အမေရိကန်၏လက်ရှိ FBI အကြီးအကဲရာထူးဖြစ်သည့် ဒါရိုက်တာဖြစ်သူ Christopher Wray နေရာတွင် ထရန့်၏ သစ္စာရှိလူယုံတော် Kashyap ‘Kash’ Patel ကို အစားထိုးခန့်အပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က စနေနေ့ ညနေပိုင်းတွင် ကြေညာလိုက်ပါသည်။

“Kash က ထူးချွန်ထက်မြက်သည့် ဥပဒေအရာရှိ တစ်ဦးဖြစ်သကဲ့သို့ စစ်ဆေးရေးမှူးတစ်ဦးလည်း ဖြစ်ကြောင်း၊ ၎င်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စများတွင် တရားမျှတမှုအတွက် ခုခံကာကွယ်ပေး သည့် ကိစ္စများနှင့် အတွေ့အကြုံများ ရှိပြီးသားဖြစ်ကြောင်း၊ ယခုလည်း အမေရိကန်ပြည်သူများအတွက် ခုခံကာကွယ် ပေးနေသည့် သူတစ်ဦးဖြစ်ကြောင်း” ထရန့်က ပြောကြားလိုက်ပါသည်။
ကိုးကား - CNN

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ကနေဒါမှ တင်သွင်းလာမည့် ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့် Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။

အကောက်ခွန်နှုန်းတိုးမြှင့်လိုက်ခြင်းက အမေရိကန် နိုင်ငံ၏ မြောက်ပိုင်းအိမ်နီးချင်း ကနေဒါနိုင်ငံ၏ စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်ပြီး အမေရိကန် နိုင်ငံတွင်လည်း ရေနံသုံးစွဲသူများအကြား ရေနံဈေးနှုန်း ပိုတက်လာမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံရေးသမား များနှင့် စွမ်းအင်ပညာရှင်များက သတိပေးပြောကြား လိုက်သည်။
ကနေဒါနိုင်ငံသည် Trump နှင့် အဆိုပါကိစ္စရပ်အပေါ် ညှိနှိုင်းရန်လိုအပ်ကြောင်း စွမ်းအင်ပညာရှင် Dennis McConaghy က ပြောကြားခဲ့ပါသည်။
Trump သည် ယခင်က အလားတူ ခြိမ်းခြောက်မှုမျိုးကို ဗျူဟာအဖြစ် သုံးခဲ့ဖူးသည့်အတွက်ကြောင့် ယခု ခြိမ်းခြောက်မှုသည် လက်တွေ့တွင် အသက်ဝင်မည် လောကို အတိအကျ မသိရှိရပါ။
အဆိုပါ ခြိမ်းခြောက်မှုသည် Canada နှင့် Mexico တို့နှင့် ထိစပ်နေသည့် အမေရိကန်နယ်စပ်မှတစ်ဆင့် နိုင်ငံအတွင်းသို့ ဒုက္ခသည်များနှင့် မူးယစ်ဆေးများ တရားမဝင် ဝင်လာနေသရွေ့ အတည်ဖြစ်မည့်သဘောမျိုး Trump က အရိပ်အမြွက်ပြောကြားထားပါသည်။
Canada နိုင်ငံ၏ ကုန်သွယ်မှု ၈၀% မှာ အမေရိကန် နိုင်ငံနှင့်ဖြစ်ပြီး အများစုသည် ဟိုက်ဒရိုကာဗွန် ဓာတ်ငွေ့များ ဖြစ်ပါသည်။ သို့ပါ၍ အမေရိကန်နိုင်ငံ ကလည်း ကနေဒါမှ တင်သွင်းသည့် ရေနံအပေါ် မှီခို နေရသဖြင့် တိုးမြှင့်ကောက်ခံမည့် အကောက်ခွန်နှုန်း များထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ မပါဝင်သင့် ကြောင်း အမေရိကန် ရေနံစီးပွားရေးသမားများက သမ္မတထံ တောင်းဆိုနေကြပါသည်။
သို့သော် Trump သည် အခြားနိုင်ငံများ၏ ရေနံတင်သွင်းမှုအပေါ် အမေရိကန်နိုင်ငံက မှီခိုနေရခြင်းကို မနှစ်မြို့သူဖြစ်သောကြောင့် အဆိုပါကိစ္စရပ်အပေါ် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
ကိုးကား - BBC

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှုများ ပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၂ အဓိက ညွှန်ကြားရေးမှူးရုံး အကြီးအကဲဟောင်း ဗိုလ်မှူးကြီး ဗလာဒီမာ ဗာခို့ဗ်က TASS သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုးကား - TASS သတင်းဌာန

