သတင်းများ

အီလွန်မက်က အမေရိကန်တွင် ပါတီအသစ်တစ်ခု ဖွဲ့စည်းမည်ဟု ကြေညာ

နည်းပညာသမား ဘီလီယံနာ အီလွန်မက်က ဒီမိုကရက်နှင့် ရီပတ်ပလီကန် ပါတီတို့နှင့် ယှဉ်ပြိုင်ရန် “အမေရိကန်ပါတီ” (America Party) အမည်ဖြင့် နိုင်ငံရေးပါတီအသစ်တစ်ခု ဖွဲ့စည်းကြောင်း ဇူလိုင် ၅ ရက်က ကြေညာ ခဲ့သည်။

“ပါတီအသစ်လိုချင်တယ်ဆိုတော့ ရပြီ။ မင်းတို့ကို လွတ်မြောက်စေဖို့ အမေရိကန်ပါတီကို ဒီနေ့ ဖွဲ့လိုက်ပြီ” ဟု ၎င်းက လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံရေးကို နှစ်ပေါင်း ၂၀၀ ကျော်ကြာ ထိန်းချုပ်ခဲ့သော “နှစ်ပါတီစနစ်မှ လွတ်မြောက်လိုပါသလား” ဟူသော မေးခွန်းကို X တွင် စစ်တမ်းကောက်ယူခဲ့ပြီး မဲ ၁.၂ သန်းကျော်ရရှိခဲ့ကြောင်း ဘီလီယံနာ သူဌေးက ဖော်ပြခဲ့သည်။

ပါတီဖွဲ့စည်းကြောင်း ကြေညာချက်တွင် စစ်တမ်းဖြေကြားသူများ၏ သုံးပုံ နှစ်ပုံက ပါတီအသစ်ဖွဲ့စည်းရန် ထောက်ခံခဲ့ကြောင်း မက် က ဖော်ပြ ခဲ့သည်။

အီလွန်မက်၏ ပါတီအသစ်သည် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲများအပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကို မရှင်းလင်းသေးပေ။

မက်သည် “Big, Beautiful Act” အမည်ရှိ အသုံးစရိတ် အစီအစဉ် နှင့်ပတ်သက်၍လည်း ထရမ့်နှင့် သဘောထားကွဲလွဲခဲ့ပြီး ယင်း အက်ဥပဒေ ကို ထောက်ခံမဲပေးခဲ့သည့် ဥပဒေပြုသူများကို ရှုံးနိမ့်စေရန် မည်သည့် နည်းနှင့်မဆို လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

မက်က ဒီမိုကရက်နှင့် ရီပတ်ပလီကန်ပါတီနှစ်ခုစလုံးကို ၎င်းတို့ အုပ်ချုပ်မှု အောက်တွင် နိုင်ငံ၏ ဘဏ္ဍာငွေဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဝေဖန် ခဲ့သည်။ ၎င်းသည် အသုံးစရိတ်ကို တင်းကျပ်စွာထိန်းချုပ်သည့် ဘဏ္ဍာရေး အရ အကျိုးပြုမည့်ပါတီတစ်ခု တည်ထောင်လိုကြောင်း ပြောကြားခဲ့ သော်လည်း ပါတီ၏မူဝါဒအချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ် ကိုမူ မဖော်ပြခဲ့ပေ။

မက်သည် တောင်အာဖရိကတွင် မွေးဖွားခဲ့သူဖြစ်သောကြောင့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးအတွက် အရွေးမခံနိုင်သော်လည်း ၎င်း၏ပါတီအသစ်ဖွဲ့စည်းမှုက ရီပတ်ပလီကန်ပါတီမှ မဲဆန္ဒရှင်များစွာ ဆုံးရှုံးစေနိုင်သည်။

ဇူလိုင် ၄ ရက်တွင် မက်က အားနည်းသည့် အောက်လွှတ်တော်နှင့် အထက် လွှတ်တော်နေရာများကို အနိုင်ရရန် နိုင်ငံရေးအစီအမံတစ်ခုကို ရှင်းပြ ခဲ့ပြီး အဓိကဥပဒေကြမ်းများတွင် “အဆုံးအဖြတ်ပေးနိုင်သည့်မဲ” (swing vote) အဖြစ် ရပ်တည်ရန် ရည်မှန်းထားသည်။

အချို့က ၁၉၉၂ ခုနှစ်တွင် စီးပွားရေးသမား Ross Perot ၏ တစ်သီး ပုဂ္ဂလအမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုက George H.W. Bush ၏ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းမှုကို ရှုံးနိမ့်စေကာ ဒီမိုကရက် Bill Clinton အနိုင်ရစေခဲ့သည့် ဖြစ်ရပ်ကဲ့သို့ တတိယပါတီများ၏ မဲခွဲဝေမှု သမိုင်းကို ညွှန်းဆိုဝေဖန်ခဲ့ကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး ထုတ်လုပ်မည်

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။

ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။

MEVM စက်၏အားသာချက်သည် လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာလက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။

