သတင်းများ

အစ္စရေးအစိုးရအဖွဲ့က ဂါဇာကို သိမ်းပိုက်ရန် အစီအစဉ်ကို အတည်ပြု

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဩဂုတ်လ ၈ ရက်နေ့ တွင် ဂါဇာကို တိုက်ခိုက် သိမ်းပိုက်ရန် အစိုးရအဖွဲ့၏ သဘောတူညီချက် ကို ရရှိခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲ ၂၂ လကြာပြီးနောက် ဟားမက် အဖွဲ့ကို အပြီးသတ်ချေမှုန်းရန်နှင့် ကျန်ရှိနေသေးသော ဓားစာခံ ၅၀ ကို အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ပြန်လည်ရယူရန် နောက်ဆုံး တိုက်စစ်ဆင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်းက ရှင်းပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၏ အကြီးဆုံးမြို့တွင် စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်ရန် အဆိုပါဆုံးဖြတ်ချက်သည် ပါလက်စတိုင်းနယ်မြေကိုအကြီးအကျယ်ပျက်စီးစေခဲ့သော ပဋိပက္ခကို ပိုမိုပြင်းထန်စေမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူပေါင်း ငါးသိန်းခန့် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။

"အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် တိုက်ပွဲဇုန်များ အပြင် ဘက်ရှိ အရပ်သားများအား လူသားချင်းစာနာထောက်ထားမှု အကူအညီ များ ပေးအပ်နေစဉ် ဂါဇာကို သိမ်းပိုက်ရန် အသင့်ပြင်ဆင်သွားမည်" ဟု ၁၀ နာရီကြာ အစိုးရအဖွဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီးတွင် နေတန်ယာဟု၏ ရုံးမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် အဆိုပါ အစီအစဉ်၏ ရည်မှန်းချက်မှာ ဟားမက် အဖွဲ့ကို အပြီးတိုင် ချေမှုန်းရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ အနောက် နိုင်ငံများ၏ အကြမ်းဖက်အဖွဲ့စာရင်းဝင် အီရန်မှ ပံ့ပိုးကူညီနေသော ယင်းအစ္စလာမ်ဝါဒီအဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော် ရက်စက်စွာတိုက်ခိုက်မှုဖြင့် အစ္စရေး၏ အကြာရှည်ဆုံး စစ်ပွဲကို စတင်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ခန့် သေဆုံးကာ ဓားစာခံ ၂၅၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

တတိယမြောက် ယာယီအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံအချို့ လွှတ်ပေးရေး ဆွေးနွေးညှိနှိုင်းမှုများသည် ပြီးခဲ့သည့်လက ရပ်တန့်သွား ခဲ့ပြီး အစ္စရေးနှင့် ၎င်း၏မဟာမိတ် အမေရိကန်တို့က ဟားမက်အဖွဲ့အား အပြစ်တင်ခဲ့သည်။ ပါလက်စတိုင်းအဖွဲ့သည် အစ္စရေးထံမှ စစ်ပွဲ အဆုံး သတ်ရန် ကတိကဝတ်တောင်းဆိုခဲ့သော်လည်း အစ္စရေးက ဟားမက်အဖွဲ့သည် အာဏာနှင့်လက်နက်များကို ဦးစွာစွန့်လွှတ်ရမည်ဟု အခိုင်အမာ ရပ်တည်ခဲ့သည်။

IDF တပ်များသည် ယခုအခါ ဂါဇာ၏ ၇၅% ခန့်ကို ထိန်းချုပ် ထားပြီ ဖြစ်ကာ ကျေးရွာများနှင့်အိမ်ခြေများ ပြာပုံများဖြစ်သွားခဲ့ရပြီး သိန်းနှင့် ချီ သောပါလက်စတိုင်းများကို ရွှေ့ပြောင်းစေခဲ့သည်။ ဂါဇာမြောက်ပိုင်းသည် လေကြောင်းတိုက်ခိုက်မှုများ ခံနေရသော်လည်း ဟားမက်အဖွဲ့က ဓားစာခံများကို ထိန်းသိမ်းထားသည်ဟု အစ္စရေးတို့ ယုံကြည်နေသည့် အတွက် ကြည်းတပ်များ အဓိကဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။