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။
၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။
ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ကိုးကား - Sputnik

နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံလေးဖြစ်သည့် မော်လဒိုက်သို့ လာရောက်လည်ပတ်ပါက ကုန်ကျမည့် စရိတ်ကို တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ မော်လဒိုက်မှ ထွက်ခွာမည့် လေယာဉ် စရိတ်များကို ယခင်ကထက် အများဆုံး လေးဆအထိ တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပြီး ရိုးရိုးတန်းကို ဒေါ်လာ ၃၀ မှ ဒေါ်လာ ၅၀ အထိလည်းကောင်း၊ အထူးတန်းကို ဒေါ်လာ ၆၀ မှ ဒေါ်လာ ၁၂၀ အထိလည်းကောင်း၊ ပထမတန်းကို ဒေါ်လာ ၉၀ မှ ဒေါ်လာ ၂၄၀ အထိ လည်းကောင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာမည် ဆိုပါက လိုက်ပါလာသူတစ်ဦးချင်းစီကို ဒေါ်လာ ၁၂၀ မှ ဒေါ်လာ ၄၈၀ အထိလည်းကောင်း တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ထိုဈေးနှုန်းသည် အသက်အရွယ် မရွေး၊ လာရောက်မည့် ခရီးအကွာအဝေးမရွေး၊ မော်လဒိုက် နိုင်ငံသားမဟုတ်သည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသူအားလုံးထံမှ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါတိုးမြှင့်ကောက်ခံရရှိသည့် အခွန်အခများကို ကမ္ဘာလှည့်ခရီးသွားများ တထောက်နားနေရာ မော်လဒိုက် နိုင်ငံ၏ ပင်မလေဆိပ်ဖြစ်သည့် Velana International Airport(MLE)၏ ပြင်ဆင်ထိန်းသိမ်းစရိတ်အဖြစ် လွှဲပြောင်း အသုံးပြုမည်ဖြစ်ကြောင်း မော်လဒိုက်ဘဏ္ဍာရေး အာဏာပိုင်က ကြေညာခဲ့ပါသည်။
မော်လဒိုက်သို့သွားရောက်မည့် အဆင့်မြင့်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် Beond ကလည်း မော်လဒိုက်သို့ သွားရောက်လိုသူ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် အဆိုပါတိုးမြှင့်လိုက်သည့် အခွန်အခကို ရှောင်ရှားနိုင်ရန် နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ဝယ်ယူကြရန် ကြေညာ ထားပါသည်။
အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းငယ်ပေါင်း ၁,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မော်လဒိုက်တွင် လူဦးရေ ၅၂၅,၀၀၀ ဦး ခန့်ရှိပါသည်။ နိုင်ငံသားအများစုသည် မြို့တော် Malé တွင်နေထိုင်ကြပါသည်။ မော်လဒိုက်နိုင်ငံတွင် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။
မော်လဒိုက်တွင် နိုင်ငံတကာဟိုတယ်လုပ်ငန်းစုများ ရှိပြီး Ritz Carlton၊ Six Senses ဟိုတယ် ၊ St Regis ဟိုတယ်တို့သည် နာမည်ကြီးဇိမ်ခံဟိုတယ်များဖြစ်ကာ အခန်း၊ ဗီလာများစွာရှိပြီး တစ်ညလျှင် ဒေါ်လာထောင်ပေါင်း များစွာ ကုန်ကျပါသည်။ အမေရိကန် နိုင်ငံခြားရေးဌာန အဆိုအရ မော်လဒိုက်ရှိ ဒေသခံပြည်သူတစ်ဦးလျှင် ဒေါ်လာ ၁၂,၀၀၀ ဝင်ငွေ ရရှိနေကြပါသည်။
ကိုးကား(CNN)

