သတင်းများ

ဟန်ဂေရီအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုတ်သိမ်းနိုင်

သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်၌ ချမှတ်ထားသော ဟန်ဂေရီအပေါ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်ရန် အမေရိကန်က ကတိပြုထားသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဖုန်းပြောဆိုမှုအပြီးတွင် ဝါရှင်တန်သည် Budapest နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ကတိပြုထားကြောင်း Szijjarto က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်၎င်း၏ မူဝါဒများသည် အလွန်အရေးကြီးသောကိစ္စရပ်များတွင် ဟန်ဂေရီနှင့် ရပ်တည်ချက်တူညီကြသည့်အတွက် ဝမ်းမြောက်မိကြောင်း Szijjarto က ပြောကြားခဲ့သည်။

Biden ၏ မူဝါဒများအရ ဟန်ဂေရီနိုင်ငံအပေါ် ကန့်သတ်ချက်များစွာချမှတ်ခဲ့ပြီး နှစ်နိုင်ငံအခွန်သဘောတူညီချက်ကိုရပ်ဆိုင်းကာ ဟန်ဂေရီနိုင်ငံသားများအတွက် တင်းကျပ်သည့် ဝင်ခွင့်စည်းမျဉ်းများကိုလည်း ချမှတ်ခဲ့သည်။ Budapest က အဆိုပါ လုပ်ရပ်များသည် ရုရှားနှင့်တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး  အားနည်းစေရန် နိုင်ငံအား ဖိအားပေးရန်ကြိုးပမ်းမှုဟု မှတ်ယူသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်သည် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban ၏ ဝန်ထမ်းအကြီးအကဲ Antal Rogan ကို ဒဏ်ခတ်အရေးယူခဲ့သည်။ Szijjarto က Rubio နှင့် ၎င်း၏ စကားပြောဆိုမှုသည် အလွန် ကောင်းမွန်ကြောင်း ဖော်ပြခဲ့ပြီး ၎င်း၏ မျှော်လင့်ချက်မှာလာမည့်နှစ်များတွင် ဟန်ဂေရီ-အမေရိကန် နိုင်ငံရေးဆက်ဆံမှုတွင် ရွှေခေတ်သစ်ကို ယူဆောင်လာမည်ဟု မျှော်လင့်ပါကြောင်း ဆိုထားသည်။ ဟန်ဂေရီဝန်ကြီးချုပ် Orban က ရုရှားအပေါ် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားပြီး ၎င်းက EU နှင့် US ၏မူဝါဒများကိုပြောင်းလဲရန်နှင့် ရုရှားနှင့် ပိတ်ဆို့မှုကင်းသော ဆက်ဆံရေးထူထောင်ရန်ကိုလည်း အကြံပြုထားသည်။ 

ဟန်ဂေရီသံတမန်များသည် အီးယူဆွေးနွေးပွဲအတွင်း ကိယက်ဗ်သည် ရုရှားဓာတ်ငွေ့လုပ်ငန်းစုကြီး Gazprom နှင့် စာချုပ်သက်တမ်းမတိုးခဲ့ခြင်းကြောင့် EU ၏ စွမ်းအင်ကဏ္ဍပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် မော်စကို၏စစ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့နိုင်မှုအား ကန့်သတ်ရန်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ၁၅ ကြိမ် ချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ အစီအမံများကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ ခြောက်လတစ်ကြိမ် သက်တမ်းတိုးရန် တညီတညွတ်တည်း အတည်ပြုချက်လိုအပ်သည်။ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကျင်းပသည့် EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဟန်ဂေရီက ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် အချေအတင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား-RT

ဘယ်လာရုစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် Lukashenko ကို ဗလာဒီမာပူတင် ဂုဏ်ပြုပြောကြား

ဘယ်လာရုစ်သမ္မတရွေးကောက်ပွဲတွင် မဲ ၈၆.၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည့် လက်ရှိခေါင်းဆောင် Lukashenko ကို ရုရှားသမ္မတဗလာဒီမာပူတင်က ဂုဏ်ပြုစကား ပြောကြားလိုက်ပါသည်။

နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ပြည်ထောင်စုနိုင်ငံတော်ရှိ အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရေး အပြန်အလှန် ပူးပေါင်းမှုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားခေါင်းဆောင်က အလေးပေးပြောကြားထားပါသည်။

