သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနား တက်ရောက်

ရန်ကုန် ဩဂုတ် ၁၂

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ဇနီး၊ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဇနီး၊ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဆီမီးထွန်းညှိပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ဒုတိယသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုအဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းပေးအပ်ကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က ညစာဖြင့် တည်ခင်းဧည့်ခံကြသည်။

အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များ၊ အိန္ဒိယနွယ်ဖွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

MOI

အစ္စရေး၏ EU သံတမန်က လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်၍ EU ၏ အလွန်အမင်းစွဲလမ်းမှုကို ဝေဖန်

အစ္စရေး၏ EU ဆိုင်ရာသံအမတ်ကြီး Haim Regev က EU အနေဖြင့် အစ္စရေး၏ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအားအာရုံစိုက်မှုများကိုရပ်တန့်ပြီး ဂါဇာမြောက်ပိုင်းရှိ ၎င်း၏စစ်ဆင်ရေးအတွက် အစ္စရေးကို အရေးယူသည့် လုပ်ရပ်များ မပြုလုပ်ရန် သတိပေးခဲ့သည်။

ဂါဇာ ပဋိပက္ခနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံသည် ကြီးမားသော ဝေဖန်မှု များနှင့် ရင်ဆိုင်နေရပြီး အနောက်နိုင်ငံအချို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ကြေညာခဲ့ကြသည်။ အချို့သောနိုင်ငံများက အစ္စရေး နှင့် စစ်ရေး သို့မဟုတ် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၁၃) တွင် Politico နှင့်ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် အဆိုပါသံတမန်က အချို့သော EU နိုင်ငံများသည် အစ္စရေး၏ လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းမှတ်ရာများနှင့်ပတ်သက်၍ စွဲလမ်းမှုများရှိနေကြောင်း ပြောဆိုခဲ့ပြီး အိုင်ယာလန်၊ စပိန်၊ နယ်သာလန် နှင့် ဆလိုဗေးနီးယား တို့သည် အများဆုံးဝေဖန်သူများဖြစ်သည်ဟု ညွှန်းဆို ခဲ့သည်။ ထို့အပြင် ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန် တို့သည် ဟားမက်နှင့် ဂျူးဆန့်ကျင်ရေးအုပ်စုများကို အထောက်အကူဖြစ်စေသည့် ထုတ်ပြန်ချက် များ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

Regev က အစ္စရေးနိုင်ငံသည် EU အတွက် အိပ်မက်ဆန်သော အိမ်နီးချင်း နိုင်ငံဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်မှုပြဿနာမရှိဘဲ LGBTQ+ အခွင့်အရေးများကို ကာကွယ် ပေးသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

"အစ္စရေးသည် EU ၏ အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုနေသည့် အဆိုပါဒေသတွင်းရှိ တစ်ခုတည်းသော နိုင်ငံဖြစ်သည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Haim Regev က ဂါဇာပဋိပက္ခနှင့်ပတ်သက်၍ EU နိုင်ငံများက အစ္စရေး အပေါ် ဖိအားပေးရန် ကြိုးပမ်းမှုများသည် "မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်"ဟု သတိပေးခဲ့ပြီး ထိုသို့ပြုလုပ်ပါက EU ၏ အစ္စရေးနှင့် ဆက်ဆံရေးနှင့် အလယ်အရှေ့ပိုင်းဒေသအတွင်း ၎င်း၏ဩဇာလွှမ်းမှုသာ ကျဆင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။

၎င်းက EU ၏ သုတေသနအစီအစဉ်များမှ အစ္စရေးကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ် ကုန်သွယ်မှုဖြတ်တောက်ခြင်းကဲ့သို့သော အရေးယူမှုများသည် အနာဂတ်တွင် EU အား အဆိုပါဒေသ၌ မည်သည့်အခန်းကဏ္ဍတွင်မျှ မပါဝင်စေရန် အခွင့်အလမ်းနည်းသွားစေမည်ဟု ထောက်ပြခဲ့သည်။

Regev က ဥရောပသည် ဂျူးဆန့်ကျင်ရေး (anti-Semitism) ဖြစ်စဉ်များ ပြန်လည်မြင့်တက်နေသည့် အတိတ်ကာလများဆီသို့ ပြန်လည်ရောက်ရှိ နေပြီဟု စွပ်စွဲကာ ယခုအခါ ဥရောပတွင် ဂျူးလူမျိုးတစ်ဦးအဖြစ် နေထိုင်ရန် "လုံခြုံမှုမရှိကြောင်း" ဖြည့်စွက်ပြောကြားခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

