ဗီယက်နမ်နိုင်ငံသည် ယခု ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်းမှ ထွက်ရှိသည့် အသီးအနှံနှင့်ဟင်းသီးဟင်းရွက် စသည့် စိုက်ပျိုးပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၈ ဘီလီယံအထိ ရရှိနိုင်မည်ဟု မျှော်မှန်းလျက်ရှိသည်။

နိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လက်ရှိဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှုများ၊ ပထဝီနိုင်ငံရေးပဋိပက္ခများသည် အဟန့်အတားများအဖြစ် တည်ရှိနေကြောင်း၊ ဗီယက်နမ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးထုတ်ကုန်များ တင်ပို့မှုမှ ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံအထိရရှိခဲ့ကြောင်း ဗီယက်နမ်အသီးအနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ငုယင်သန်းဘင်၏ ဇန်နဝါရီလ ၁၄ ရက်ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာ တစ်ခုကဖော်ပြသည်။
ဗီယက်နမ်စိုက်ပျိုးရေးကုမ္ပဏီများ အနေဖြင့် ၎င်းတို့ထုတ်ကုန်များ၏ အရည်အသွေးနှင့်ပြိုင်ဆိုင်မှုကို တိုးမြှင့်နိုင်ရန် အာရုံစိုက်လုပ်ဆောင်သင့်ပြီး ဗီယက်နမ်နှင့် နှစ်နိုင်ငံကြား သို့မဟုတ် နိုင်ငံစုံ သဘောတူညီချက်များပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးထုတ်ကုန်များသည် ဈေးကွက်ထိုးဖောက်နိုင်မှု တိုးတက်လာလျက်ရှိပြီး တရုတ်နိုင်ငံအတွင်းရှိ ဈေးကွက်အတွင်းမှာပင် တတိယနေရာမှ ယခုအခါ ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း Xinhua သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။
Source: Myawady Web Portal

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်လိုကြောင်း အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၏ အချက်ပြပြောဆိုမှုများ လက်ခံရရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဌာနမှ ညွှန်ကြားရေးမှူး ဒီမစ်ဒရီဘီရီချက်စကီက ပြောသည်။

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါကြောင်းကို တွေ့ရှိရပြီး ရုရှားအနေဖြင့် ၎င်းစီးပွားရေးလုပ်ငန်းများနှင့် ထိရောက်ပြီး အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ရုရှားအစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ဒီမစ်ဒရီဘီရီချက်စကီက Sputnik သတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောသည်။
အနောက်နိုင်ငံများမှ ကုမ္ပဏီများ အနေဖြင့် ရုရှားဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည်ဟူသော အချက်ပြမှုများ တွေ့မြင်ရကြောင်း၊ ၎င်းကုမ္ပဏီများအနေဖြင့် ရုရှားဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုကြောင်း၊ သို့သော် အခြေအနေအသစ်များ အပေါ်မူတည်၍ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဥရောပသို့ ဓာတ်ငွေ့ပြန်လည်ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း၊ သို့သော် ထိုသို့ထောက်ပံ့ပေးမည့် အလားအလာသည် ဝယ်ယူမည့် နိုင်ငံအပေါ် မူတည်ကြောင်း ရုရှားအစိုးရက ဆက်လက် ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် လာမည့် ၂၀၂၈ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှုစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုသည် ယခု ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၆ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း ဂျာမနီစီးပွားရေးသုတေသနအင်စတီကျုနှင့် ဆွစ်ဇာလန်စီးပွားရေးအင်စတီကျုတို့မှ စီးပွားရေးပညာရှင်များက ဦးဆောင်ထုတ်ပြန်သည့် လေ့လာမှုစာတမ်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းသည် အနောက်ဥရောပတွင် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ မြောက်အမေရိကတွင် ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှဒေသတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
လက်ရှိ ၂၀၂၅ ခုနှစ်တွင် တောင်အာရှဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ဒသမ ၄ ရာခိုင်နှုန်း၊ တောင်အမေရိကဒေသတွင် ၃၃ ဒသမ ၆ ရာခိုင်နှုန်း၊ မြောက်အာဖရိကဒေသတွင် ၃၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။
အဆိုပါလေ့လာမှုစာတမ်းတွင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ကျွမ်းကျင်သူ ၁၃၉၈ ဦးက ပူးပေါင်းပါဝင်၍ လေ့လာထားခြင်းဖြစ်သည်။
N.A
Source: မြဝတီသတင်းစာ

