သတင်းများ

အာမေးနီးယားနိုင်ငံဘက်မှ အစပြု၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာမေးနီးယန်း ဝန်ကြီးချုပ် Nikol Pashinyan တို့အကြား တယ်လီဖုန်း စကားပြောဆိုမှု ပြုလုပ်

နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော Supreme Eurasian Economic Council အစည်းအဝေးတွင် ဆွေးနွေးခဲ့သော စွမ်းအင်ကဏ္ဍတွင် အဓိကအားဖြင့် ပိုမိုနက်ရှိုင်းသော ပေါင်းစည်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလက်ရှိကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ အာမေးနီးယားစီးပွားရေးအတွက် Eurasian Economic Union အပါအဝင် ပူးပေါင်းလုပ်ဆောင်ခြင်းမှ သိသာထင်ရှားသော လက်တွေ့ကျသည့် အကျိုးကျေးဇူးများရှိကြောင်း သိရှိရပါသည်။ 

အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Nikol Pashinyan သည် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးအခြေအနေတွင် အာမေးနီးယားနိုင်ငံ၏ မကြာသေးမီက ခြေလှမ်းများနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သက်ဆိုင်ရာမှတ်ချက်များနှင့် အကဲဖြတ်ချက်များကိုပေးခဲ့ကြောင်း သိရှိရပါသည်။ 

ကိုးကား - kremlin.ru

Photo: armenpress.am

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ Masoud Pezeshkian တို့ ကရင်မလင်နန်းတော်၌ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့

သမ္မတပူတင်က အီရန်သမ္မတ၏ ခရီးစဉ်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးကို ဆွေးနွေးခွင့်ရရုံသာမကဘဲ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ရုရှားနှင့်အီရန်တို့အကြား အဓိကအခြေခံသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည့်အတွက် အထူးအရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ 

မိမိတို့အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်နေခဲ့ရပြီး ဤလုပ်ငန်းပြီးမြောက်ခဲ့သည့်အတွက် အလွန်ဝမ်းသာပါကြောင်း၊ မိမိတို့၏ အပြန်အလှန်ဆက်သွယ်မှုနယ်ပယ်အားလုံးနီးပါးအတွက် ထပ်လောင်း တွန်းအားများပေးရန် အခွင့်အရေးပေးသောကြောင့် ၎င်းသည် အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ခြုံငုံကြည့်ပါက လက်ရှိအရှိန်အဟုန်သည် အတော်အတန် လက်ခံနိုင်သည်ဟု မိမိထင်မြင်မိပါကြောင်း၊ ပြီးခဲ့သောနှစ် ပထမ ၁၀ လတွင် ၎င်းတို့၏ ကုန်သွယ်မှု တန်ဖိုးသည် ၁၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။

မိမိတို့သည် နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ပရောဂျက်များအပါအဝင် ကျွန်ုပ်တို့၏ အဓိကပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေပါကြောင်း၊ မိမိတို့သည် စွမ်းအင်ကဏ္ဍတွင် အခြားဖြစ်နိုင်ချေရှိသော ပရောဂျက်များရှိပြီး ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အလားအလာ ကောင်းများရှိပါကြောင်း၊ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုနယ်ပယ်တွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မှတ်သားစေလိုပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးနယ်ပယ်တွင်လည်း တိုးတက်လာပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ သိသာထင်ရှားသည့် တိုးတက်မှုများရှိနေပါကြောင်း၊ ယခုနှစ် ဇွန်လတွင် ကျင်းပမည့် အီရန်ရှိ ရုရှားယဉ်ကျေးမှုနေ့အတွက် ပြင်ဆင်နေပါကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအစီအစဉ်နှင့်ပတ်သက်သည့် မိမိတို့၏  ဆွေးနွေးညှိနှိုင်းမှုများက ကမ္ဘာတစ်ခုလုံးနှင့် ဒေသတွင်းတွင် လိုအပ်ချက်ကြီးကြီးမားမားရှိနေခြင်းဖြစ်ကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။