EU က ရုရှားကို (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှုအစီအစဉ် စတင်ရန် ပြင်ဆင်

EU ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Kaja Kallas က EU သည် ရုရှား အပေါ် (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ်ကို စတင် ဆောင်ရွက် မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မော်စကိုအား မည်သည့်လျှော့ပေါ့မှုမျှ မပြုလုပ်သင့်ကြောင်း သတိပေးခဲ့သည်။ 

Kallas သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ အလက်စကာတွင် ဩဂုတ် ၁၅ ရက်နေ့၌ ကျင်းပ မည့် ဆွေးနွေးပွဲမတိုင်မီ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် အရေးပေါ်ညီလာခံခေါ်ယူပြီးနောက် ဩဂုတ် ၁၁ ရက်နေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရုရှားက အပြည့်အဝ ကန့်သတ်ချက် မရှိသော စစ်ပြေငြိမ်းရေးကို သဘောတူညီချက်မချမှတ်သရွေ့ မိမိတို့အနေဖြင့် မည်သည့်လျှော့ပေါ့မှုကိုမျှ ဆွေးနွေးစရာပင် မလိုအပ်ပါ" ဟု Kallas က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး “Transatlantic unity” ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

"အဆင့်ဆင့်လုပ်ဆောင်ရန် အရေးကြီးပါသည်။ ပထမဦးစွာ ကန့်သတ်ချက် မရှိသော စစ်ပြေငြိမ်းရေး၊ သေချာသည့် စောင့်ကြည့်စနစ်နှင့် ခိုင်မာသည့် လုံခြုံရေးအာမခံချက်များရရှိရန် လိုအပ်သည်" ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး EU အနေဖြင့် (၁၉) ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ် ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားဆန့်ကျင်ရေး ခက်ထန်သည့်သဘောထားနှင့် လူသိများသော အက်စတိုးနီးယားဝန်ကြီးချုပ်ဟောင်း Kaja Kallas ၏ ထုတ်ပြန်ချက် သည် EU အဖွဲ့ဝင်နိုင်ငံများအကြား သီတင်းပတ်များစွာ အပြန်အလှန် ဆွေးနွေး ပြီးနောက် ရုရှားကို (၁၈) ကြိမ်မြောက် ဒဏ်ခတ်မှု သဘောတူညီချက် ရရှိပြီးနောက် တစ်လအတွင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ 

Kallas က ယခင်ဒဏ်ခတ်မှုများကို ရုရှားအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်မှု အစီအစဉ်များထဲမှ တစ်ခုအဖြစ်ဖော်ပြခဲ့ပြီး ၎င်းတွင် ရုရှား၏ဘဏ် လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားခဲ့သည်။ ထို့အပြင် EU သည် Shadow fleet ဟုခေါ်သော ရုရှားရေနံကို EU ၏ ပိတ်ဆို့မှုများကို ရှောင်ရှားရန် သယ်ယူသည်ဟုဆိုသည့် သင်္ဘောများစာရင်းတွင် နောက်ထပ် သင်္ဘော (၁၀၅) စီးကို ထည့်သွင်းခဲ့သည်။

ထိုပိတ်ဆို့မှုများကို မော်စကိုက ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က "ထိုကဲ့သို့သော တစ်ဖက်သတ် ပိတ်ဆို့မှုများကို တရားမဝင်ဟု မိမိတို့ မကြာခဏ ပြောခဲ့ပါသည်" ဟု ပြောကြားခဲ့သည်။ Peskov က ရုရှားသည် "အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပြီး" ဒဏ်ခတ်မှုများအောက်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ တစ်ဖက်သတ် ပိတ်ဆို့မှုများသည် နှစ်ဘက်စလုံးကိုထိခိုက်နိုင်သည့် လုပ်ရပ်များဖြစ်ပြီး မော်စကိုအတွက်သာမက ဒဏ်ခတ်သူများအတွက်ပါ ဆိုးကျိုး သက်ရောက်မှု များ ဖြစ်စေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ ဖုန်းပြောဆိုခဲ့ကြောင်း ကရင်မလင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan နှင့် ဖုန်းဆက်စကားပြောခဲ့ကြောင်း ကရင်မလင်က သတင်း ထုတ်ပြန်ထားပါသည်။ ကရင်မလင် အဆိုအရ အဆိုပါဖုန်းခေါ်ဆိုမှုကို အာမေးနီးယား ဝန်ကြီးချုပ်ဘက်မှ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုဖုန်းခေါ်ဆိုမှုအတွင်း အာမေးနီးယားဝန်ကြီးချုပ်က ပူတင်အား သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် ကျင်းပသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev တို့နှင့် တွေ့ဆုံမှုရလဒ်များကို အကျဉ်းချုပ်တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သုံးပြည်ထောင်ဆွေးနွေးပွဲအပြီး အဇာဘိုင်ဂျန်သမ္မတ နှင့် အာမေးနီးယား ဝန်ကြီးချုပ်တို့သည် ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ 