ကိုးကား-TASS

နေရပ်ပြန်များကို ပြန်လည်လက်မခံလျှင် အခွန်တိုးမည် ဟုဆိုခြင်းကြောင့် လက်ခံလိုက်ရ

ဒေါ်နယ်ထရမ့်သမ္မတဖြစ်သည့် ဇန်နဝါရီ ၂၀ ရက်နေ့ တွင်ပင် အမေရိကန်နိုင်ငံအတွင်းမှ အထောက်အထားမဲ့ ရွှေ့ပြောင်းများကိုနှင်ထုတ်ရန် သမ္မတလုပ်ပိုင်ခွင့်အား အသုံးပြုကာ လက်မှတ်ရေးထိုးခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်ကာ အမေရိကန်မြို့များရှိ အထောက်အထားမဲ့ရွှေ့ပြောင်းများကို လူဝင်မှုကြီးကြပ်ရေးကလိုက်လံဖမ်းဆီးပြီး လေယာဉ်ပေါ်တင်ကာ နေရပ်နိုင်ငံသို့ပြန်ပို့ခဲ့သည်။ သို့သော် မက္ကဆီကိုနှင့်ကိုလံဘီယာက ၎င်းတို့နိုင်ငံသားများကို ပြန်လည်လက်မခံဘဲ လေယာဉ်ကိုလည်း ဆင်းခွင့်မပြုခဲ့ပေ။

ထရမ့်အစိုးရအဖွဲ့က လူလက်မခံပါက ၂ နိုင်ငံ ကုန်သွယ်မှု၌ အမေရိကန်ဘက်မှ အခွန်တိုးကောက်မည်ဟု ကြိမ်းဝါးခဲ့သည်။ ယခင်က မက္ကဆီကိုနှင့် ကိုလံဘီယာ နိုင်ငံတို့မှ သွင်းကုန်များကို အမေရိကန်က ၂၅% ကောက်မည်ဟု ဆိုလိုက်ပါသည်။ အိမ်ဖြူတော်က ပထမဦးစွာကုန်သွယ်မှုအပေါ် အခွန်စည်းကြပ်မှု တိုးမြှင့်မည်။ ထို့နောက် စီးပွားရေးပိတ်ဆို့အရေးယူမှုစတင်မည်ဟု ကြေညာလိုက်ရာ ယခုတွင် မက္ကဆီကိုနှင့် ကိုလံဘီယာ ၂ နိုင်ငံစလုံးက အထောက် အထားမဲ့ ရွှေ့ပြောင်းလာသူများ ပြန်ပို့ခြင်းကို လက်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post

ယူကရိန်းက အီးယူနှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်မည်မဟုတ်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ်ပြော

ယူကရိန်းနိုင်ငံအနေဖြင့် အီးယူအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုသည် အောင်မြင်မှုမရှိဘဲ နေတိုးအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြောကြားလိုက်သည်။

နိုင်ငံရေးသမားအချို့၏  မကြာမီကပြောဆိုချက်များအရ ယူကရိန်းက အီးယူအဖွဲ့ဝင် နိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုသည် ပြဿနာအများအပြားနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပြီး ယူကရိန်းအစိုးရက နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုသည် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခ၏ အခြေခံအကြောင်းရင်းဖြစ်ကြောင်း ဖီကိုက ဇန်နဝါရီလ  ၂၅   ရက်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းက ရုရှားနှင့်  အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုအပေါ် ကန့်ကွက်နေခြင်းသည်   ပဋိပက္ခကို ပိုမိုကြာမြင့်စေကြောင်း  ဖီကိုက ပြောကြားထားပြီး ယူကရိန်းအစိုးရ၏ မူဝါဒများအပေါ် ၎င်းကပြစ်တင်ဝေဖန်ထားသည်။ ထို့ပြင် အနောက်နိုင်ငံများသည် ယူကရိန်းကိုအသုံးချ၍ ရုရှားနိုင်ငံအား အားနည်းစေရန်ကြိုးပမ်းလျက်ရှိသည်ဟု ၎င်းကစွပ်စွဲထားသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခတွင် ရုရှားက အရှုံးပေးမည်မဟုတ်ဘဲ နောက်ဆုံးတွင် ယူကရိန်းကသာ အနောက်နိုင်ငံများ၏ အလျှော့ပေးရေးဖိအားပေးမှုကြောင့် အရှုံးပေးရမည်ဖြစ်ကြောင်း ဖီကိုကဆက်လက်ပြောကြားသည်။                    