ထို့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီထံ ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အီရန်-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွင် လုပ်ဆောင်သမျှသည် အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီ၏ ကိုယ်ရေးကိုယ်တာ ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း မိမိတို့ ကောင်းစွာ သိရှိထားပါကြောင်း၊ ထို့အတွက် ၎င်းကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - MOFA Russia

အစ္စရေးနှင့်ဟားမက်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်ခြင်းအပေါ် ကြိုဆိုဟု တရုတ်နှင့်အိန္ဒိယပြော

အစ္စရေးနှင့်ပါလက်စတိုင်းမှ ဟားမက်အဖွဲ့တို့ကြား     အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချမှတ်နိုင်ခြင်းအပေါ် ကြိုဆိုကြောင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ယခုချမှတ်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ထိရောက်စွာ ဖော်ဆောင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ကြား ပြည့်စုံကျယ်ပြန့်သည့်   အမြဲတမ်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ထပ်မံချမှတ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကော့ကျာကွမ်က ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားသည်။

အလားတူပင် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက် ထုတ်ပြန်နိုင်ခြင်းအပေါ် အိန္ဒိယနိုင်ငံက ကြိုဆိုကြောင်း၊  ယခုကဲ့သို့ သဘောတူညီချက်ချမှတ်နိုင်ခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ  ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို ဘေးကင်းစွာထောက်ပံ့ပေးနိုင်မည်ဟုအိန္ဒိယအစိုးရကမျှော်လင့်ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ဓားစာခံများအားပြန်လွှတ်ပေးရန်၊ နှစ်ဦးနှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရန်နှင့် သံတမန်နည်းလမ်းအရတွေ့ဆုံဆွေးနွေးကြရန်    အစဉ်အမြဲတိုက်တွန်းခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနှင့် ဟားမက်တို့ကြား   အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက်ကို ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံတို့၏ ကြားဝင်ဖျန်ဖြေမှုဖြင့် ဇန်နဝါရီလ ၁၅ ရက်တွင် ချမှတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီချက်သည် ဇန်နဝါရီလ ၁၉ ရက်မှစတင်အသက်ဝင်လာမည်ဖြစ်သည်။

သဘောတူညီချက်အရ    အစ္စရေးအနေဖြင့်   ၎င်းတို့၏တပ်များကို လူနေထူထပ်သည့်ဒေသများမှ    ဂါဇာဒေသ၏ ဆင်ခြေဖုံးသို့  ဆုတ်ခွာမည်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများတင် ဆောင်ထားသည့် ကုန်တင်ယာဉ် အစီးပေါင်း ၆၀၀ ခန့်ကို    နေ့စဉ် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

Source: Myawady Web Portal

ဘူဂေးရီးယားတွင်  ညွန့်ပေါင်းအစိုးရအဖွဲ့  ဖွဲ့စည်း

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က  ဘူဂေးရီးယားနိုင်ငံ အမျိုးသားညီလာခံသည် Rosen Zhelyazkov  ဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ကို အတည်ပြုလိုက်ပြီ ဖြစ်ပါသည်။ ထိုညွန့်ပေါင်းအစိုးရအဖွဲ့ကို ဘူဂေးရီးယား ပါလီမန်ရွေးကောက်ပွဲများအပြီး နှစ်လကျော်အကြာတွင် အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။ 

လက်ရှိနိုင်ငံတော်တာဝန်ယူထားသည့် Dimitar Glavchev ဦးဆောင်သော အိမ်စောင့်အစိုးရအဖွဲ့ကို အစားထိုးမည့် ယခုအစိုးရသစ်အဖွဲ့ကို ပါလီမန်ရှိ အဖွဲ့ဝင် ၂၄၀ အနက် ၁၂၅ ဦးက ထောက်ခံလိုက်ခြင်းဖြစ်သည်။ 