ထိုကြေညာချက်တွင် နိုင်ငံနှစ်ခုကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခု ဖွင့်လှစ်ရန် ပါဝင်ပြီး ယင်းကို "အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးအတွက် ထရမ့်လမ်းကြောင်း" အဖြစ် အမည်ပေး ထားပါသည်။ အာမေးနီးယားသည် ထိုလမ်းကြောင်းဖွံ့ဖြိုးရေးအတွက် ၉၉ နှစ်ကြာ အမေရိကန်သို့ အထူးအခွင့်အရေးများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

နယ်မြေလွှဲပေးရေးအပေါ် ဇီလန်စကီး၏ သဘောထားပျော့ပျောင်းလာ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားနှင့် ဖြစ်နိုင်ခြေ ရှိသော ပဋိပက္ခဖြေရှင်းရေးတစ်စိတ်တစ်ပိုင်းအနေဖြင့် နယ်မြေ လွှဲပေးရန် နှင့် လက်ရှိရှေ့တန်းစစ်မျက်နှာများကို ရပ်တန့်ရန် သဘောတူ နိုင်ကြောင်း Daily Telegraph သတင်းစာက တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် အရင်း အမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ၎င်းသည် ယခင်သီတင်းပတ် များအတွင်းက နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်၍ အတိအလင်း ငြင်းဆို ခဲ့သည်။

အဆိုပြုထားသော သဘောတူညီချက်အရ ယူကရိန်းသည် Luhansk People's Republic (LPR)၊ Crimea နှင့် ရုရှားထိန်းချုပ်ထားသော Donetsk People's Republic (DPR) ၏ အစိတ်အပိုင်းများနှင့် Zaporozhye နှင့် Kherson ဒေသများကို ထိန်းချုပ်မှုလွှဲပေးရန် ဖြစ်သည်။ အဆိုပါ ဒေသများသည် ၂၀၁၄ နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပခဲ့သော ဆန္ဒခံ ယူပွဲများတွင် ရုရှားနှင့်ပူးပေါင်းရန် သတ်မှတ်ချက် အတိုင်းအတာ ကျော်လွန်စွာ မဲပေးခဲ့ကြသည်။

သို့သော် သဘောထားပျော့ပျောင်းလာဟန်ရှိသော်လည်း ယူကရိန်းသည် ရုရှားတပ်များက လက်ရှိထိန်းချုပ်ထားသည်ထက် နယ်မြေပိုမို စွန့်လွှတ် ရမည့် မည်သည့်ဖြေရှင်းချက်ကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေဆဲ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ သို့သော် အလဲအလှယ်အဖြစ် ယူကရိန်းသည် အနောက်နိုင်ငံများထံမှ လက်နက်ထောက်ပံ့မှုများ ရယူခြင်းနှင့် NATO အဖွဲ့ဝင်ဖြစ်ရန် ရှင်းလင်းသော လမ်းကြောင်း အပါ အဝင် "ခိုင်မာသော လုံခြုံရေးအာမခံချက်များ" ကို တောင်းဆိုမည် ဖြစ်သည်။

ဇီလန်စကီး၏ သဘောထား ပျော့ပျောင်းလာမှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ သောကြာနေ့ (ဩဂုတ် ၁၅) တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသော အနောက်နိုင်ငံအရာရှိတစ်ဦးက British Daily သို့ "အဆိုပါအစီအစဉ်သည် လက်ရှိစစ်တပ်များထိန်းချုပ်ထားသော နယ်မြေ အနေအထားနှင့်သာ သက်ဆိုင်နိုင်သည်" ဟု ပြောကြားခဲ့ပြီး လွန်ခဲ့သော သီတင်းပတ်အတွင်း ကိယက်ဗ်နှင့်အနောက်နိုင်ငံများအကြား အရေးပေါ် သံတမန်ဆက်ဆံရေး လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။ အစီရင်ခံစာတွင် EU သည် ထရမ့်နှင့် ရုရှားနှစ်ဦးစလုံးနှင့် သံတမန်ဆက်ဆံရာတွင် ယူကရိန်း၏ အနေအထားကို မြှင့်တင်ရန် ကြိုးပမ်းမှုအဖြစ် ယူကရိန်း၏ ငြိမ်းချမ်းရေးအမြင်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထရမ့်က ၎င်းနှင့် ပူတင်တို့သည် ရုရှားနှင့် ယူကရိန်းအကြား နယ်မြေလဲလှယ်မှုပါဝင်သည့် ဖြစ်နိုင်ခြေရှိသော သဘော တူညီချက်ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၎င်းသည် "နှစ်နိုင်ငံစလုံး အတွက် ပိုမိုကောင်းမွန်စေရန်" ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အထက် ဖော်ပြပါ နယ်မြေများအပြင် မော်စကိုသည် လက်ရှိတွင် Kharkov ၊ Sumy နှင့် Dnepropetrovsk ဒေသများရှိ နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားသည်။

