အမေရိကန်ပြည်ထောင်စုရှိ ယူကရိန်းသံအမတ်ကြီးက ၎င်းတို့နိုင်ငံ အနေဖြင့် "မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို လက်ခံကြောင်း" ပြောကြားခဲ့ပြီး ထရမ့်-ပူတင်ထိပ်သီးအစည်းအဝေး အောင်မြင်ရန်လည်း ဆုတောင်းပတ္ထနာပြုခဲ့သည်။

"သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါလုပ်ဆောင်ချက်နှင့်အတူ ဆွေးနွေး နေဆဲဖြစ်သော ဒဏ်ခတ်အရေးယူမှုများနှင့် ထပ်ဆင့်ဒဏ်ခတ်မှုများက သမ္မတ ဗလာဒီမာ ပူတင်အား အဆိုပါစစ်ပွဲကို အဆုံးသတ်ရန် အချိန်တန် ပြီဖြစ်ကြောင်း ယုံကြည်စေမည်ဟု ကျွန်မတို့ အမှန်တကယ် မျှော်လင့် ပါသည်" ဟု အမေရိကန်ရှိ ယူကရိန်းသံအမတ်ကြီး အောက်ဆာနာ မာကာရိုဗာက ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းချက် တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားတို့က သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးရန် ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာတွင် တွေ့ဆုံမည်ဟု အတည်ပြုပြောကြားပြီးနောက် မာကာရိုဗာက ထိုကြေညာချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇွန်လက ဂျနီဗာတွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတ ပူတင်တို့ တွေ့ဆုံ ခဲ့သည့် နောက်ပိုင်း ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ ပထမဆုံး ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။
ယူကရိန်းသံအမတ်ကြီးက စစ်ပွဲအဆုံးသတ်ရန် သမ္မတထရမ့်၏ ကြိုးပမ်းမှု များကို အသိအမှတ်ပြုခဲ့ပြီး အေးချမ်းရေးအတွက် ကြိုးပမ်းမှုများ ဆွေးနွေးရန် ဒုတိယသမ္မတ JD Vance ၏ ယခုလတ်တလော ဗြိတိန် ခရီးစဉ်ကိုလည်း ချီးကျူးခဲ့သည်။
"ယူကရိန်းနိုင်ငံသားအားလုံးက သမ္မတထရမ့်၏ အစည်းအဝေးသည် ထိရောက်ပြီး ကောင်းမွန်သောရလဒ်များရရှိစေရန် ဆုတောင်း နေကြ ပါသည်" ဟု သူမက ပြောကြားခဲ့သည်။ "ယူကရိန်းသည် အပြည့်အဝ စစ်ရပ်စဲရေး၊ တစ်စိတ်တစ်ပိုင်းစစ်ရပ်စဲရေး၊ မည်သည့်ပုံစံဖြင့်မဆို စစ်ရပ်စဲရေးကို သဘောတူပါသည်။"
ထိုနေ့တွင်ပြောကြားခဲ့သော မိန့်ခွန်းတွင် ယူကရိန်းသမ္မတ Volodymyr Zelensky က ၎င်း၏နိုင်ငံသည် အစစ်အမှန်ငြိမ်းချမ်းရေးကို အာမခံရန် အမေရိကန်နှင့် နေ့စဉ်ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ပြီး စစ်ပွဲအဆုံးသတ် ရန် သမ္မတထရမ့်၏ စိတ်ပိုင်းဖြတ်မှုအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းကဆက်လက်ပြောကြားရာတွင် စစ်ပွဲကြာမြင့်နေသည်နှင့်အမျှ နေ့စဉ်လူများစွာသေဆုံးနေကြောင်း၊ ရုရှားသည် စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန် မလိုလားကြောင်း စွပ်စွဲခဲ့သည်။ "ရုရှားသည် အမေရိကန်နှင့် ယူကရိန်းကို လှည့်စားရန် ရည်ရွယ်နေကြောင်း ကျွန်ုပ်တို့ နားလည် ပါသည်။ ယူကရိန်းသည် ထိုသို့ဖြစ်စေရန် ခွင့်မပြုပါ" ဟု သူက ပြောကြားခဲ့သည်။ "ယူကရိန်းလူမျိုးများသည် ရုရှား၏ သဘောထားကို ကောင်းစွာနားလည်ပါသည်။ ထို့ကြောင့်ပင် ယူကရိန်းလူမျိုးများသည် အလွန်ခက်ခဲသော အခြေအနေများတွင် သုံးနှစ်ကျော်ကြာ စစ်ပွဲကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။" ရုရှားဘက်မှ ဇီလန်စကီး ၏ ထုတ်ပြန်ချက် များကို အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုသေးပေ။
CNN က ဩဂုတ် ၉ ရက်တွင် အိမ်ဖြူတော်အရင်းအမြစ်တစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ သမ္မတ ထရမ့်သည် အလက်စကာ တွင် ကျင်းပမည့် အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဇီလန်စကီး တက်ရောက်နိုင်သည့် အခွင့်အလမ်းကို ဖွင့်ထားဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ NATO ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Matthew Whitaker ကလည်း သမ္မတ ဇီလန်စကီးသည် အဆိုပါ အခမ်းအနားသို့ "လုံးဝတက်ရောက်နိုင်စွမ်းရှိပြီး" သမ္မတ ထရမ့် တွင် ဆုံးဖြတ်ချက်ချမှတ်ရန် "အချိန်ရှိသေးသည်" ဟု ပြောကြားခဲ့သည်။