Rosen Zhelyazkovသည် ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဥပဒေမဟာဘွဲ့ရရှိထားသူဖြစ်ကာ အမျိုးသား ညီလာခံဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးနှင့် ဝန်ကြီးများကောင်စီ အထွေထွေအတွင်းရေးမှူး တာဝန် များကို ထမ်းဆောင်ခဲ့သည်။ 

ဘူဂေးရီးယားနိုင်ငံသည်  နိုင်ငံရေးအကျပ်အတည်းကို အချိန်ကာလကြာမြင့်စွာ ကြုံတွေ့ခဲ့ရကြောင်း၊ နိုင်ငံရေး အင်အားစုများအကြား မိမိတို့အယူအဆနှင့် နိုင်ငံရေး ကွဲလွဲမှုများကို ဘေးဖယ်ကာ သဘောတူညီမှုရရှိခဲ့သည့်အတွက် စည်းလုံးညီညွတ်မှုရှိသည့်  မဟာမိတ်အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း  Zhelyazkov  က ဇန်နဝါရီ ၁၆ ရက်နေ့တွင် ၎င်း၏အစိုးရအဖွဲ့ထံ တင်ပြရာ၌  ပြောကြားခဲ့သည်။ 

မိမိအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လုပ်သားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ခိုင်မာအားကောင်းသည့်အဖွဲ့အစည်းများ အားပေးထောက်ခံရေး၊ ပြည်သူများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေးတို့အတွက် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မာသော ပြည်သူ့ဘဏ္ဍာငွေစနစ် ဖြစ်လာစေရေး၊ ပြည်သူများ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ထိရောက်စွာ စီမံခန့်ခွဲရေး၊ သုတေသနလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် တိုးတက်လာစေရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက  ပြောကြားခဲ့ပါသည်။ 

ဘူဂေးရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သော်လည်း အစိုးရသစ်ဖွဲ့ရန် ပျက်ကွက်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ဆိုင်းမဆင့်ဗုံမဆင့် ပါလီမန်ရွေးကောက်ပွဲ ကျင်းပခဲ့ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင်မှ  ညွန့်ပေါင်းအစိုးရအဖွဲ့  ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ 

ကိုးကား - ဆင်ဟွာ 

ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တရုတ် ဒုတိယ သမ္မတ တက်ရောက်မည်

အမေရိကန်နိုင်ငံ၏ဖိတ်ကြားချက်အရ  တရုတ် သမ္မတ ရှီကျင့်ဖျင် ကိုယ်စား ဒုတိယသမ္မတ ဟန်ဇန်သည်  ဇန်နဝါရီ ၂၀ တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု၏ သမ္မတကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦး နှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများနှင့်အညီ ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်အစိုးရသစ်နှင့်လည်း အပြန်အလှန် ဆွေးနွေးမှုများလုပ်ဆောင်သွားလိုပြီး နှစ်နိုင်ငံအကြား  သဘောထားကွဲလွဲမှုများအတွက် အတူတကွအဖြေရှာကာ နှစ်ဖက်အပြန်အလှန် အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့် ဆက်ဆံရေးမျိုးကို တည်ဆောက်သွားလိုကြောင်း  ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 

ကိုးကား-ဆင်ဟွာ

Photo: NBC News

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းတို့အကြား တယ်လီဖုန်းပြောဆိုမှုကို အတည်ပြု

ထရမ့်နှင့် ရှီတို့၏ အဆိုပါစကားပြောဆိုမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံအတွက် အလွန်ကောင်းမွန်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။ ဆွေးနွေးချက်များထဲတွင် တရုတ်နိုင်ငံ၏ TikTok application နှင့် ကုန်သွယ်မှုပိုင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့် တို့သည် ယူကရိန်းအကျပ်အတည်းနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတို့ကို ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် အဓိကကိစ္စရပ်များအတွက် ပုံမှန် အဆက်အသွယ်များပြုလုပ်ရန် မဟာဗျူဟာကျသော ဆက်သွယ်ရေးလမ်းကြောင်းကို ထူထောင်ရန် သဘောတူညီခဲ့ကြကြောင်း China Central Television က ဖော်ပြထားပါသည်။

