သတင်းများ

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းလူမျိုးများစွာနှင့် ဟားမတ်စ်လက်နက်ကိုင် ဒါဇင်များစွာ ဝိုင်းရံထားခဲ့သည့် ဓားစာခံလေးဦးကို ဂါဇာစီးတီးရှိ စင်မြင့်တစ်ခုပေါ် ပို့ဆောင်ပေးခဲ့သည်။ စင်မြင့်ထက်မှ သူတို့လေးဦးက ပြုံးပြကာ လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အိုင်စီအာစီယာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက် အစ္စရေးတပ်ဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။

ဂါဇာတွင် စစ်သမီးလေးဦးကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ၁၅ လကြာလာပြီဖြစ်သော ဂါဇာစစ်ပွဲ အဆုံးသတ်ရေးရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ပါလက်စတိုင်းအကျဉ်းသား ၂၀၀ နှင့် သူတို့လေးဦးကို အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာအစွန်ပိုင်းရှိ စောင့်ကြည့်ရေးစခန်းတစ်ခုတွင် တာဝန်ကျခဲ့သော အဆိုပါ အမျိုးသမီးစစ်သည်လေးဦးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဟားမတ်စ်တို့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

Ref: ဘန်ကောက်ပို့စ်

Source: Popular Myanmar

ပြည်ထောင်စုဘတ်ဂျက် ထောက်ပံ့ငွေနှင့် ချေးငွေများအားလုံး အမေရိကန်အစိုးရ ရပ်ဆိုင်း

အမေရိကန်အိမ်ဖြူတော်ရှိ ဘတ်ဂျက်ဌာနသည် ပြည်ထောင်စုဘတ်ဂျက်ထောက်ပံ့ငွေနှင့် ချေးငွေများအားလုံးကို ရပ်ဆိုင်းထားသည့်အမိန့်  ထုတ်ပြန်လိုက်ပြီးဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့က ပေးပို့လာသည့် ဌာနတွင်းစာချွန်လွှာအရ သိရှိရပါသည်။

ထိုရပ်ဆိုင်းလိုက်သည့်ထောက်ပံ့ငွေများတွင် လူမှုဖူလုံရေးစရိတ်နှင့် ဆေးဝါးအကူအညီထောက်ပံ့ခြင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးသည့်စရိတ်၊ အကူအညီများ မပါရှိပါကြောင်း စာချွန်လွှာတွင် ဖော်ပြထားပါသည်။

ထောက်ပံ့ငွေနှင့်ချေးငွေများ ရပ်ဆိုင်းသည့်အမိန့်မှာ ဇန်နဝါရီ ၂၈ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းဖြင့် အမေရိကန်အစိုးရအနေဖြင့်  အမေရိကန်ဒေါ်လာ ထရီလီယံ (ဘီလီယံတစ်ထောင်) ချီအောင် ကုန်ကျမှုလျော့နည်းသွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုဘဏ္ဍာထောက်ပံ့ငွေကို အမေရိကန်လွှတ်တော်က ခွင့်ပြုထားပြီးဖြစ်သော်လည်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ကာ ကန့်သတ် ထိန်းချုပ်လိုက်ခြင်းဖြစ်ပါသည်။ 

ပြည်ထောင်စုဘဏ္ဍာထောက်ပံ့ငွေနှင့် ချေးငွေထောက်ပံ့မှုများကို ဆိုင်းငံ့ခြင်းက လက်ရှိအမေရိကန်ပြည်ထောင်စုက ထောက်ပံ့ပေးနေသည့် အေဂျင်စီများနှင့် အစီအစဉ်များအားလုံးကို ပြန်လည်ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ ဦးစားပေးအစီအစဉ်များကိုသာ ဥပဒေနှင့်အညီ ရန်ပုံငွေခွဲဝေထောက်ပံ့သွားမည်ဖြစ်ကြောင်း   အမေရိကန်အိမ်ဖြူတော်၏ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ဌာနမှ ခေတ္တဒါရိုက်တာ Vaeth က ပြောကြားထားပါသည်။ 

ကိုးကား-CNN

ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းတို့ အိမ်ပြန်ခွင့်ရကြပြီ

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့် ကန့်သတ်ချက်များကို ဇန်နဝါရီ ၂၇ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးသည့်နောက် ပါလက်စတိုင်းတို့သည် ဂါဇာမြောက်ပိုင်းမှ ၎င်းတို့၏နေအိမ်များဆီသို့ ပြန်နေကြပြီဖြစ်သည်။

