သတင်းများ

ထရမ့်က အမေရိကန်သည် အိန္ဒိယနှင့် သဘောတူညီမှုရရန် နီးစပ်နေသော်လည်း ဂျပန်နှင့် အဆင်မပြေမှုများရင်ဆိုင်နေရသည်ဟု ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့် ကုန်သွယ်ခွန်များကို သိသိသာသာ လျှော့ချနိုင်ရေး သဘောတူညီမှုရရှိရန် မျှော်လင့်နေ သော်လည်း ဂျပန်နှင့်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အဆင်မပြေမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် လေယာဉ်ပေါ်၌ သမ္မတထရမ့်က “အိန္ဒိယသည် အမေရိကန်ကုမ္ပဏီများအတွက် ကုန်သွယ်မှုအဟန့်အတားများကို လျှော့ချရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပါက ဇူလိုင် ၉ ရက်မှ စတင်၍ ကျသင့်မည့် ၂၆% ပြန်လည်ကောက်ခံမည့် ကုန်သွယ်ခွန်များမှ ရှောင်ရှားနိုင်မည့် သဘောတူညီမှုအတွက် လမ်းခင်းပေးနိုင်မည်ဖြစ်သည်။

“လောလောဆယ် အိန္ဒိယက ဖွင့်မပေးသေးဘူး။ ၎င်းတို့ပြောင်းလဲမည် ဆိုပါက အခွန်နှုန်းအများကြီးလျှော့ပြီး သဘောတူညီမှုရနိုင်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း Fox News သို့ ပြောကြားရာတွင် အမေရိကန်နှင့် အိန္ဒိယတို့သည် နှစ်ဖက်စလုံးအတွက် ကုန်သွယ်ခွန်လျှော့ချရေး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ 

အိန္ဒိယအရာရှိများသည် ထရမ့်အစိုးရနှင့် သဘောတူညီမှုရရှိရန် ရည်ရွယ်၍ ၎င်းတို့၏ဝါရှင်တန်ခရီးစဉ်ကို ယခုသီတင်းပတ် အစောပိုင်း အထိ ဆက်လက်တိုးချဲ့ထားကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ ကိုးကား ပြောကြားချက်အရ သိရသည်။ အိမ်ဖြူတော်အရာရှိက “အမေရိကန် အစိုးရသည် နောက်ဆုံးရက်စွဲနီးကပ်လာသည်နှင့်အမျှ အိန္ဒိယအပါအဝင် နိုင်ငံအချို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုများကို ဦးစားပေးဆောင်ရွက် နေသည်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နှင့် အိန္ဒိယတို့အကြား ညှိနှိုင်းမှုများသည် မော်တော်ကားအစိတ်အပိုင်းများ၊ သံမဏိနှင့် စိုက်ပျိုးထုတ်ကုန်များအပေါ် ကုန်သွယ်ခွန်များနှင့်ပတ်သက်၍ အဆိုပြုချက်များတွင် ရှေ့မဆက် နိုင်ဘဲရှိနေသည်။ ဇူလိုင် ၁ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က “မိမိတို့သည် အလွန်ရှုပ်ထွေးသည့် ကုန်သွယ်ရေးညှိနှိုင်းမှုများ၏ အလယ်မှာရှိနေပြီး အောင်မြင်မည်ဟု မျှော်လင့်သော်လည်း နှစ်ဖက်ညှိနှိုင်းမှုဖြစ်သောကြောင့် အာမမခံနိုင်ပါ” ဟု ပြောကြားခဲ့သည်။ ၎င်းက အဆိုပါသဘောတူညီမှုရရှိရန် နှစ်ဖက်စလုံးမှ ရပ်စဲမှုများ လိုအပ် မည်ဟုလည်း ထပ်လောင်းအလေးပေးပြောကြားခဲ့သည်။

အမေရိကန်သမ္မတထရမ့်က ဂျပန်နှင့်ညှိနှိုင်းရာတွင် အခက်အခဲများရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ၎င်းသည် ယခင်က ကုန်သွယ်ခွန် ဆိုင်းငံ့မှုကို တိုးချဲ့ရန် စဉ်းစားမထားကြောင်း ပြောဆိုခဲ့ဖူးသည်။ အမေရိကန် သည် ဇူလိုင် ၉ ရက်မှစတင်၍ စည်းကြပ်မည့်အခွန်များနှင့် ပတ်သက်သည့် အကြောင်းကြားစာများကို နိုင်ငံတစ်ခုချင်းစီသို့ ပေးပို့မည် ဖြစ်သည်။ ထရမ့်က ဂျပန်ထုတ်ကုန်များအပေါ် ၃၀-၃၅% အထိ ကုန်သွယ်ခွန် တိုးမြှင့်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းသည် ဧပြီလ ၂ ရက်က ကြေညာခဲ့သော ၂၄% ထက် သိသိသာသာ မြင့်မားနေသည်။

