင်္ကာဗဟိုဘဏ်တို့ကြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လဲလှယ်ရန်သဘောတူထားသည့်စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ) သို့မဟုတ် သီရိလင်္ကာရူပီး ၄၁၀ ဘီလီယံဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည်။

အဆိုပါနိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သည် သက်တမ်းအားဖြင့်သုံးနှစ်ဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ သဘောတူညီမှုဖြင့် ထပ်မံသက်တမ်းတိုးနိုင်ကြောင်း  တရုတ်ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်နှင့် သီရိလင်္ကာနိုင်ငံတို့ကြား ယခုသက်တမ်းထပ်မံတိုးခဲ့သည့် နိုင်ငံသုံးငွေကြေးလဲလှယ်ရေးသဘောတူညီချက်သည် နှစ်နိုင်ငံကြားလုပ်ဆောင်သည့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေနိုင်ပြီးယွမ်နှင့် သီရိလင်္ကာရူပီးငွေကြေးများ အသုံးပြုမှုကိုပါတိုးမြှင့်ပေးနိုင်သည့်အပြင်နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကိုပါပိုမိုလွယ်ကူစေနိုင်ကြောင်း သိရသည်။

Source: Myawady Web Portal

၂၀၂၄ ခုနှစ်တွင် ရုရှားမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့မှု ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံမှတရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်အထွေထွေအကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်တင်ပို့နေသည့်နိုင်ငံများအနက် တတိယနေရာတွင် ရပ်တည်နေခဲ့ပြီး ရေနံစိမ်းတင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ကြောင်း တရုတ်အထွေထွေ အကောက်ခွန်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်းမှာပင် ရုရှားနိုင်ငံမှ ရေနံစိမ်းတစ်ရက်လျှင် စည်ပေါင်း ၂ ဒသမ ၁၇ သန်းတင်ပို့ခဲ့ရာ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ကပမာဏနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် စွမ်းအင်တင်သွင်းမှုကို ဆိုက်ဘေးရီးယားပိုက်လိုင်းမှတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့်အပြင် မွန်ဂိုလီးယားမှတစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရုရှားအစိုးရက အစောပိုင်းတွင်ထုတ်ပြန်ထားသည်။

လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ရုရှားနိုင်ငံမှ တရုတ်သို့တင်ပို့သည့် သဘာဝဓာတ်ငွေ့ပမာဏကို  တစ်နှစ်လျှင်  ၈၅ ဘီလီယံကုဗမီတာအထိ တိုးမြှင့်ရန်စီစဉ်ထားသည်။  တရုတ်နိုင်ငံသို့  သဘာဝဓာတ်ငွေ့တင်ပို့ရာတွင်  ပိုက်လိုင်းများမှသော်လည်းကောင်း၊ လောင်စာဆီတင် သင်္ဘောများဖြင့်သော်လည်းကောင်း လုပ်ဆောင်ရန်စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံမှ  သဘာဝဓာတ်ငွေ့အများစုကို ဆိုက်ဘေးရီးယားပိုက်လိုင်းမှတစ်ဆင့်တင်သွင်းလျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်းသို့  သဘာဝဓာတ်ငွေ့ တင်သွင်းနိုင်မှုပမာဏကို တိုးမြှင့်ရန်ကြိုးပမ်းလျက်ရှိသည်။  

ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှု  ၂၀၂၄ ခုနှစ်အတွင်း စံချိန်တင်အဖြစ်  ၁၂၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ကားတာယာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်းစံချိန်တင်အဖြစ် ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အကောက်ခွန်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈၇၄ ဒသမ ၆ သန်းအထိမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကရရှိခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက ၁၂၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃၈၀ ဒသမ ၆ သန်းတန်ဖိုးရှိ ကားတာယာများကို တင်ပို့နိုင်ခဲ့သည်။

ကားတာယာတင်ပို့မှုမြင့်တက်လာခြင်းသည်  နိုင်ငံ၏ပို့ကုန်မြှင့်တင်ရေးကြိုးပမ်းမှုများ အောင်မြင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များချမှတ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်းကုန်သွယ်ရေးဝန်ကြီးဌာနကပြောသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း၌ အထူးစက်မှုဇုန်ကြီးများတွင် ကားတာယာထုတ်လုပ်ရေးစီမံကိန်း  ခြောက်ခုကိုဖော်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံသည် လျှပ်စစ်စက်ဘီးများအပါအဝင် ဒေါ်လာ ၄၂၆ ဒသမ ၉ သန်း တန်ဖိုးရှိ စက်ဘီးများကို ပြီးခဲ့သည့်နှစ်အတွင်းက တင်ပို့နိုင်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ မြှင့်တင်ရန် တရုတ်-ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