Source: Myawady Web Portal

စွဲချက်တင်ခံထားရသည့် တောင်ကိုရီးယားသမ္မတ ရာဇ၀တ်မှုဆိုင်ရာတရားစီရင်မှုကို ရင်ဆိုင်ရဖွယ်ရှိ

ဒီဇင်ဘာလတွင် ခေတ္တသာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးကျင့်သုံးမှုကိုကြေညာပြီး ပုန်ကန်မှုကိုဦးဆောင်ခဲ့သည် ဟူသောစွဲချက်နှင့် သမ္မတ Yoon Suk-yeol ကို တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးအရာရှိများက ဇန်နဝါရီ ၂၆ ရက်နေ့တွင် စွဲချက်တင်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးမှူးများ၏ ပူးပေါင်းအဖွဲ့တစ်ဖွဲ့က သမ္မတ ယွန်းဆော့ယိုးကို ထိန်းသိမ်းခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ဖမ်းဆီးခဲ့ပါသည်။ ၎င်းက စစ်ဆေးမေးမြန်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုနေပါသည်။ စုံစမ်းစစ်ဆေးရေးအရာရှိများ စွဲဆိုထားသောအမှုကို ဇန်နဝါရီ ၂၃ ရက်နေ့၌ တရားရုံးကို လွှဲပြောင်းပေးခဲ့သည်။ စုံစမ်းစစ်ဆေးရေးအရာရှိများက စုံစမ်းစစ်ဆေးမှုအခွင့်အာဏာအောက်၌ စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် ယွန်းဆော့ယိုးအား ဖမ်းဆီးမှုသက်တမ်းတိုးရန် တရားရုံးကို နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သော်လည်း တရားရုံးက အဆိုပါတောင်းဆိုချက် နှစ်ကြိမ်လုံးကို ပယ်ချခဲ့သည်။

ထို့နောက်တွင် စုံစမ်းစစ်ဆေးရေးအရာရှိများသည် ယွန်းဆော့ယိုးကို တိုက်ရိုက်မေးမြန်းခွင့်မရရှိဘဲ စွဲချက်တင်နိုင်ရေး ဆုံးဖြတ်ခဲ့ကြသည်။

စွဲချက်တင်ခံထားရပြီးဖြစ်သည့်အချိန်တွင် ကာကွယ်ရေးဝန်ကြီး Kim Yong-hyun အား စစ်ဆေးမေးမြန်းမှုများ အပေါ်အခြေခံပြီး ယွန်းဆော့ယိုးတွင် အပြစ်ရှိကြောင်း သက်သေပြနိုင်သည်ဟု ၎င်းတို့ကပြောကြားခဲ့ပါသည်။

ဤဖြစ်ရပ်သည် တောင်ကိုရီးယား၌ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦးကို ပထမဆုံးအကြိမ် စွဲချက်တင်လိုက်ခြင်းပင်ဖြစ်သည်။

တောင်ကိုရီးယားသမ္မတများသည် တာဝန်ထမ်းဆောင်စဉ်အတွင်း တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသော်လည်း ပုန်ကန်မှုမှာ သမ္မတများ ကင်းလွတ်ခွင့်မရှိသည့် ရာဇ၀တ်မှုအနည်းငယ်ထဲမှ တစ်ခုဖြစ်ပါသည်။

တောင်ကိုရီးယားဥပဒေအရ စုံစမ်းစစ်ဆေးရေး အရာရှိများသည် သမ္မတ ယွန်းဆော့ယိုးကို စွဲချက်တင်ပြီးနောက် ၆ လအထိ ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