ထရမ့်က ဂျပန်သည် အမေရိကန်၏တောင်းဆိုမှုရှိသော်လည်း အမေရိကန် ဆန်ကို ဝယ်ယူရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

လောလောဆယ်တွင် အမေရိကန်သည် ဗြိတိန်နှင့်သာ သေးငယ်သည့် ကုန်သွယ်ရေး သဘောတူညီမှုတစ်ခုကို ရရှိထားပြီး ထိုသဘောတူညီမှုတွင် ဗြိတိန်သည် အမေရိကန်ဈေးကွက်သို့ဝင်ရောက်မည့် မော်တော်ကား အပါအဝင် ကုန်ပစ္စည်းများအပေါ် ၁၀% ခွန်ကောက်ခံမှုကို လက်ခံထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အာရှစတော့ရှယ်ယာဈေး မြင့်တက်လာပြီး တိုကျိုစတော့ရှယ်ယာဈေး ကျဆင်း

အမေရိကန်နှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေး သဘော တူညီမှုများ ရရှိနိုင်သည်ဟူသော မျှော်လင့်ချက်များကြောင့် အာရှ စတော့ရှယ်ယာဈေးကွက် မြင့်တက်လာသော်လည်း မကြာသေးမီက ကောင်းမွန်စွာ ရပ်တည်နေခဲ့သည့် တိုကျို စတော့ရှယ်ယာ ဈေးကွက်၏ အဓိကအညွှန်းကိန်းမှာ ၁% ကျဆင်းသွားခဲ့သည်။ ထိုသို့ ကျဆင်းရခြင်း အကြောင်းမှာ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဆန်တင်ပို့မှုကို လက်မခံ သည့်ကိစ္စနှင့်ပတ်သက်၍ ထရမ့်က မကျေနပ်သဖြင့် ဂျပန်ကား တင်သွင်းမှု အပေါ် အခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်အား ဆက်လက်ဆောင်ရွက် သွားမည်ဟု ခြိမ်းခြောက်မှုကြောင့်ဖြစ်သည်။ 

ဆန်နှင့်ပတ်သက်သည့်ကိစ္စရပ်များ မတိုင်မီကလည်း ဂျပန်နှင့် အမေရိကန် အကြား မော်တော်ကားဆိုင်ရာကုန်သွယ်မှုတွင် မညီမျှမှုရှိသည်ဟု ထရမ့် က ဝေဖန်ခဲ့ပြီး ဂျပန်နိုင်ငံ၏ မော်တော်ကားတင်သွင်းမှုအပေါ် အခွန် ၂၅% ဆက်လက်ကောက်ခံရန် အဆိုပြုခဲ့သည်။ 

ပြီးခဲ့သည့်နှစ်မှစ၍ ဂျပန်နိုင်ငံတွင် ဆန်အထွက်နှုန်းနည်းပြီး ဝယ်လိုအား မြင့်တက်မှုကြောင့် ဆန်ဈေးနှုန်း နှစ်ဆမြင့်တက်ခဲ့ပြီး အဆိုပါ ဆန်ရှားပါးမှုပြဿနာက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာအား ဖိအားပေးလျက်ရှိသည်။ 

ထရမ့်က မော်တော်ကားနှင့်ဆန်ကဲ့သို့သော ပြဿနာများအပေါ် မကျေ နပ်မှုများကို ဖော်ပြ၍လည်းကောင်း၊ အမေရိကန်အနေဖြင့် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားနိုင်သည်ကို ပြသခြင်း ဖြင့်လည်းကောင်း ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း Nomura Asset Management မှ Hideyuki Ishiguro က ပြောကြားခဲ့သည်။ အမေရိကန် နှင့် ဂျပန်အကြား ကုန်သွယ်ရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပါက ဂျပန် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုများအား ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။ 

လက်ရှိ လွှတ်တော်တွင် အကြိတ်အနယ်ဆွေးနွေးလျက်ရှိသည့် အမေရိကန် ၏ One Big, Beautiful Bill ဟု ခေါ်ဆိုသည့် အခွန်လျှော့ချကောက်ခံ၍ အသုံးစရိတ်တိုးမြှင့်မည့် ဥပဒေကြမ်းအား အမေရိကန်သမ္မတက လက်မှတ် ရေးထိုး၍ တရားဝင်ထုတ်ပြန်ကြေညာမည့်အပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသည်။ ထရမ့်က အဆိုပါဥပဒေကြမ်း ကို ဇူလိုင် ၄ ရက်နေ့မတိုင်မီ ၎င်းထံတင်ပြရန် ဥပဒေပြုသူများအား တောင်းဆို ထားသည်။