အစ္စလာမ္မာဘတ်  ဇန်နဝါရီ ၂၁

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအရ ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များမြှင့်တင်ရန် တရုတ်-ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပါကစ္စတန်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စိမ်းလန်းသော အထူးစီးပွားရေးဇုန်များ မြှင့်တင်ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ သင်ယူခြင်းဖြင့် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌ရေးပန်းတိုင်များနှင့် လိုက်လျောညီထွေရှိသော စက်မှုလုပ်ငန်းများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဈေးကွက်ရှာဖွေရေးအစီအစဉ်များနှင့် ပြည်ပနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် မက်လုံးများအပါအဝင် ပါကစ္စတန်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ၏ စက်မှုလုပ်ငန်းတိုးတက်မှုအတွက် နောက်ထပ်ခြေလှမ်းအဖြစ် စက်မှုဥယျာဉ်များ တည်ဆောက်ရန်လိုအပ်ကြောင်း တရုတ်-ပါကစ္စတန်အင်စတီကျုတာဝန်ရှိသူ မူစတာဖာက ပြောကြားသည်။

Source: ကြေးမုံသတင်းစာ

ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် ရေနံထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် ထိုင်းအတည်ပြု

ထိုင်းနိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချနိုင်ရေးအတွက် ရေနံထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် အစိုးရက ဇန်နဝါရီလ ၂၁ ရက်တွင် အတည်ပြုလိုက်သည်။

အစိုးရ၏ဆောင်ရွက်ချက်သည် သဘာဝပတ်ဝန်းကျင်  စိမ်းလန်းစိုပြည်ရေးကိုအထောက်အကူပြုစေရန်ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရာတွင် နိုင်ငံ၏ပြိုင်ဆိုင်မှုကို တိုးမြှင့်စေရန်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး ပီချိုင် ချွန်ဟာဝါဂျီရာကကြေညာချက်တွင် ပြောကြားသည်။

သဘာဝအရင်းအမြစ်မလုံလောက်မှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကြောင့်   သဘာဝပတ်ဝန်းကျင်အပေါ်ကျရောက်လာသည့် သက်ရောက်မှုများသည် ထိုင်းနိုင်ငံအတွက် အရေးတကြီးရင်ဆိုင်ဖြေရှင်းရမည့်ကိစ္စရပ်များဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် မော်တော်ကားများနှင့် စက်မှုလုပ်ငန်းများမှဖြစ်ပြီး    ၎င်းတို့ကို အစိုးရက အဓိကပစ်မှတ်ထားမည်ဖြစ်ကြောင်း   ဘဏ္ဍာရေးဝန်ကြီး   ပီချိုင် ချွန်ဟာဝါဂျီရာက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် လာမည့် ၂၀၆၅ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ခြင်းမရှိသည့် နိုင်ငံအဖြစ်တက်လှမ်းနိုင်ရန် မျှော်မှန်းထားသည်။   

အင်ဒိုနီးရှားနိုင်ငံက လာမည့်ငါးနှစ်အတွင်း စက်သုံးဆီ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ရည်မှန်း

ဂျကာတာ  ဇန်နဝါရီ ၂၀

အင်ဒိုနီးရှားအစိုးရသည် လာမည့်ငါးနှစ်အတွင်း စက်သုံးဆီ တင်သွင်းမှုများကိုရပ်ဆိုင်းရန် စီစဉ်နေကြာင်း သမ္မတ ပရာဘိုဝို စုရီယန်တိုးက ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် သဘာဝသယံဇာတများကို ကုန်ချောနှင့် စက်မှုထုတ်ကုန်များအဖြစ် ပြောင်းလဲရန် အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတ စုရီယန်တိုးက ပြောသည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် စားရေရိက္ခာဖူလုံမှုရှိရေးအတွက် ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပြီး ၂၀၂၇ ခုနှစ်တွင် အောင်မြင်မှုရရှိမည်ဟု မျှော်မှန်းထားသည်။