လူဦးရေ တစ်သန်းနီးပါးနေထိုင်သည့် ဂါဇာမြို့အတွင်းသို့ တပ်များနှင့် တင့်ကားများ ဝင်ရောက်မည့် နေတန်ယာဟု၏ အစီအစဉ်သည် အစ္စရေး နိုင်ငံသားအများစု၏ အမြင်နှင့် ဆန့်ကျင်နေသည်။ လူထုထောက်ခံမှု စစ်တမ်းများအရ ဓားစာခံများပြန်လည်ရရှိရန်နှင့် စစ်သည်များ အသက် ဆုံးရှုံးမှုလျှော့ချနိုင်ရန်အတွက် ဟားမက်အဖွဲ့ကို မဖျက်သိမ်းဘဲ စစ်ပွဲ အဆုံးသတ်ရန် အစ္စရေးနိုင်ငံသားအများစုက လိုလားကြောင်း ဖော်ပြ နေသည်။

အစ္စရေးအစိုးရအဖွဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အတည်ပြုပြီး မကြာမီ ဂါဇာမှ မိုင် ၃၀ (ကီလိုမီတာ ၅၀) အကွာမှ မိနစ်တိုင်း လက်နက်ကြီးများ ပေါက်ကွဲသံများကို ကြားနေရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ယူကရိန်းမှ ရွှေ့ပြောင်းလာသူများကို ဗြိတိန်တွင် တဖြည်းဖြည်း လက်မခံတော့ ဟု BBC ကဖော်ပြ

ဗြိတိန်အာဏာပိုင်များက ယူကရိန်းဒုက္ခသည်များအား ယူကေတွင် ဆက်လက်နေထိုင်ခွင့် တောင်းခံမှုများကို တစ်စစဖြင့် ငြင်းဆန် လာကြောင်း BBC ၏ ရုရှားပိုင်းဆိုင်ရာအစီအစဉ်က ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဗြိတိန် သည် ယူကရိန်းနိုင်ငံသား ၂၅၀,၀၀၀ ကျော်ကို လက်ခံခဲ့သော်လည်း စစ်ဘေးရှောင်များအား သုံးနှစ်ဗီဇာထုတ်ပေးခဲ့သည့် ‘Homes for Ukraine’ အစီအစဉ်ကို လတ်တလောတွင် လျှောက်ထားသူအသစ်များအတွက် ပိတ်သိမ်းလိုက်ပြီး ရှိပြီးသားဗီဇာများလည်း သက်တမ်းကုန်ဆုံးတော့ မည် ဖြစ်ပါသည်။ 

ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် BBC ကဖော်ပြခဲ့သည့် ဆောင်းပါး အရ ယခုနှစ်အစပိုင်းကတည်းက ဗြိတိန်အာဏာပိုင်များသည် ယူကရိန်း နိုင်ငံ၏ အနောက်ပိုင်းဒေသများ လုံခြုံပြီဟုအကြောင်းပြကာ ယူကရိန်း နိုင်ငံသားများအား အမြဲတမ်းကာကွယ်စောင့်ရှောက်မှုအဆင့် (permanent protection status) ပေးရန် ငြင်းဆန်လာခဲ့သည်။ ဗြိတိန်ပြည်ထဲရေး ဝန်ကြီးဌာနက အစီအစဉ်သည် ယာယီသာဖြစ်ကြောင်း အမြဲ အလေးထား ပြောဆိုခဲ့သော်လည်း မကြာသေးမီကာလအထိ ယူကေတွင် ဆက်လက် နေထိုင်လိုသည့် ယူကရိန်းနိုင်ငံသားများအတွက် ရွေးချယ်စရာအချို့ ရှိခဲ့သေးသည်။

BBC ၏ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက အာဏာပိုင် များသည် ယူကရိန်းနိုင်ငံသားများအား ရေရှည်လူသားချင်းစာနာမှု ကာကွယ် စောင့်ရှောက်ရေး (humanitarian protection) နှင့် အလုပ်ဗီဇာများ ထုတ်ပေးရာတွင် စံသတ်မှတ်ချက်များကို တင်းကျပ်လာခဲ့ကြောင်း ဆိုသည်။ "ခွင့်ပြုချက်ရရှိမှုများသည် အလွန်နည်းပါးပြီး ခြွင်းချက်အနေ ဖြင့်သာ ရှိနေသည်" ဟု BBC က ဥပဒေအကြံပေးတစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ ထိုသို့သော အခြေအနေများတွင် မသန်စွမ်းသူများ သို့မဟုတ် နာတာရှည်ရောဂါသည်များပါဝင်သည့် ယူကရိန်း နိုင်ငံသားများ၏ လျှောက်လွှာများတွင်ပင် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ရရှိခဲ့သည်။