သမ္မတ ယွန်းဆော့ယိုး၏ ရှေ့နေအဖွဲ့က ၎င်းအပေါ် စွဲဆိုချက်ကို အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး သမ္မတတစ်ဦး၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မည်သို့မျှပုန်ကန်မှုမဖြစ်နိုင်ဟု ဆိုကြပါသည်။ စစ်ဆေးမှုများ၏ တရားမဝင်မှုကို သက်သေထူရန် တရားရုံးတွင် တရားရင်ဆိုင်မည်ဖြစ်ကြောင်း ရှေ့နေအဖွဲ့ကဆိုပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတ ယွန်းဆော့ယိုးအပေါ် စွဲချက်တင်မှုသည် တရားဝင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် သီးခြားဆောင်ရွက်နေချိန်တွင် ရာဇ၀တ်မှု ဆိုင်ရာတရားရုံးက ရုံးတင်စစ်ဆေးမှု တစ်ခုပြုလုပ်မည်ဟု မျှော်လင့်ကြောင်းသိရှိရပါသည်။

ကိုးကား-NHK World

ဘောလ်တစ်ပင်လယ်သည် နေတိုးအဖွဲ့၏ ပိုင်ဆိုင်မှုမဟုတ်ဟု ရုရှားဆို

ဒေသတွင်း နေတိုးအဖွဲ့၏ လှုပ်ရှားမှုများ တိုးလာနေချိန်၌ ရုရှားနိုင်ငံသည် ဘောလ်တစ်ပင်လယ်တွင် ၎င်း၏အကျိုးစီးပွားကိုကာကွယ်ရန် လိုအပ်သည့် အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဆန်ကာဂရက်ရှ်ကို က ပြောကြားခဲ့သည်။ 

နေတိုးက Baltic Sentry မစ်ရှင်ပြုလုပ်မည်ဟု ဇန်နဝါရီလလယ်က ကြေညာခဲ့ပါသည်။ ယမန်နှစ်က ရေအောက်ကေဘယ်ကြိုးများ ပျက်စီးသွားပြီးနောက် နေတိုးက ဘောလ်တစ်ပင်လယ်ပြင်တွင် ကင်းလှည့်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် ဦးဆောင်သော စစ်ဘက်အစုအဖွဲ့က ဘောလ်တစ်ပင်လယ်ကို ၎င်းတို့၏ စိုးမိုးမှုပိုင်နက်အဖြစ် ပြောင်းလဲရန်အိပ်မက်သည် အကောင်အထည်ပေါ်မည်မဟုတ်ကြောင်းနှင့် ရုရှားက အဆိုပါလုပ်ရပ်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ဂရက်ရှ်ကို က ရုရှား 24 TV မှ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ပြောဆိုခဲ့ပါသည်။ 

ဘောလ်တစ်ပင်လယ်ဒေသရှိ ၎င်းတို့၏ အကျိုးစီးပွားများကို စိတ်ချယုံကြည်စွာ အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ ရုရှား၏ တိကျသော တန်ပြန်အရေးယူမှုများနှင့်ပတ်သက်၍ နေတိုးနှင့်ဒေသတွင်းရှိ ၎င်း၏ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏လုပ်ဆောင်ချက်များကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ 

ရုရှား၏ ခန့်မှန်းချက်အရ ဘောလ်တစ် ကင်းထောက်မစ်ရှင်တွင် ခန့်မှန်းခြေရေယာဉ် ၁၀ စီးနှင့် ဧရိယာအား ထိန်းချုပ်နိုင်မည်ဟုသိရှိရပြီး နေတိုးအဖွဲ့၏ ဘောလ်တစ်မစ်ရှင်ကို အနီးကပ်စောင့်ကြည့်သွားမည်ဟုဆိုပါသည်။ နေတိုးအဖွဲ့၏ နောက်ဆက်တွဲပြောဆိုမှုများကိုလည်း ဆက်လက်စောင့်ကြည့်မည်ဖြစ်ပြီး ဘောလ်တစ်ပင်လယ်သည် ပူးပေါင်းဆောင်ရွက်မှုပင်လယ်၊ အပြန်အလှန်ဖလှယ်ရေးပင်လယ်၊ ရာစုနှစ်များကြာအောင် ပြေးဆွဲခဲ့သည့် သင်္ဘောလမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်မှုပြုသည့်ပင်လယ်သာဖြစ်ရမည်ဟု ဂရက်ရှ်ကို ကအလေးပေးပြောကြားသွားပါသည်။ 

ရုရှားလုံခြုံရေးကောင်စီ၏ အကြီးအကဲဟောင်း နီကိုလေး ပါထရူရှေ့ဗ်က အနောက်နိုင်ငံများသည် ဘောလ်တစ်ပင်လယ်ကို ၎င်းတို့အပိုင်ပင်လယ် အဖြစ်ဆောင်ရွက်နေပြီး ဆွီဒင်နှင့်ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ပြီး ဘောလ်တစ်ကို ၎င်းတို့ပိုင်နက်ဖြစ်ရန်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါသည်။ 