Popular Myanmar

နျူကလီးယား စစ်ဆေးရေးအဖွဲ့များ အီရန်မှ ထွက်ခွာ

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့သည် အီရန်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သောကြာနေ့ (ဇူလိုင် ၄) တွင် အေဂျင်စီမှ ကြေညာခဲ့သည်။

လွန်ခဲ့သည့်လက အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုအပြီးတွင် တီဟီရန်သည် ကုလသမဂ္ဂနှင့် ဆက်စပ်သော နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ယာယီရပ်ဆိုင်းခဲ့သည်။

“လတ်တလော စစ်ရေးပဋိပက္ခတစ်လျှောက်လုံး တီဟီရန်တွင် ရှိနေ ခဲ့ပြီးနောက် စစ်ဆေးရေးများသည် အေဂျင်စီ၏ ဗီယင်နာရှိ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိမည်” ဟု IAEA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တီဟီရန်သည် နှစ်ပေါင်းများစွာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ယူရေနီယမ်ကို ငြိမ်းချမ်းရေးဆိုင်ရာအသုံးပြုရန်သာထပ်တိုးသန့်စင်နေကြောင်း ဆက်လက်အခိုင်အမာပြောဆိုခဲ့သည်။ အစ္စရေးဘက် ကမူ အီရန်သည် လျှို့ဝှက်စွာ နျူကလီးယားလက်နက် ထုတ်လုပ်ရန်ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ဇွန် ၁၂ ရက်တွင် IAEA က အီရန်အား အထောက်အထားမပြဘဲ အဓိက အာမခံစာချုပ်ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ နောက်တစ်နေ့တွင် အစ္စရေးက အီရန်နျူကလီးယားသိပ္ပံပညာရှင်များနှင့် ယူရေနီယမ် ထပ်တိုး သန့်စင်ရေးစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ တီဟီရန်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး အမေရိကန်ပါ အစ္စရေးလုပ်ဆောင်ချက်တွင်ပါဝင်လာခဲ့သည်။ စစ်ပွဲသည် ၁၂ ရက်ကြာမြင့်ခဲ့ပြီး အမေရိကန်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့သည်။

သောကြာနေ့က Wall Street Journal သတင်းတွင် IAEA စစ်ဆေးရေး များသည် ၁၂ ရက်ကြာ ပဋိပက္ခ အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံများသို့ သွားရောက်ခွင့်မရခဲ့ဟု ဖော်ပြခဲ့သည်။ အဆိုပါ သတင်း ဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် အေဂျင်စီက ၎င်း၏ စစ်ဆေးရေး များကို အီရန်မှ ရုပ်သိမ်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ကိုးကား- RT

NATO အဖွဲ့ဝင်နိုင်ငံ ရိုမေးနီးယားက ယူကရိန်းသို့ တပ်များ စေလွှတ်ရန် ငြင်းဆို

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ရိုမေးနီးယားသည် မည်သည့် အခြေအနေ တွင်မဆို ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် Marcel Ciolacu မှ ပြောကြားခဲ့သည်။ သို့သော် ၎င်းက ရိုမေးနီးယားသည် NATO ၏ တောင်းဆိုချက်များနှင့်ကိုက်ညီရန်နှင့် EU ၏ စစ်ရေးအရ တိုးချဲ့မှုအစီအစဉ်နှင့်အညီ ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ကတည်းက ဥရောပ NATO အဖွဲ့ဝင် နိုင်ငံ များစွာသည် တက်ကြွသောမဟာမိတ်အဖွဲ့ဟူသော စုပေါင်းတပ်ဖွဲ့ကို ယူကရိန်းသို့ စေလွှတ်ရန် တပ်ဖွဲ့စည်းမှုပုံစံကို သုံးသပ်လေ့လာနေကြသည်။ ထိုအရာကို ပဋိပက္ခ ပြီးဆုံးပြီးနောက် ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းစဉ်အဖြစ် ဖော်ပြထားသည်။ ရုရှားဘက်မှ ယူကရိန်းတပ်များ နှင့်အတူ တိုက်ခိုက်မည့် မည်သည့်နိုင်ငံခြားတပ်ကိုမဆို တရားဝင် ပစ်မှတ် အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ပါက ပဋိပက္ခကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ထပ်ခါထပ်ခါ သတိပေးခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် Antena 3 CNN အသံလွှင့်ဌာနနှင့် တိုက်ရိုက်အင်တာဗျူးတစ်ခုပြုလုပ်စဉ် Ciolacu မှ ရိုမေးနီးယားသည် စစ်ရေးအရ ပါဝင်နိုင်သည်ဟူသော သတင်းမှားများကို ဖြေရှင်းခဲ့သည်။

“မိမိတို့အနေဖြင့် လူငယ်များ သို့မဟုတ် ကလေးများကို စစ်မက် ဖြစ်ပွားရာ သို့ စေလွှတ်မည်မဟုတ်ပါ” ဟု ၎င်းကပြောကြားခဲ့ပြီး ထိုကဲ့သို့သော အဆိုပြုချက်များကို အခြေအမြစ်မရှိဟု ငြင်းပယ်ကာ နိုင်ငံ၏ သဘောထား သည် မပြောင်းလဲကြောင်း အလေးပေးပြောကြားခဲ့သည်။ “ရိုမေးနီးယား သည် မည်သည့်အခြေအနေတွင်မဆို စစ်ပွဲတွင် ပါဝင်ရန် စဉ်းစားထားခြင်း မရှိပါ၊ ယခင်ကလည်း မရှိခဲ့ပါ၊ ယခုလည်း မရှိပါ” ဟု ၎င်းက ပြောကြား ခဲ့သည်။