သမ္မတ ထရမ့် က ယခင်က သမ္မတ ဇီလန်စကီး အပါအဝင် ပါဝင်သူ အချို့ သည် သုံးနှစ်ခွဲကြာ ပဋိပက္ခကို အဖြေရှာနိုင်မည့် သဘောတူညီမှု တစ်ခု နှင့် နီးစပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏အဆိုအရ ထို သဘောတူညီမှုတွင် "နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို အထောက်အကူ ပြုမည့် နယ်မြေဖလှယ်မှုများ ပါဝင်မည်" ဖြစ်သည်။
သို့သော် သမ္မတ ဇီလန်စကီး က ယူကရိန်း၏ပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက် များသည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဟု အတိအလင်း ပြောကြားကာ နယ်မြေရပ်စဲမှုပြုလုပ်ရန် အလားအလာကို ပယ်ချခဲ့သည်။ ဩဂုတ် ၉ ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ဖင်လန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌတို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ မည်သည့်သံတမန်ရေးအဖြေမဆို "ယူကရိန်းနှင့် ဥရောပ၏ လုံခြုံရေးအကျိုးစီးပွားကို အာမခံရမည်" ဟု ဖော်ပြခဲ့သည်။
တစ်ဖက်တွင် ရုရှား လုံခြုံရေးကောင်စီဒုဥက္ကဋ္ဌ Dmitry Medvedev က ဥရောပခေါင်းဆောင်များသည် အလက်စကာထိပ်သီးအစည်းအဝေးကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။ အထူးသဖြင့် ဥရောပသမဂ္ဂ (EU) က ဝါရှင်တန်အား သမ္မတ ဇီလန်စကီး ကို အခမ်းအနားသို့ ဖိတ်ကြားရန် တိုက်တွန်းခဲ့သည့်အတွက် ဖြစ်သည်။ "ဥရောပသားများသည် ယူကရိန်း ပဋိပက္ခကို အမေရိကန်က အဖြေရှာရန် ကြိုးပမ်းမှုကို ဟန့်တား နေသည်" ဟု Medvedev က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အစ္စရေးနိုင်ငံအတွင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ ဂါဇာ မြို့တော်သိမ်းပိုက်ရေး အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် တယ်လ်အဗစ် နှင့် ဂျေရုဆလင်အပါအဝင် မြို့ကြီးများတွင် စနေညနေ (ဩဂုတ် ၉) က ထောင်နှင့်ချီသောလူများက ဆန္ဒပြခဲ့ကြသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ လက ဟားမက် စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကြောင့် စတင်ခဲ့ရသည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အကြီးမားဆုံး ဆန္ဒပြမှုတစ်ခုဖြစ်သည်။

ဟားမက်တို့ထံတွင် အကျဉ်းချထားခံရသူများ၏ မိသားစုဝင်များက ဦးဆောင်ကျင်းပသည့် ယင်းဆန္ဒပြပွဲများတွင် ချက်ချင်းအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀,၀၀၀ ကျော် ပါဝင်ခဲ့သည်။ ဂါဇာမြို့တော်ကို တိုက်ခိုက်ပါက စစ်ပွဲပိုမိုကျယ်ပြန့်လာကာ စစ်သည်များနှင့် အကျဉ်းသားများသေကြေမည်ကို ၎င်းတို့က စိုးရိမ် နေကြသည်။
အကျဉ်းသားမိသားစုဝင်များနှင့် ကျဆုံးစစ်သည်များ၏ မိဘဘိုးဘွား များက ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့် သာမန်နိုင်ငံသားများအား တစ်နိုင်ငံလုံး ဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်မည်ဟု ပြောကြားခဲ့သည်။
အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် သောကြာနေ့ (ဩဂုတ် ၈) က ဂါဇာကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရေးအစီအစဉ်ကို အတည်ပြုခဲ့သည်။ထိုကဲ့သို့ စစ်ဆင်ရေးလုပ်ဆောင်ပါက အကျဉ်းသားများ၏ အသက် အန္တရာယ် နှင့် လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းဖြစ်နိုင်ကြောင်း စစ်တပ်က သတိပေးချက်များကို အစိုးရက လျစ်လျူရှုခဲ့သည်။
ယင်းအစီအစဉ်ကို ပြည်တွင်းပြည်ပမှ ပြင်းထန်သော ဝေဖန်မှုများရှိခဲ့ပြီး အတိုက်အခံများနှင့် အစ္စရေး၏ မိတ်ဖက်နိုင်ငံအချို့ပါ ပါဝင်သည်။ အမေရိကန်မှလွဲ၍ အနောက်နိုင်ငံများစွာက ဂါဇာမြို့တော်သိမ်းပိုက်မည့် လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အစ္စရေးအား ပြန်လည်သုံးသပ်ရန် တိုက်တွန်း ခဲ့သည်။
