သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား စစ်ရေးပြအခမ်းအနားဖြင့် ရုပ်ကလာပ်တင်ဆောင်မည့်နေရာသို့ သယ်ဆောင်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ယာယီသမ္မတဦးမြင့်ဆွေ၏ မိသားစုဝင်များက ကြည့်ရှုဂါရဝပြုကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပမည့် ငြိမ်းအေးဇရပ်သို့ရောက်ရှိကြပြီး ငြိမ်းအေးဇရပ်အတွင်းရှိကလာပ်တွင် ပြင်ဆင်ထားရှိသည့် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ကြည့်ရှုဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုပွားများချီးမြှင့်တော်မူကြသည့် “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသည့် သံဝေဂသုံး ဂါထာကိုနာယူကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများသည် ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ သံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများက ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ထပ်မံကြည့်ရှုဂါရဝပြုကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ ပို့ဆောင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ၈ ဦးက အမြောက်ယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်လာရာ တပ်မတော်ဂုဏ်ပြု သေနတ်အဖွဲ့မှ နေရာယူ၍ သေနတ်မြှောက်၍ အလေးပြုခြင်း၊ သက်ပျောက်ရွှေရေအိုးခွဲခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် အမြောက်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ထွက်ခွာရာ နိုင်ငံငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ကြသည်။

ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကိုတင်ဆောင်ထားသည့် အမြောက်တင်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိငြိမ်းအေးဇရပ်မှ ပုဗ္ဗသီရိမြို့ပတ်လမ်းအတိုင်း တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ မောင်းနှင်လာရာ လမ်းတစ်လျှောက်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဂါရဝပြုဦးညွှတ်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ဈာပနယာဉ်တန်းသည် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ရောက်ရှိပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ဂုဏ်ပြုအခမ်းအနားကျင်းပမည့်နေရာသို့ ဂုဏ်ပြုစစ်ရေးပြဖြင့်ပို့ဆောင်ကြရာ ယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီးနှင့်မိသားစုဝင်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များက ပို့ဆောင်ကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ပြည်ထောင်စုဝန်ကြီး ၈ ဦးက ရုပ်ကလာပ်တင်စင်ပေါ်သို့ ပို့ဆောင်တင်ဆောင်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက နေရာယူကြပြီး တပ်မတော်ဂုဏ်ပြု သေနတ်ပစ်အဖွဲ့က ဂုဏ်ပြုစစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကာ သေနတ်မြေစိုက်ဦးခိုက်အလေးပြုကြပြီး သေနတ်မြှောက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအားဖတ်ကြားပြီး အမိန့်ပြန်တမ်းအား ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ထည့်သွင်းထားသော အခေါင်းအတွင်းသို့ ထည့်သွင်းသည်။

ယင်းနောက် တပ်မတော်ဂုဏ်ပြုသေနတ်ပစ်အဖွဲ့က သေနတ် ၃ ချက်ပစ်ဖောက်ဂုဏ်ပြုကြပြီး နောက်ဆုံးအကြိမ်အဖြစ် သေနတ်မြှောက်အလေးပြုကာ စစ်ခရာမှုတ်၍ ဂုဏ်ပြုကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့က ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တစ်ဦးချင်းဂါရဝပြုကြသည်။

၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီးနှင့် မိသားစုဝင်များက နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြုကြပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်စက်အတွင်းသို့ ထည့်သွင်းမီးသင်္ဂြိုဟ်သည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသောကြွေအိုးအား ယာယီသမ္မတဦးမြင့်ဆွေ၏ သားဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)က ဦးဆောင်ကာ မိသားစုဝင်များနှင့်အတူ ဂူသွင်းမည့်နေရာသို့ သယ်ဆောင်ကြသည်။

ထို့နောက် နိုင်ငံတော်ဈာပန ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာကြွေအိုးအား ဂူအတွင်းထည့်သွင်း၍ ဂူပိတ်မှုကိုကြည့်ရှုကြသည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ဂူဗိမာန်အား မိသားစုဝင်များက ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။

အစ္စရေးနိုင်ငံတွင် ဂါဇာမြို့တော်ကို သိမ်းပိုက်ရန် အစီအစဉ်ကို ဆန့်ကျင်ကာ လူပေါင်းထောင်နှင့်ချီကာဆန္ဒပြ

အစ္စရေးနိုင်ငံအတွင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ ဂါဇာ မြို့တော်သိမ်းပိုက်ရေး အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် တယ်လ်အဗစ် နှင့် ဂျေရုဆလင်အပါအဝင် မြို့ကြီးများတွင် စနေညနေ (ဩဂုတ် ၉) က ထောင်နှင့်ချီသောလူများက ဆန္ဒပြခဲ့ကြသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ လက ဟားမက် စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် စတင်ခဲ့ရသည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အကြီးမားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်သည်။