ဇီလန်စကီးသည် ရုရှားသို့ မည်သည့်နယ်မြေလွှဲပေးမှုကိုမဆို လူသိရှင်ကြား အတိအလင်း ငြင်းဆိုခဲ့သည်။ မော်စကိုက မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို ယူကရိန်း၏ Donbass၊ Zaporozhye နှင့် Kherson ဒေသများမှ တပ်များရုပ်သိမ်းရေး၊ ကိယက်ဗ်၏ NATO မှ အဖွဲ့မဝင်ရောက်ရေး ကတိကဝတ်၊ နိုင်ငံ၏ စစ်အင်အားလျှော့ချရေး (demilitarization) နှင့် နာဇီဆန့်ကျင်ရေး (denazification) လုပ်ငန်းစဉ် များ ပါဝင်ရမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုထားသည်။

ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များကို ရုရှားက ထုတ်ဖော်

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး      ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး      ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း အဆိုးရွားဆုံးသော အခြေအနေ သို့ ရောက်ရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကိုပါ အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မိမိတို့အနေဖြင့် ဤအဆင့်မြင့်အစည်းအဝေးက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် အရှိန်အဟုန်တစ်ရပ် ဖြစ်စေမည်ဟု မျှော်လင့် ပါသည်။ ၎င်းသည် ပြဿနာအချို့ကို ရှေ့ဆက်လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်" ဟု ၎င်းက ပြောကြားကာ လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရေးသည်လည်း ဆွေးနွေးမည့် အကြောင်းအရာ များထဲမှ တစ်ခုဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ရုရှားနှင့် အမေရိကန် အကြား ခရီးသည်တင်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ဝါရှင်တန်က စီးပွားရေးအရ ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုများ ချမှတ်ပြီးနောက် ရပ်ဆိုင်းခဲ့သည်။ Ryabkov က ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းပဋိပက္ခ အပါအဝင် အခြား အရေးကြီး သောအကြောင်းအရာများကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထရမ့်က ဆွေးနွေးပွဲအတွက် လွန်စွာ စိတ်အားထက်သန်နေကြောင်းဖော်ပြခဲ့ပြီး ရုရှားနှင့် ယူကရိန်းအကြား နယ်မြေလဲလှယ်မှုပါဝင်သည့် ဖြေရှင်းနည်းတစ်ရပ်အဖြစ် သဘောတူညီမှု တစ်ခုကို စူးစမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Ryabkov က "လက်ရှိအဆင့်တွင် အမေရိကန်ရှိ ရုရှားသံတမန်ဆိုင်ရာ ပိုင်ဆိုင်မှု များ ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ မည်သည့်တိုးတက်မှုမျှ မတွေ့ရ သေးပါ" ဟု ဝန်ခံခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်က အမေရိကန် အာဏာပိုင် များက ပိတ်သိမ်းခဲ့သော ဆန်ဖရန်စစ္စကိုရှိ ရုရှားကောင်စစ်ဝန်ရုံး အပါ အဝင် အဆောက်အအုံများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုစဉ်က ဝါရှင်တန် က ယင်းအဆောက်အအုံများပိတ်သိမ်းခြင်းနှင့် ရုရှားသံတမန်များစွာကို နှင်ထုတ်ခြင်းများသည် ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုများအတွက် တုံ့ပြန်ချက်ဖြစ်သည်ဟု ဆိုခဲ့သည်။ သို့သော် အမေရိကန် အမျိုးသား  ထောက်လှမ်းရေးညွှန်ကြားရေးမှူး Tulsi Gabbard က လတ်တလော ထုတ်ပြန်ခဲ့သော လျှို့ဝှက်ဖိုင်များက ယခင်အဆိုပြုချက်များကို အားနည်း သွားစေခဲ့သည်။ မော်စကိုက အမေရိကန်အား သံတမန်ရေးရာ ပြဋ္ဌာန်းချက်များဖြင့် ကာကွယ်ထားသော ပိုင်ဆိုင်မှုများကို မတရား သိမ်းပိုက်မှု ပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။