ကိုးကား- RT

နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား စစ်ရေးပြအခမ်းအနားဖြင့် ရုပ်ကလာပ်တင်ဆောင်မည့်နေရာသို့ သယ်ဆောင်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း) များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ယာယီသမ္မတဦးမြင့်ဆွေ၏ မိသားစုဝင်များက ကြည့်ရှုဂါရဝပြုကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပမည့် ငြိမ်းအေးဇရပ်သို့ရောက်ရှိကြပြီး ငြိမ်းအေးဇရပ်အတွင်းရှိကလာပ်တွင် ပြင်ဆင်ထားရှိသည့် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ကြည့်ရှုဂါရဝပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုပွားများချီးမြှင့်တော်မူကြသည့် “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသည့် သံဝေဂသုံး ဂါထာကိုနာယူကြသည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများသည် ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ သံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများက ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ထပ်မံကြည့်ရှုဂါရဝပြုကြသည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ ပို့ဆောင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ၈ ဦးက အမြောက်ယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်လာရာ တပ်မတော်ဂုဏ်ပြု သေနတ်အဖွဲ့မှ နေရာယူ၍ သေနတ်မြှောက်၍ အလေးပြုခြင်း၊ သက်ပျောက်ရွှေရေအိုးခွဲခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် အမြောက်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ထွက်ခွာရာ နိုင်ငံငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ကြသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကိုတင်ဆောင်ထားသည့် အမြောက်တင်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိငြိမ်းအေးဇရပ်မှ ပုဗ္ဗသီရိမြို့ပတ်လမ်းအတိုင်း တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ မောင်းနှင်လာရာ လမ်းတစ်လျှောက်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဂါရဝပြုဦးညွှတ်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဈာပနယာဉ်တန်းသည် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ရောက်ရှိပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ဂုဏ်ပြုအခမ်းအနားကျင်းပမည့်နေရာသို့ ဂုဏ်ပြုစစ်ရေးပြဖြင့်ပို့ဆောင်ကြရာ ယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီးနှင့်မိသားစုဝင်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များက ပို့ဆောင်ကြသည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ပြည်ထောင်စုဝန်ကြီး ၈ ဦးက ရုပ်ကလာပ်တင်စင်ပေါ်သို့ ပို့ဆောင်တင်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက နေရာယူကြပြီး တပ်မတော်ဂုဏ်ပြု သေနတ်ပစ်အဖွဲ့က ဂုဏ်ပြုစစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကာ သေနတ်မြေစိုက်ဦးခိုက်အလေးပြုကြပြီး သေနတ်မြှောက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအားဖတ်ကြားပြီး အမိန့်ပြန်တမ်းအား ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ထည့်သွင်းထားသော အခေါင်းအတွင်းသို့ ထည့်သွင်းသည်။
ယင်းနောက် တပ်မတော်ဂုဏ်ပြုသေနတ်ပစ်အဖွဲ့က သေနတ် ၃ ချက်ပစ်ဖောက်ဂုဏ်ပြုကြပြီး နောက်ဆုံးအကြိမ်အဖြစ် သေနတ်မြှောက်အလေးပြုကာ စစ်ခရာမှုတ်၍ ဂုဏ်ပြုကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့က ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တစ်ဦးချင်းဂါရဝပြုကြသည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ဇနီးနှင့် မိသားစုဝင်များက နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြုကြပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်စက်အတွင်းသို့ ထည့်သွင်းမီးသင်္ဂြိုဟ်သည်။
ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသောကြွေအိုးအား ယာယီသမ္မတဦးမြင့်ဆွေ၏ သားဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)က ဦးဆောင်ကာ မိသားစုဝင်များနှင့်အတူ ဂူသွင်းမည့်နေရာသို့ သယ်ဆောင်ကြသည်။
ထို့နောက် နိုင်ငံတော်ဈာပန ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာကြွေအိုးအား ဂူအတွင်းထည့်သွင်း၍ ဂူပိတ်မှုကိုကြည့်ရှုကြသည်။
ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ဂူဗိမာန်အား မိသားစုဝင်များက ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။

အီရန်နိုင်ငံက အမေရိကန်ထောက်ခံသည့် အာမေးနီးယားမှတစ်ဆင့် အမေရိကန်က ထိန်းချုပ်မည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကာ ယင်း အစီ အစဉ်သည် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်စေပြီး တီဟီရန် ၏ လုံခြုံရေးကို ထိခိုက်စေမည်ဟု သတိပေးလိုက်သည်။

ဩဂုတ် ၈ ရက်နေ့က အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan ၊ အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ဝါရှင်တန်တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးကာ Zangezur သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဖွင့်လှစ်ရန် သဘော တူညီခဲ့ကြသည်။ အဆိုပါလမ်းကြောင်းသည် အဇာဘိုင်ဂျန် ပင်မကုန်းမြေ အပိုင်းနှင့် Nakhichevan ဒေသသို့ အာမေးနီးယား၏ တောင်ဘက်စွန်းရှိ အီရန်နယ်စပ်နှင့်ကပ်လျက်ရှိနေသော ကျဉ်းမြောင်းသည့် လမ်းကြောင်း မှတစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။
သဘောတူညီချက်အရ အမေရိကန်သည် အာမေးနီးယား၏ အချုပ်အခြာ အာဏာအောက်တွင် အဆိုပါ လမ်းကြောင်းကို နှစ် ၉၉ နှစ်ကြာ မြေငှား ရမ်းကာ စီမံခန့်ခွဲမည်ဖြစ်ပြီး တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်မှု အတွက် ကုမ္ပဏီအစုအဖွဲ့တစ်ခုထံ ငှားရမ်းမည်ဖြစ်သည်။
တီဟီရန်က ယေရေဗန်နှင့် ဘာကူတို့ကြား ငြိမ်းချမ်းရေး သဘော တူညီချက်များကို ကြိုဆိုသော်လည်း အဆိုပါ လမ်းကြောင်းကို အမေရိကန် ထိန်းချုပ်မှုအောက်သို့ ထားရှိရန် "ပြင်းပြင်းထန်ထန်" ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အီရန်အရာရှိများက ထိုအစီအစဉ်သည် အီရန် နိုင်ငံကို အာမေးနီးယားနှင့် ဆက်သွယ်မှုပြတ်တောက်စေပြီး အခြားနိုင်ငံ များ၏ စစ်အခြေစိုက်စခန်းများနှင့် စီးပွားရေးအခြေစိုက်စခန်းများ ခွင့်ပြု ခြင်းဖြင့် တောင်ကော့ကေးဆပ်ဒေသ၏ တည်ငြိမ်မှုကို ထိခိုက်စေမည် ဟု ငြင်းဆိုထားသည်။
အီရန်၏ အကြီးအကဲ ခါမေနီ၏ အကြံပေးအကြီးတန်း Ali Akbar Velayati က အမေရိကန်နှင့် အစ္စရေးတို့၏ ပထဝီနိုင်ငံရေးအရ အာဏာသိမ်းရန် စီမံကိန်းတစ်ခုအဖြစ် အဆိုပါစီမံကိန်းကို သတ်မှတ်ပြီး အစ္စလာမ္မစ် သမ္မတ နိုင်ငံကို အားနည်းစေရန်၊ ကော့ကေးဆပ်နှင့် ၎င်း၏ဆက်သွယ်မှု ကို ဖြတ်တောက်ရန်နှင့် အီရန်နှင့် ရုရှားနှစ်နိုင်ငံလုံးကို နယ်မြေ နီးစပ်မှု အရကန့်သတ်ရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းက ဤသည်မှာနေတိုးမှ ထောက်ခံသော ပိုမိုကျယ်ပြန့်သည့် အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း ဖြစ်ပြီး pan-Turkic လှုပ်ရှားမှုများကို ထောက်ခံခြင်းဖြင့် အနောက်တိုင်း ၏ အာရုံကို ယူကရိန်းမှ ကော့ကေးဆပ်သို့ ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုသည်။