မကြာသေးမီလများအတွင်း The Guardian နှင့် The Telegraph အပါအဝင် ဗြိတိန်မီဒီယာအချို့ကလည်း ယူကရိန်းဒုက္ခသည်များအား ခွင့်ပြုချက်ငြင်းဆန်မှုများ တိုးလာသည့် အလားတူ ဖြစ်စဉ်များကို ဖော်ပြ ခဲ့ကြသည်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများစွာသည်လည်း ယူကရိန်း နိုင်ငံသား များဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်လျက်ရှိသည်။ Euractiv သတင်း ဌာနက ဇွန်လတွင် "ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေ" ကြောင့် ဒုက္ခသည်များအား နိုင်ငံများမှ ဖြည်းဖြည်းချင်း ပြန်လည် ထွက်ခွာ      စေမည့် အလားအလာရှိသော ဆွေးနွေးမှုများ တိုးမြင့်လာနေကြောင်း ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) တွင် ဂျာမန်မီဒီယာများက အလုပ်သမားဝန်ကြီး Barbel Bas မှ ယူကရိန်းဒုက္ခသည်များအတွက် လူမှုရေး ခံစားခွင့်အထောက်အပံ့များကိုလျှော့ချရန် အဆိုပြုချက်တစ်ရပ်ကို တင်သွင်း ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုအဆိုတွင် ဒုက္ခသည်များ ဆက်တိုက် ဝင်ရောက်လာမှုကြောင့် ဘဏ္ဍာရေးဖိအားများဖြစ်ပေါ်နေခြင်းကို အကြောင်းပြချက်အဖြစ် ဖော်ပြထားသည်။

အလားတူပင် ပိုလန် ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz ကလည်း "သိန်းနှင့်ချီသောယူကရိန်းလူငယ်များသည် ဥရောပ တစ်ဝှမ်းတွင် အကောင်းစား ဇိမ်ခံကားများနှင့် သွားလာနေကြကာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များတွင် အားလပ်ရက်များကို ကုန်ဆုံး နေကြခြင်းအား ပိုလန်လူမျိုးများ စိတ်အနှောင့်အယှက်ဖြစ်လာကြသည်" ဟု မတ်လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ကိုးကား- RT

ထရမ့်နှင့် ပူတင်တို့ ရင်းနှီးခင်မင်စွာ ဖုန်းဆက်သွယ်ပြောကြားခဲ့ကြ ကြောင်း The Wall Street ဂျာနယ် ပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရင်းနှီးခင်မင်စွာဖြင့် ဖုန်းများ ခေါ်ဆို၍ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း The Wall Street ဂျာနယ်က အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားပါသည်။ 

အဆိုပါအရင်းအမြစ်များအရ ထရမ့်သည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း ပိုမိုအားကောင်းလာစေရန် ပူးပေါင်းခြင်းဖြင့် အမေရိကန်-ရုရှား ဆက်ဆံရေး ကို ပြန်လည် တည့်မတ်ရန် ၎င်း၏ ရည်မှန်းချက်များကို မကြာခဏ ထည့်သွင်းပြောကြားလေ့ရှိပါသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ကြားလူများမှတစ်ဆင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြကြောင်း သတင်း တွင် ဖော်ပြထားပါသည်။ 