ကိုးကား - CNA

ဘာသာပြန်ဆိုသူ - ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

လိပ်သိုဒေသထွက် နာနတ်သီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို  ၊ ဇွန် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းအပြင် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် နာနတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ဒေသခံများမှာ နာနတ်ပင်များကို အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဉ်ခြံများအတွင်းတွင် ကြားညှပ်သီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ နာနတ်ပင်များမှာ စိုက်ပျိုးပြုစုရလွယ်ကူသောကြောင့် အပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိနေကြကြောင်း သိရသည်။

နာနတ်သီးများမှာ မေလနှင့် ဇွန်လများတွင် ရင့်မှည့်ပြီး ခူးဆွတ်ရောင်းချကြရာ လိပ်သိုမြို့ပေါ်၌ နာနတ်သီးတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀ဝိ/-) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း၊ အဆိုပါ နာနတ်သီးများကို အချိုတည်းရန်၊ လက်ဆောင်ပေးရန်နှင့် နာနတ်ဝိုင်များ ပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ဝယ်ယူလျက်ရှိကြကြောင်း နာနတ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။

Myanmar National Post

ဇလွန်မြို့နယ်တွင် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဇလွန်   ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ဒေသထွက်ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်ရှိ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသူ က ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဒေသထွက်ကြက်ဟင်းခါးသီးများ ဇွန်လ ဒုတိယပတ်မှစပြီး ယနေ့ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသကထွက်ရှိသည့် ရောင်းတန်းဝင်ကြက်ဟင်းခါးသီးများ တစ်ရက်လျှင် အလုံးရေ ၄၀၀၀၀ မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ဇလွန်မြို့နယ်ကနေ ထွက်တဲ့ကြက်ဟင်းခါးသီးတွေ အရောင်းအဝယ်ကောင်းလာပါတယ်။ လက်ရှိဒေသမှာ ကြက်ဟင်းခါးသီးတွေ ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးတွေက ဒေသထွက်ဖြစ်လို့ အရည်အသွေးလဲ ကောင်းပါတယ်။ ကြက်ဟင်းခါးသီးတွေကို ဒေသဈေးကွက်နဲ့ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေပါတယ်” ဟု ဇလွန်မြို့နယ်ရှိ ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသူ က ပြောပြသည်။

ဇလွန်မြို့နယ်မှ ထွက်ရှိသည့် ကြက်ဟင်းခါးသီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၃၅၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီးများနှင့် အခြားကုန်စိမ်းများကို ပုသိမ်၊ ပန်းတနော်၊ မအူပင် စသည့် ဒေသများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

ကနေဒါနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ရုပ်သိမ်း

ကနေဒါအစိုးရက တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အွန်လိုင်းကုမ္ပဏီများကို အခွန်ကောက်ခံသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (Digital Services Tax - DST) ကို ရုပ်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆောင်ရွက် ချက်သည် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြန်လည် စတင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၂၇) တွင် ကနေဒါနိုင်ငံအား အမေရိကန်ကို တိုက်ရိုက်နှင့် ထင်ရှားသော စော်ကားမှု ဟုခေါ်ဆိုကာ အဆိုပါ အခွန်စနစ်ကို အပြစ်တင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲများကို ရုတ်သိမ်းလိုက်ကြောင်း ကြေညာ ခဲ့သည်။

တနင်္ဂနွေ (ဇွန် ၂၉) ညနေပိုင်းတွင် ထုတ်ပြန်သော ကနေဒါအစိုးရ၏ ကြေညာချက်အရ အခွန်စနစ်ကို ယာယီရပ်ဆိုင်းခြင်းဖြင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။

“အဆိုပါညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး Francois-Philippe Champagne က ကြေညာချက် တွင် အမေရိကန်နှင့် အပြန်အလှန်အကျိုးရှိသော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန် မျှော်မှန်းချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (DST) ကို ရုပ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

“အဆိုပါလုပ်ဆောင်ချက်နှင့်အညီ ဝန်ကြီးချုပ် ကာနီနှင့် သမ္မတ ထရမ့် တို့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မတိုင်မီ သဘောတူညီချက် ရရှိရန် ရည်ရွယ်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ ကြသည်။”