ဂျာမဏီ မော်တော်ကားကုမ္ပဏီ Volkswagen ၏ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာရောင်းအား ကျဆင်းသွားခဲ့ပြီး ၎င်း၏ပြိုင်ဖက် ဂျပန်ကားကုမ္ပဏီ Toyota Motor က ၅ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူရန်ရှိနေကြောင်း သိရှိရပါသည်။
ယမန်နှစ်က ကမ္ဘာတစ်ဝန်း၌ ကားအစီးရေ ၉.၀၂ သန်း ရောင်းချခဲ့ရကြောင်း Volkswagen ကားကုမ္ပဏီက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ အချက်အလက်များအရ ၂၀၂၃ ခုနှစ်ကထက် ၂.၃ % ကျဆင်းသွားခဲ့ရခြင်းဖြစ်ပါသည်။

အဓိကဖြစ်သော အနောက်ဥရောပဈေးကွက်တွင် ရောင်းအားအပြောင်းအလဲများစွာမရှိခဲ့သော်လည်း တရုတ်နိုင်ငံရှိ ပြည်တွင်းကားထုတ်လုပ်သူများ၏ ပြင်းထန်သောပြိုင်ဆိုင်မှုများကြောင့် တရုတ်နိုင်ငံ အတွင်း Volkswagen ၏ ရောင်းအားသည် နှစ်အလိုက် နှိုင်းယှဉ်ပါက ၉.၅ % ကျဆင်းသွားခဲ့ရသည်။ Volkswagen ရောင်းအား၏ ၃၀ % ကျော်သည် တရုတ်ဈေးကွက် ဖြစ်ပါသည်။
Volkswagen ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း ဘက်ထရီစွမ်းအင်သုံးလျှပ်စစ်ကား (EV) အစီးရေ ၇၄၄,၈၀၀ ရောင်းချခဲ့ပြီး ယခင်နှစ်ကထက် ၃.၄ % ကျဆင်းခဲ့ ပါသည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုဈေးကွက်တွင်လည်း Volkswagen ၏ EV ကား ဝယ်လိုအားလျော့နည်းလာနေပြီး ကုမ္ပဏီသည် ကုန်ကျစရိတ် လျှော့ချနိုင်ရန်အတွက် ၎င်း၏ထုတ်လုပ်မှုနှင့် အလုပ်သမား ၃၅,၀၀၀ ကျော် လျှော့ချရန်စီစဉ်ထားကြောင်း ဒီဇင်ဘာလက ကြေညာခဲ့ပါသည်။
Toyota ကားကုမ္ပဏီအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ကုမ္ပဏီအစုအဖွဲ့တစ်ခုလုံး၏ နောက်ဆုံးကိန်းဂဏန်းများကို မထုတ်ပြန်သေးသော်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အစီးရေ ၉.၈၅ သန်းကျော် ရောင်းချနိုင်ခဲ့ကာ Volkswagen ၏ စုစုပေါင်းကိန်းဂဏန်းထက် ကျော်လွန်ခဲ့ကြောင်းသိရှိရပါသည်။
ကိုးကား-NHK World

အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့သို့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်း၌ BRICS အဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် မြင့်တက်လာမည့် အလားအလာရှိကြောင်း သိရသည်။