"ကော့ကေးဆပ်သည် ကမ္ဘာ့အထိခိုက်မခံနိုင်ဆုံး ပထဝီနိုင်ငံရေး အနေ အထားများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါ ဆက်သွယ်မှုလမ်းကြောင်းသည်ထရမ့်၏ ပိုင်ဆိုင်မှုအောက်ရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခု မဟုတ်ဘဲ ၎င်း၏ ငှားရမ်းထားသော စစ်သားများအတွက် သင်္ချိုင်းတစ်ခု ဖြစ်လာမည်" ဟု Velayati က ပြောကြားခဲ့ပြီး ရုရှားသည်လည်း ထိုစီမံကိန်း ကို နိုင်ငံရေးမဟာဗျူဟာအရ ဆန့်ကျင်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။
မော်စကိုက တောင်ကော့ကေးဆပ်တွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရရှိရန်နှင့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြား ဆက်ဆံရေး ပုံမှန် ဖြစ်စေရန် အားထုတ်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အကောင်းဆုံးဖြေရှင်းချက်များသည် ဒေသတွင်းနိုင်ငံများနှင့် ၎င်းတို့၏ အနီးဆုံးအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ရုရှား၊ အီရန်နှင့် တူရကီတို့မှ ပူးပေါင်း ဖော်ဆောင်သော ဖြေရှင်းချက်များဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
၎င်းက ၂၀၂၀ ပြည့်နှစ် နာဂိုရနို-ကာရာဘက်စစ်ပွဲအပြီး အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားတို့ လက်မှတ်ရေးထိုးခဲ့သော သုံးနိုင်ငံ သဘော တူညီချက်များသည် အာဏာတည်နေဆဲဖြစ်ပြီး အဆိုပါ သဘော တူညီချက် သည် အရေးပါဆဲဖြစ်ပြီး ၁၉၉၂ ခုနှစ် စာချုပ်အရ အာမေးနီးယား-အီရန် နယ်စပ်ကို ရုရှားနယ်ခြားစောင့်တပ်များက ဆက်လက်စောင့်ကြပ်နေဆဲ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အာမေးနီးယားနိုင်ငံနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ထိုနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရန် အမေရိကန်အစိုးရက စွမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုငြိမ်းချမ်း ရေးသဘောတူညီချက်အရ အာမေးနီးယား နှင့် အဇာဘိုင်ဂျန်တို့ကြား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် သံတမန်ဆက်ဆံရေး လုပ်ငန်းများအတွက် လမ်းပွင့်သွားပြီဖြစ် ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

ထို့ပြင် အာမေးနီးယားနှင့်အဇာဘိုင် ဂျန်နိုင်ငံတို့သည် နှစ်နိုင်ငံကြားတိုက်ခိုက်မှုများကို ထာဝရ ရပ်တန့်ရန်နှင့် တစ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို တစ်နိုင်ငံက လေးစားရန် ကတိပြုကြောင်း အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကောပါရှင်ယန်တို့ကြား ငြိမ်းချမ်း ရေးသဘောတူညီချက်လက်မှတ်ရေးထိုး ပွဲအခမ်းအနားပြီးနောက် ထရမ့်ကပြော ခြင်းဖြစ်သည်။
အလားတူ အမေရိကန်အစိုးရအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ တို့နှင့် နှစ်နိုင်ငံကြား သီးခြား သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးလိုက် ကြောင်း၊ ထိုသဘော တူညီချက်များတွင် စွမ်းအင်၊ ကုန်သွယ်ရေး၊ ဉာဏ်ရည်တုနည်း ပညာ (AI) အပါအဝင် နည်းပညာနယ်ပယ် တို့၌ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ပါဝင်ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
Ref: Sputnik
MWD

မြောက်ကိုရီးယားသည် တောင်ကိုရီး ယားနိုင်ငံနှင့်နယ်စပ်ရှိ ဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းနေပြီ ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ဩဂုတ်လ ၉ ရက်တွင်ထုတ်ပြန်သည်။
တောင်ကိုရီးယားစစ်ဘက်ကဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းပြီးနောက်ရက်ပိုင်းအကြာတွင် မြောက်ကိုရီး ယားဘက်ကလည်း အလားတူဖြုတ်သိမ်း လာခြင်းဖြစ်သည်။
