အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် သြဂုတ် ၁၅ ရက်နေ့၌ အလက်စကာတွင် တွေ့ဆုံမည်ဟု ၎င်း၏ Truth Social တွင် ကြေညာလိုက်ပါသည်။
ယင်းနောက်ပိုင်းတွင် ကရင်မလင် အကြံပေးအရာရှိ Yury Ushakov ကလည်း လာမည့်သောကြာနေ့ (ဩဂုတ် ၁၅) တွင် အလက်စကာ၌ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရန် စီစဉ်ထားကြောင်း အတည်ပြု ပြောကြား ခဲ့ပါသည်။

ယူကရိန်းပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေလိုသော နိုင်ငံအချို့သည် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏လာမည့်တွေ့ဆုံမှုကို နှောင့်ယှက်ရန် ကြိုးပမ်းလိမ့်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ အမှုဆောင်အရာရှိချုပ် နှင့် အခြားနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သမ္မတ၏ အထူးကိုယ်စားလှယ် Kirill Dmitriev က ပြောကြားထားပါသည်။
"ပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေလိုသည့် နိုင်ငံအချို့က သမ္မတပူတင် နှင့် သမ္မတထရမ့်တို့၏ လာမည့်တွေ့ဆုံမှုကို နှောင့်ယှက်ရန် ကြံစည် အားထုတ်လာပါလိမ့်မည်” ဟု ၎င်းက Telegram တွင် ရေးသားထား ပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ယူကရိန်းပါဝင်မှုမရှိဘဲ ဆုံးဖြတ်ချက်များသည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဟု ကြေညာ ကာ နယ်မြေစွန့်လွှတ်မှုများနှင့် ပတ်သက်သည့် ဖော်ပြမှုများ၏ အလား အလာကို ပယ်ချခဲ့သည်။
"မိမိတို့ကို ဆန့်ကျင်သည့် သို့မဟုတ် ယူကရိန်းမပါဝင်သည့် မည်သည့် ဆုံးဖြတ်ချက်မဆို ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များ ဖြစ်သည်၊ ယူကရိန်းမပါဝင်ဘဲ အဆိုပါပဋိပက္ခကို အဆုံးသတ်နိုင်မည် မဟုတ်ပါ" ဟု ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ယနေ့ (ဩဂုတ် ၉) တွင် ပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်က ငြိမ်းချမ်းရေးကို အမှန်တကယ် ဆောင်ကျဉ်း ပေးနိုင်မည့် ဆုံးဖြတ်ချက်များအတွက် အဆင်သင့်ရှိကြောင်း ပြောကြား သော်လည်း စစ်မှန်သောငြိမ်းချမ်းရေးဖြစ်ရမည်ဟု အတိအလင်း ပြောဆို ကာ ကိယက်ဗ်သည် "မိမိ၏နယ်မြေများကို စွန့်လွှတ်မည်မဟုတ်" ဟု ကြေညာခဲ့သည်။
အမေရိကန်နှင့် ရုရှားတို့က ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာ ပူတင်တို့သည် အလက်စကာတွင် ဩဂုတ်လ ၁၅ ရက်နေ့၌ သီးသန့် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ယူကရိန်းငြိမ်းချမ်းရေးကို အဓိကထားဆွေးနွေးမည်ဟု သိရသည်။ ထို့အပြင် ထရမ့်က အဆိုပါဆွေးနွေးပွဲတွင် နယ်မြေလဲလှယ်မှုများ ပါဝင်မည်ဖြစ်ပြီး ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ရှင်းလင်းချက်များကိုမူ မဖော်ပြခဲ့ပေ။
ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ထရမ့် သည် ယူကရိန်းပဋိပက္ခအဆုံးသတ်ရန် ညှိနှိုင်းမှုများကို တွန်းအားပေးခဲ့ သည်။ သို့သော် တူရကီနိုင်ငံတွင် ရုရှား-ယူကရိန်းအကြား သုံးကြိမ်တိုင် ကျင်းပခဲ့သော ဆွေးနွေးပွဲများသည် အမေရိကန်သမ္မတ၏ တိုက်တွန်းမှု ရှိသော်လည်း စစ်ပြေငြိမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှုမရှိခဲ့ပေ။
ကရင်မလင်ခေါင်းဆောင်သည် အမေရိကန်၊ ဥရောပနှင့် ယူကရိန်းတို့၏ စစ်ပြေငြိမ်းရေး တောင်းဆိုမှုတွင် ပါဝင်သည့်အချက်များကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး လက်ရှိအချိန်တွင် သမ္မတ ဇီလန်စကီးနှင့် တိုက်ရိုက် ဆွေးနွေးမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့သည်။ သမ္မတ ပူတင် က ဇီလန်စကီးနှင့် တွေ့ဆုံရန် အခြေအနေများ ပြည့်စုံညီညွတ်မှု မရှိ သေးဟု ထည့်သွင်းပြောကြားခဲ့သည်။