CNN သတင်းဌာနက ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ထံမှ သဘောထားမှတ်ချက်တောင်းခံထားသော်လည်း ယခုအချိန်အထိ အကြောင်း ပြန်ကြားခြင်း မရရှိသေးပေ။

ကိုးကား- CNN

ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက် စေသည့် ကုန်သွယ်ရေးသဘောတူညီချက်များ အမေရိကန်နှင့် ချုပ်ဆိုခြင်းမပြုရန် တရုတ်နိုင်ငံ သတိပေး

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုမည့် နိုင်ငံများအနေဖြင့် အကျိုးစီးပွားကို ထိခိုက်စေသည့် ကုန်သွယ်ရေးဆိုင်ရာ အလဲအလှယ်များမပြုလုပ်ကြရန် တရုတ်နိုင်ငံက သတိပေးချက် ထုတ်ပြန် ခဲ့သည်။ အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းအား ဇူလိုင် ၉ ရက်နေ့အထိ ရက် ၉၀ ကြာ ဆိုင်းငံ့ခွင့်ရရှိ ထားပြီး  အဆိုပါဆိုင်းငံ့ကာလပြီးဆုံးပြီးနောက် ပြန်လည် အသက်ဝင် လာမည့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့် အစီအစဉ်များအား ရှောင်ရှားရန်အတွက် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် များချုပ်ဆိုရန် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ထိုသို့ သတ

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ချုပ်ဆိုမည့် နိုင်ငံများအနေဖြင့် အကျိုးစီးပွားကို ထိခိုက်စေသည့် ကုန်သွယ်ရေးဆိုင်ရာ အလဲအလှယ်များမပြုလုပ်ကြရန် တရုတ်နိုင်ငံက သတိပေးချက် ထုတ်ပြန် ခဲ့သည်။ အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းအား ဇူလိုင် ၉ ရက်နေ့အထိ ရက် ၉၀ ကြာ ဆိုင်းငံ့ခွင့်ရရှိ ထားပြီး  အဆိုပါဆိုင်းငံ့ကာလပြီးဆုံးပြီးနောက် ပြန်လည် အသက်ဝင် လာမည့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့် အစီအစဉ်များအား ရှောင်ရှားရန်အတွက် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် များချုပ်ဆိုရန် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ထိုသို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် “မှန်ကန်သော ရပ်တည်ချက်များဖြင့်သာ ၎င်းတို့၏ အခွင့်အရေးများကို အထိရောက်ဆုံး ကာကွယ်နိုင်မည်” ဟု အမေရိကန်နှင့် သဘောတူညီချက်ရရန် ကြိုးပမ်းနေသော နိုင်ငံများကို သတိပေး ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေး ပဋိပက္ခများကို တန်းတူညီမျှသည့် အပြန်အလှန်ဆွေးနွေးမှုများဖြင့် ဖြေရှင်းရန် နိုင်ငံအားလုံးကို ကြိုဆိုပါကြောင်း၊ ၎င်းတို့အနေဖြင့် တရား မျှတမှုဘက်တွင် အခိုင်အမာ ရပ်တည်၍ နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် တိုက်တွန်း ခဲ့သည်။ 

မကြာသေးမီက အမေရိကန်အရာရှိများသည် ဥရောပသမဂ္ဂ၊ ဂျပန်၊ ဗီယက်နမ်နှင့် အိန္ဒိယ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံ ၁၀ နိုင်ငံကျော်နှင့် ညှိနှိုင်းမှုများ ကြိုးပမ်းဆောင်ရွက်နေပြီး အဆိုပါနိုင်ငံများနှင့် သဘော တူညီချက်များ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သဘော တူညီချက် မရရှိသော နိုင်ငံများကိုလည်း အမေရိကန်က တစ်ဖက်သတ် ကုန်သွယ်ခွန်များ သတ်မှတ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထရမ့်အစိုးရအဖွဲ့သည် ယနေ့အထိ တရုတ်၊ ဗြိတိန်နိုင်ငံ တို့နှင့် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်အား အကန့်အသတ်ဖြင့် ရရှိထားပြီး အပြီးသတ် သဘောတူညီချက်များထက် အခြေခံသဘောတူညီချက် မူဘောင်အနေ ဖြင့်သာ ရရှိထားသည်။ 

ကိုးကား - Bangkok Post

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၉၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