တွေ့ဆုံပွဲအပြီးတွင် အမေရိကန် ရွေးကောက်ခံသမ္မတက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ ၎င်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RIA Novosti

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တို့သည် တယ်လီဖုန်းဖြင့် စကားပြောဆိုမှု ပြုလုပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်နေ့က အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြထားပါသည်။ 

စေ့စပ်ညှိနှိုင်းမှု အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိကြောင်း သိရှိရပါသည်။

ကိုးကား- ဆင်ဟွာ

ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သည့် ဂျာမနီကို အိန္ဒိယတရားဝင်သတိပေး

ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သည့် ဂျာမနီအစိုးရကို အိန္ဒိယက မတ်လ၂၃ ရက်တွင် တရားဝင် ကန့်ကွက်သတိပေးလိုက်ကြောင်းသိရသည်။

အိန္ဒိယအစိုးရက အာဏာရ BJP ပါတီကို နှုတ်အားဖြင့်ဝေဖန်သည့် နယူးဒေလီဝန်ကြီးချုပ်အာဗင်းကက်ရီဝယ်ကို မတ်လ၂၁ ရက်တွင်ဖမ်းဆီးပြီးနောက် ဂျာမနီအစိုးရ၏မှတ်ချက်ပြုပြောဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

အာဗင်းကက်ရီဝယ်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွတ်လပ်စွာတရားစီရင်မှုနှင့် အခြေခံဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့်   စံချိန်စံနှုန်းများရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ၂၂ ရက်တွင် ထုတ်ပြန်သည်။

ဒီလိုမျိုးမှတ်ချက်ပြုပြောဆိုမှုတွေဟာ မိမိတို့နိုင်ငံရဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကို ဝင်ရောက်စွက် ဖက်ရာရောက်တဲ့အပြင် လွတ်လပ်စွာ တရားစီရင်မှုကိုလည်း လျော့ပါးစေပါတယ်ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက မတ်လ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

BJP ပါတီခေါင်းဆောင် ကက်ရီဝယ်သည် လာဘ်ပေးလာဘ်ယူမှုများ ပြုနေသည် ဟူသော စွဲဆိုချက်ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရခြင်း ဖြစ်သည်။

သို့သော် ထိုသို့ဖမ်းဆီးမှုသည် ပူးပေါင်းကြံစည်မှုသာဖြစ်ကြောင်း၊ စွဲဆိုခံထားရသကဲ့သို့ မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ကက်ရီဝယ်က ပြောထားသည်ဟုသိရသည်။                                                      

  Ref: RT

ဂျိုးဘိုင်ဒင်က သမ္မတသစ်အဖြစ် တက်ရောက်လာမည့် ထရမ့်အတွက် ပြဿနာများ ဖန်တီးဟု လက်ရော့ပြော

မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတသစ်အဖြစ် တက်ရောက်လာမည့် ဒေါ်နယ်ထရမ့်အတွက်   ရင်ဆိုင်ဖြေရှင်းစေရန် ပြဿနာများ ဖန်တီးလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး  ဆာဂျီလက်ရော့က ပြောသည်။

အမေရိကန်အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရုရှားစွမ်းအင်ကဏ္ဍ အပေါ်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၁၄  ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက မေးမြန်းရာတွင် လက်ရော့က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ အမေရိကန်၏အဆိုပါပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ အဓိကရေနံကုမ္ပဏီကြီးများဖြစ်သည့် Gazprom Neft နှင့် Surgutneftegaz တို့အပါအဝင် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီများ အပေါ် အဓိကပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်သည်။