ထရမ့်နှင့် ပူတင်တို့၏ အဆိုပါသီးသန့်ဆွေးနွေးပွဲသည် အမေရိကန်-ရုရှား တင်းမာမှုများ အတိုင်းအတာတစ်ခုအထိ လျော့ပါးလာသည့် အချက်ပြမှု တစ်ခုဖြစ်သည်။ ယခင်က သမ္မတ ထရမ့်က ဩဂုတ်လ ၈ ရက်နေ့အတွင်း ယူကရိန်းနှင့် စစ်ပြေငြိမ်းရေး သဘောတူညီချက် မရရှိပါက ဒဏ်ခတ်မှု များ ချမှတ်မည်ဟု နောက်ဆုံးနှိုးဆော်ချက်ထုတ်ပြန်ခဲ့သည့် အချိန်က နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။
ယခုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် ဇွန်လက ဂျနီဗာတွင် ဂျိုးဘိုင်ဒင်နှင့် ပူတင်တို့ တွေ့ဆုံခဲ့ပြီးနောက် ရုရှားသမ္မတနှင့် အမေရိကန်သမ္မတတို့၏ ပထမဆုံးသော ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။ သမ္မတ ထရမ့် ၏ ပထမသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့ နောက်ဆုံးတွေ့ဆုံခဲ့သည်။ ရီပတ်ပလီကန်ပါတီဝင် ထရမ့်သည် ဇန်နဝါရီ လတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ခေါင်းဆောင် နှစ်ဦးသည် ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့ကြသည်။ သို့သော် ယခုတွေ့ဆုံဆွေးနွေးမှုသည် ယူကရိန်းငြိမ်းချမ်းရေးကို ပိုမိုနီးစပ်စေနိုင် မည်လားဆိုသည်မှာ မရေရာသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှ ဦးစီးပြုလုပ်မည့် ထျန်းကျင်း ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်လာမည့် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက သြဂုတ် ၈ ရက်၌ ထုတ်ပြန် ပြောကြားသည်။

SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးပွဲမှဖိတ်ကြားမှုအရ မိုဒီသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် သြဂုတ် ၃၁ ရက်တွင် တရုတ် နိုင်ငံသို့သွားရောက်မည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။ အဆိုပါ သတင်းများနှင့်ပတ်သက်၍ မေးခွန်းများကို ကောက ဖြေကြားရာတွင် တရုတ်နိုင်ငံက SCO ထိပ်သီးအစည်းအဝေးပွဲကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ထျန်းကျင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း၊ SCO အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ အားလုံးတက်ရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းကြီး ၁၀ ခုမှ ခေါင်းဆောင်များလည်း တက်ရောက်လာမည်ဖြစ်ကြောင်း ဖြေကြား ခဲ့သည်။
“SCO ကို ထူထောင်ပြီးနောက်ပိုင်းကတည်းကစ၍ ယခုကျင်းပမည့် ထျန်းကျင်း ထိပ်သီးအစည်းအဝေးသည် အကြီးမားဆုံး ထိပ်သီး အစည်း အဝေးပွဲကြီး ဖြစ်လာပါလိမ့်မည်” ဟုလည်း ကောက မှတ်ချက်ပေး ဖြေကြားခဲ့သည်။
“SCO ထျန်းကျင်းထိပ်သီးအစည်းအဝေးပွဲအတွက် တရုတ်နိုင်ငံကို လာရောက်မည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ကြိုဆိုပါသည်။ အားလုံး၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ထျန်းကျင်းထိပ်သီးစည်းဝေးပွဲသည် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် အကျိုးကျေးဇူး ရလဒ်ကောင်းတွေကို ပေါင်းစည်းဖော်ထုတ်မည့် ပွဲကြီးတစ်ခုလည်း ဖြစ်လာပါလိမ့်မည်။ SCO အနေနှင့်လည်း ပိုမိုကောင်းမွန်သည့် စည်းလုံး ညီညွတ်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ ပြည့်ဝသည့်တက်ကြွမှု၊ စွမ်းဆောင်မှုများ နှင့်အတူ အရည်အသွေးမြင့်မားသည့် အဆင့်သစ်တစ်ခုကို ရောက်ရှိမည် ဟု ယုံကြည်ပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိုးကား- Xinhua

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဩဂုတ် ၈ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ် ဆွေးနွေးရာတွင် ပူတင်က ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကဋိပက္ခ လက်ရှိ အခြေအနေအပေါ် အမြင်သဘောထားနှင့် ရုရှား-အမေရိကန် လတ်တလော ထိတွေ့ဆွေးနွေးမှု အခြေအနေများအား ပြောကြားခဲ့ပြီး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုအပေါ် ရုရှားနိုင်ငံက အထူးတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။

ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ မည်သည့်အခြေအနေတွင်မဆို ပြောင်းလဲမည် မဟုတ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖျင် က တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်များကို ရှင်းလင်း ပြောကြားခဲ့ရာတွင် ရှုပ်ထွေးသည့်ပြဿနာတွင် လွယ်ကူသည့် ဖြေရှင်း နည်းမရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်း ရပ်တည်ချက်ကို အခိုင်အမာ လက်ကိုင်ထားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှု ကို ခိုင်မာစွာ လက်ကိုင်ထားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှား-အမေရိကန် နှစ်ဖက်ထိတွေ့ဆက်ဆံမှုများ ထိန်းသိမ်းထားပြီး အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်စေရန်၊ ယူကရိန်းအကျပ်အတည်း နိုင်ငံရေးဖြင့် ဖြေရှင်းရေးဖြစ်စဉ်ကို တွန်းအားပေးရန် မြင်တွေ့လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အကြီးအကဲများက တရုတ်-ရုရှား အဆင့်မြင့် နိုင်ငံရေး အပြန် အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောသုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိရေး အတူတကွ တွန်းအားပေးကြရန် ညီညွတ်စွာ သဘော တူညီခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် အတူတကွပူးပေါင်းလက်တွဲ ဆောင်ရွက် သွားမည် ဖြစ်ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးကို ကောင်းမွန်စွာ ပြင်ဆင်သွားမည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးသော၊ စည်းလုံးညီညွတ်သော၊ ကောင်းမွန်သော ရလဒ် များရရှိသည့် ထိပ်သီးအစည်းအဝေးတစ်ခု ဖြစ်မြောက်အောင် ကျင်းပ ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီမှုတွင် နယ်မြေအချို့ လဲလှယ်မှုပါဝင်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဩဂုတ် ၈) က ပြောကြားခဲ့သည်။
နှစ်သုံးဆယ်ကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သော ယခင် ဆိုဗီယက်နိုင်ငံများ အကြား အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွင့်လှစ်ရန် သဘော တူညီချက်ကို အမေရိကန်-အာမေးနီးယား-အဇာဘိုင်ဂျန် ခေါင်းဆောင် များ ဝါရှင်တန်ဒီစီ၌ လက်မှတ်ရေးထိုးချိန်တွင် ထရမ့်က ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

"ယင်းမှာ အလွန်ရှုပ်ထွေးသော်လည်း မိမိတို့အနေဖြင့် နယ်မြေအချို့ကို ပြန်ရမည်၊ အချို့ကိုလည်း လဲလှယ်မည်။ နှစ်ဖက်အကျိုးရှိစေရန်အတွက် နယ်မြေအချို့လဲလှယ်မှုများ ရှိလာမည်။ ထိုအချက်ကို နောက်မှဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ဆွေးနွေးကြမည်" ဟု ထရမ့်က ပြောကြားခဲ့သော်လည်း မည်သည့်နယ်မြေများပါဝင်နိုင်သည်ကိုမူ အတိအကျမဖော်ပြခဲ့ပေ။
လက်ရှိတွင် ရုရှားစစ်တပ်သည် ယူကရိန်း၏ Kharkov နှင့် Sumy ဒေသရှိ နယ်စပ်တစ်လျှောက်မြေနေရာအချို့ကို ထိန်းချုပ်ထားသည်။ ယခုနှစ်အတွင်း ယူကရိန်းတပ်များ ရုရှား၏ Kursk ဒေသကိုတိုက်ခိုက်မှု ပြီးနောက် ရုရှားတပ်များက ယူကရိန်းတပ်များကို ပြန်လည် ချေမှုန်းနိုင် ခဲ့ပြီး နောက်ပိုင်းတွင် Sumy ဒေသသို့ ရုရှားစစ်တပ်များ ဝင်ရောက် ခဲ့သည်။
ယူကရိန်းခေါင်းဆောင်များက ရုရှားနယ်စပ်မြို့ Sudzha အနီးရှိ သိမ်းပိုက်ထားသောနယ်မြေများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အလဲအလှယ်အဖြစ် အသုံးချရန် ကြိုတင်ရည်ညွှန်းထားကြသည်။