Source: မြန်မာ့အလင်းသတင်းစာ

Meme ခရစ်တိုငွေကြေး ထရမ့်မိတ်ဆက်

ဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတ ကျမ်းသစ္စာဆိုပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် Meme ခရစ်တို ငွေကြေးပုံစံအသစ်ကို မိတ်ဆက်လိုက်ပါသည်။ 

"ယခုအချိန်သည် မိမိတို့၏ ရပ်တည်ချက် အားလုံး အတွက် ဂုဏ်ပြုရမယ့်အချိန်ဖြစ်ပြီး ထရမ့် အသိုက်အဝန်းကို ဝန်းရံပေးပါ"ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် (သောကြာ)နေ့တွင် ခရစ်တိုငွေကြေးပုံစံအသစ်ကို တန်ဖိုးမြှင့်တင်သည့်သဘောဖြင့် မီဒီယာသို့ ပြောကြားခဲ့ပါသည်။ ခရစ်တိုငွေကြေးပုံစံအသစ်ကို ထရမ့် လက်သီးဆုပ်ထားသည့်ပုံစံဖြင့် ထုတ်ဝေခဲ့ပြီး ထရမ့်က မိတ်ဆွေနိုင်ငံရေးသမား လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် တုံ့ပြန်ထားသည့် "FIGHT FIGHT FIGHT" စာသား အားဒင်္ဂါးပေါ်တွင် ရိုက်နှိပ်ထားပါသည်။

ထို ထရမ့် meme ဒင်္ဂါးများကို တစ်ဒင်္ဂါးလျှင် ၁၀ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ရာမှ ဇန်နဝါရီ ၁၉ ရက် (တနင်္ဂနွေနေ့)၊ နံနက်ပိုင်းမှစ၍ ဒေါ်လာ ၇၀ ခန့်အထိ ဈေးနှုန်းမြင့်တက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ 

ထိုmeme ဒင်္ဂါးများမှာ မီဒီယာပေါ်တွင် ရေပန်းစားရန်ရည်ရွယ်ချက်ဖြင့် ထုတ်ဝေထားခြင်းဖြစ်သော်လည်း ထရမ့်က သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်က ပစ်ပယ်ထားသော ခရစ်တိုငွေကြေးဈေးကွက်ကို ၎င်း၏ သက်တမ်းတစ်လျှောက် အားပေးမည့်သဘောကို ပြသခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။ ထရမ့်က ခရစ်တိုငွေကြေးဈေးကွက် လည်ပတ်ရန် အားပေးမည့် ဘဏ္ဍာရေးစည်းမျဉ်းများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ခရစ်တိုငွေကြေးဈေးကွက်မှ အရာရှိများကိုလည်း အစိုးရအဖွဲ့တွင် နေရာကောင်းများပေးသွားမည်ဖြစ်ကြောင်းကိုလည်း ကတိပေး ပြောကြားခဲ့ဖူးပါသည်။ 

ကိုးကား -AP

Apple က အမေရိကန်၌ ရင်းနှီးမြှုပ်နှံသွားမည်ဟု ထရမ့် ပြောကြား

Apple အမှုဆောင်အရာရှိချုပ် Tim Cook က မိမိတို့ ကုမ္ပဏီအနေဖြင့် အမေရိကန်စီးပွားရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်သွားမည် ဟု ကတိပြုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက် ပါသည်။

“Tim Cook အနေဖြင့် မိမိ၏ အမေရိကန်ရွေးကောက်ပွဲ ရလဒ်ကြောင့် အမေရိကန်၌ ၎င်းတို့၏ ကုန်ပစ္စည်း ထုတ်လုပ်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဆောင်ရွက်မည် ဖြစ်ကြောင်း” ဝါရှင်တန်ရှိ Capital One အားကစားကွင်း၌ ပြုလုပ်သည့် လူထုအစည်း အဝေးတွင် ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

ဒေါ်နယ်ထရမ့်သည်  အမေရိကန်သို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီး ပေးနိုင်ရေးတို့အတွက် နိုင်ငံအတွင်း ကြီးမားသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယခင်ကလည်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါသည်။ 

ကိုးကား -TASS

Photo: New York Post

ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ထိုင်ဝမ်တို့မှ ဓာတုပစ္စည်းများ တင်သွင်းမှုအပေါ် တရုတ်က အခွန်စည်းကြပ်မည်

ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ထိုင်ဝမ်တို့မှ တင်သွင်းလာသော ဓာတုဗေဒပစ္စည်းများ တင်သွင်းမှုအပေါ် ယာယီအခွန်စည်းကြပ်ရန် တရုတ်ကဆုံးဖြတ်ခဲ့သည်။

