သတင်းများ

တရုတ်ငွေချေးစာချုပ်များက လာမည့်ဆယ်စုနှစ်အတွင်း အလားအလာ အကောင်းဆုံးဖြစ်ဟုဆို

တရုတ်နိုင်ငံက ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် လာမည့်ဆယ်စုနှစ်အတွင်း အလားအလာအကောင်းဆုံး ငွေချေးစာချုပ်များဖြစ်လာနိုင်ကြောင်း ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

တရုတ်အစိုးရက ထုတ်ဝေထားသည့် ငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်း အခြားနိုင်ငံများမှထုတ်ဝေသည့်  ငွေချေးစာချုပ်များနှင့်နှိုင်းယှဉ်ပါက အကျိုးအမြတ်များစွာကို ထွက်ပေါ်စေခဲ့ပြီး ယင်းငွေချေးစာချုပ်များသည် ၂၀၂၄ ခုနှစ်အတွင်းမှာပင် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ် ၉ ရာခိုင်နှုန်း ထွက်ပေါ်စေခဲ့သည်။ ယင်းပမာဏသည် ၂၀၁၄ ခုနှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း Bloomberg ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် လာမည့် ၂၀၂၅ခုနှစ်တွင် ယွမ် ၃ ထရီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များကို   ရောင်းချရန် စီစဉ်လျက်ရှိပြီး ယင်းပမာဏသည် ၂၀၂၄   ခုနှစ်က ရောင်းချခဲ့သည့် ငွေချေးစာချုပ်များ၏ တန်ဖိုးထက် ၁  ထရီလီယံမြင့်တက်လာခဲ့သည်။

Source: Myawady Web Portal

ကုန်ကျစရိတ်မြင့်တက်မှုကြောင့် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းပြောင်းလဲ သတ်မှတ်

ဂျပန်နိုင်ငံတွင် စွမ်းအင်အတွက် ကုန်ကျစရိတ်မြင့်တက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတွင်ဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ဗဟိုဘဏ်က ယခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းအား ပြောင်းလဲ သတ်မှတ်ခဲ့ရသည်။

ဗဟိုဘဏ်သည် ဒီဇင်ဘာလအတွင်း အတိုးနှုန်းအား ၃ ဒသမ   ၀ အထိ တိုးမြှင့်ခဲ့ပြီး   လာမည့်နှစ်  ဇန်နဝါရီလ သို့မဟုတ် မတ်လအတွင်း၌လည်း လုပ်ခနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေများအပေါ် မူတည်၍ အတိုးနှုန်းကို ထပ်မံတိုးမြှင့်ဖွယ်ရှိသည်။

ဂျပန်အစိုးရသည် စီးပွားရေးပြန်လည် တိုးတက်လာစေရန်   ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိတွင် နိုင်ငံအတွင်းရှိ စက်ရုံများမှ ထုတ်ကုန်ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။ နိုင်ငံအတွင်းရှိ စက်ရုံများမှ ကုန်ထုတ်လုပ်မှုသည် ယခုနှစ် နိုဝင်ဘာလအတွင်း ၂ ဒသမ ၃  ရာခိုင်နှုန်း ကျဆင်းလာခြင်းကြောင့် သုံးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခြင်းဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ထူးထူးခြားခြား မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်လအတွင်း၌ ငွေကြေးဖောင်းပွမှုသည် ၂ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ဒီဇင်ဘာလအတွင်း၌ ၂  ဒသမ ၄ ရာခိုင်နှုန်း အထိမြင့်တက်လာသည်။

ဂျပန်ယန်းငွေ၏  တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ငါးလနီးပါးကျဆင်းလာခြင်းကြောင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့်ကုန်ပစ္စည်းများ၊ အထူးသဖြင့် စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းသည် ပိုမိုမြင့်တက်လျက်ရှိသည်။  

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငွေလွှဲပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရရှိ

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်း အားဖြင့် ယခင်နှစ်အတိုင်း အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။