ဟားမက်တို့ထံတွင် အကျဉ်းချထားခံရသူများ၏ မိသားစုဝင်များက ဦးဆောင်ကျင်းပသည့် ယင်းဆန္ဒပြပွဲများတွင် ချက်ချင်းအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀,၀၀၀ ကျော် ပါဝင်ခဲ့သည်။ ဂါဇာမြို့တော်ကို တိုက်ခိုက်ပါက စစ်ပွဲပိုမိုကျယ်ပြန့်လာကာ စစ်သည်များနှင့် အကျဉ်းသားများသေကြေမည်ကို ၎င်းတို့က စိုးရိမ် နေကြသည်။

အကျဉ်းသားမိသားစုဝင်များနှင့် ကျဆုံးစစ်သည်များ၏ မိဘဘိုးဘွား များက ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် သာမန်နိုင်ငံသားများအား တစ်နိုင်ငံလုံး ဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်မည်ဟု ပြောကြားခဲ့သည်။

အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် သောကြာနေ့ (ဩဂုတ် ၈) က ဂါဇာကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရေးအစီအစဉ်ကို အတည်ပြုခဲ့သည်။ထိုကဲ့သို့ စစ်ဆင်ရေးလုပ်ဆောင်ပါက အကျဉ်းသားများ၏ အသက် အန္တရာယ် နှင့် လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းဖြစ်နိုင်ကြောင်း စစ်တပ်က သတိပေးချက်များကို အစိုးရက လျစ်လျူရှုခဲ့သည်။

ယင်းအစီအစဉ်ကို ပြည်တွင်းပြည်ပမှ ပြင်းထန်သော ဝေဖန်မှုများရှိခဲ့ပြီး အတိုက်အခံများနှင့် အစ္စရေး၏ မိတ်ဖက်နိုင်ငံအချို့ပါ ပါဝင်သည်။ အမေရိကန်မှလွဲ၍ အနောက်နိုင်ငံများစွာက ဂါဇာမြို့တော်သိမ်းပိုက်မည့် လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစ္စရေးအား ပြန်လည်သုံးသပ်ရန် တိုက်တွန်း ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ယူကရိန်းနိုင်ငံသည် မည်သည့်ပုံစံဖြင့်ဖြစ်စေ စစ်ရေးရပ်စဲရေးကို သဘောတူကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးပြောကြား

အမေရိကန်ပြည်ထောင်စုရှိ ယူကရိန်းသံအမတ်ကြီးက ၎င်းတို့နိုင်ငံ အနေဖြင့် "မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို လက်ခံကြောင်း" ပြောကြားခဲ့ပြီး ထရမ့်-ပူတင်ထိပ်သီးအစည်းအဝေး အောင်မြင်ရန်လည်း ဆုတောင်းပတ္ထနာပြုခဲ့သည်။

"သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါလုပ်ဆောင်ချက်နှင့်အတူ ဆွေးနွေး နေဆဲဖြစ်သော ဒဏ်ခတ်အရေးယူမှုများနှင့် ထပ်ဆင့်ဒဏ်ခတ်မှုများက သမ္မတ ဗလာဒီမာ ပူတင်အား အဆိုပါစစ်ပွဲကို အဆုံးသတ်ရန် အချိန်တန် ပြီဖြစ်ကြောင်း ယုံကြည်စေမည်ဟု ကျွန်မတို့ အမှန်တကယ် မျှော်လင့် ပါသည်" ဟု အမေရိကန်ရှိ ယူကရိန်းသံအမတ်ကြီး အောက်ဆာနာ မာကာရိုဗာက ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းချက် တစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့က သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးရန် ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာတွင် တွေ့ဆုံမည်ဟု အတည်ပြုပြောကြားပြီးနောက် မာကာရိုဗာက ထိုကြေညာချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇွန်လက ဂျနီဗာတွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတ ပူတင်တို့ တွေ့ဆုံ ခဲ့သည့် နောက်ပိုင်း ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။

ယူကရိန်းသံအမတ်ကြီးက စစ်ပွဲအဆုံးသတ်ရန် သမ္မတထရမ့်၏ ကြိုးပမ်းမှု များကို အသိအမှတ်ပြုခဲ့ပြီး အေးချမ်းရေးအတွက် ကြိုးပမ်းမှုများ ဆွေးနွေးရန် ဒုတိယသမ္မတ JD Vance ၏ ယခုလတ်တလော ဗြိတိန် ခရီးစဉ်ကိုလည်း ချီးကျူးခဲ့သည်။

"ယူကရိန်းနိုင်ငံသားအားလုံးက သမ္မတထရမ့်၏ အစည်းအဝေးသည် ထိရောက်ပြီး ကောင်းမွန်သောရလဒ်များရရှိစေရန် ဆုတောင်း နေကြ ပါသည်" ဟု သူမက ပြောကြားခဲ့သည်။ "ယူကရိန်းသည် အပြည့်အဝ စစ်ရပ်စဲရေး၊ တစ်စိတ်တစ်ပိုင်းစစ်ရပ်စဲရေး၊ မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို သဘောတူပါသည်။"