ဇန်နဝါရီလတွင် ထရမ့် သမ္မတဖြစ်လာပြီးနောက် မော်စကိုက Aleksandr Darchiev အား ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်အသစ်အဖြစ် ခန့်အပ် ခဲ့သည်။ ဇွန်လတွင် ၎င်းသည် အမေရိကန်သမ္မတနှင့်တွေ့ဆုံကာ "ရုရှား-အမေရိကန်ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်စေရန်နှင့် ကျိုးကြောင်းဆီလျော်သောအခြေအနေသို့ ရောက်ရှိစေရန် ကြိုးစား လုပ်ဆောင်မည်" ဟု ကတိပြုခဲ့သည်။ ထို့အပြင် ရုရှားနှင့် အမေရိကန် တို့သည် ထိပ်တိုက်ရင်ဆိုင်မှုမရှိသော ငြိမ်းချမ်းသောတည်ရှိမှုကိုရရှိရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်၏ Big, Beautiful Bill ဥပဒေကြောင့် အမေရိကန် ဆင်းရဲသားများ ပိုမိုဆင်းရဲလာမည်

အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) ၏ အဆိုအရ ထရမ့်၏ ဥပဒေကြမ်းသည် အမေရိကန်၏ အဆင်းရဲဆုံးလူတန်းစားများအား ဝင်ငွေလျော့နည်းစေပြီး အချမ်းသာဆုံးများမှာမူ ပိုမိုချမ်းသာလာမည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အမေရိကန်လူဦးရေ၏ ၁၀% ရှိသည့် အဆင်းရဲဆုံးအုပ်စုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုး ခဲ့သော "Big and beautiful act" (OBBBA) အောက်တွင် Medicaid နှင့် အစားအစာအထောက်အပံ့ကဲ့သို့သော အစိုးရထောက်ပံ့မှု အစီအစဉ်များ ကို ကန့်သတ်ခံရခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ဆုံးရှုံးမည် ဖြစ်သည်။

ထို့အတူ အမေရိကန်၏ အချမ်းသာဆုံး ၁၀% သော လူတန်းစားသည် အဆိုပါဥပဒေပါ အခွန်လျှော့ချမှုများကြောင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၁၃,၆၀၀ အထိ တိုးပွားလာမည်ဖြစ်သည်။ CBO ၏ အဆို အရ အလယ်အလတ်ဝင်ငွေရှိသော အိမ်ထောင်စုများအပါအဝင် အမေရိကန် အိမ်ထောင်စုများ၏ ဝင်ငွေများ တိုးတက်လာမည်ဖြစ်သော်လည်း အကြီး မားဆုံးသော အကျိုးကျေးဇူးများကို အချမ်းသာဆုံးအုပ်စုက ရရှိမည် ဖြစ်သည်။

CBO သည် အမေရိကန်ကွန်ဂရက်၏ ပါတီများအပေါ် ဘက်လိုက်မှု မရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် မူဝါဒအ ကြံပြုချက်များမပေးဘဲ ဥပဒေ များ၏ ဘဏ္ဍာရေးအပေါ် အကျိုးသက်ရောက်မှု၊ ဖက်ဒရယ်ဘတ်ဂျက်၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အများပြည်သူကြွေးမြီ များကို ခန့်မှန်းရန် အာရုံစိုက်သည်။ CBO ၏ ဆန်းစစ်ချက်များကို နိုင်ငံရေး ပါတီနှစ်ခုစလုံးမှ ဥပဒေပြုသူများက အငြင်းပွားမှုများနှင့် မူဝါဒချမှတ်ရာ တွင် အခြေခံအနေဖြင့် အသုံးပြုလေ့ရှိသည်။