စစ်ကိုင်းတိုင်း    ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၉၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၅၄ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၁၁၉၉၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“လက်ဖက်ကို စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ဟုမ္မလင်းမြို့နယ်က အများဆုံးစိုက်ကြပါတယ်။ မန္တလေးဈေးကွက်သို့ တင်ပို့တဲ့ လက်ဖက်က အရည်အသွေးလဲကောင်းပါတယ်။ လက်ဖက်က ဓာတုကင်းရှင်းလက်ဖက်ဖြစ်တဲ့အတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူတွေ ပူးပေါင်းပြီးတော့ လက်ဖက် အထွက်နှုန်းကောင်းအောင်လုပ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး အဆင့်မြင့်ထုပ်ပိုးမှုစနစ်တွေနဲ့ ဈေးကွက်အတွင်း ရောင်းချနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာမာဦး က ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်အလိုက် လက်ဖက်စိုက်ပျိုးပြီးစီးမှုအနေဖြင့် မော်လိုက်ခရိုင်တွင် ဧက ၂၉၀၊ ခန္တီးခရိုင်တွင် ၂၈၅ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၉၄၂၈ ဧက၊ နာဂဒေသတွင် ၉၄၄ ဧက၊ ကသာခရိုင်တွင် ၄၈၇ ဧကနှင့် ကောလင်းခရိုင်တွင် ၅၆၄ ဧက စုစုပေါင်း ၁၁၉၉၈ ဧကတို့ဖြစ်ကြောင်း သိရသည်။

လက်ဖက်ကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လက်ဖက်ကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာမာဦး က ပြောပြ၍ သိရသည်။

တရုတ်နှင့်အမေရိကန်တို့ ပို့ကုန်ထိန်းချုပ်မှုဖြေလျှော့ရေးသဘောတူ

တရုတ်နှင့်အမေရိကန်အစိုးရတို့အနေဖြင့် နှစ်နိုင်ငံကြား ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာသဘောတူညီချက်  ရရှိပြီဖြစ်ကြောင်းသိရသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက    သတ်မှတ်ထားသော ထိန်းချုပ်ပို့ကုန်များအတွက်    ပို့ကုန်လျှောက်လွှာများကို စစ်ဆေးခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း   တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။

အလားတူ အမေရိကန်နိုင်ငံကလည်း  အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များအနက် အချို့ကိုရုပ်သိမ်းပေးမည် ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ၎င်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးပေးလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၆ ရက်တွင်ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောထားခြင်းမရှိပေ။

တရုတ်နိုင်ငံမှ   ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က ဇွန်လ ၉ ရက် တွင် လန်ဒန်မြို့၌တွေ့ဆုံကာ နှစ်ရက်ကြာ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။      

Ref: SCMP

MWD Web Portal

ကျောက်ဆည်မြို့နယ် စင်းကွန်းကျေးရွာတွင်စိုက်ပျိုးထားသော ပဲတီစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ ဇွန်-၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ပဲ၊ ပြောင်း၊ ဝါ၊ နှမ်း၊ ကြက်သွန်၊ ငရုပ် စသည့်သီးနှံမျိုးစုံလည်း စိုက်ပျိုးကြကြောင်းနှင့် စင်းကွန်းကျေးရွာတွင် စိုက်ပျိုး ထားသော မိုးကြိုပဲတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

စင်းကွန်းကျေးရွာအုပ်စုသည် စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင်ပါဝင်ပြီး ပဲတီစိမ်းသီးနှံ (၇၅) ဧက စိုက်ပျိုးထားပြီး ဒါန်းတိုင်ကျေးရွာအုပ်စု (၅၀) ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ (၁၅၀) ဧက၊ ပေတောကြီး ကျေးရွာ အုပ်စု၌ (၁၇၅) ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ (၄၀) ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ (၂၀၇) ဧက စုစုပေါင်း (၆၉၇) ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံသည် စိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့်စိုက်ပျိုးပါက ရေသွင်း၊ရေထုတ် လိုအပ်သလို ပြုလုပ်နိုင်သဖြင့် အပင်ဖြစ်ထွန်းမှုနှင့် အသီးထွက်နှုန်းပိုမိုသေချာကြောင်း၊ ခူးဆွတ်ရာတွင်လည်း (၅) ရက်ခြား တစ်ကြိမ်ခူးဆွတ် ရပြီး ပဲတီစိမ်းတစ်ဧကတွင် အပင်အပြုအစုနှင့်ရာသီဥတုအပေါ်မူတည်၍ တင်း (၂၀) မှ (၃၂) တင်းအထိ ထွက် ရှိကြောင်း ပဲတီစိုက်တောင်သူ ဦးမြင့်ကျော်က ပြောပြသည်။

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71541