ထိုနေ့တွင်ပြောကြားခဲ့သော မိန့်ခွန်းတွင် ယူကရိန်းသမ္မတ Volodymyr Zelensky က ၎င်း၏နိုင်ငံသည် အစစ်အမှန်ငြိမ်းချမ်းရေးကို အာမခံရန် အမေရိကန်နှင့် နေ့စဉ်ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ပြီး စစ်ပွဲအဆုံးသတ် ရန် သမ္မတထရမ့်၏ စိတ်ပိုင်းဖြတ်မှုအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြောကြားရာတွင် စစ်ပွဲကြာမြင့်နေသည်နှင့်အမျှ နေ့စဉ်လူများစွာသေဆုံးနေကြောင်း၊ ရုရှားသည် စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန် မလိုလားကြောင်း စွပ်စွဲခဲ့သည်။ "ရုရှားသည် အမေရိကန်နှင့် ယူကရိန်းကို လှည့်စားရန် ရည်ရွယ်နေကြောင်း ကျွန်ုပ်တို့ နားလည် ပါသည်။ ယူကရိန်းသည် ထိုသို့ဖြစ်စေရန် ခွင့်မပြုပါ" ဟု သူက ပြောကြားခဲ့သည်။ "ယူကရိန်းလူမျိုးများသည် ရုရှား၏ သဘောထားကို ကောင်းစွာနားလည်ပါသည်။ ထို့ကြောင့်ပင် ယူကရိန်းလူမျိုးများသည် အလွန်ခက်ခဲသော အခြေအနေများတွင် သုံးနှစ်ကျော်ကြာ စစ်ပွဲကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။" ရုရှားဘက်မှ ဇီလန်စကီး ၏ ထုတ်ပြန်ချက် များကို အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုသေးပေ။

CNN က ဩဂုတ် ၉ ရက်တွင် အိမ်ဖြူတော်အရင်းအမြစ်တစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ သမ္မတ ထရမ့်သည် အလက်စကာ တွင် ကျင်းပမည့် အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဇီလန်စကီး တက်ရောက်နိုင်သည့် အခွင့်အလမ်းကို ဖွင့်ထားဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ NATO ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Matthew Whitaker ကလည်း သမ္မတ ဇီလန်စကီးသည် အဆိုပါ အခမ်းအနားသို့ "လုံးဝတက်ရောက်နိုင်စွမ်းရှိပြီး" သမ္မတ ထရမ့် တွင် ဆုံးဖြတ်ချက်ချမှတ်ရန် "အချိန်ရှိသေးသည်" ဟု ပြောကြားခဲ့သည်။

သမ္မတ ထရမ့် က ယခင်က သမ္မတ ဇီလန်စကီး အပါအဝင် ပါဝင်သူ အချို့ သည် သုံးနှစ်ခွဲကြာ ပဋိပက္ခကို အဖြေရှာနိုင်မည့် သဘောတူညီမှု တစ်ခု နှင့် နီးစပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏အဆိုအရ ထို သဘောတူညီမှုတွင် "နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို အထောက်အကူ ပြုမည့် နယ်မြေဖလှယ်မှုများ ပါဝင်မည်" ဖြစ်သည်။

သို့သော် သမ္မတ ဇီလန်စကီး က ယူကရိန်း၏ပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက် များသည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဟု အတိအလင်း ပြောကြားကာ နယ်မြေရပ်စဲမှုပြုလုပ်ရန် အလားအလာကို ပယ်ချခဲ့သည်။ ဩဂုတ် ၉ ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဖင်လန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌတို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ မည်သည့်သံတမန်ရေးအဖြေမဆို "ယူကရိန်းနှင့် ဥရောပ၏ လုံခြုံရေးအကျိုးစီးပွားကို အာမခံရမည်" ဟု ဖော်ပြခဲ့သည်။

တစ်ဖက်တွင် ရုရှား လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ Dmitry Medvedev က ဥရောပခေါင်းဆောင်များသည် အလက်စကာထိပ်သီးအစည်းအဝေးကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။ အထူးသဖြင့် ဥရောပသမဂ္ဂ (EU) က ဝါရှင်တန်အား သမ္မတ ဇီလန်စကီး ကို အခမ်းအနားသို့ ဖိတ်ကြားရန် တိုက်တွန်းခဲ့သည့်အတွက် ဖြစ်သည်။ "ဥရောပသားများသည် ယူကရိန်း ပဋိပက္ခကို အမေရိကန်က အဖြေရှာရန် ကြိုးပမ်းမှုကို ဟန့်တား နေသည်" ဟု Medvedev က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကိုးကား- VN Express

ရုရှားနှင့် အမေရိကန် ဆက်ဆံရေး အပြည့်အဝ ပြေလည်ရန် အလှမ်း ဝေးနေဆဲဖြစ်သည်ဟု မော်စကို ဆို

ဝါရှင်တန်သည် မကြာသေးမီက မော်စကိုနှင့် ဆက်ဆံရေးပြုပြင်ရန် လုပ်ဆောင်လာသော်လည်း အပြည့်အဝပြေလည်ရန် မလုံလောက်သေး ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergey Ryabkov က ပြောကြားခဲ့သည်။ ၎င်းက "NATO အဖွဲ့ဝင်အချို့နိုင်ငံများရှိ ရန်လိုနေမှု များကို တည်ငြိမ်စေရန်" ရည်ရွယ်၍ ယခုလအစောပိုင်းတွင် ရုရှားသည် တာလတ်ပစ် ဒုံးကျည်များ တပ်ဆင်ခြင်းဆိုင်ရာ ၎င်းတို့ကိုယ်တိုင် ကန့်သတ်ထားသည့် သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