လွန်ခဲ့သောလများတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကြား အသံချဲ့စက်များဖြင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ဇွန်လတွင်တောင်ကိုရီးယား နိုင်ငံ၌ လီဂျေးမြောင်ကသမ္မတအဖြစ် တာဝန်ယူပြီးနောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ လျှော့ချနိုင်ရေး ကြိုးပမ်း သည့်အနေဖြင့် ထိုကဲ့သို့ဝါဒဖြန့်ချိမှုများ ကိုရပ်တန့်ခဲ့သည်။ ထို့နောက် မြောက်ကိုရီးယားကလည်း အလားတူထုတ်လွှင့်မှုကို ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်နှစ်နိုင်ငံစလုံးက ဝါဒဖြန့်ချိရေးအသံချဲ့စက် များကို ဖြုတ်သိမ်းလာခြင်းဖြစ်ပြီး ယခု အခြေအနေက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကို ဖော်ညွှန်းနေကြောင်း သိရသည်။
Ref: SCMP

ဂါဇာတွင်အစ္စရေး၏တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများကြောင့် ထောင်နှင့် ချီသောတူကီယဲနိုင်ငံသားများက မြို့တော် အစ္စတန်ဘူလ်တွင် ချီတက် ဆန္ဒပြမှုများ၊ ရှုတ်ချမှုများနှင့်ကြွေးကြော်မှုများကို သြဂုတ် ၉ ရက်က ပြုလုပ်ခဲ့ကြသည်။Support for Palestine Platform မှ Be Hope for Gaza ဟူသော ခေါင်းစဉ်များဖြင့် အရပ်ဘက် အဖွဲ့အစည်း ၁၅ ဖွဲ့ ပူးပေါင်းကာ ညနေခင်းဆုတောင်းမှုပြီးနောက် ဘီယာဇစ်ရင်ပြင်တွင် စုရုံး ခဲ့ကြကာ အထင်ကရဗလီကြီးတစ်ခုဖြစ်သော ဟာဂီယာဆိုဖီယာဗလီသို့ ဦးတည်ကာ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများက “လူသတ်သမားအစ္စရေး ပါလက်စတိုင်းမြေက ထွက်သွား” အစရှိသည့် ကြွေးကြော်သံများကို ဟစ်ကြွေးကာ ပါလက်စတိုင်းအလံ များ၊ ဂါဇာအငတ်ဘေးဆိုက်စေသည့် အစ္စရေး၊ တာဝန်ယူမှု ရှိစေရမည် ဟူသော စာတမ်းများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
တူကီယဲသမ္မတအာဒိုဂန်ကလည်း ပါလက်စတိုင်းသမ္မတ မာမွတ် အဘက်စ် ထံသို့ ဖုန်းခေါ်ဆိုပြီးနောက် အစ္စရေးက ဂါဇာကို စစ်ရေးအရ အလုံးစုံ ထိန်းချုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းအား လုံး၀လက်မခံနိုင်ကြောင်း ပြောကြား ခဲ့သည်။
တူကီယဲသမ္မတရုံးမှ ထုတ်ပြန်ချက်တွင်လည်း အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲကာ သံတမန်နည်းဖြင့် ဆက်လက်ဖြေရှင်းသွားရန် တူကီယဲသမ္မတအာဒိုဂန်က ထပ်လောင်းတိုက်တွန်းကြောင်း၊ ပါလက်စတိုင်း ကို တူကီယဲက ဆက်လက်ထောက်ခံကြောင်း၊ ဥရောပနိုင်ငံများက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ထောက်ခံမှု တိုးပွား လာကြောင်း၊ အနောက်နိုင်ငံများ၏အစ္စရေးအပေါ် ဝေဖန်မှု မြင့်တက် လာခြင်းများကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားသည်။
မတ် ၁၈ ရက်မှ စတင်၍ အစ္စရေးက အပြင်းအထန် တိုက်ခိုက်မှုများ တစ်ဖန်ပြုလုပ်ခဲ့ပြီးနောက် ဂါဇာတွင် ပါလက်စတိုင်း ၄၀,၈၀၉ ဦး ဒဏ်ရာ ရရှိကာ အနည်းဆုံး ၉,၈၆၂ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလက တိုက်ပွဲများစတင်ပြီးနောက် ပါလက်စတိုင်းများ သေဆုံးမှုအရေအတွက်မှာ စုစုပေါင်း ၆၁,၃၆၉ ဦး ရှိလာခဲ့ပြီး ဒဏ်ရာ ရသူလည်း ၁၅၂,၈၅၀ ဦးရှိလာပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက သြဂုတ် ၉ ရက်၌ ထုတ်ပြန်ပြောကြားခဲ့သည်။
ဂါဇာကျန်းမာရေးအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း၌ပင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် အာဟာရချို့တဲ့ခြင်း များကြောင့် ထပ်မံသေဆုံးရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အဆိုပါ ပုံစံမျိုးဖြင့် သေဆုံးခဲ့ရသူပေါင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနောက်ပိုင်းမှစ၍ လက်ရှိ အချိန်အထိ ကလေးငယ် ၉၈ ဦးအပါအဝင် သေဆုံးသူ ၂၁၂ ဦး အထိ ရှိလာကြောင်း ဖော်ပြထားသည်။
အစ္စရေးက အစိုးရလုံခြုံရေး ကက်ဘိနက်၏အတည်ပြုချက်ဖြင့် ဂါဇာ ကမ်းမြောင်ဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်တော့မည်ဟု သြဂုတ် ၈ ရက်က ကြေညာခဲ့ရာ ပြည်တွင်း၌သာမက နိုင်ငံတကာတွင်လည်းရှုတ်ချခြင်းများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။ အစ္စရေး၏ အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း၊ ဂါဇာတွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေမှုများကို ပျက်ပြားစေကြောင်းလည်း ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