ကွန်ဂရက် အားလပ်ရက်အတွက် လွှတ်တော်အမတ်များ ဝါရှင်တန်မှ ထွက်ခွာချိန်တွင် CBO က ခန့်မှန်းချက်အသစ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင်လတွင် ရီပတ်ပလီကန်များသည် ကွန်ဂရက်အား မစ္စတာ ထရမ့်၏ အဆိုပြုချက်အရ အခွန်လျှော့ချသည့် ငွေကြေးသုံးစွဲမှုဥပဒေကြမ်း(OBBBA) ကို အတည်ပြုရန် တွန်းအားပေးခဲ့သည်။ ဒီမိုကရက်များက ယင်း ဥပဒေကြမ်းကို အပြင်းအထန်ဆန့်ကျင်ခဲ့ပြီး အခွန်လျှော့ချမှုနှင့် အသုံးစရိတ် ဦးစားပေးမှုများသည် အစိုးရ၏ အရေးကြီးသော အစီအစဉ်များကို ထိခိုက် စေကာ အမျိုးသားကြွေးမြီကို တိုးပွားစေမည်ဟု သတိပေးခဲ့သည်။

CBO ၏ အဆိုအရ ယင်းဥပဒေအသစ်အောက်တွင် အစိုးရ၏ အစားအစာ အထောက်အပံ့ ခံစားခွင့်စည်းမျဉ်းများ ပြောင်းလဲခြင်းသည် သန်းနှင့် ချီသော အမေရိကန်များကို ထိခိုက်စေမည်ဖြစ်သည်။ အမေရိကန်တွင် Supplemental Nutrition Assistance Program (SNAP) ခံစားခွင့်ရှိ သူများအတွက် အလုပ်လုပ်ရန် စည်းကမ်းချက်အသစ်များ ထည့်သွင်း ခြင်းကြောင့် လူ ၂.၄ သန်းခန့် အစီအစဉ်မှ အလိုအလျောက် ဖယ်ထုတ် ခံရမည်ဖြစ်သည်။ ၎င်းသည် မကျန်းမာသူ၊ မသန်စွမ်းသူ သို့မဟုတ် အလုပ် ရှာမရသူများကို အစားအစာအထောက်အပံ့မရှိဘဲ ဒုက္ခရောက်စေ နိုင်သည်။

CBO ၏ အခြားခန့်မှန်းချက်အရ Medicaid ကဲ့သို့သော ကျန်းမာရေး အထောက်အပံ့အစီအစဉ်များ ပြောင်းလဲခြင်းကြောင့် ၂၀၃၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ၁၀ သန်းကျော် ကျန်းမာရေးအာမခံဆုံးရှုံးမည် ဖြစ်သည်။

CBO ၏ ခန့်မှန်းချက်ထုတ်ပြန်ပြီးနောက် ရီပတ်ပလီကန်ပါတီဝင် အောက် လွှတ်တော် ဘဏ္ဍာရေးနှင့်အခွန်ကော်မတီဥက္ကဋ္ဌ ဂျေဆန်စမစ်က CBO ၏ တွက်ချက်မှုနည်းလမ်းများကို သဘောမတူကြောင်း၊ ၎င်း၏ ယခင် အပြစ်တင်မှုများကို ပြန်လည်ထပ်လောင်းပြောကြားခဲ့သည်။ ဂျေဆန်စမစ် သည် ထရမ့်၏ အခွန်လျှော့ချရေးမူဝါဒများကို ထောက်ခံသူဖြစ်ပြီး CBO ၏ ခန့်မှန်းချက်များကို မကြာခဏ ဝေဖန်လေ့ရှိသည်။ ၎င်း၏ ထုတ်ပြန်ချက် အရ CBO ၏ ခန့်မှန်းချက်များသည် "ဖက်ဒရယ်အသုံးစရိတ်တိုးမြှင့်ရန် နှင့် အခွန်မြှင့်တင်ရန် ဘက်လိုက်မှု" ရှိသည်ဟု ဆိုသည်။ ထရမ့်က CBO ၏ အစီရင်ခံစာအား မည်သည့်မှတ်ချက်မျှ မပြုသေးပေ။

ကိုးကား- VN Express

ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်းနိုင်ငံများက နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို စွန့်လွှတ်

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် သောကြာနေ့ (ဩဂုတ် ၈) က လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်ဦး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို တစ်ဦးက အပြန်အလှန် လေးစားရန်သဘောတူညီခဲ့ကြကြောင်း နှစ်နိုင်ငံမှထုတ်ပြန်သည့် စာတမ်း တွင် ဖော်ပြထားသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ထိုနှစ်နိုင်ငံသည် နာဂေါ်နို ကိုရာဘက်ဒေသ (Nagorno-Karabakh) အား ပိုင်ဆိုင်မှုအရ နှစ်ဆယ်စုနှစ် များစွာ အငြင်းပွားလာခဲ့ကြသည်။ အထူးသဖြင့် ၁၉၈၀ နှောင်းပိုင်းမှစ၍ အာမေးနီးယားလူမျိုးအများစုနေထိုင်သော ထိုဒေသသည် အဇာဘိုင်ဂျန် ထံမှ အကြမ်းဖက်ခွဲထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်က ပြန်လည် သိမ်းပိုက်ခဲ့သည်။