၁၉၈၇ ခုနှစ်က မော်စကိုနှင့် ဝါရှင်တန်တို့အကြား ချုပ်ဆိုခဲ့သော တာလတ်ပစ် အဏုမြူလက်နက်စာချုပ် (INF) သည် ၂၀၁၉ ခုနှစ်တွင် ပျက်ပြယ်ခဲ့ သော်လည်း ရုရှားဘက်မှ ဆက်လက်၍ ကန့်သတ်ချက်များကို လိုက်နာ ခဲ့သည်။ Donald Trump ပထမအကြိမ် သမ္မတသက်တမ်းတွင် အမေရိကန်သည် ရုရှားဘက်မှ စာချုပ်ကိုချိုးဖောက်သည်ဟု ဆိုကာ ယင်းစာချုပ်မှ နုတ်ထွက်ခဲ့ပြီး ရုရှားဘက်မှ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

တနင်္ဂနွေနေ့တွင် Rossiya-1 ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခု တွင် Ryabkov က "လွန်ခဲ့သော လများ နှင့် နှစ်များအတွင်း လွန်စွာ အားနည်းနေခဲ့သော အမေရိကန်နှင့် ဆွေးနွေးမှုများတွင် ကောင်းမွန်သော အလားအလာအချို့ ပေါ်ထွက်လာနေသည်" ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော် အဆိုပါ အဆင့်တွင် "သဘောထားပြေလည်မှု" (détente) ဟူသော စကားလုံးကို အသုံးပြုရန် လုံးဝမသင့်တော်သေးကြောင်း ဒုတိယဝန်ကြီး က အလေးအနက်ထား ပြောကြားခဲ့သည်။

တာလတ်ပစ်ဒုံးကျည်များ တပ်ဆင်ခြင်းဆိုင်ရာ ၎င်းတို့ကိုယ်တိုင် ကန့်သတ်ထားမှုကို ရုရှားက ရုပ်သိမ်းလိုက်သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ Ryabkov က "အမေရိကန်နှင့် ၎င်းတို့၏မဟာမိတ်များ၊ အထူးသဖြင့် ဥရောပရှိ စစ်ရေးလိုလားသူများ ဆောင်ရွက်နေသည် များကို ထောက်ရှုလျှင် မော်စကိုဘက်မှ အခြားရွေးချယ်စရာ မရှိခဲ့ပါ" ဟု ရှင်းပြ ခဲ့သည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလအစောပိုင်းက အဆိုပါ ဆုံးဖြတ်ချက်ကို ရှင်းလင်းရာတွင် "တစ်ဖက်သတ် ယာယီရပ်ဆိုင်းမှုဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်ထိန်းသိမ်းရန် အခြေအနေများပျောက်ဆုံးသွားခြင်း" ကို ကိုးကားဖော်ပြခဲ့သည်။ အနောက်နိုင်ငံ များသည် ဩစတြေးလျတွင် မကြာသေးမီက ကျင်းပခဲ့သော 'Talisman Sabre' စစ်ရေးလေ့ကျင့်မှုကဲ့သို့သော လုပ်ရပ်များသည် ရုရှား၏လုံခြုံရေး အတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖန်တီးနေသည်ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။

ဇူလိုင်လအလယ်ပိုင်းက ကျင်းပခဲ့သော ယင်းလေ့ကျင့်မှုတွင် အမေရိကန် ၏ 'Typhon' Mobile ground-based launcher ဒုံးလွှတ်စနစ်ပါဝင်ခဲ့ပြီး၊ ၎င်းစနစ်သည် အကွာအဝေး ကီလိုမီတာ ၁,၈၀၀ အထိ ပစ်လွှတ်နိုင်သော Tomahawk ခရူးဇ်ဒုံးကျည်များနှင့် ကီလိုမီတာ ၅၀၀ အကွာအဝေးအထိ ပစ်လွှတ်နိုင်သည့် SM-6 ဘက်စုံသုံး ဒုံးကျည်များကို လွှတ်တင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

ထိုကာလအတွင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က "လိုအပ်သည်ဟု ယူဆပါက" ရုရှားဘက်မှ ၎င်း၏ကိုယ်ပိုင် တာလတ်ပစ် ဒုံးကျည်များကို တပ်ဆင်ရန် အခွင့်အရေးအား ဆုပ်ကိုင်ထားရှိမည်ဖြစ်ပြီးယင်းသို့လုပ်ဆောင်ပါက အသိပေးကြေညာမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

လွန်ခဲ့သည့်လက Donald Trump က အဏုမြူလက်နက်များဆိုင်ရာ လက်ရှိကန့်သတ်ချက်များကို ထိန်းသိမ်းရန် ရုရှားနှင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးလိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ"