၂၀၂၅ ခုနှစ်အစောပိုင်း ဒေါ်နယ်ထရမ့် သမ္မတရာထူး ဆက်ခံ ပြီးနောက် ကတည်းက ၎င်းက ဗလာဒီမာပူတင်နှင့် တစ်နေ့တွင် တွေ့ဆုံရန် ဆန္ဒရှိ နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါသည်။ ယခု ၂၀၂၅ ခုနှစ် နှစ်စပိုင်း မှစ၍ ၎င်းတို့သည် ဖုန်း ၆ ကြိမ်တိုင်တိုင် ခေါ်ဆို စကားပြောကြားခဲ့ ကြပြီးဖြစ်ပါသည်။ အမေရိကန်ခေါင်းဆောင်နှင့် ရုရှားခေါင်းဆောင်တို့သည် လာမည့်ရက်အနည်းငယ်အတွင်းတွင် တွေ့ဆုံရန် သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်း သမ္မတ၏ အနီးကပ်အကြံပေးဖြစ်သူ Yury Ushakov က ဩဂုတ်လ ၇ ရက်တွင် အတည်ပြုပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် ပူတင်သည် ဇီလန်စကီး နှင့်တွေ့ဆုံရန် မလိုအပ်ဟု ထရမ့် ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ပူတင်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးနှင့် တွေ့၊မတွေ့ဆိုသည်မှာ အရေးပါသည့် ကိစ္စရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် New York Post သတင်းစာက အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ "ထရမ့်နှင့် တွေ့ဆုံရန်အတွက် ပူတင်သည် ဇီလန်စကီးနှင့် ဦးစွာ တွေ့ဆုံရမည်" ဟု ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်သမ္မတက ထိုသတင်းကို ချက်ချင်းပယ်ချခဲ့သည်။ ပူတင်အနေဖြင့် ဇီလန်စကီးနှင့် ဦးစွာတွေ့ဆုံရမည်လားဟု မေးမြန်းမှုကို ထရမ့်က "မလိုပါ။ ၎င်းတို့က မိမိနှင့် တွေ့ဆုံလိုကြသည်။ သတ်ဖြတ်မှု တွေရပ်တန့်ဖို့ မိမိဘက်က မည်သည့်အရာများ လုပ်ဆောင်ပေးနိုင်မည် နည်း။ လုပ်ပေးမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဇီလန်စကီးက ပဋိပက္ခကို အဆုံးသတ်ရန် ပူတင်နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ ရုရှားသမ္မတက တွေ့ဆုံခြင်း နှင့်ပတ်သက်၍ ကန့်ကွက်ရန်အကြောင်းမရှိသော်လည်း အချို့သော အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

ထရမ့်၏ ထုတ်ဖော်ပြောဆိုချက်များသည် ကရင်မလင်အကြံပေးအရာရှိ ယူရီ ဦရှာကော့ဗ်က ပူတင်နှင့် ထရမ့်တို့ လာမည့်သီတင်းပတ်အတွင်း မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ကြောင်း ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပူတင်က ထိပ်သီးအစည်းအဝေးအတွက် ဖြစ်နိုင်ခြေရှိသောနေရာအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကို အဆိုပြုခဲ့သည်။

အစ္စရေးက ဂါဇာကို ရေရှည်ထိန်းချုပ်ထားလိုခြင်းမရှိဟု နေတန်ယာဟု ပြောဆို

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမက်အပေါ် စစ်ဆင်ရေးများပြီးဆုံးပါက ဂါဇာတွင် အစ္စရေး၏ ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့ထူထောင်ရန် မရည်ရွယ်ကြောင်းနှင့် အစ္စရေး၏ အာရပ် အိမ်နီးချင်း များက ပါလက်စတိုင်းနယ်မြေအား တာဝန်ယူရန်ကို ပိုမိုလိုလားကြောင်း ပြောကြားခဲ့သည်။

FOX သတင်းဌာနနှင့် ကြာသပတေးနေ့ (ဩဂုတ် ၇) က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် နေတန်ယာဟုအား အစ္စရေးသည် ဂါဇာ ကမ်းမြောင် ဒေသအာလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ရှိ၊ မရှိ မေးမြန်း ခဲ့ရာ "မိမိတို့၏ လုံခြုံရေးအာမခံဖို့၊ ဟားမက်ကို ထိုနေရာမှ ဖယ်ရှားပြီး ပြည်သူများကို ဟားမက်၏ခြိမ်းခြောက်မှုကနေ လွတ်မြောက်စေကာ အစ္စရေးကို ဖျက်ဆီးရန်မတိုက်တွန်းသည့် အရပ်သား အုပ်ချုပ်ရေး စနစ် ကို လွှဲပြောင်းပေးရန် ရည်ရွယ်ပါသည်" ဟု ဖြေကြားခဲ့သည်။

နေတန်ယာဟုက အစ္စရေးအနေဖြင့် ဂါဇာကို ရေရှည်ထိန်းချုပ်ထားလိုခြင်း မရှိကြောင်း၊ သို့သော် လုံခြုံရေးနယ်နိမိတ်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အုပ်ချုပ်ရေးအာဏာကို အာရပ်တပ်ဖွဲ့များထံ လွှဲပြောင်း ပေးကာ သင့်တင့်မျှတစွာ အုပ်ချုပ်နိုင်ရန်သာလိုအပ်သည်ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဂါဇာကို ထိန်းချုပ်ခဲ့ပြီး နောက်ဆုံးတွင် တစ်ဖက်သတ်ရုပ်သိမ်းခဲ့သည်။ ယခုသီတင်းပတ်အတွင်း အစ္စရေးမီဒီယာအချို့က နေတန်ယာဟုသည် ဂါဇာကို အပြည့်အဝ သိမ်းပိုက်ရန် အစီအစဉ်အတွက် အစိုးရအဖွဲ့ (Cabinet) ထောက်ခံမှု ရယူ မည်ဟု ဝန်ကြီးများအား ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) ၏ ကန့်ကွက်မှုများရှိခဲ့သည်။