၎င်းကုမ္ပဏီများအနက် Naftna industrija Srbijeသည် ဆားဘီးယားနှင့် အိမ်နီးချင်းဥရောပနိုင်ငံများသို့ ရုရှားရေနံအား တင်ပို့ခြင်းကို  ကိုင်တွယ်လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့ကြောင့် ဂျိုးဘိုင်ဒင်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် ရုရှား၊ ဆားဘီးယားတို့အပြင်မကြာမီတက်ရောက်လာပြီး ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟုဖော်ပြခဲ့သည့် ဒေါ်နယ်ထရမ့်အစိုးရကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း လက်ရော့က ဆက်ပြောသည်။

အမေရိကန်ပြည်သူများသည် တစ်မျိုးတစ်ဖုံကွဲပြားသည့် မူဝါဒတစ်ရပ်ကို အလိုရှိနေကြောင်းကို ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် နားလည်သင့်ကြောင်း၊ သို့သော် ဂျိုးဘိုင်ဒင် အစိုးရသည် အရာအားလုံးကို ပျက်စီးစေရန်သာ အလိုရှိကြောင်း လက်ရော့က ထပ်လောင်း ပြောကြားသည်။

ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ဝန်ကြီးချုပ်ပေထုံတန်ကို တရားစွဲ

ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာကို ရှေ့နေချုပ်ရုံး၌ တိုင်ကြားတရားစွဲလိုက်ကြောင်းသိရပါသည်။ ထိုင်းဝန်ကြီးချုပ်သည်ထောင်ဒဏ်ကျခံရဖူးသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကို သူမ၏ အကြံပေးအဖြစ်ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရခြင်းဖြစ်ပါသည်။ ရှေ့နေချုပ်ရုံးသည် ထိုင်း ဝန်ကြီးချုပ်၏ အမှုကိစ္စအား ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးထံ ဆက်လက်တိုင်ကြားဖွယ်ရှိနေပါသည်။

ထိုင်းတက်ကြွလှုပ်ရှားသူ ဆွန်သီရက်က ဝန်ကြီးချုပ်သည် ရာဇဝတ်မှုမှတ်တမ်းရှိဖူးသူများကို အစိုးရအဖွဲ့အတွင်း ခန့်အပ်ခြင်းမလုပ်ဆောင်ရသည့်စည်းကမ်း သတ်မှတ်ချက်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၆၀) ကို ချိုးဖောက်ခဲ့ကြောင်း ဆိုပါသည်။ ထိုင်းဝန်ကြီးချုပ်က အကြံပေးအဖြစ်ခန့်အပ်ခဲ့သည့် နက်တာဝက်သည် နိုင်ငံရေးလုပ်ဆောင်ခွင့် (၁၀) နှစ် ပိတ်ပင်ခံထားရသူ ဖြစ်သကဲ့သို့ ထောင်ဒဏ် ၂ နှစ်ကျဖူးသူဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူ ဆွန်သီရက်ကဆိုပါသည်။

ထိုင်းဝန်ကြီးချုပ်၏ အကြံပေးရာထူးသည် နိုင်ငံရေး လုပ်ဆောင်မှုများအား အကြံပေးရသည့် ရာထူးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၌ ရှင်နာဝါထရာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တက်ကြွလှုပ်ရှားသူများက ဖြူထိုင်းပါတီနှင့် ဝန်ကြီးချုပ်တို့အား တိုင်တန်းခြင်း၊တရားစွဲခြင်းများ လုပ်ဆောင် လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကလည်း တက်ကြွလှုပ်ရှားသူနှစ်ဦးက ဖြူထိုင်းပါတီအားတိုင်ကြားခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်အနေဖြင့် လက်ရှိအချိန်တွင် အကြံပေးဖြစ်သူကို ထုတ်ပယ်ခြင်းကိစ္စ ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ရဖွယ် ရှိနေပါသည်။

ကိုးကား-NP News

Photo: Thai Examiner