Polyformaldehyde Copolymer နှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုထိန်းချုပ်ရေး စီမံချက်သည် လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်နေ့ တွင်ပြောကြားခဲ့သည်။ အဆိုပါကုန်ပစ္စည်းကို မော်တော်ယာဉ်အစိတ်အပိုင်းများမှ အီလက်ထရွန်းနစ်ပစ္စည်းများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါသည်။ 

စုံစမ်းစစ်ဆေးမှုတစ်ခု၏ တွေ့ရှိချက်များအရ ထိုကဲ့သို့ သော တင်သွင်းမှုများကြောင့် သွင်းကုန်များ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆက်စပ်ပြည်တွင်းစက်မှုလုပ်ငန်းများကို ကြီးမားသောထိခိုက်မှုများ ဖြစ်စေခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

သွင်းကုန်လုပ်ငန်းရှင်များသည် ကုန်ပစ္စည်းများ ဝယ်ယူသည့်အခါတွင် တရုတ်အကောက်ခွန်ဌာန၌ ကြိုတင်အပ်ငွေထားရှိရန်လိုအပ်ကြောင်း ဈေးလျှော့ချ တင်သွင်းမှုတိုက်ဖျက်ရေးအတွက် ကြိုတင်အပ်ငွေပမာဏသည် ၎င်းပစ္စည်းထုတ်သည့်နိုင်ငံပေါ် မူတည်ပြီး ၃.၈ ရာခိုင်နှုန်းမှ ၇၄.၉ ရာခိုင်နှုန်းအထိ ရှိကြောင်းလည်း အဆိုပါဝန်ကြီးဌာနကပြောပါသည်။ 

တရုတ်နိုင်ငံသို့ အမေရိကန်မှ ဈေးနှုန်းသက်သာသော ချစ်ပ်အဟောင်းများ တင်ပို့ရောင်းချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိုစတင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုမှု မစတင်မီ ရက်ပိုင်းအလိုတွင် အဆိုပါစီမံချက်ထွက်ပေါ်လာခြင်း ဖြစ်ပြီး တရုတ်နိုင်ငံလုပ်လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်မှုနှင့်အခြားကိစ္စရပ်များအတွက် တရုတ်နိုင်ငံသည် EU နှင့်လည်း ပွတ်တိုက်မှုများ ဖြစ်ပွားလျက် ရှိသည်။

ကိုးကား-NHK World

တစ်ကမ္ဘာလုံးတွင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သည့် လျှပ်စစ်ကား အရေအတွက် စံချိန်တင်မြင့်တက်

တစ်ကမ္ဘာလုံးတွင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သည့်   လျှပ်စစ်ကား အရေအတွက်သည်   ၁၇ ဒသမ ၁ သန်းအထိ  စံချိန်တင်မြင့်တက်လာခဲ့ကြောင်း လျှပ်စစ်ကားဆိုင်ရာ သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် Rho Motion က ထုတ်ပြန်သည်။

အဆိုပါရောင်းချနိုင်သည့် ပမာဏသည် ပြီးခဲ့သည့်နှစ်က ပမာဏနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ကားထုတ်လုပ် ရောင်းချမှုတွင် လွှမ်းမိုးထားပြီး ၂၀၂၄  ခုနှစ် တစ်နှစ်တည်းမှာပင်   ကားအစီးရေ  ၁၁ သန်း ရောင်းချနိုင်ခဲ့သည်။ တရုတ်လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီများ အနက် BYD သည်  လက်ရှိတွင်  ဦးဆောင်နေသည့် အခြေအနေတွင်ရှိနေပြီး  တရုတ်နိုင်ငံအတွင်းရှိ လျှပ်စစ်ကားဈေးကွက်၏ သုံးပုံတစ်ပုံကျော်ကို ရယူထားနိုင်သည်။

ဥရောပဒေသတွင်မူ     ဗြိတိန်နိုင်ငံက   ဂျာမနီအား ကျော်တက်၍ ၂၀၂၄  ခုနှစ်တွင် လျှပ်စစ်ကား အစီးရေ ၄၀၀၀၀၀ ကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၌  ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကားအစီးပေါင်း ၁ ဒသမ ၈ သန်းခန့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းမြင့်တက်လာသည်။ 