၂၀၂၂ နှောင်းပိုင်းက ကျင်းပခဲ့သော ဆန္ဒခံယူပွဲများဖြင့် ရုရှားသို့ ပူးပေါင်း သွားခဲ့သည့် ယခင် ယူကရိန်းနယ်မြေ ၄ ခုအပေါ် မော်စကို၏ ထိန်းချုပ်မှု မှာ တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။ ရုရှားစစ်တပ်သည် Lugansk ပြည်သူ့ သမ္မတနိုင်ငံတစ်ခုလုံးကို လတ်တလော လွတ်မြောက်စေခဲ့သော်လည်း Donetsk သမ္မတနိုင်ငံတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ Zaporozhye နှင့် Kherson ဒေသများကို ရုရှားနှင့် ယူကရိန်းတို့က တစ်စိတ်တစ်ပိုင်းစီ ထိန်းချုပ်ထားပြီး မော်စကိုသည် ထိုဒေသများ၏ မြို့တော်များကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
ရုရှားခေါင်းဆောင်များက ယူကရိန်းတပ်များအား အထက်ဖော်ပြပါ နယ်မြေများမှ အပြည့်အဝ ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ လတ်တလော တူရကီဆွေးနွေးပွဲများတွင် ပဋိပက္ခကို အဆုံးသတ်ရန် ရုရှား၏ အဆိုပြု စာချွန်လွှာမူကြမ်းတွင် မော်စကိုက ၎င်း၏သဘောထားကို ထပ်လောင်း အတည်ပြုခဲ့သည်။
ကိုးကား- RT

အစ္စရေးအစိုးရ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဝန်ကြီးချုပ် နေတန်ယာဟု၏ အစီအစဉ်ဖြစ်သော ဂါဇာမြို့ကိုသိမ်းပိုက်မည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ် ကြောင်း အစိုးရအဖွဲ့က ဩဂုတ်လ ၈ ရက် တွင် လူမှုကွန်ရက်၌ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ဟား မက်အဖွဲ့ကဖမ်းဆီးထားသော ဓားစာခံများ ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟု သတိပေးမှုများရှိသော်လည်း ဂါဇာကမ်း မြောင်ဒေသတစ်ခုလုံးကို အပြည့်အဝထိန်း ချုပ်နိုင်ရေးအတွက် အစ္စရေးအစိုးရက ကြိုးပမ်းလာခြင်းဖြစ်သည်ဟု လေ့လာသူများ ကပြောသည်။

အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးများသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေအနေငါးခုကို အတည်ပြုကြောင်း၊ ထိုအခြေအနေများမှာ ဟားမက်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး၊ ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်မဲ့ဇုန် ဖြစ်စေရေး၊ အစ္စရေးက လုံခြုံရေးအရ ထိန်းချုပ်ရေးနှင့် စစ်ပြီးကာလတွင် ဟားမက် နှင့် ပါလက်စတိုင်း တာဝန်ရှိသူများမပါသည့် အရပ်ဘက်အုပ်ချုပ်ရေး စနစ်ကိုဖော်ဆောင်ရေးတို့ ဖြစ်သည်ဟု ဝန်ကြီးချုပ်ရုံး ကထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးတပ်မ တော်က မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှု များမလုပ်ဆောင်မီ အောက်တိုဘာလ ၇ ရက်နောက်ဆုံးထား၍ ပါလက်စတိုင်းများ အနေဖြင့် ဂါဇာမြို့နေပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရန် သတိပေးချက် ထုတ်ပြန်ထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမက်တို့အနေဖြင့် အစ္စရေး၏တောင်း ဆိုချက်များကိုလိုက်လျောပါက ယခုကဲ့သို့ ထိုးစစ်ဆင်မည့် အစီအစဉ်ကို ရပ်ဆိုင်းပေး မည်ဟုပြောထားသည်။
MWD

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် အဘဦးကြီးမောင်၊ အမိဒေါ်ကြည်တို့မှ မန္တလေးမြို့၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၅)သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ထို့နောက် တာဝန်ကျရာတပ်ဌာနချုပ်အသီးသီးတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးတာဝန်နှင့် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်အား တွဲဖက်၍လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်အား တွဲဖက်၍လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပထမလွှတ်တော်သက်တမ်းကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒုတိယလွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဒုတိယသမ္မတ(၁)တာဝန်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာထားသည့်ကာလမှ ကွယ်လွန်ချိန်အထိ ယာယီသမ္မတတာဝန်ကိုလည်းကောင်း ထမ်းဆောင်နိုင်ခဲ့သည်။ ထို့သို့ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက် နေ့မအားညမနား စွမ်းစွမ်းတမံကြိုးပမ်းထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတံဆိပ်၊ မိုင်းယန်း/မဲသဝေါတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ သင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့၊ သတိုးသီရီသုဓမ္မဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့များကို ထိုက်တန်စွာချီးမြှင့်ခြင်းခံခဲ့ရသည်။ ၎င်းအပြင် အစိုးရအဆက်ဆက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် မြောက်မြားစွာသောကော်မတီ အရပ်ရပ်တွင်လည်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သက်ဌေး၊ သမီးဒေါ်ခင်သက်ထားဆွေနှင့် သား ဗိုလ်ကြီးကျော်ဘုန်းမြင့်(ငြိမ်း)တို့ ကျန်ရစ်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က မော်လ်ဒိုဗာနိုင်ငံအား Evgenia Gutsul ၏ အယူခံဝင်ခွင့်နှင့် မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများအား အာမခံပေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ နိုင်ငံရေးသမားအပေါ် တရားမဲ့ပြုကျင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပရန် မော်စကို က ခေါ်ယူခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် Gutsul အား မော်လ်ဒိုဗာတွင် ၂၀၂၃ ခုနှစ်က ပိတ်ပင်တားမြစ်ခဲ့သော ဥရောပသံသယဝါဒီ SOR ပါတီသို့ တရား မဝင် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ရွေးကောက်ပွဲရန်ပုံငွေများလက်ခံပြီး လွှဲပြောင်းပေးခဲ့သည်ဟု အပြစ်ရှိကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သူမ အား ထောင်ဒဏ် ၇ နှစ်ချမှတ်ကာ မော်လ်ဒိုဗာ lei သန်း ၄၀ (အမေရိကန် ဒေါ်လာ ၂.၃ သန်း) ဒဏ်ငွေချမှတ်ခဲ့သည်။ သူမ၏ ရှေ့နေအဖွဲ့က တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကတိပြုထားသည်။
OHCHR ပြောရေးဆိုခွင့်ရှိသူ Thameen Al-Kheetan က "မိမိတို့အနေဖြင့် Ms. Gutsul ၏ အမှုဆုံးဖြတ်ချက်ကို သိရှိသော်လည်း အသေးစိတ် အချက် အလက်များကို မသိရသေးပါ။ သူမ၏ အယူခံခွင့်၊ မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများ လိုက်နာခံစားခွင့်များကို လေးစားရမည်" ဟု RT သို့ ပြောကြားခဲ့သည်။
ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky ၏ အဆိုအရ အဆိုပါအစည်းအဝေးကို တံခါးပိတ်ကျင်းပမည် ဖြစ်သော် လည်း Polyansky နှင့် အခြားရုရှားသံတမန်များမှ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်မှန်းရသည်။
Gutsul သည် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် SOR ပါတီမှ ကိုယ်စားလှယ် အဖြစ် အနိုင်ရပြီးနောက် မော်လ်ဒိုဗာ၏ တောင်ပိုင်းရှိ ရုရှားစကားပြော လူမျိုးအများစုနေထိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Gagauzia ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုပါတီအား နိုင်ငံခြား ငွေကြေး တရားမဝင်ရှာဖွေမှုစွပ်စွဲချက်များဖြင့် မော်လ်ဒိုဗာတွင် ပိတ်ပင် တားမြစ်ခဲ့သည်။ Gutsul သည် အနောက်နိုင်ငံများနှင့် ရင်းနှီးသော သမ္မတ Maia Sandu အစိုးရ၏ မူဝါဒနှင့်ဆန့်ကျင်ဘက် ရုရှားနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကတိများဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။
Gagauzia ပါလီမန်မှ တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး Gutsul အား ဒေသ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဆဲဟု ကြေညာခဲ့သည်။Gutsul မှ မည်သည့်မတရားမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိဟု အခိုင်အမာ ငြင်းဆိုကာ သူမအပေါ်စွပ်စွဲမှုသည် နိုင်ငံရေးလုပ်ကြံမှုတစ်ခုအဖြစ် စီစဉ် ထားခြင်းဖြစ်သည်ဟု အထပ်ထပ်ပြောဆိုခဲ့သည်။

(၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)
လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၈) နှစ်မြောက် နှစ်ပတ်လည် နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် အာဆီယံအသင်းကြီးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ပြေးညီ သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် အသင်းကြီး၏ ရည်မှန်းချက်များကို တည်ကြည်ခိုင်မြဲစွာ ဖော်ဆောင်လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ အတူတကွကြိုးပမ်းမှု၊ အမြော်အမြင်နှင့် မျှော်မှန်းချက်တို့ဖြင့် အာဆီယံအဖွဲ့ကြီးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်လျက် ဒေသတွင်းခိုင်မာသည့် အသိုက်အဝန်းတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပါသည်။ အသင်းကြီးလျှောက်လှမ်းခဲ့သည့် ခရီးလမ်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံသည် ဂုဏ်ယူစွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းသာယာဝပြောသော အရှေ့တောင်အာရှအတွက် မိမိတို့၏မျှော်မှန်းချက်များရောက်ရှိရန် အာဆီယံပဋိညာဉ်စာတမ်း၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုလျက် ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို မမှိတ်မသုန် လိုက်နာစောင့်ထိန်းလျက်ရှိပါသည်။
အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံက ၁၉၉၅ ခုနှစ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့က ၁၉၉၇ ခုနှစ် တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၉ ခုနှစ်တွင်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ကြပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ ပေါင်းစည်းလျှောက်လှမ်းခဲ့ရာ ခရီးလမ်း၊ မိမိတို့၏အားမာန်များ စုစည်းလျက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာမှ ရရှိခဲ့ကြသည့် အောင်မြင်မှုများကို ပြန်ပြောင်းသတိရ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အာဆီယံပေါ်ပေါက်ခဲ့သည်မှာ (၅၈) နှစ် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိပြီဖြစ်ရာ အောင်မြင်မှုရရှိခဲ့သော ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်နှင့် လူမှု - ယဉ်ကျေးမှုမဏ္ဍိုင် (၃) ရပ်အပေါ် အခြေတည်သည့် အာဆီယံအသိုက်အဝန်း ၂၀၁၅ ကို တည်ထောင်နိုင်ခြင်းအပါအဝင် အထင်ကရအောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ပါသည်။ အာဆီယံသည် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အရှေ့အာရှထိပ်သီးအစည်းအဝေး (EAS)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေး (ADMM-Plus) စသည့် ဒေသတွင်းအဓိကကျသော ဖိုရမ်များကို ဦးဆောင်လျက် စေ့စပ်ဆွေးနွေးမှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းပေါင်းစည်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါသည်။ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ ကို အကောင်အထည်ဖော်မှုများသည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း နှစ်ထောင်းအားရဖွယ် တွေ့ရှိရပါသည်။
“အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅” ပန်းတိုင်များ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ယခု ၂၀၂၅ ခုနှစ်သည် အာဆီယံအတွက် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ကာ ဦးစားပေးမှုကဏ္ဍများကို ချိန်ညှိလျက် ဘက်စုံနည်းဗျူဟာများကို ချမှတ်ရမည့် အဓိကကျသော နှစ်တစ်နှစ်ဖြစ်ပါသည်။ အဆိုပါ “အာဆီယံ ၂၀၄၅ မျှော်မှန်းချက်” ကို အခြေပြုလျက် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိကာ စီးပွားရေးအရ အားကောင်း၍ ဒေသတွင်းငြိမ်းချမ်းမှုရှိရေးကို ထပ်လောင်းအတည်ပြုဖော်ဆောင်သွားကြရပါမည်။ လာမည့် ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ကမ္ဘာ့နိုင်ငံများက လေးစားထိုက်သော တိုးတက် အောင်မြင်သည့် အသိုက်အဝန်းကြီးဖြစ်ရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