ဩစတြေးလျဝန်ကြီးချုပ် Albanese က စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် သဘောတူညီထားကြောင်း ပြောကြား လိုက်သည်။"ငြိမ်းချမ်းရေးသည် ယာယီသာဖြစ်ပြီး အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့ အမြဲတည်ရှိ မှသာ တည်တံ့နိုင်မည်။ ဩစတြေးလျနိုင်ငံသည် ပါလက်စတိုင်းလူမျိုးများ၏ နိုင်ငံတည်ထောင်ရေး အခွင့်အရေးကို အသိအမှတ်ပြုပါမည်" ဟု ဝန်ကြီးချုပ် Anthony Albanese က ယနေ့ (ဩဂုတ် ၁၁) တွင်ပြောကြားခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ၎င်းအား ဟားမက်သည် အနာဂတ် ပါလက်စတိုင်း နိုင်ငံတွင် "အခန်းကဏ္ဍမရှိစေရ" ဟု အာမခံထားကြောင်း Albanese က ဖြည့်စွက် ပြောကြားခဲ့သည်။

"ဤသည်မှာ ကောင်းသောအခွင့်အရေးဖြစ်ပြီး ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့် ပူးပေါင်းကာ ထိုအခွင့်အရေးကို အသုံးချမည်" ဟု ၎င်းက ဆိုသည်။ "နိုင်ငံနှစ်နိုင်ငံ အဖြေရှာ ခြင်းသည် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ရပ်တန့်ရန်နှင့် ဂါဇာတွင် ပဋိပက္ခ၊ ဒုက္ခနှင့် အငတ်ဘေးများကို အဆုံးသတ်ရန် လူသားတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/admin/content

US သည် ယူကရိန်းအား ငွေကြေးထောက်ပံ့မှု ပြီးဆုံးပြီဟု Vance ကဆို

ဝါရှင်တန်သည် ယူကရိန်းကို နောက်ထပ်ငွေကြေးထောက်ပံ့မည် မဟုတ် ကြောင်း အမေရိကန်ဒုတိယသမ္မတ J.D. Vance က တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) က Fox News သို့ ပြောကြားခဲ့သည်။

ယူကရိန်း၏ ဥရောပမဟာမိတ်များသည် Kyiv ကို ဆက်လက် ထောက်ပံ့ လိုပါက အမေရိကန်ထုတ် လက်နက်များဝယ်ယူနိုင်ပြီး အမေရိကန် အနေဖြင့် ၎င်းကို သဘောတူညီကြောင်း Vance က ဖြည့်စွက် ပြောကြား ခဲ့သည်။ "သို့သော် မိမိတို့ကိုယ်တိုင် နောက်ထပ် ထောက်ပံ့မည် မဟုတ်ပါ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါအင်တာဗျူးကို Vance သည် လန်ဒန်တွင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး David Lammy အပါအဝင် အနောက်ဥရောပနှင့် ယူကရိန်း အရာရှိများနှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မီဒီယာ သတင်းများအရ Vance ၏ခရီးစဉ်သည် ရုရှားနှင့် အမေရိကန် သမ္မတတို့ အကြား သောကြာနေ့ (ဩဂုတ် ၁၅) တွင် အလက်စကာတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွက် လမ်းခင်းပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး Kyiv နှင့် Moscow အကြားပဋိပက္ခကို ဖြေရှင်းရန်ကို ဦးစားပေး အစီအစဉ် အဖြစ် မျှော်မှန်းထားသည်။

Vance က Kyiv ၏ ဥရောပမဟာမိတ်များသည် အဆိုပါပဋိပက္ခကို ဤမျှ ဂရုစိုက်ပါက ငွေကြေးထောက်ပံ့ရာတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း အကြံပြုခဲ့သည်။ "အမေရိကန်ပြည်သူများသည် ၎င်းတို့၏ငွေကြေးများ၊ အခွန်ငွေများကို ထိုပဋိပက္ခမှာ ဆက်ထည့် နေရ သည်ကို ငြီးငွေ့နေပြီဟု ထင်ပါသည်။ သို့သော် ဥရောပသားတွေက ရှေ့တိုးပြီး အမေရိကန်ထုတ်လုပ်သူများဆီက လက်နက်ဝယ်ချင်ပါက မိမိတို့ သဘောတူပါသည်။ သို့သော် မိမိတို့ကိုယ်တိုင် နောက်ထပ် ငွေ ထောက်ပံ့မှာတော့ မဟုတ်ပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတက ယခင်က ဆွေးနွေးနေသည့် အကြံပြုမှုများတွင် "နှစ်ဖက်အကျိုးရှိစေရန် နယ်မြေလဲလှယ်မှုများ" ပါဝင်ကြောင်း ဖော်ပြ ခဲ့ပြီး Vladimir Zelensky အနေဖြင့် ထိုသို့သောသဘောတူညီမှုကို ယူကရိန်းဥပဒေအရ အတည်ပြုနိုင်ရန် နည်းလမ်းရှာရမည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Zelensky က ထိုသို့သောသဘောတူညီမှုမျိုးကို ပယ်ချခဲ့ပြီး "မည်သူမျှ အဆိုပါကိစ္စတွင် လျှော့ပေးနိုင်မည်မဟုတ်၊ လျှော့ပေးမည်လည်း မဟုတ်" ဟု ဆိုခဲ့သည်။ "ယူကရိန်းလူမျိုးတို့သည် ၎င်းတို့၏မြေကို သိမ်းပိုက်သူ များထံ အပ်နှင်းမည်မဟုတ်" ဟု ၎င်းက ကြေညာခဲ့သည်။