ဇန်နဝါရီလတွင် အစ္စရေးနှင့် ဟားမက်တို့သည် အဆင့်သုံးဆင့်ပါ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချုပ်ဆိုခဲ့သော်လည်း မတ်လတွင် အပြန်အလှန်စွပ်စွဲမှုများကြောင့် အစ္စရေးက စစ်ဆင်ရေးပြန်လည် စတင် ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ဖက်သည် ကြားကာလဆွေးနွေးပွဲများ ပြုလုပ် ခဲ့သော်လည်း ထူးခြားသောတိုးတက်မှုမရှိခဲ့ပေ။

ဖေဖော်ဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမ်းသာကြွယ်ဝသော အာရပ်နိုင်ငံများသို့ ဂါဇာပြည်သူများ ပြောင်းရွှေ့နေထိုင်ရန် အဆိုပြုချက် တစ်ရပ်ကို တင်ပြခဲ့သည်။ သို့သော် အာရပ်နိုင်ငံများအဖွဲ့နှင့် ရုရှားတို့က ယင်းအဆိုကို ချက်ချင်းငြင်းဆန်ခဲ့ကြသည်။

ဖမ်းဆီးခံထားရသည့် မော်လ်ဒိုဗာနိုင်ငံ၏ ဒေသဆိုင်ရာ ခေါင်းဆောင် အတွက် တရားဝင် ဥပဒေစီရင်ပိုင်ခွင့်လုပ်ထုံးလုပ်နည်းကို (due process) လိုက်နာရန် UN တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က မော်လ်ဒိုဗာနိုင်ငံအား Evgenia Gutsul ၏ အယူခံဝင်ခွင့်နှင့် မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများအား အာမခံပေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ နိုင်ငံရေးသမားအပေါ် တရားမဲ့ပြုကျင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပရန် မော်စကို က ခေါ်ယူခဲ့သည်။ 

ယခုသီတင်းပတ်အစောပိုင်းတွင် Gutsul အား မော်လ်ဒိုဗာတွင် ၂၀၂၃ ခုနှစ်က ပိတ်ပင်တားမြစ်ခဲ့သော ဥရောပသံသယဝါဒီ SOR ပါတီသို့ တရား မဝင် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ရွေးကောက်ပွဲရန်ပုံငွေများလက်ခံပြီး လွှဲပြောင်းပေးခဲ့သည်ဟု အပြစ်ရှိကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သူမ အား ထောင်ဒဏ် ၇ နှစ်ချမှတ်ကာ မော်လ်ဒိုဗာ lei သန်း ၄၀ (အမေရိကန် ဒေါ်လာ ၂.၃ သန်း) ဒဏ်ငွေချမှတ်ခဲ့သည်။ သူမ၏ ရှေ့နေအဖွဲ့က တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကတိပြုထားသည်။

OHCHR ပြောရေးဆိုခွင့်ရှိသူ Thameen Al-Kheetan က "မိမိတို့အနေဖြင့် Ms. Gutsul ၏ အမှုဆုံးဖြတ်ချက်ကို သိရှိသော်လည်း အသေးစိတ် အချက် အလက်များကို မသိရသေးပါ။ သူမ၏ အယူခံခွင့်၊ မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများ လိုက်နာခံစားခွင့်များကို လေးစားရမည်" ဟု RT သို့ ပြောကြားခဲ့သည်။

ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky ၏ အဆိုအရ အဆိုပါအစည်းအဝေးကို တံခါးပိတ်ကျင်းပမည် ဖြစ်သော် လည်း Polyansky နှင့် အခြားရုရှားသံတမန်များမှ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