နိုင်ငံအတွင်းသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာခြင်းသည် နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ဆောင်မှုများ တိုးမြင့်လာခြင်းသည် အင်ဒိုနီးရှားအစုရှယ်ယာ ဈေးကွက်၏ လုပ်ဆောင်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်မှ ညွှန်ကြားရေးမှူး ဂျက်ဖရီဟင်းဒရစ်က ဇန်နဝါရီလ၁၀ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးဖြစ်ထွန်းမှုနှင့် စိုးရိမ်မကင်းဖြစ်မှုများကို အဓိကဖြေရှင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်မှ တာဝန်ရှိသူများက တိုက်တွန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင် နိုင်ငံအဖြစ် ယခုရက်သတ္တပတ် အစောပိုင်းက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်တွင် သမ္မတအဖြစ်ဒေါ်နယ်ထရမ့်ပြန်လည် တက်ရောက်လာပြီးနောက် နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါနိုင်ငံက တန်ပြန်အခွန် တိုးမြှင့်ကောက်ခံမှုများနှင့် အသင့်ပြင်ဆင်ထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောကြားခဲ့ကြောင်းသိရသည်။

ကနေဒါအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး အငြင်းပွားမှုဖြစ်ပွားမည်ကို လိုလားခြင်းမရှိကြောင်း၊ သို့သော် ထရမ့်အစိုးရသစ်အနေဖြင့် ကနေဒါနိုင်ငံမှ တင်ပို့သည့် ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက အမေရိကန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ၍ တုံ့ပြန်မည်ဖြစ်ကြောင်း ထရူးဒိုး က MSNBC သတင်းဌာနသို့ ပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ကနေဒါနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အခြားနိုင်ငံများထက် ပိုမိုဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ် ပထမ ၁၁လအတွင်းမှာပင် ဒေါ်လာ ၃၂၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက် များတွင် ဖော်ပြထားသည်။ အဆိုပါ ကာလအတွင်း အမေရိကန်၏ ကနေဒါနှင့် ကုန်သွယ်မှုတွင် လိုငွေပြငွေ ဒေါ်လာ ၅၅ ဘီလီယံရှိကြောင်း သိရသည်။
ထရမ့်အစိုးရသည် ၂၀၁၈ခုနှစ်တွင် ကနေဒါနိုင်ငံမှ သံမဏိထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ရာ ကနေဒါအစိုးရကလည်း တုံ့ပြန်သည့်အနေဖြင့် အိမ်သုံးပစ္စည်းများ၊ ဝီစကီနှင့် လှေများအပါအဝင် အမေရိကန်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတအဖြစ် ယခုလအတွင်း တက်ရောက်လာပြီးနောက် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရန် အမေရိကန်အစိုးရက စဉ်းစားလျက်ရှိကြောင်း သိရသည်။

ကဘူးလ် ဇန်နဝါရီ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ၌ အသားနှင့် ဥများထုတ်လုပ်ရာတွင် ဖူလုံမှုရှိစေရေးအတွက် အကူအညီပေးရန် ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိတွင် ကြက်မွေးမြူရေးခြံ ၁၅၀၀၀ ကျော်ရှိပြီး ပုဂ္ဂလိကလုပ်ငန်းများ၏ ကြက်မွေးမြူရေးကဏ္ဍအတွင်း အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်က မစ်ဘာ့ဟတ်ဒင် မတ်စ်တင်း၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာ တိုလိုနယူးစ်က ဖော်ပြထားသည်။ ဝန်ကြီးဌာနက ကြက်မွေးမြူသူများကို ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Source: မြန်မာ့အလင်းသတင်းစာ

Apple ကုမ္ပဏီမှ ထုတ်လုပ်မည့် အလွယ်တကူခေါက်နိုင်သည့် iPhone 17 Air သည် ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
နည်းပညာဈေးကွက်အတွင်းမှ သတင်းများအရ iPhone 17 Air သည် သာမန်စမတ်ဖုန်းများထက် ပိုမိုပါးလွှာပြီး ဖုန်း၏ အပါးလွှာဆုံးအပိုင်းမှာ ၅.၅ မီလီမီတာသာ ရှိသည်ဟုဆိုသည်။