သဘောတူညီချက်တွင် "အချုပ်အခြာအာဏာနှင့် နယ်မြေအချုပ်အခြာ အာဏာကို အပြန်အလှန်လေးစားရန်" ဟူသော အချက်ပါဝင်ကာ "နိုင်ငံ နှစ်နိုင်ငံသည် တစ်ဦးအပေါ် တစ်ဦးက နယ်မြေဆိုင်ရာ တောင်းဆိုမှုများ မရှိကြောင်း အတည်ပြုပြီး အနာဂတ်တွင်လည်း ထိုသို့သော တောင်းဆိုမှု များမပြုလုပ်ရ" ဟု ဖော်ပြထားသည်။

အချက် (၁၇) ချက်ပါ အဆိုပါသဘောတူညီချက်သည် လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ကြား ငြိမ်းချမ်းရေးနှင့် ပြည့်ဝသော သံတမန်ဆက်ဆံရေး တည်ဆောက်ရန်ရည်ရွယ်သည်။ ထို့အပြင် နှစ်နိုင်ငံသည် အင်အားသုံးခြင်း (သို့) ခြိမ်းခြောက် မှုများကို ရှောင်ကြဉ်ရန်၊ တတိယပါတီများအား မိမိနယ်မြေများမှ တစ်ဖက်နိုင်ငံအား တိုက်ခိုက်ရန် အသုံးမချစေရန်နှင့် နယ်နိမိတ် တစ်လျှောက် မည်သည့် ပြင်ပအင်အားစုကိုမျှ ချထားခြင်းမပြုရန် သဘော တူညီထားသည်။

သဘောတူညီချက် အတည်ပြုပြီးနောက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တို့သည် တရားဝင် သံအမတ်ကြီးများ ထားရှိရန်နှင့် "အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ နယ်ပယ်များ" တွင် နောက်ထပ် သဘောတူညီချက် များအတွက် လမ်းဖွင့်ပေးရန် စီစဉ်ထားသည်။ ထို့အပြင် သဘော တူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် နှစ်နိုင်ငံကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ နောင်တွင်ဖြစ်ပွားမည့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီထားသည်။

အဆိုပါသဘောတူညီချက်ကို အာမေးနီးယား၏ ဝန်ကြီးချုပ် Nikol Pashinyan၊ အဇာဘိုင်ဂျန်၏ သမ္မတ Ilham Aliyev နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ဝါရှင်တန်၌ လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်သမ္မတက "သမိုင်းဝင် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး" ဟု ခေါ်ဆိုခဲ့သည့် အဆိုပါ အခမ်းအနားတွင် ခေါင်းဆောင်သုံးဦးသည် ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။

ထိုကြေညာချက်တွင် နှစ်နိုင်ငံသည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုရန်၊ ဒွန်တွဲဆက်ဆံရေးကို ဆက်လက် တိုးတက်စေရန် တိုက်တွန်းထားသည်။ ခေါင်းဆောင်များ လက်မှတ် ရေးထိုးထားသော စာတမ်းတွင် Zangezur corridor အပါအဝင် ဒေသတွင်း အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖွင့်လှစ်ရန် ပါဝင်ကြောင်း ဖော်ပြ ထားသည်။ အာမေးနီးယားနှင့် အမေရိကန်တို့သည် အဆိုပါစီမံကိန်း အတွက် မူဘောင်ရေးဆွဲရန် နှစ်ဖက်သဘောတူညီထားသော တတိယ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ထိုသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းသည် အဇာဘိုင်ဂျန်နိုင်ငံကို ၎င်း၏ Nakhichevan နယ်မြေ သို့ အာမေးနီးယား၏ တောင်ပိုင်း (အီရန်နှင့် နယ်နိမိတ်ချင်း ထိစပ် နေသော) နယ်စပ်တစ်လျှောက်မှတစ်ဆင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

အမေရိကန်နှင့် ရုရှားကြား သဘောတူညီချက်တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ မဖြစ်မနေ ပါဝင် ရမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် ဆို

အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့်သဘော တူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားကြား မည်သည့်သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ဤကိစ္စရပ်သည် ယူကရိန်း အပါအဝင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။ ဩဂုတ် ၁၁ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပပြီး နောက်တစ်ဆင့်လှုပ်ရှားမှုများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။