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။

အဆင့်(၁)နေရာတွင် ရှိသည့် အိုက်စလန်နိုင်ငံသည် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံနေရာတွင် ၂၀၀၈ ခုနှစ် ကတည်းကပင်(၁၇)နှစ်တိုင်အောင် ရပ်တည်နေသည့် နိုင်ငံဖြစ်ပါသည်။ အိုက်စလန်နိုင်ငံရှိ ပြည်သူများသည် ညဖက်၌ အေးချမ်းလုံခြုံစွာ အိပ်စက်အနားယူနိုင်ကြပြီး မည်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မျှ မရှိသော ထူးခြားသည့် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ် ပါသည်။ အိုက်စလန်နိုင်ငံတွင် လူဦးရေ ၃၉၀,၀၀၀ ဦး ခန့်နေထိုင်ပါသည်။
အဆင့်(၂)နေရာတွင် ရှိသည့် အိုင်ယာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံလည်းဖြစ် ပါသည်။ အလုံခြုံဆုံးနိုင်ငံဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးကို မြတ်နိုးသော နိုင်ငံလည်းဖြစ်ပါသည်။ လွတ်လပ်သော အနေအထားနှင့် ကြားနေစစ်တပ်တို့ဖြင့် ဖွဲ့စည်းထား ပါသည်။ အိုင်ယာလန်နိုင်ငံတွင် ၂၀၂၄ ခုနှစ် စစ်တမ်း အရ လူဦးရေ ၅.၂ သန်း ကျော်နေထိုင်ပါသည်။
အဆင့်(၃)နေရာတွင် ရှိသည့် ဩစတြီးယားနိုင်ငံသည် နိုင်ငံသားများအတွက် ဝင်ငွေ၊ အလုပ်အကိုင်၊ အိမ်ရာ စသည့် သုခချမ်းသာများ အမြင့်ဆုံး ရရှိပိုင်ဆိုင်နိုင်သော နိုင်ငံဖြစ်ပါသည်။ ဩစတြီးယားနိုင်ငံ၏ ကြားနေမူဝါဒ အရ EU နှင့် NATO တို့၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ ရပ်တည်နေပါသည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ(၁၀)နိုင်ငံကို ဖော်ပြလိုက်ပါသည်-
(၁) အိုက်စလန်
(၂) အိုင်ယာလန်
(၃) ဩစတြီးယား
(၄) နယူးဇီလန်
(၅) စင်ကာပူ
(၆) ဆွစ်ဇာလန်
(၇) ပေါ်တူဂီ
(၈) ဒိန်းမတ်
(၉) ဆလိုဗီးနီးယား
(၁၀) မလေးရှား။
ကိုးကား(Global Finance)

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင် နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။

လအတန်ကြာ ပြည်သူလူထုများအတွင်း အခြေအတင် ဆွေးနွေးမှု၊ ဝေဖန်မှုများရှိခဲ့သော ကမ္ဘာ့ပထမဆုံး Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်သည့် ဥပဒေအား ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြုလုပ် သည့် ဩစတြေးလျနိုင်ငံ ပါလီမန်က အတည်ပြုလိုက် ခြင်းဖြစ်သည်။
ထိုဥပဒေသစ်အရ နည်းပညာကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းရှိ ၁၆ နှစ် မပြည့်သေးသူများက လူမှု ကွန်ရက်ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း မပြုနိုင် စေရန် သင့်လျော်သည့် အစီအမံများ ကြိုတင်ဆောင် ရွက်ထားကြရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ ဩစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၂ သန်း) နီးပါး ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