မော်စကို၏ အကြီးတန်းညှိနှိုင်းရေးမှူး Kirill Dmitriev က ယူကရိန်း ပဋိပက္ခကို ရှည်ကြာစေရန် ကြိုးစားနေသည့် နိုင်ငံများသည် Putin နှင့် Trump တို့၏ စီစဉ်ထားသည့်အစည်းအဝေးကို ဖျက်သိမ်းရန် အကြီးအကျယ် ကြိုးစားလာနိုင်ကြောင်း သတိပေးခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် ဥရောပလုံခြုံရေးအတွက် ရုရှားနှင့် ဆွေးနွေးပေးရန် ဒေါ်နယ်ထရမ့်ကို ဥရောပခေါင်းဆောင်များ တိုက်တွန်း

အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းအတွက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ရုရှားတို့နှင့် ဆွေးနွေးသင့်သည်ဟု တိုက်တွန်းပါကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ဖင်လန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင် များက ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။

ထိုကြေညာချက်မှာ မကြာမီ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံမည့် အမေရိကန် နှင့် ရုရှား ခေါင်းဆောင်တို့ ဆွေးနွေးပွဲမတိုင်မီ ဥရောပတို့အနေဖြင့် ဝိုင်းဝန်း အတည်ပြုထုတ်ပြန်လာခြင်းလည်း ဖြစ်ပါသည်။ 

သံတမန်နည်းလမ်းအရ ဖြေရှင်းခြင်းဖြင့် ယူကရိန်းနှင့် ဥရောပ၏ အရေးကြီးလှသော လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရမည် ဟု ခံယူထားကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည့် ခိုင်မာပြီး ယုံကြည် စိတ်ချရသော လုံခြုံရေးအာမခံချက်များ လိုအပ်သည်ကို မိမိတို့ သဘော တူပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

နိုင်ငံတကာနယ်နိမိတ်များကို အင်အားသုံး၍ မပြောင်းလဲရ ဟူသော မူဝါဒကို ဥရောပက ကတိကဝတ်ပြုလျက်ရှိနေကြောင်း၊ လက်ရှိ ဆက်သွယ် လာမှု လမ်းကြောင်းမှာ နယ်မြေများဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအတွက် စမှတ်ဖြစ်သင့်ကြောင်း၊ ထရမ့်၏ သံတမန် ရေးရာ အစပျိုးမှုကို တစ်ဖန် ကြိုဆိုသော်လည်း ပဋိပက္ခအဆုံးသတ်ရန် ကြိုးပမ်းမှုများတွင် တက်ကြွ သော သံခင်းတမန်ခင်း၊ ယူကရိန်းအတွက် အထောက်အပံ့နှင့် ရုရှား အပေါ် ဖိအားများ စသည်တို့ ပေါင်းစပ်ထားသင့်သည်ဟု မိမိရှုမြင် ပါကြောင်း ပြောကြားထားကြပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo - The Guardian

ထရမ့်-ပူတင် တွေ့ဆုံပွဲ ဇီလန်စကီးကို မဖိတ်ကြား

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အလက်စကာ၌ တွေ့ဆုံမည့် ဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကို အမေရိကန်က ဖိတ်ကြားထားခြင်းမရှိကြောင်း Washington Post က ဖော်ပြထားပါသည်။ 

အစီရင်ခံစာအရ ဇီလန်စကီးသည် ဖိတ်ကြားချက်ကို လက်ခံရရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတသည် အလက်စကာတွင် ရုရှားခေါင်းဆောင်နှင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း Kremlin မှ လက်ထောက် Yuri Ushakov က သောကြာနေ့ (ဩဂုတ် ၈) တွင် အတည်ပြု ပြောကြားခဲ့ပါသည်။ ထရမ့်နှင့် ပူတင်တို့သည် ယူကရိန်း အကျပ်အတည်းအတွက် ရေရှည်ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်း များကို မလွဲမသွေ ဆွေးနွေးသွားကြမှာဖြစ်ကြောင်း၊ ခေါင်းဆောင် ၂ ဦးတို့ နောက်ထပ် တွေ့ဆုံမှုများလည်း ပြုလုပ်ရန် ကရင်မလင်က မျှော်လင့် ထားကြောင်း သူက ထပ်လောင်းပြောကြားထားပါသည်။ 