Gutsul သည် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် SOR ပါတီမှ ကိုယ်စားလှယ် အဖြစ် အနိုင်ရပြီးနောက် မော်လ်ဒိုဗာ၏ တောင်ပိုင်းရှိ ရုရှားစကားပြော လူမျိုးအများစုနေထိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Gagauzia ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုပါတီအား နိုင်ငံခြား ငွေကြေး တရားမဝင်ရှာဖွေမှုစွပ်စွဲချက်များဖြင့် မော်လ်ဒိုဗာတွင် ပိတ်ပင် တားမြစ်ခဲ့သည်။ Gutsul သည် အနောက်နိုင်ငံများနှင့် ရင်းနှီးသော သမ္မတ Maia Sandu အစိုးရ၏ မူဝါဒနှင့်ဆန့်ကျင်ဘက် ရုရှားနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကတိများဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။

Gagauzia ပါလီမန်မှ တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး Gutsul အား ဒေသ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဆဲဟု ကြေညာခဲ့သည်။Gutsul မှ မည်သည့်မတရားမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိဟု အခိုင်အမာ ငြင်းဆိုကာ သူမအပေါ်စွပ်စွဲမှုသည် နိုင်ငံရေးလုပ်ကြံမှုတစ်ခုအဖြစ် စီစဉ် ထားခြင်းဖြစ်သည်ဟု အထပ်ထပ်ပြောဆိုခဲ့သည်။

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရှိရန် ပိုမိုနီးစပ်လာသည်ဟု အမေရိကန် က ယုံကြည်ကြောင်း ရူဘီယိုဆို

ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရန်အတွက် မြင်သာသည့် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန် အထူး ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် တို့ မော်စကိုတွင်တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

"ယနေ့သည် အားလုံးအတွက် ကောင်းမွန်သောအဓိပ္ပာယ်များနှင့် ပြည့်စုံ စေသည့်နေ့တစ်နေ့ပါ ၊ ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင် စရာများ ရှိနေသော်လည်း မနေ့ကထက် ယနေ့ပိုမိုနီးစပ်လာပါပြီ” ဟု ရူဘီယိုက Fox Business သို့ ပြောကြားခဲ့သည်။ 

ရူဘီယိုက မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ခက်ခဲသော လိုက်လျောမှုများ လိုအပ်ကြောင်း ဝန်ခံခဲ့သည်။ မည်သူမဆို စစ်ပွဲကို ပြီးဆုံးစေချင်သော်လည်း စည်းမျဉ်းများကို သဘောတူညီရန် အခက်အခဲ များရှိကြောင်း ၎င်းက အလေးထားပြောဆိုခဲ့သည်။

ရူဘီယိုက ချက်ချင်းအပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနည်းကြောင်း ပြောဆိုကာ အချိန်ဇယားအတိအကျကိုမူ မဆွေးနွေးရသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် ယခုအခါ ဝါရှင်တန်သည် ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံက သဘောတူလက်ခံမည့် အခြေအနေ များကို တွေ့ရှိလက်ခံလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

"လက်ရှိ ထရမ့်အစိုးရ တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဟု ပြောနိုင်မည့် ရုရှားဘက်က ငြိမ်းချမ်းရေးအတွက် တောင်းဆိုနိုင်သည့် အချက်တချို့၏ သိသာမြင်သာစေသည့် ဥပမာများ မိမိတို့တွင် ရှိနေပါပြီ" ဟု ရူဘီယိုက ပြောကြားခဲ့သော်လည်း အတိအကျ တောင်းဆိုချက်များ ကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

အကယ်၍ နှစ်ဖက်စလုံးက ပိုမိုနီးစပ်လာပါက အရေးပါသည့် သံတမန်ရေး အဆင့်မြင့် ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပနိုင်ရေး ဆောင်ရွက်မှု များ ရှိလာနိုင်ကြောင်း ရူဘီယိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ကမ္ဘောဒီးယားနှင့် ထိုင်းတို့က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ဖြစ်ပွားနေသည့်နယ်စပ်ပဋိပက္ခချုပ်ငြိမ်း

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လိုက်ခြင်းအားဖြင့် နှစ်နိုင်ငံကြားဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခမှာ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနှင့်ထိုင်းတာဝန်ရှိသူများ သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဩဂုတ်လ ၇ ရက်တွင် အထွေထွေနယ်စပ်ရေးရာကော်မတီ အစည်းအဝေးကို ကျင်းပပြီးနောက်   နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးသဘော တူစာချုပ်တွင် နှစ်နိုင်ငံစလုံးမှတပ်ဖွဲ့များကို လက်ရှိ နေရာများတွင်ပင် ဆက်လက်ထားရှိရေးနှင့် အပြန်အလှန်ရန်ပြုသည့် ပစ်ခတ်မှုများ လုပ်ဆောင်ခြင်း မပြုရန်တို့ ပါဝင်သည်။