အရပ်သားအမျိုးသမီးတစ်ဦးအပါအဝင် နောက်ထပ် ဓားစာခံ ၃ ဦးကို ယခုလကုန်၌ ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်က ကြေညာပြီးသည့်နောက် အစ္စရေး၏ ယခုကဲ့သို့သော လုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပင်လယ်ကမ်းစပ်လမ်းတစ်လျှောက် မြောက်ဘက်သို့ခြေလျင်လျှောက်ကာ နေအိမ်များဆီ သို့ ပြန်နေကြသော လူစုလူဝေးကို ဝေဟင်မှ ရိုက်ကူးထားသည့်ပုံရိပ်များ၌ တွေ့ရပါသည်။

အစ္စရေးနှင့် ဟားမက်စ်တို့အကြား သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး ဟားမက်စ်က အမျိုးသမီး ဓားစာခံ ၇ ဦးကို လွှတ်ပေးခဲ့ကာ ပါလက်စတိုင်းအကျဉ်းသား ၂၉၀ ကို အစ္စရေးက လွှတ်ပေးခဲ့ပါသည်။

ဂါဇာကမ်းမြောင်၌နေထိုင်သူများကို ဂျော်ဒန်နှင့် အီဂျစ်တို့က ခေါ်ယူစေလိုခြင်းကို အရိပ်အမြွက်ပြသည့်မှတ်ချက်ကို အမေရိကန်သမ္မတ Donald Trump က ဇန်နဝါရီ ၂၅ ရက်နေ့ကပြောကြားခဲ့သည်။

အဆိုပါစိတ်ကူးကို ဂျော်ဒန်နှင့်အီဂျစ်တို့က ပယ်ချခဲ့ပြီး ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က “ဂျော်ဒန်သည် ဂျော်ဒန်နိုင်ငံသားများအတွက်ဖြစ်ပြီး ပါလက်စတိုင်းသည် ပါလက်စတိုင်းများအတွက်ဖြစ်ကြောင်း” ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများ ပြန်လည်ထွန်းကားရန် နှောင့်နှေးနေခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုများက အခြေခံအကြောင်းတရားများဖြစ်သည်ဟု အီဂျစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား-NHK World

TikTok ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း ဆုံးဖြတ်ချက်ချမည်ဟု ထရမ့်ဆို

Short Video Social Media Platform “TikTok” ကိစ္စနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၃၀ အတွင်း နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၅ ရက်တွင်ဆိုခဲ့သည်။ အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကိုရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ထရမ့်သည် ဇန်နဝါရီ ၂၅ ရက်တွင် သမ္မတ၏ အထူး လေယာဉ် “Air Force One” ပေါ်၌ သတင်းထောက်များနှင့်မိနစ် ၂၀ ဝန်းကျင် ဆွေးနွေးမှု လုပ်ဆောင်ခဲ့ သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရသိရသည်။ TikTok ၏ အနာဂတ်အကြောင်းဆွေးနွေးရာတွင် ထရမ့်က TikTok အားဝယ်ယူမည့် ဖြစ်နိုင်ခြေနှင့်စပ်လျဉ်း၍ လူအများအပြားက ၎င်းနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ၎င်းသည် လာမည့်ရက်ပေါင်း ၃၀ အတွင်း TikTok ၏ကံကြမ္မာအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချရန်လိုလားကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အ‌စ္စရေးအခြေအနေနှင့်စပ်လျဉ်း၍ ထရမ့် က ဇန်နဝါရီ ၂၅ ရက်တွင် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် အီဂျစ်သမ္မတ Abdel-Fattah al-Sisiနှင့်လည်း ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးသွားမည်ဟု ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသအား “ရှင်းလင်းရန်” မျှော်မှန်းချက်လည်း ထရမ့်ကအဆိုပြုခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှလာသော ပါလက်စတိုင်းများအား အီဂျစ်နှင့်ဂျော်ဒန်နိုင်ငံက လက်ခံနေရာချထားပေးရန် မျှော်လင့်ကြောင်း၊ ထိုကဲ့သို့နေရာချထားမှုသည် ယာယီဖြစ်နိုင်သကဲ့သို့ ရေရှည်လည်းဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးထံ ပေါင် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀ ခန့်) ဗုံးများ ထောက်ပံ့ခြင်းအပေါ် ဘိုင်ဒန်အစိုးရ၏ ကန့်သတ်ချက်အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။ ကန့်သတ်ချက်အမိန့်အား ရုတ်သိမ်းသည့်အကြောင်းရင်းမှာ “အစ္စရေးက အဆိုပါ လက်နက်များကို ဝယ်ယူပြီးပြီဖြစ်ကြောင်း” ထရမ့်ကဆိုသည်။

ဂရင်းလန်းကျွန်းပြဿနာနှင့်စပ်လျဉ်း၍ ထရမ့်က ဒိန်းမတ်ဘက်မှ ကန့်ကွက်နေသော်လည်း အမေရိကန်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ပိုင်ခွင့်ကို ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား-Myanmar National Post

ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

ဆားဘီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Novi Sad တွင် မကြာသေးမီက ပြန်လည်မွမ်းမံထားသော ရထားဘူတာရုံတစ်ခု၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က မငြိမ်မသက်ဖြစ်မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှစတင်ကာ ကျောင်းသားဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဆားဘီးယားနိုင်ငံ၌ လူ ၁၅ ဦး သေဆုံး ခဲ့ပါသည်။

အစိုးရသည် အရာရှိများနှင့် ကန်ထရိုက်တာများကို စုံစမ်းမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းနှင့် စွဲချက်တင်ခြင်းများကို စတင်ခဲ့သော်လည်း အတိုက်အခံများက ပေါ့ဆမှုနှင့် အကျင့်ပျက်ခြစားမှုအခြေအနေများကိုစွပ်စွဲကာ မြို့ကြီးများတွင် ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။

ဆားဘီးယား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် လူ့အဖွဲ့အစည်းအတွင်း ဆန္ဒပြမှုများနှင့် သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရှိရပါသည်။

ကိုးကား - SputnikInt

ဥရောပသမဂ္ဂ၏ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုကို နောက်ထပ် ၆ လ သက်တမ်းတိုး

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် သဘောတူညီခဲ့ ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့မှ TASS သို့ ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အဆိုပါပိတ်ဆို့အရေးယူမှုကို ထပ်မံသက်တမ်းတိုးလိုက်ကြပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် ကိုယ်စားလှယ် Kaja Kallas က နောက်ပိုင်းတွင် ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားပါသည်။

ဟန်ဂေရီသည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် မဲခွဲမဆုံးဖြတ်မီ ဥရောပသမဂ္ဂထံမှ တောင်းဆိုထားသည့် စွမ်းအင်လုံခြုံရေးဆိုင်ရာအာမခံချက်ကို ရရှိထားပြီးဖြစ်သော်လည်း ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအား သက်တမ်းတိုးရန်ဆုံးဖြတ်ချက်ကို ဟန်ဂေရီက ပိတ်ပင်ခဲ့ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောကြားထားပါသည်။

ကိုးကား-TASS

Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည့် အစီအစဉ် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

ဇန်နဝါရီ ၂၇ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Iron Dome အမျိုးသားဒုံးကျည်ကာကွယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါသည်။ 

ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုသည့် ဇန်နဝါရီ ၂၀ ရက်က မိန့်ခွန်းပြောကြားရာတွင် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ 

ယခု ဒုံးကျည်ကာကွယ်ရေးစနစ်အမိန့်ကို ထရမ့်က ဖလော်ရီဒါမှ မေရီလန်းသို့ သွားရောက်သည့် Air Force One လေယာဉ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပါသည်။ 

အိန္ဒိယကြီးချုပ် မိုဒီ ဖေဖော်ဝါရီလတွင် အမေရိကန်သို့ သွားရောက်မည်

ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအကြာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ဖွယ်ရှိပြီး အမေရိကန်သည် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရက အမေရိကန်ခရီးစဉ်ကို တရားဝင်အတည်မပြုသေးသော်လည်း ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှုအတွင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

“မိုဒီသည် လာမည့် ဖေဖော်ဝါရီလတွင် အိမ်ဖြူတော်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အိန္ဒိယနှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိပါကြောင်း” ဇန်နဝါရီ ၂၇ ရက်နေ့က ဖလော်ရီဒါပြည်နယ်မှ Joint Base Andrews သို့ သွားသည့်ခရီးစဉ်၌ Trump က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

သတင်းထောက်များက ထရမ့်အား မိုဒီအနေဖြင့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်ခေါ်ဆောင်ရန် သဘောတူညီမှု ရှိ/မရှိ မေးမြန်းရာတွင် ထရမ့်က မိုဒီသည်အမှန်တရားကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ဆွေးနွေးနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ကိုးကား-The Indian Express

EU က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ သက်တမ်းတိုး

ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း သဘောတူညီခဲ့ကြပြီး EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။

ဟန်ဂေရီသည် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု လေးပုံသုံးပုံခန့်ကို ရုရှားအပေါ်မှီခိုနေရပြီး ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများ သက်တမ်းတိုးခြင်းအား ကန့်ကွက်မည်ဟု ပြောဆိုထားခဲ့သည်။

ထို့အတူ ဆလိုဗက်ကီးယားသည်လည်း ၎င်း၏ဝယ်လိုအား ၆၀% ခန့်ကိုပြည့်မှီရန် ရုရှား၏ဓာတ်ငွေ့တင်ပို့မှုအပေါ် မှီခိုနေရပြီး ကိယက်ဗ်၏ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့မှုအပြီးတွင် ၎င်းတို့အနေဖြင့် ထောက်ပံ့မှုများ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်းပြောဆိုထားခဲ့သည်။