ထို့ပြင် ကုမ္ပဏီအနေဖြင့် iPhone အသစ်များ ထုတ်လုပ်ခြင်းဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းရောင်းချမှုကို ပြန်လည်အားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။
Apple ကုမ္ပဏီသည် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော်လည်း ခေါက်နိုင်သည့် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် Samsaung နှင့် Huawei တို့ထက် နောက်ကျလျက်ရှိသည်။
Samsung နှင့် Huawei ကုမ္ပဏီတို့က အဆိုပါခေါက်နိုင်သည့် စမတ်ဖုန်းများကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ထုတ်လုပ်ထားနိုင်သည်။
Samsaung ကုမ္ပဏီသည် ထိုသို့သော ခေါက်နိုင်သည့် ဖုန်းများကို လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ထုတ်လုပ်ထားပြီး ဖြစ်သည်။
ထို့ကြောင့် Apple ကုမ္ပဏီ၏ iPhone 17 Air သည် လက်ရှိတွင် စီစဉ်ထားသည့် အဆင့်တွင်သာရှိနေဆဲဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူနှင့် အကဲဖြတ်စိစစ်သူတစ်ဦးဖြစ်သူ မင်းချီကော့နှင့် အခြားနည်းပညာ ကျွမ်းကျင်သူများက ပြောသည်။

အကောက်ခွန်အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် ရုရှားအကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၄၄ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
တရုတ်နှင့်ရုရှားအကြား ကုန်သွယ်မှုတန်ဖိုးသည် ယမန်နှစ်က စံချိန်တင်မြင့်မားလာခဲ့ကြောင်း တရုတ်အကောက်ခွန်အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံသို့ တရုတ်ပို့ကုန် ၄ ရာခိုင်နှုန်း တိုးလာခြင်းကြောင့် ကုန်သွယ်မှုတန်ဖိုး ယွမ် ၁.၇၄ ထရီလီယံ (ဒေါ်လာ ၂၄၄.၈ ဘီလီယံ) ရှိခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး (GACC) က ဇန်နဝါရီ ၁၃ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ယေဘုယျအားဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက် တစ်နှစ် ၁.၉% တိုးတက်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နှင့်ရုရှားနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ဒေါ်လာ ၂၄၀ ဘီလီယံအထိ ရှိလာ ခဲ့ပြီး ၂၆.၃% တိုးတက်ခဲ့သည်။ အဆိုပါ ကိန်းဂဏန်း များသည် ရုရှား၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၄ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ရပ်တည်မှုကို ခိုင်မာစေ ခဲ့သည်။
“ရုရှား-တရုတ် စီးပွားရေးဆက်ဆံမှုတွင် ကောင်းမွန်သည့် အလားအလာရှိကြောင်း မိမိအနေဖြင့် ယုံကြည်ကြောင်း”ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
တရုတ်သမ္မတ Xi Jinping သည် ယခုလအစောပိုင်းက ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် အလားတူအမြင်ကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံသည် ကောင်းမွန်သည့် ပေါင်းစည်းဆက်ဆံမှုနှင့်အတူ ရှေ့ဆက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီ သည် ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဒီဇင်ဘာ နှောင်းပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မော်စကိုသံအမတ်ကြီးက အတည်ပြုခဲ့သည်။
ရုရှားနှင့်ကုန်သွယ်မှုတိုးလာမှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းတန်ဖိုး စံချိန်တင်မြင့်တက်ခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအလုံးစုံတိုးလာမှု၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ GACC ၏ အဆိုအရ နိုင်ငံ၏စုစုပေါင်းကုန်ပစ္စည်း တင်သွင်းမှုနှင့်ပို့ကုန်သည် ပြီးခဲ့သည့်နှစ်တွင် အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၆.၁ ထရီလီယံ အထိရှိခဲ့ပြီး ယခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဖော်ပြထားပါသည်။
ကိုးကား-RT

အဒစ်အဘာဘာ ဇန်နဝါရီ ၁၂
အီသီယိုးပီးယားနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံ၏ ပထမဆုံး စတော့ရှယ်ယာဈေးကွက်ကို ဇန်နဝါရီ ၁၀ ရက်က ဝန်ကြီးချုပ် အာဗေအာမက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်သည် နိုင်ငံစီးပွားရေးအတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ယခု ဆောင်ရွက်ချက်သည် နိုင်ငံစီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍမြှင့်တင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်ကို အားဖြည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်က အကူအညီများပေးအပ်မည်ဖြစ်ကာ နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် အားဖြည့်ပေးမည်ဖြစ်ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