နိုင်ငံပေါင်း ၁၃၀ တွင် နေထိုင်လျက်ရှိသည့် ပြည်ပရောက် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးထံမှ ရောက်ရှိ လာသည့် ငွေလွှဲပို့မှု ကိန်းဂဏန်းသည် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး၊ သိပ္ပံပညာရပ်ဆိုင်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဒီဇင်ဘာ ၂၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ် -၁၉ ၏ သက်ရောက်မှုကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးသည့် ကာလပြီးနောက် ဗီယက်နမ်နိုင်ငံအတွက် ငွေလွှဲပို့မှု အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံသည် စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရှိသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု စီမံကိန်းပေါင်း ၄၂၁ ခုနှင့်အတူ ငွေလွှဲပို့မှုများသည် ဗီယက်နမ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများနှင့် ၎င်းတို့၏မွေးရပ်မြေအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုရရှိစေရေးအတွက် ၎င်း၏မူဝါဒများနှင့် ဥပဒေမူဘောင်များကို ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း Son က ပြောကြားခဲ့သည်။

ပြည်ပရောက် ဗီယက်နမ်အသိုက်အဝန်းကို ပံ့ပိုးကူညီနိုင်မည့် ရေရှည်အစီအမံများကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားများသည် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်နေထိုင် နိုင်ရန်၊ ရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် စီးပွားရေးလုပ်ဆောင်ရန် ပိုမိုလွယ်ကူလာစေရန်အတွက် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အစိုးရသည် လူမှုအသိုက် အဝန်း ချိတ်ဆက်မှုတိုးမြှင့်ရန်နှင့် နိုင်ငံရပ်ခြားရှိဗီယက်နမ်နိုင်ငံသားများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်း ကို ပြုစုပျိုးထောင်ပြီး မြှင့်တင်ပေးနိုင်ရေးအတွက် သတင်းအချက်အလက်နည်းပညာကို အသုံးချနေကြောင်း Son က ပြောကြားခဲ့သည်။

ပြည်ပရောက်ဗီယက်နမ်အသိုက်အဝန်းများသည် အမိမြေနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ လာမည့်နှစ် များအတွင်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာအထောက်အကူဖြစ်စေမည် ဟု ဒုတိယ ဝန်ကြီးချုပ် က ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

စီးပွားရေးသံတမန်ရေးရာသည် ဗီယက်နမ်နိုင်ငံ၏ အလုံးစုံစီးပွားရေးအောင်မြင်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် စံချိန်တင်ဒေါ်လာ ၈၀၀ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကမ္ဘာ့ထိပ်တန်းလက်ခံသည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၁၅.၈ သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

ကိုးကား - VN Express International 

ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မည့်အစီအစဉ် အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိ

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတင် သမ္မတရာထူး စတင်ထမ်းဆောင်သည့် အချိန်တွင် အဆိုပါနိုင်ငံများအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်သို့ တင်ပို့ခြင်းအား ရပ်တန့်ခြင်းမပြုပါက မက္ကဆီကိုနှင့် ကနေဒါတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

မော်တော်ကား၊ အစားအသောက် ပြုပြင်ထုတ်လုပ်ရေး၊ အီလက်ထရွန်နစ် နှင့် လျှပ်စစ်စက်မှုလုပ်ငန်းတို့မှ ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် ထိခိုက်စေသည့် အတွက် မက္ကဆီကို နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံသည် ၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏  ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ အင်စတီကျုမှ လက်ထောက် သုတေသီတစ်ဦးဖြစ်သူ အီဆိုနိုအီကူမိုက ခန့်မှန်းပြောကြားသည်။

အမေရိကန်နိုင်ငံသို့ ဂျပန်နိုင်ငံ၏ မော်တော်ကားနှင့် ပတ်သက်သော ပို့ကုန်များ တိုးလာဖွယ်ရှိသည့် အတွက် ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။

ထရမ့်၏ အခွန်စည်းကြပ်မှုသည် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့၌ လည်ပတ်နေသော ဂျပန်ကုမ္ပဏီများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အီဆိုနို အီကူမိုက မှတ်ချက်ပြုပြောကြားသည်။

ကိုးကား -‌၂၆-၁၂-၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်ဓာတ်ငွေ့ ပိုမဝယ်လျှင် စည်းကြပ်ခွန် တိုးမြှင့်မည်ဟု ထရမ့်ခြိမ်းခြောက်

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ် ယူခြင်းမရှိပါက ယင်းသမဂ္ဂမှ အမေရိကန်သို့ တင်သွင်းနေသော သွင်းကုန်များအပေါ် စည်းကြပ်အခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်သည်။

ဥရောပသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် ပတ်သက်လာလျှင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ကုန်သွယ်ရေးပိုငွေပြနေကြောင်း၊ ထို့ကြောင့် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေကို ပြန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဥရောပသမဂ္ဂက အမေရိကန်မှရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူပေးရမည်ဖြစ်ကြောင်း ထရမ့်က ဒီဇင်ဘာလ ၂၀ ရက်တွင်ပြောသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုမည်ဖြစ်ပြီး သမ္မတမဖြစ်မီမှာပင် အမေရိကန်၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့ကိုလည်း သွင်း ကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက် ထားသေးသည်။

ယူကရိန်းပဋိပက္ခကို အကြောင်းပြု၍ အနောက်အုပ်စုက ရုရှားအပေါ်ပိတ်ဆို့မှု များ ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ် ငွေ့များအပေါ်ကိုသာ မှီခိုလာရကြောင်း သိရသည်။

CES 2025 မှာ ဟွန်ဒါရဲ့ 0 Series လျှပ်စစ်သုံးယာဉ်များ ထွက်ပေါ်လာမည်

ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။

ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီအမျိုးအစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးက ယမန်နှစ် CES ပွဲမှာထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Saloon နဲ့ Space-Hub ဆိုတဲ့ စိတ်ကူးပုံစံများရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ ဒီရှေ့ပြေးပုံစံတွေကတော့ ၂၀၂၆ ခုနှစ်မှာ ဈေးကွက်ဝင်လာနိုင်ခြေ ရှိနေပါတယ်။  

ကိုးကား - Myawady Web Portal

Israel to invest 114 mln USD to restore tourist sites

ဂျေရုဆလင်  ဒီဇင်ဘာ ၁၉

အစ္စရေးနိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အစ္စရေး၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး အစ္စရေးနိုင်ငံအတွင်းရှိခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအားလုံး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိက ခရီးသွားလုပ်ငန်းစီမံကိန်းများတွင် အမွေအနှစ်စင်တာများ၊ လမ်းမကြီးများ၊ လေဆာရှိုးပွဲများ၊ ပန်းခြံများ၊ လည်ပတ်သွားလာရေးအစီအစဉ်များ၊ ဆွဲဆောင်မှုရှိသောနေရာများနှင့် စက်ဘီးလမ်းများ စသည်တို့ပါဝင်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

Photo: Business Standard

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့‌နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ‌ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။

e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။

Source- Popular Journal 

ယခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်လာ

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် တိုးတက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အထည်ချုပ်မဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှုနှင့်စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုတို့ကြောင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခြောက်ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အန်းပွန်မိုနီရော့စ်က ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် တိုးတက်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်ဆိုင်ရာ ဘတ်ဂျက်ဥပဒေဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးသည် တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း ရောက်ရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၉ ဘီလီယံအထိ တိုးမြှင့်လာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

နိုင်ငံသားတစ်ဦးချင်းစီ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် လာမည့်နှစ်တွင် ၂၉၂၄ ဒေါ်လာအထိရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် အိမ်၊ ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အပေါ်တွင် အခြေခံထားသည်။

အထည်ချုပ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၂၅ ခုနှစ်တင် ၈ ဒသမ ၆ ရာခိုင်နှုန်း ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်မှုနှင့် အိမ်ခြံမြေကဏ္ဍတွင် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ 

Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ

Apple က iphone ဈေးကွက်ရရှိရန် အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဂျကာတာ  ဒီဇင်ဘာ ၁၁

Apple က ၎င်း၏ နောက်ဆုံးထွက် iphone ၁၆ မော်ဒယ်အတွက် ဈေးကွက်ရရှိရန် ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သ‌ဘောတူခဲ့သည်ဟု ဝန်ကြီးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ရိုဆန်ရိုဆလန်နီက အဆိုပြုရင်းနှီးမြှုပ်နှံမှုပုံစံနှင့် ရောင်းချသူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး Apple နှင့် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဆက်သွယ်ဆွေးနွေးမှုများသည် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Apple သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၆ အစောပိုင်းတွင် စတင်ရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားအစိုးရက Apple ကုမ္ပဏီအား ခမ်စောစောစရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆင်ဟွာ

Source- မြန်မာ့အလင်းသတင်းစာ