 ရုရှားနှင့် ပဋိပက္ခဖြေရှင်းရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်းထံမှ နယ်မြေပိုင်ဆိုင်မှုကို အမေရိကန်က တောင်းဆိုနေသည်ဟု အနောက် မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။ ဝါရှင်တန်၏ အဆိုပြု ချက်သည် ကိယက်ဗ်ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ဒိုးနက်စ် ပြည်သူ့သမ္မတနိုင်ငံမှ ယူကရိန်းတပ်များ ဆုတ်ခွာရေးကို ငြိမ်းချမ်းရေး အတွက် ပထမခြေလှမ်းအဖြစ် မျှော်မှန်းထားကြောင်း သတင်းရင်းမြစ် များကို ကိုးကား၍ Wall Street Journal တွင် ရေးသားဖော်ပြထား ပါသည်။

Vance က Epstein ဖိုင်များနှင့်ပတ်သက်၍ ဒီမိုကရက်တို့အပေါ် ဝေဖန်မှုများ ပြုလုပ်ကာ ပွင့်လင်းမြင်သာမှုရှိရန် ထပ်မံတိုက်တွန်း

အမေရိကန်ဒုတိယသမ္မတ JD Vance သည် Jeffrey Epstein ဆိုင်ရာ မထုတ်ပြန်ရသေးသော စာရွက်စာတမ်းများနှင့်ပတ်သက်၍ Trump အစိုးရ၏ လုပ်ဆောင်ချက်များကို ဝေဖန်သူများအား ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒီမိုကရက်များအား နိုင်ငံရေးအခွင့်အရေးယူခြင်းနှင့် အာဏာရှိစဉ်က လုံလောက်သော အရေးယူမှုမရှိခြင်းတို့ဖြင့် စွပ်စွဲခဲ့သည်။

Fox News နှင့် "Sunday Morning Futures" အစီအစဉ်တွင် Vance က "သမ္မတ Trump က အပြည့်အဝပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုခဲ့ သော်လည်း ဒီမိုကရက်များက ၎င်းအား တိုက်ခိုက်နေကြပြီး Biden အစိုးရ လက်ထက် ၄ နှစ်အတွင်း ဘာမျှမလုပ်ခဲ့သည်ကို မဝေဖန်ကြ" ဟု ပြောကြား ခဲ့သည်။

ထို့အပြင် "Epstein ၏ ဆက်သွယ်မှုအများစုမှာ လက်ဝဲဘက်မှ နိုင်ငံရေး သမားများနှင့် ဘီလီယံနာများဖြစ်ပြီး ဒီမိုကရက်ခေါင်းဆောင်များသည် Epstein Island သို့ အမြဲသွားလေ့ရှိကြောင်း" Vance က ဆိုသော်လည်း သက်သေအထောက်အထား မပြခဲ့ပေ။

Vance ၏ ထုတ်ဖော်ပြောဆိုမှုများသည် Epstein အမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ ဖွင့်ချရန် ဖိအားများမြင့်တက်နေချိန်တွင် ဖြစ်ပေါ် လာခြင်းဖြစ်သည်။ တရားရုံးချုပ်ကလည်း Epstein ၏ "ဖောက်သည် စာရင်း" ရှိခြင်း (သို့) လုပ်ကြံသတ်ဖြတ်ခံရခြင်းဆိုင်ရာ အထောက်အထား မရှိဟု ယခုလအတွင်း ကြေညာခဲ့သည်။

Vance က "သမ္မတ၏ ညွှန်ကြားချက်အရ စာရွက်စာတမ်းများအားလုံးကို စုစည်း၍ ပြည်သူအား ပွင့်လင်းစွာဖော်ပြရန် ကြိုးစားနေသည်" ဟု အတည်ပြုခဲ့သော်လည်း CNN ၏ ဖော်ပြချက်အရ အိမ်ဖြူတော်တွင်Epstein ဖိုင်များနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

House Oversight Committee မှလည်း Epstein ဆိုင်ရာ စာရွက် စာတမ်းများအတွက် တရားရေးဌာနနှင့် အခြားထင်ရှားသော နိုင်ငံရေး သမားများထံ စုံစမ်းစစ်ဆေးရန် ဆင့်ခေါ်ခဲ့သည်။

Vance ၏ ပြောကြားချက်များသည် Epstein အမှုနှင့်ပတ်သက်၍ နိုင်ငံရေးအရ ပြန်လည်အသုံးချခြင်းဟု ဝေဖန်သူများကရှုမြင်သော်လည်း အများပြည်သူဖိအားကြောင့် စာရွက်စာတမ်းများ ဖွင့်ချနိုင်ရန် အလား အလာရှိသည်ဟု ဆိုနိုင်သည်။

ကိုးကား- CNN

ထိုင်းအစိုးရက နယ်စပ်မှ ဒေသခံပြည်သူများအတွက် သက်သာ ချောင်ချိရေး အစီအစဉ်များပေးအပ်

ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုများကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူများအတွက် လျှပ်စစ်နှင့်ရေဖိုးငွေကို နှစ်လ ကြာ ကင်းလွတ်ခွင့်ပေးခြင်းအပါအဝင် အကူအညီများ ဆောင်ရွက်ပေး လျက်ရှိသည်။ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ဖက်ဒမ်မီဒီယာ တာဝန်ခံ Chanin Rungthanakiat က နယ်စပ်တိုက်ပွဲများ လျော့ပါး သွားပြီဖြစ်သောကြောင့် အစိုးရအနေဖြင့် ပြည်သူများအား ကူညီရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ စနေနေ့ (ဩဂုတ် ၉) တွင် ယာယီဝန်ကြီးချုပ် Phumtham Wechayachai သည်  Surin သို့သွားရောက်ကာ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် ခိုလှုံရာ နေရာများက

ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့် နယ်စပ်တင်းမာမှုများကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူများအတွက် လျှပ်စစ်နှင့်ရေဖိုးငွေကို နှစ်လ ကြာ ကင်းလွတ်ခွင့်ပေးခြင်းအပါအဝင် အကူအညီများ ဆောင်ရွက်ပေး လျက်ရှိသည်။ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ဖက်ဒမ်မီဒီယာ တာဝန်ခံ Chanin Rungthanakiat က နယ်စပ်တိုက်ပွဲများ လျော့ပါး သွားပြီဖြစ်သောကြောင့် အစိုးရအနေဖြင့် ပြည်သူများအား ကူညီရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ စနေနေ့ (ဩဂုတ် ၉) တွင် ယာယီဝန်ကြီးချုပ် Phumtham Wechayachai သည်  Surin သို့သွားရောက်ကာ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် ခိုလှုံရာ နေရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့အပြင် ၎င်းသည် Surin ၊ Ubon Ratchathani ၊ Si Sa Ket နှင့် Buri Ram တို့မှ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပြီး နယ်စပ်တစ်လျှောက် အခြေအနေများကို ဆွေးနွေး ခဲ့သည်။

Phumtham က အုပ်ချုပ်ရေးမှူးများအား ရွှေ့ပြောင်းနေထိုင်ရသူများ ပြန်လည်နေထိုင်နိုင်ရေး၊ အရေးပေါ်ပျက်စီးမှုများအား အကဲဖြတ်ပြုပြင် ရေး၊ နေထိုင်စရိတ်ကုန်ကျမှုများ လျှော့ချရေး၊ ထိခိုက်သည့် ကျေးရွာများ အား လိုအပ်ချက်များကို စစ်တမ်းကောက်ယူရန်နှင့် လုံခြုံရေး စေတနာ့ ဝန်ထမ်းများအား မျှတစွာ ပြန်လည်ထောက်ပံ့ရန် ညွှန်ကြားခဲ့ကြောင်း Chanin က တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) တွင် ပြောကြားခဲ့သည်။ သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌားက ထပ်ဆောင်းသယ်ယူပို့ဆောင်ရေးစနစ်များ ပံ့ပိုးပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက လူနာများနှင့် သက်ကြီး ရွယ်အိုများအား သယ်ဆောင်ရန် လူနာတင်ယာဉ်များ စီစဉ်ပေးမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနအား လျော်ကြေးငွေများ လျင်မြန်စွာ ခွဲဝေ နိုင်ရန် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးမှူးများအား စစ်တပ်၊ သက်မွေး ပညာကောလိပ်များနှင့် အများပြည်သူဆိုင်ရာ လုပ်ငန်းဌာနတို့အပါအဝင် နိုင်ငံတော်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကြိုတင်ရန်ပုံငွေများဖြင့် အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်ရန်လည်း အမိန့်ပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။ 

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အန္တရာယ်ဇုန်အတွင်းရှိ နေထိုင်သူများ အား ဇူလိုင်နှင့်ဩဂုတ်လများအတွက် လျှပ်စစ်နှင့်ရေဖိုးငွေများ ကင်းလွတ် ခွင့်ပြုရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံများ၏ ကျန်းမာရေး လိုအပ်ချက်များကို အကဲဖြတ်သွားမည်ဖြစ်ပြီး စစ်သား၊ ရဲ၊ နယ်ခြား စောင့်တပ်၊ စေတနာ့ဝန်ထမ်းများနှင့် အရာရှိများအပါအဝင် ရှေ့တန်းရောက် စစ်သည်များ၏ ကျန်းမာရေးကိုပါ စောင့်ကြည့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်ပတ်သက်၍ ကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားစေတနာ့ဝန်ထမ်းများအား နေ့စဉ်ချီးမြှင့်ငွေ ၁၂၀ မှ ၂၄၀ ဘတ်အထိ ပေးရန် အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူ သွားမည်ဟု Chanin က ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေစောင့်ကြည့်ကော်မတီဝင် တစ်ဦး ဖြစ်သူ အစိုးရအမှုဆောင်အရာရှိ Jirayu Houngsub က စနေနေ့ (ဩဂုတ် ၉) ညနေ မှ တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) နံနက်အထိ နယ်စပ် တစ်လျှောက် တိုက်ပွဲများ မဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဩဂုတ် ၈ ရက်နေ့က Si Sa Ket တွင် စစ်သားသုံးဦး မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ထိုင်းနယ်မြေ အတွင်း ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားတပ်များက စစ်ပြေငြိမ်းရေး မတိုင်မီက မိုင်းများထောင်ထားခြင်း ဖြစ်နိုင်သည့်အတွက် အော့တဝါ စာချုပ် (Ottawa Treaty) ကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကိုးကား- Bangkok Post