အသင်းကြီးအနေဖြင့် လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဖြစ်စဉ်များအကြား ကြံ့ကြံ့ခံနိုင်ပြီး အချိတ်အဆက်ရှိစွာ တုံ့ပြန်မှုမြန်ဆန်စွာဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောအဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်ပါသည်။ ဤအခြေအနေ များကြောင့် ယခု ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ဟူသည့် ဆောင်ပုဒ်သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏ ကတိကဝတ်များကို ထင်ဟပ်လျက်ရှိပါသည်။ ဒေသတွင်းလုံခြုံရေးအခင်းအကျင်းကို ဦးဆောင်တည်ဆောက်ရာတွင် အာဆီယံ၏အရေးပါသော အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါသည်။
အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြဋ္ဌာန်းထားသော အာဆီယံပဋိညာဉ်စာတမ်းတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အဓိကဖြစ်ပြီး အာဆီယံ၏ မီးရှူးတန်ဆောင်ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး အရွေ့အပြောင်းများ၊ စီးပွားရေးတုံ့ဆိုင်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများစသည့် ဒေသတွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဖြစ်ပေါ်လျက်ရှိချိန်တွင် အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကာ ရှေ့သို့ချီတက်ရန် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ဆောင်ခြင်းအားဖြင့် အာဆီယံအသင်းကြီးသည် ကြံ့ကြံ့ခံကာ လိုက်လျောညီထွေ လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အခါသမယတွင် ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အဓိကကျသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ အာဆီယံပဋိညာဉ်စာတမ်း၏ မူများနှင့် ရည်ရွယ်ချက်များအရ အာဆီယံစည်းလုံးညီညွတ်မှုနှင့် အာဆီယံဗဟိုအချက်အချာကျမှုတို့ကို ဖော်ဆောင်ရန်အတွက် မိမိတို့မြန်မာနိုင်ငံသည်လည်း သန္နိဋ္ဌာန်ပြု၍ မြဲမြံစွာရပ်တည်လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအနေအထားများ မည်သို့ပင်ရှိစေကာမူ မိမိတို့အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့မှုကို အခြားနိုင်ငံက လေးစားလျက် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် အာဆီယံ၏စွမ်းအားသည် တည်ရှိလျက်ရှိပါသည်။
အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် မိမိတို့သည် ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို ထိန်းသိမ်းကာ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ပါသည်။
လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား
ယခုကဲ့သို့ (၅၈) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခါသမယတွင် မတူကွဲပြားသော်လည်း စည်းလုံးညီညွတ်မှုရှိစွာဖြင့် စုစည်းပြီး ကြံ့ကြံ့ခံလျက် သာယာဝပြောမှုကို မျှဝေကြသည့် အာဆီယံ၏စံနှုန်းများကို ထိန်းသိမ်းကြရန် မိမိတို့၏သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြပါရန်နှင့် အတိတ်ကာလ အောင်မြင်မှုများကို ဂုဏ်ယူကျေနပ်ရုံသာမက ငြိမ်းချမ်းရေးထိန်းသိမ်းလျက် သာယာဝပြောရေး ဖော်ဆောင်ကာ ဒေသတွင်း ကြွယ်ဝသောယဉ်ကျေးမှုများကိုလည်း စုပေါင်းထိန်းသိမ်းပျိုးထောင်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအားလုံး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပြီး ငြိမ်းချမ်းသာယာဝပြောမှုများကို နောင်လာမည့်နှစ်များတွင်လည်း ရရှိခံစားနိုင်ကြပါစေကြောင်း၊ အာဆီယံပြည်သူများ၏ စိတ်နှလုံးတွင်း၌ တစ်စုတစ်စည်းတည်းဖြစ်သည်ဟူသည့် အာဆီယံစိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်