ယခုနှစ်အတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၄၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၅၁၂ သို့ ကျဆင်းသွားသော်လည်း ယခုအပတ်မှစ၍ အဆိုပါဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၀၀ အထက်တွင် တည်ငြိမ်နေကြောင်း၊ ယင်း ဈေးနှုန်းမှ ဆက်လက်လျော့ကျနိုင်ဖွယ်မရှိဟု အချက်အလက်များအရ သိရှိရကြောင်း၊ ရုရှားဓာတ်ငွေ့ တင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာရခြင်းလည်းဖြစ်ကြောင်း၊ အခုအခါ ရုရှားပိုက်လိုင်း ဓာတ်ငွေ့အတွက် ငွေပေးချေမှုကိစ္စအဝဝကို ကိုင်တွယ် ဆောင်ရွ
ယခုနှစ်အတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၄၀ ကျော်အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၅၁၂ သို့ ကျဆင်းသွားသော်လည်း ယခုအပတ်မှစ၍ အဆိုပါဓာတ်ငွေ့ဈေးနှုန်းသည် ကုဗမီတာ ၁၀၀၀ လျှင် ဒေါ်လာ ၅၀၀ အထက်တွင် တည်ငြိမ်နေကြောင်း၊ ယင်း ဈေးနှုန်းမှ ဆက်လက်လျော့ကျနိုင်ဖွယ်မရှိဟု အချက်အလက်များအရ သိရှိရကြောင်း၊ ရုရှားဓာတ်ငွေ့ တင်ပို့မှုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာရခြင်းလည်းဖြစ်ကြောင်း၊ အခုအခါ ရုရှားပိုက်လိုင်း ဓာတ်ငွေ့အတွက် ငွေပေးချေမှုကိစ္စအဝဝကို ကိုင်တွယ် ဆောင်ရွက်နေသည့် Gazprombank ကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားကြောင်း၊ ရုရှားသမ္မတအမိန့် အရ မိတ်ဖက်နိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဓာတ်ငွေ့ပေးချေငွေကို ရူဘယ်ဖြင့်ပေးဆောင်ရမည့်အစီအစဉ်တစ်ရပ်ကို စတင် ခဲ့ကြောင်း၊ ယခင်က အမေရိကန်သည် Gazprombank ကို စွမ်းအင်ထုတ်ကုန်များနှင့်စပ်လျဉ်းသည့် ငွေပေးချေ မှုများကို ပိတ်ဆို့အရေးယူမှုစာရင်းမှ အကြိမ်ကြိမ် ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဖိအားပေး နည်းဗျူဟာအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း၊ ရုရှားက တင်ပို့နေသည့် တစ်ခုတည်းသော ဓာတ်ငွေ့ပိုက်လိုင်း Gazprom အနေဖြင့် ရူဘယ်ဖြင့် ငွေပေးချေမှုမရှိသူများကို ၂၀၂၂ ခုနှစ်က ဘူဂေရီးယားနိုင်ငံက ရင်ဆိုင်ခဲ့ရသကဲ့သို့ ဓာတ်ငွေ့ ပေးလွှတ်မှု အလိုလိုရပ်ဆိုင်းသွားလိမ့်မည် ဖြစ်ကြောင်း၊
အမျိုးသားစွမ်းအင်အင်စတီကျူမှ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် InfoTEK Analytical Center မှ ကျွမ်းကျင်သူ Alexander Frolov က ရုရှားဓာတ်ငွေ့ ကုန်သွယ်မှုမှာ ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း၊ စွမ်းအင် ထုတ်ကုန်များနှင့်ပတ်သက်၍ လုပ်ကိုင်သူများအနေဖြင့် ရုရှားဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လိုင်စင် များ ဆက်လက်ကိုင်ဆောင်ထားရန်ဖြစ်ကြောင်း၊ ရုရှား ဓာတ်ငွေ့ဝယ်ယူသူများအနေဖြင့် ယင်းအခြေအနေနှင့် ပတ်သက်၍ သဘောထားတောင်းခံရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် ဥရောပ ဈေးကွက်ကစားသူများအတွက် အခြေအနေသည် စိုးရိမ်စရာရှိသည်ဟု သတိပေးပြောကြားထားကြောင်း ရုရှားနိုင်ငံပိုင်သတင်းစာ Rossiyskaya Gazeta က ဖော်ပြထားသည်။
ကိုးကား - TASS

လာအိုနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် ရောက်ရှိစဉ် မက်သနောဓာတ်ငွေ့ရည် ပါဝင်သည်ဟု ယူဆရသော အဖျော်ယမကာ သောက်မိရာက အဆိပ်သင့်ခဲ့သူ နယူးဇီလန်နိုင်ငံသားသည် ယခုအခါ မိမိနေရပ်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အာဏာပိုင် အရာရှိများက အတည်ပြုပြောကြားလိုက်သည်။

အဆိုပါနယူးဇီလန်နိုင်ငံသား ခရီးသွားသည် မကြာသေးမီ က လာအိုနိုင်ငံတွင် မက်သနောပါဝင်သော အဖျော် ယမကာများ သောက်သုံးမိရာမှ အဆိပ်သင့်ခဲ့ကြသည့် သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ လာအိုနိုင်ငံ တွင် မက်သနောအဆိပ်သင့်၍ ဒိန်းမတ်နိုင်ငံသား ၂ ဦး၊ ဩစတေးလျနိုင်ငံသား ၂ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ သေဆုံးသွားပြီး ကမ္ဘာလှည့်ခရီးသည် အများ အပြား အဆိပ်သင့်ခဲ့ကြသည်။
အဆိုပါအဆိပ်သင့်မှုသေဆုံးမှုများနှင့်စပ်လျဉ်း၍ လာအို နိုင်ငံအာဏာပိုင်များက အကြောင်းအရင်းများကို စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။

နိုဝင်ဘာ ၁၉
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Wang Yilin အား များပြား လှသော လာဘ်ငွေများကို လက်ခံခဲ့သည် ဟူသော သံသယဖြင့် လူသိရှင်ကြား တရားစွဲဆိုမှု စတင် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
Wang ၏အမှုကို အမျိုးသားကြီးကြပ်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှုအပြီးတွင် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြူနီစပယ်ပြည်သူ့ရှေ့နေချုပ်ရုံးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

CNPC ထိပ်တန်းပါတီဝင်များအဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်ခဲ့ဖူးသည့် Wangသည် ရေနံကဏ္ဍတွင် ရာထူးအမျိုးမျိုးဖြင့် အာဏာအလွဲသုံးစားလုပ်ကာ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ အကျိုးအမြတ် ရယူခဲ့မှုဖြင့် ဩဂုတ်လနှောင်းပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
Source: chinadaily.com.cn