ကိုးကား- Xinhua

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမည့်သီတင်းပတ်အတွင်း အမေရိကန်၌ ပြုလုပ်မည့် ထိပ်သီး အစည်း အဝေးသို့ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးအား ဖိတ်ကြား ထားခြင်း မရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဆိုသည်။

ထရမ့်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အလက်စကာပြည်နယ်၌ ပူတင်နှင့် တွေ့ဆုံမည်ဟု သောကြာနေ့ (ဩဂုတ် ၈) က ကြေညာခဲ့သည်။ ထိုကြေညာချက်အပြီး နာရီပိုင်းအတွင်း မီဒီယာအချို့က ဇီလန်စကီး တစ်နည်းနည်းဖြင့် ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့ကြပြီး အမေရိကန် အိမ်ဖြူတော်အရာရှိကြီးတစ်ဦးကလည်း အစီအစဉ်မှာ အပြောင်းအလဲ ဖြစ်နိုင်သေးပြီး ဇီလန်စကီး ပါဝင်လာနိုင်ကြောင်း CBS သတင်းဌာနအား ပြောကြားခဲ့သည်။
သို့သော် ဝါရှင်တန်ပို့စ်က လတ်တလောတွင် ဇီလန်စကီးအား ဖိတ်ကြား ခြင်းမပြုခဲ့ကြောင်း ဖော်ပြခဲ့ပြီး Reuters သတင်းဌာနကလည်း အရင်း အမြစ်များကို ကိုးကား၍ အိမ်ဖြူတော်က ဇီလန်စကီးအား ဖိတ်ကြားရန် စဉ်းစားနေဆဲဖြစ်သော်လည်း လက်ရှိတွင် ရုရှား၏ တောင်းဆိုချက်အရ နှစ်နိုင်ငံချင်း တွေ့ဆုံမှုကိုသာ ဦးစားပေး စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။
ပူတင်က ဇီလန်စကီးနှင့် တွေ့ဆုံမှုကို ဖြစ်နိုင်ခြေရှိကြောင်း ပြောကြား ခဲ့သော်လည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ထိုသို့သော ဆွေးနွေးပွဲ များအတွက် အခြေအနေများ မပြည့်စုံသေးကြောင်း အတိအလင်း ပြောဆို ခဲ့သည်။
ထရမ့်က ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးအတွက် နယ်မြေဖလှယ်မှုများ ပါဝင်နိုင်သည်ဟု အရိပ်အမြွက် ပြောခဲ့သော်လည်း ဇီလန်စကီးကယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားသည့်အတွက် မည်သည့် နယ်မြေလဲလှယ်မှုအဆိုကိုမဆို ပယ်ချကြောင်း ကြေညာခဲ့သည်။
ယခုနှစ်အစောပိုင်းက အိမ်ဖြူတော် Oval Office တွင်ဖြစ်ပွားခဲ့သော တင်းမာမှုများအရ ထရမ့်နှင့် ဇီလန်စကီးတို့၏ ဆက်ဆံရေး အဆင်မပြေ ဖြစ်ပေါ်ခဲ့သည့် အခြေအနေတွင် ဇီလန်စကီး၏ နယ်မြေလဲလှယ်မှုများကို စဉ်းစားရန် ငြင်းဆန်ခြင်းသည် ထရမ့်၏ ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်စေနိုင်ကြောင်း ဝါရှင်တန်ပို့စ်က သုံးသပ်ထားသည်။ ယခင်က ထရမ့် က ဇီလန်စကီးအား ညှိနှိုင်းရခက်သူအဖြစ် ရည်ညွှန်းဖော်ပြခဲ့ဖူးသည်။
ရုရှားဘက်က မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကိုကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် က ဆန္ဒခံယူပွဲများအပြီး ရုရှားသို့ ပူးပေါင်းလိုက်သည့် ခရိုင်းမီးယား၊ ဒိုနက်စ်၊ လူဂန်စ်၊ ဇာပိုရီဇီးယား နှင့် ခါဆန်ဒေသများ၏ အခြေအနေ အပါအဝင် ပကတိမြေပြင်အခြေအနေများကို လက်ခံသုံးသပ်ရမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

ဗလာဒီမာ ဇီလန်စကီးက ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှု အချုပ်အခြာ အာဏာကို ထိန်းသိမ်းရန် ထပ်မံအတည်ပြုခဲ့ပြီး ရုရှားသို့ သွတ်သွင်း ခံထားရသော နယ်မြေအားလုံးကို ကိယက်ဗ်က ဆက်လက် တောင်းဆို ထားကြောင်း အတည်ပြုခဲ့သည်။
ထိုပြောကြားချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခု တွင် နှစ်ဖက်အကျိုးရှိစေရန် နယ်မြေလဲလှယ်မှုများ ပါဝင်နိုင်ကြောင်း အဆိုပြုပြောကြားပြီးနောက် မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇီလန်စကီးက စနေနေ့ (ဩဂုတ် ၉) တွင် မည်သည့်နယ်မြေအရေးနှင့် ပတ်သက်၍မဆို အလျှော့ပေးသွားမည်မဟုတ်ကြောင်းနှင့် ထိုကဲ့သို့သော အဆိုပြုမှုများသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အဓိက လိုလားချက် များဖြစ်ပြီး စစ်ရပ်စဲမှုကို "မိမိတို့၏မြေကို တရားဝင်သိမ်းပိုက်မှု"အဖြစ် လဲလှယ်ရန် ကြိုးစားနေသည်ဟု စွပ်စွဲကာ နယ်မြေအရ အလျှော့ပေး မှုများ ပြုလုပ်ရန် အကြံပြုချက်ကို အတိအလင်း ပယ်ချခဲ့သည်။