စစ်ပွဲကို မဖြစ်မနေ တရားမျှတစွာ အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ယူကရိန်း ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အပြည့်အဝထောက်ခံအားပေးကြောင်း ယူကရိန်းသမ္မတ ဇီလန် စကီးက ဩဂုတ် ၁၀ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

တက်ကြွစွာ သံတမန်ရေးအရ ကြားဝင်ဖျန်ဖြေခြင်း၊ ယူကရိန်းအား ဆက်လက်အားပေးထောက်ခံ၍ ရုရှားအား ဖိအားပေးခြင်းသာလျှင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဖော်ဆောင်နိုင်ဖွယ် ရှိကြောင်း၊ သက်ဆိုင်ရာ ဥရောပနိုင်ငံများသည် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” မှ တစ်ဆင့် ယူကရိန်းအား “လက်တွေ့ကျသော စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ” ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအပေါ် အကန့်အသတ်ဖြစ်စေသော အစီအမံများကို ထိန်းသိမ်းဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ဆွေးနွေးရန် အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းကြောင်းသည် “မဖြစ်မနေ ယူကရိန်းနှင့်အတူတကွ အတည်ပြုရမည် ဖြစ်ပြီး၊ ယင်းကသာ အခြေခံအကျဆုံးပါ” ဟူ၍ ဇီလန်စကီးက ဩဂုတ် ၉ ရက်တွင် ပြောခဲ့သည်။

ထရမ့်နှင့် ဥရောပခေါင်းဆောင်များသည် ဩဂုတ် ၆ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်တွင် ရုရှား၊ ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ဖူး သော်လည်း တက်ရောက်မည့်သူများတွင် မည်သည့်ဥရောပခေါင်းဆောင်မျှ မပါဝင်ကြောင်း မီဒီယာ များ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထရမ့်သည် ဥရောပအား “ယုံကြည်၍ မရသူ အဖြစ်” ရှုမြင်ကြောင်း အမေရိကန် “The New York Times” က သတင်းဖော်ပြခဲ့သည်။

ကိုးကား- Xinhua

အပစ်အခတ်ရပ်စဲပြီးနောက် ဥရောပလုံခြုံရေးအတွက် ရုရှားနှင့် ဆွေးနွေးပေးရန် ဒေါ်နယ်ထရမ့်ကို ဥရောပခေါင်းဆောင်များ တိုက်တွန်း

အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းအတွက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ရုရှားတို့နှင့် ဆွေးနွေးသင့်သည်ဟု တိုက်တွန်းပါကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ဖင်လန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော ဗြိတိန်နိုင်ငံတို့မှ ခေါင်းဆောင် များက ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။

ထိုကြေညာချက်မှာ မကြာမီ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံမည့် အမေရိကန် နှင့် ရုရှား ခေါင်းဆောင်တို့ ဆွေးနွေးပွဲမတိုင်မီ ဥရောပတို့အနေဖြင့် ဝိုင်းဝန်း အတည်ပြုထုတ်ပြန်လာခြင်းလည်း ဖြစ်ပါသည်။ 

သံတမန်နည်းလမ်းအရ ဖြေရှင်းခြင်းဖြင့် ယူကရိန်းနှင့် ဥရောပ၏ အရေးကြီးလှသော လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရမည် ဟု ခံယူထားကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည့် ခိုင်မာပြီး ယုံကြည် စိတ်ချရသော လုံခြုံရေးအာမခံချက်များ လိုအပ်သည်ကို မိမိတို့ သဘော တူပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

နိုင်ငံတကာနယ်နိမိတ်များကို အင်အားသုံး၍ မပြောင်းလဲရ ဟူသော မူဝါဒကို ဥရောပက ကတိကဝတ်ပြုလျက်ရှိနေကြောင်း၊ လက်ရှိ ဆက်သွယ် လာမှု လမ်းကြောင်းမှာ နယ်မြေများဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအတွက် စမှတ်ဖြစ်သင့်ကြောင်း၊ ထရမ့်၏ သံတမန် ရေးရာ အစပျိုးမှုကို တစ်ဖန် ကြိုဆိုသော်လည်း ပဋိပက္ခအဆုံးသတ်ရန် ကြိုးပမ်းမှုများတွင် တက်ကြွ သော သံခင်းတမန်ခင်း၊ ယူကရိန်းအတွက် အထောက်အပံ့နှင့် ရုရှား အပေါ် ဖိအားများ စသည်တို့ ပေါင်းစပ်ထားသင့်သည်ဟု မိမိရှုမြင် ပါကြောင်း ပြောကြားထားကြပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo - The Guardian