Orban နှင့် Fico တို့သည် ယူကရိန်းစစ်မြေပြင်တွင် ရုရှားကိုအနိုင်ယူ၍မရနိုင်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ကြကာ ကိယက်ဗ်အား အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီသည် သွေးထွက်သံယိုမှုကိုသာ တာရှည်စေမည်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုသည် ရုရှားကို ထိခိုက်သည်ထက် ဥရောပစီးပွားရေးကို ပိုမိုထိခိုက်စေသည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက အခိုင်အမာပြောဆိုခဲ့ကြသည်။ 

ကိုးကား-RT

အစ္စရေးကို အကြီးစားဗုံးများပေးပို့မှု ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ခွင့်ပြု

အကြီးစားဗုံးများ အစ္စရေးသို့ပေးပို့ခြင်းနှင့်ပတ်သက်၍ ယခင်သမ္မတ ဂျိုးဘိုင်ဒင် ပိတ်ပင်ထားသည့် အမိန့်ကို ဖယ်ရှားရန်အမိန့်ပေးလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၆ ရက်နေ့က အနောက်ပိုင်း နီဗားဒါးပြည်နယ်မှ ဖလော်ရီဒါခရီးစဉ်တွင် ထရမ့်က သတင်းထောက်များ၏ မေးခွန်းများအား ပြန်လည်ဖြေကြားစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂါဇာ၌ အရပ်သားသေဆုံးမှုများ တိုးလာနေသည့်အကြား အဆိုပါဒေသမှ လူနေထူထပ်သော ဧရိယာများတွင် အကြီးစားဗုံးများအသုံးပြုမှုအပေါ် စိုးရိမ်မှုများကြောင့် အကြီးစားဗုံးများ အစ္စရေးသို့ တင်ပို့ရောင်းချခြင်းအား ယခင်နှစ် မေလတွင် ဘိုင်ဒင်က ရပ်ဆိုင်းခဲ့သည် ဟု ABC ရုပ်မြင်သံကြားနှင့် အခြားသတင်းရင်းမြစ်များ ကဆိုပါသည်။

ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထရမ့်သည် အစ္စရေးက မှာကြားငွေပေးချေခဲ့ပြီး ဘိုင်ဒင်က မပေးပို့သေးသည့်အရာများအား ယခုအခါတွင် ပေးပို့ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း လူမှုကွန်ယက်မီဒီယာတွင် ရေးသားခဲ့ပါသည်။

အမေရိကတွင် ဆိုင်းငံ့ထားသော MK-84 ဗုံးအလုံးရေ ၁,၈၀၀ အား လာမည့်ရက်များ၌ အစ္စရေးသို့ ပို့ဆောင်မည်ဖြစ်သည်ဟု အမေရိကန်သတင်းဝက်ဆိုက် Axios က ဖော်ပြခဲ့ပါသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတသည် ဂျော်ဒန်ဘုရင် Abdullah နှင့် တယ်လီဖုန်းပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။

Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုမှုအတွင်း ထရမ့် က အလွန်ရှုပ်ထွေးသောနေရာဟု ၎င်းကရည်ညွှန်းခဲ့သည့် ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူများအား ပိုမိုလက်ခံရန် ဂျော်ဒန်နိုင်ငံကို ၎င်းကတောင်းဆိုခဲ့ကြောင်း ပြောခဲ့ပါသည်။

အီဂျစ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသမှ ဒုက္ခသည်များကို နေရာပေးစေလိုကြောင်း ထရမ့်ကပြောခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် အီဂျစ်သမ္မတ Abdel Fattah el-Sisi နှင့် တယ်လီဖုန်းဆက်သွယ် စကားပြောမည်ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

ထရမ့်က ဂါဇာကမ်းမြောင်ဒေသသည် ရာစုနှစ်များစွာ ပဋိပက္ခအမြောက်အမြားကို ကြံ့ကြံ့ခံရင်ဆိုင်နေရကြောင်းပြောဆိုခဲ့ပြီး ဂါဇာကို လူအများအပြားသေကြေပျက်စီးရသည့် နေရာတစ်ခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါသည်။

ထရမ့်အနေဖြင့် အာရပ်နိုင်ငံအချို့နှင့် လက်တွဲရန် ဆန္ဒရှိနေပြီး ဂါဇာဒုက္ခသည်များ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မည်ဟု ၎င်းယူဆသည့် အခြားနေရာတစ်ခု၌ အိမ်ရာများ ဆောက်လုပ်လိုကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါအိမ်ရာများသည် ယာယီ/ ရေရှည် ဖြစ်နိုင်ခြင်းနှင့်ဆက်စပ်သော မေးခွန်းကို ထရမ့်က နှစ်မျိုးလုံးဖြစ်နိုင်သည်ဟု ဖြေကြားခဲ့ပါသည်။