ယူကရိန်းကို အမေရိကန် အထောက်အပံ့စတင်ရပ်စဲ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီမှု အားလုံးနီးပါးကို ရက် ၉၀ ကြာ ရပ်ဆိုင်းလိုက်ကြောင်း Politico သတင်းဌာန က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားသို့ ပေးပို့ နေသော အကူအညီအားလုံးကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရူဘီယိုသည် လက်ရှိနိုင်ငံရပ်ခြား အကူအညီအားလုံး နီးပါးအတွက် “ရပ်ဆိုင်းရန်အမိန့်” ထုတ်ပြန်ရန် သံတမန်နှင့်ကောင်စစ်ဝန်ရုံးများကို ညွှန်ကြားခဲ့သည်ဟု Politico က အဆိုပါဌာနမှထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော်ပြခဲ့သည်။

Politico ၏အဆိုအရ အဆိုပါအမိန့်သည် နိုင်ငံခြားရေး ဌာနတာဝန်ရှိသူများကို အံ့အားသင့်စေခဲ့ပြီး ၎င်း၏ လမ်းညွှန်ချက်ကို ရင်းနှီးသော လက်ရှိအရာရှိ ၃ ဦး နှင့် ယခင်အရာရှိနှစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ သတင်းဌာနကဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဌာန၏ မှတ်ချက်ကို ပြန်လည် သုံးသပ်ထားသည့် BBC သတင်းဌာန၏ သုံးသပ်ချက်မှာ ၎င်းသည် “ဖွံ့ဖြိုးရေးအကူအညီမှသည် စစ်ရေးအကူအညီအထိ အရာအားလုံးကို သက်ရောက်မှု ရှိပုံပေါ်သည်” ဟု ဖော်ပြခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်သည် အကူအညီများ ရပ်ဆိုင်းထားသော်လည်း ယူကရိန်းအတွက် လုံခြုံရေးအကူအညီကို ထိခိုက်စေမည်မဟုတ်ကြောင်း ယခင်က Voice of America အား ပြောကြားခဲ့သည်။

“ရန်ပုံငွေဆိုင်ရာ တာဝန်အသစ်များအားလုံးကို ခေတ္တရပ်ဆိုင်း၍ နိုင်ငံခြားရေးဌာနနှင့်အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့မှ ထောက်ပံ့ထားသည့် ရန်ပုံငွေကို နိုင်ငံခြားအကူအညီ အစီအစဉ်များအတွက် ပြန်လည်သုံးသပ်ရန်ဆိုင်းငံ့ထားသည်” ဟု ဂျာနယ်လစ် Ken Klippenstein က Rubio ၏ လမ်းညွှန်ချက်ကို ကိုးကား၍ဖော်ပြထားပါသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ၎င်း၏ သတ္တမမြောက်သမ္မတသက်တမ်းအတွက် ပြန်လည် အရွေးခံရ

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ၎င်း၏ သတ္တမမြောက် သမ္မတသက်တမ်းအတွက် ပြန်လည်အရွေးခံရကြောင်း ထွက်ပေါ်လာသောမဲရလဒ်များအရ သိရှိရပါသည်။

အနောက်နိုင်ငံများတွင် အာဏာရှင်တစ်ဦးအဖြစ် သရော်ထားသော်လည်း ဘယ်လာရုစ်သမ္မတက ၎င်း၏ ခေါင်းဆောင်မှုသည် နိုင်ငံအား တည်ငြိမ်မှုနှင့် လုံခြုံရေးကို ယူဆောင်လာသည်ဟု ပြောဆိုခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို သည် ၎င်း၏ ဆယ်စုနှစ်သုံးစု အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ငါးနှစ်သက်တမ်း သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ၏ ရွေးကောက်ပွဲအပြီးတွင် ထွက်ပေါက်လာသော စစ်တမ်းများက ဖော်ပြထားပါသည်။

ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော မဲဆန္ဒများအရ သမ္မတလူကာရှန်ကိုသည် အခြား ကိုယ်စားလှယ်လောင်းလေးဦးနှင့် ယှဉ်ပြိုင်ရာတွင် မဲရလဒ် ၈၇ ဒသမ ၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကောင်မရှင်သည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မဲရလဒ်များအား အတည်ပြုကြေညာပြီးနောက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို သည် ၂၀၃၀ ပြည့်နှစ်အထိ အာဏာဆက်ရှိနေမည်ကို သေချာစေမည်ဖြစ်ပါသည်။ ဘယ်လာရုစ်၏ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးနှင့် တစ်ဦးတည်းသော ခေါင်းဆောင်လူကာရှန်ကိုသည် နိုင်ငံကို ၁၉၉၄ ခုနှစ် ကတည်းက ဦးဆောင်ခဲ့ပြီး ခြောက်ကြိမ်ဆက်တိုက် သမ္မတရာထူးသက်တမ်း ကိုထမ်းဆောင်ခဲ့ပါသည်။

ကိုးကား - RT

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှု စတင်

ဘယ်လာရုစ်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၅,၃၀၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း၊ ဆန္ဒမဲပေးနိုင်သည့် ဘယ်လာရုစ် နိုင်ငံသား ၆.၉ သန်းခန့်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအချိန် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) အထိ မဲရုံများအား ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက် မဲမပေးနိုင်သည့် နိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ရက်အတွင်း ဆန္ဒမဲပေးနိုင်သော နိုင်ငံသား၏ ၄၁.၈၁ ရာခို

ဘယ်လာရုစ်နိုင်ငံသမ္မတရွေးကောက်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၅,၃၀၀ ကျော် ဖွင့်လှစ်ထားရှိကြောင်း၊ ဆန္ဒမဲပေးနိုင်သည့် ဘယ်လာရုစ် နိုင်ငံသား ၆.၉ သန်းခန့်ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအချိန် (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) အထိ မဲရုံများအား ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက် မဲမပေးနိုင်သည့် နိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ၅ ရက်အတွင်း ဆန္ဒမဲပေးနိုင်သော နိုင်ငံသား၏ ၄၁.၈၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က သတင်း ထုတ်ပြန် ခဲ့သည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူထက်ဝက်ကျော်ကထောက်ခံပါက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမည်ဖြစ်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ပြည်တွင်းမှ ၄၄,၀၀၀ ကျော်နှင့် နိုင်ငံတကာမှ ၅၀၀ ခန့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ် အား စောင့်ကြည့်လျက်ရှိသည်။

၁၉၉၄ ခုနှစ်ကတည်းက သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် လက်ရှိသမ္မတ Alexander Lukashenko အပါအဝင် ကိုယ်စားလှယ်လောင်း ၅ ဦးတို့ အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိပြီး အဆိုပါ ကိုယ်စားလှယ်လောင်း ၅ ဦးမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Oleg Gaidukevich၊ စွန့်ဦး တီထွင် စီးပွားရေးလုပ်ငန်းရှင် Anna Kanopatskaya၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပထမအတွင်းဝန် Sergey Syrankov နှင့် အလုပ်သမားနှင့် တရားမျှတမှုဆိုင်ရာ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် Alexander Khizhnyak တို့ ဖြစ်ကြပါသည်။

ကိုးကား -TASS

ယူကရိန်း ပဋိပက္ခတွင် ရုရှားသည် အားသာချက်များရှိပြီး ယူကရိန်းအနေဖြင့် နိုင်ပွဲမရနိုင်

ယူကရိန်းပဋိပက္ခတွင် ရုရှားသည် အားသာချက်များရှိပြီး ယူကရိန်းအနေဖြင့် နိုင်ပွဲမရနိုင်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Tommy Taberville က ဝန်ခံပြောကြားခဲ့ပါသည်။

ယူကရိန်းပဋိပက္ခတွင် ရုရှား၏ သိသာထင်ရှားသော အားသာချက်များရှိနေကြောင်းကို အမေရိကန် အထက်လွှတ်တော်အမတ် Tommy Taberville မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းတို့သည် ယူကရိန်းကို ငွေကြေးထောက်ပံ့ပေးထားသော်လည်း ယူကရိန်းတို့မနိုင်ဘဲ စစ်ပွဲမှာရှုံးနေကြောင်း လွှတ်တော်အမတ်က ပြောကြားခဲ့ပါသည်။

ကိုးကား - TASS

Photo: AP News