"ယခု ပူတင်က မိမိတို့၏ Kherson ဒေသအနောက်ပိုင်း၊ Zaporozhye၊ Lugansk ဒေသတစ်ခုလုံး၊ Donetsk ဒေသနှင့် Crimea တို့ကို သိမ်းပိုက်မှု အတွက် အတည်ပြုပေးရန် လိုလားနေပါသည်။ ယူကရိန်းကို ဒုတိယ အကြိမ် ခွဲထုတ်ရန် ရုရှားကို မိမိတို့အနေဖြင့် ခွင့်မပြုပါ" ဟု ဇီလန်စကီး က ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
၂၀၁၄ အစောပိုင်းက ကိယက်ဗ်မှ Maidan အာဏာသိမ်းမှုနောက်ပိုင်း ယူကရိန်းသမ္မတ Viktor Yanukovych ဖယ်ရှားခံရပြီးနောက် Crimea သည် ယူကရိန်းမှ ခွဲထွက်သွားခဲ့သည်။ ထို့နောက် ကျွန်းဆွယ်သည် ပြည်သူ့ ဆန္ဒခံယူပွဲမှတစ်ဆင့် ရုရှားနှင့် ပူးပေါင်းခဲ့ပြီး ဒေသခံအများစုကလည်း လိုလားစွာ အားပေးထောက်ခံခဲ့ကြသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာတွင် အခြားနယ်မြေလေးခုကို သီးခြားဆန္ဒ ခံယူ ပွဲများပြုလုပ်ပြီးနောက် ရုရှားနှင့် ပူးပေါင်းခဲ့သည်။ ယင်းနယ်မြေများ အနက် Lugansk ပြည်သူ့သမ္မတနိုင်ငံကို ရုရှားတပ်မတော်က အပြည့်အဝ သိမ်းပိုက်ထားပြီးဖြစ်သည်။ အခြားနယ်မြေများမှာ ယူကရိန်း၏ အုပ်ချုပ်မှု အောက်တွင် တစ်စိတ်တစ်ပိုင်း ရှိနေဆဲဖြစ်သည်။ ထို့အပြင် ရုရှားသည် ယခုနှစ်အစောပိုင်းက ယူကရိန်း၏ Kharkov နှင့် Sumy ဒေသများရှိ နယ်စပ်တစ်လျှောက်မြေနေရာအချို့ကို ထိန်းချုပ်ထားသည်။
မော်စကိုသည် ယူကရိန်းတပ်များအား ၎င်းထိန်းချုပ်ထားသော နယ်မြေ များမှ အပြည့်အဝဆုတ်ခွာရန် တောင်းဆိုထားပြီး တူရကီတွင် ကျင်းပ ခဲ့သော တိုက်ရိုက်ဆွေးနွေးပွဲများအတွင်း ပဋိပက္ခကို အဆုံးသတ်ရန် ရုရှား ၏ အဆိုပြုချက်များပါဝင်သည့် စာချွန်လွှာမူကြမ်းတွင် ထိုသဘောထား ကို ထပ်လောင်းအတည်ပြုခဲ့သည်။

အစ္စရေးအစိုးရ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဝန်ကြီးချုပ် နေတန်ယာဟု၏ အစီအစဉ်ဖြစ်သော ဂါဇာမြို့ကိုသိမ်းပိုက်မည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ် ကြောင်း အစိုးရအဖွဲ့က ဩဂုတ်လ ၈ ရက် တွင် လူမှုကွန်ရက်၌ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဟား မက်အဖွဲ့ကဖမ်းဆီးထားသော ဓားစာခံများ ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု သတိပေးမှုများရှိသော်လည်း ဂါဇာကမ်း မြောင်ဒေသတစ်ခုလုံးကို အပြည့်အဝထိန်း ချုပ်နိုင်ရေးအတွက် အစ္စရေးအစိုးရက ကြိုးပမ်းလာခြင်းဖြစ်သည်ဟု လေ့လာသူများ ကပြောသည်။

အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးများသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေအနေငါးခုကို အတည်ပြုကြောင်း၊ ထိုအခြေအနေများမှာ ဟားမက်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး၊ ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်မဲ့ဇုန် ဖြစ်စေရေး၊ အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်ရေးနှင့် စစ်ပြီးကာလတွင် ဟားမက် နှင့် ပါလက်စတိုင်း တာဝန်ရှိသူများမပါသည့် အရပ်ဘက်အုပ်ချုပ်ရေး စနစ်ကိုဖော်ဆောင်ရေးတို့ ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံး ကထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးတပ်မ တော်က မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှု များမလုပ်ဆောင်မီ အောက်တိုဘာလ ၇ ရက်နောက်ဆုံးထား၍ ပါလက်စတိုင်းများ အနေဖြင့် ဂါဇာမြို့နေပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရန် သတိပေးချက် ထုတ်ပြန်ထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်တို့အနေဖြင့် အစ္စရေး၏တောင်း ဆိုချက်များကိုလိုက်လျောပါက ယခုကဲ့သို့ ထိုးစစ်ဆင်မည့် အစီအစဉ်ကို ရပ်ဆိုင်းပေး မည်ဟုပြောထားသည်။