အလားတူ နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏ အရပ်သားများနှင့် အရပ်သားများပိုင်ဆိုင်သော အဆောက်အအုံများကို တစ်နိုင်ငံက ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန်၊ ဖမ်းဆီးခံ ထားရသော စစ်သည်များကို ချက်ချင်းပြန် လွှတ်ပေးရန်နှင့်     ဖြန့်ကြက်ထားသည့် စစ်သည်အင်အားကိုလည်း ယခုထက်ပို၍တိုးမြှင့်ခြင်းမပြုရန် သဘောတူညီချက်တွင် ဖော်ပြပါရှိသည်။

ယခုရရှိလိုက်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်ဖြစ်စေရန် အခြေခံကျသောအရာတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်ကပြောထားသည်။

Ref: SCMP

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အတည်ပြုလက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများ” ၊ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ” ၊ “အမျိုးသား လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ” ၊ “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ” ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် ကော်မရှင်အဖွဲ့ဝင်များက တင်ပြကြရာ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်သည်။

ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOI

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၈) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်သူများထံ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၈) နှစ်မြောက် နှစ်ပတ်လည် နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် အာဆီယံအသင်းကြီးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ပြေးညီ သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် အသင်းကြီး၏ ရည်မှန်းချက်များကို တည်ကြည်ခိုင်မြဲစွာ ဖော်ဆောင်လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ အတူတကွကြိုးပမ်းမှု၊ အမြော်အမြင်နှင့် မျှော်မှန်းချက်တို့ဖြင့် အာဆီယံအဖွဲ့ကြီးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်လျက် ဒေသတွင်းခိုင်မာသည့် အသိုက်အဝန်းတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပါသည်။ အသင်းကြီးလျှောက်လှမ်းခဲ့သည့် ခရီးလမ်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံသည် ဂုဏ်ယူစွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းသာယာဝပြောသော အရှေ့တောင်အာရှအတွက် မိမိတို့၏မျှော်မှန်းချက်များရောက်ရှိရန် အာဆီယံပဋိညာဉ်စာတမ်း၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုလျက် ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို မမှိတ်မသုန် လိုက်နာစောင့်ထိန်းလျက်ရှိပါသည်။

အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံက ၁၉၉၅ ခုနှစ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့က ၁၉၉၇ ခုနှစ် တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၉ ခုနှစ်တွင်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ကြပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ ပေါင်းစည်းလျှောက်လှမ်းခဲ့ရာ ခရီးလမ်း၊ မိမိတို့၏အားမာန်များ စုစည်းလျက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာမှ ရရှိခဲ့ကြသည့် အောင်မြင်မှုများကို ပြန်ပြောင်းသတိရ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အာဆီယံပေါ်ပေါက်ခဲ့သည်မှာ (၅၈) နှစ် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိပြီဖြစ်ရာ အောင်မြင်မှုရရှိခဲ့သော ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်နှင့် လူမှု - ယဉ်ကျေးမှုမဏ္ဍိုင် (၃) ရပ်အပေါ် အခြေတည်သည့် အာဆီယံအသိုက်အဝန်း ၂၀၁၅ ကို တည်ထောင်နိုင်ခြင်းအပါအဝင် အထင်ကရအောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ပါသည်။ အာဆီယံသည် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အရှေ့အာရှထိပ်သီးအစည်းအဝေး (EAS)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေး (ADMM-Plus) စသည့် ဒေသတွင်းအဓိကကျသော ဖိုရမ်များကို ဦးဆောင်လျက် စေ့စပ်ဆွေးနွေးမှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းပေါင်းစည်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါသည်။ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ ကို အကောင်အထည်ဖော်မှုများသည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း နှစ်ထောင်းအားရဖွယ် တွေ့ရှိရပါသည်။

“အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅” ပန်းတိုင်များ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ယခု ၂၀၂၅ ခုနှစ်သည် အာဆီယံအတွက် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ကာ ဦးစားပေးမှုကဏ္ဍများကို ချိန်ညှိလျက် ဘက်စုံနည်းဗျူဟာများကို ချမှတ်ရမည့် အဓိကကျသော နှစ်တစ်နှစ်ဖြစ်ပါသည်။ အဆိုပါ “အာဆီယံ ၂၀၄၅ မျှော်မှန်းချက်” ကို အခြေပြုလျက် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိကာ စီးပွားရေးအရ အားကောင်း၍ ဒေသတွင်းငြိမ်းချမ်းမှုရှိရေးကို ထပ်လောင်းအတည်ပြုဖော်ဆောင်သွားကြရပါမည်။ လာမည့် ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ကမ္ဘာ့နိုင်ငံများက လေးစားထိုက်သော တိုးတက် အောင်မြင်သည့် အသိုက်အဝန်းကြီးဖြစ်ရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

အသင်းကြီးအနေဖြင့် လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဖြစ်စဉ်များအကြား ကြံ့ကြံ့ခံနိုင်ပြီး အချိတ်အဆက်ရှိစွာ တုံ့ပြန်မှုမြန်ဆန်စွာဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောအဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်ပါသည်။ ဤအခြေအနေ များကြောင့် ယခု ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ဟူသည့် ဆောင်ပုဒ်သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏ ကတိကဝတ်များကို ထင်ဟပ်လျက်ရှိပါသည်။ ဒေသတွင်းလုံခြုံရေးအခင်းအကျင်းကို ဦးဆောင်တည်ဆောက်ရာတွင် အာဆီယံ၏အရေးပါသော အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါသည်။

အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြဋ္ဌာန်းထားသော အာဆီယံပဋိညာဉ်စာတမ်းတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ပြီး အာဆီယံ၏ မီးရှူးတန်ဆောင်ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး အရွေ့အပြောင်းများ၊ စီးပွားရေးတုံ့ဆိုင်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများစသည့် ဒေသတွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဖြစ်ပေါ်လျက်ရှိချိန်တွင် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာ ရှေ့သို့ချီတက်ရန် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ဆောင်ခြင်းအားဖြင့် အာဆီယံအသင်းကြီးသည် ကြံ့ကြံ့ခံကာ လိုက်လျောညီထွေ လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အခါသမယတွင် ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အဓိကကျသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ အာဆီယံပဋိညာဉ်စာတမ်း၏ မူများနှင့် ရည်ရွယ်ချက်များအရ အာဆီယံစည်းလုံးညီညွတ်မှုနှင့် အာဆီယံဗဟိုအချက်အချာကျမှုတို့ကို ဖော်ဆောင်ရန်အတွက် မိမိတို့မြန်မာနိုင်ငံသည်လည်း သန္နိဋ္ဌာန်ပြု၍ မြဲမြံစွာရပ်တည်လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအနေအထားများ မည်သို့ပင်ရှိစေကာမူ မိမိတို့အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့မှုကို အခြားနိုင်ငံက လေးစားလျက် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် အာဆီယံ၏စွမ်းအားသည် တည်ရှိလျက်ရှိပါသည်။

အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် မိမိတို့သည် ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို ထိန်းသိမ်းကာ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ပါသည်။

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား

ယခုကဲ့သို့ (၅၈) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခါသမယတွင် မတူကွဲပြားသော်လည်း စည်းလုံးညီညွတ်မှုရှိစွာဖြင့် စုစည်းပြီး ကြံ့ကြံ့ခံလျက် သာယာဝပြောမှုကို မျှဝေကြသည့် အာဆီယံ၏စံနှုန်းများကို ထိန်းသိမ်းကြရန် မိမိတို့၏သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြပါရန်နှင့် အတိတ်ကာလ အောင်မြင်မှုများကို ဂုဏ်ယူကျေနပ်ရုံသာမက ငြိမ်းချမ်းရေးထိန်းသိမ်းလျက် သာယာဝပြောရေး ဖော်ဆောင်ကာ ဒေသတွင်း ကြွယ်ဝသောယဉ်ကျေးမှုများကိုလည်း စုပေါင်းထိန်းသိမ်းပျိုးထောင်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအားလုံး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပြီး ငြိမ်းချမ်းသာယာဝပြောမှုများကို နောင်လာမည့်နှစ်များတွင်လည်း ရရှိခံစားနိုင်ကြပါစေကြောင်း၊ အာဆီယံပြည်သူများ၏ စိတ်နှလုံးတွင်း၌ တစ်စုတစ်စည်းတည်းဖြစ်သည်ဟူသည့် အာဆီယံစိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်