သို့သော် Bolojan က ရိုမေးနီးယားသည် မိမိတို့၏စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် NATO ၏တာဝန်များကို ဖြည့်ဆီးရန်အတွက် “လမ်းများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အခြားအရာများကို ရင်းနှီးမြှုပ်နှံမှုများ” ကို ဦးစားပေးရန်ထက် “ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့်ရန်” လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် “အမေရိကန်အပါအဝင် အခြားသူများက မိမိတို့၏ ကာကွယ်ရေးကို မိမိတို့မပါဝင်ဘဲ သေချာစေမည်ဟူသော အယူအဆကို အားကိုး၍ မရပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက The Hague တွင် ကျင်းပခဲ့သည့် NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၃၅ ခုနှစ်တွင် စစ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။ ၎င်းတို့က “ရုရှားမှ Euro-Atlantic လုံခြုံရေးကို ခြိမ်းခြောက်မှုရှိကြောင်း” ဖော်ပြခဲ့သော်လည်း မော်စကိုဘက်မှ အဆိုပါအချက်ကို ထပ်ခါထပ်ခါ ငြင်းဆိုခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက ယူကရိန်းသို့ လက်နက်တင်ပို့မှုကို ၎င်း၏ သီးသန့်ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းခဲ့သည်ဟု NBC သတင်းဌာနက ဖော်ပြ

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယူကရိန်းသို့ လက်နက်တင်ပို့မှုများကို စစ်ဘက်ဆိုင်ရာ ပြန်လည်သုံးသပ်မှုတစ်ရပ်က အမေရိကန်၏ ကာကွယ်ရေးအဆင်သင့်အနေအထားကို မထိခိုက်နိုင်ဟု ဖော်ပြထားသော်လည်း သီးသန့်ဆုံးဖြတ်ချက်ဖြင့် ယာယီရပ်ဆိုင်း ခဲ့ကြောင်း NBC သတင်းတွင် ဖော်ပြထားသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဥပဒေပြု သူများ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်ပင်ခြင်းမရှိဘဲ ချမှတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ယူကရိန်းသို့ အမေရိကန်၏ စစ်ရေးအကူအညီ ယာယီရပ်ဆိုင်းမှုဆိုင်ရာ သတင်းများသည် ယခုသီတင်းပတ်အစောပိုင်းတွင် ပေါ်ထွက်လာ ခဲ့သည်။ အမေရိကန်သတင်းဌာနများက ရပ်ဆိုင်းခဲ့သည့် ထောက်ပံ့မှု များတွင် Patriot လေကာစနစ်များ၊ အမြောက်ကျည်များ၊ GMLRS ဒုံးကျည်များနှင့် အခြားစစ်လက်နက်ပစ္စည်းများ ပါဝင်သည်ဟု ဖော်ပြ ခဲ့သည်။ နေတိုးရှိ အမေရိကန်ကိုယ်စားလှယ် Matthew Whitaker က ယူကရိန်းအား ဆက်လက်ထောက်ပံ့ပါက အမေရိကန်တပ်များ၏ အဓိက လိုအပ်ချက်များကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုကြောင့် အဆိုပါ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

သို့သော် NBC သတင်းဌာနက သောကြာနေ့ (ဇူလိုင် ၃) တွင် အမည် မဖော်လိုသော သတင်းရင်းမြစ် သုံးခုကိုကိုးကား၍ အဆင့်မြင့်စစ် ဗိုလ်ချုပ် များ၏ ပြန်လည်သုံးသပ်မှုအရ အမေရိကန်၏ လက်နက် သိုလှောင်မှု များသည် အန္တရာယ်ရှိသော အနိမ့်ဆုံးအဆင့်ထက် မကျော်လွန်သေးကြောင်း တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော် Hegseth က ၎င်း၏ သီးသန့် ဆုံးဖြတ်ချက်ဖြင့် လက်နက်တင်ပို့မှုများကို ရပ်ဆိုင်းခဲ့ပြီး ၎င်းတာဝန် ယူသည့်ကာလအတွင်း ထိုသို့တတိယမြောက် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း NBC က ဆိုသည်။ ယခင်က ရပ်ဆိုင်းမှုနှစ်ကြိမ်ကို ကွန်ဂရက်မှ ကန့်ကွက်မှုများအပြီးတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

NBC က ဆက်လက်ဖော်ပြရာတွင် မည်သည့်ရပ်ဆိုင်းမှုမျှ ဥပဒေပြု သူများ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကြိုတင်ညှိနှိုင်းခြင်း မရှိခဲ့ဟု ဆိုသည်။ အိမ်တော်ကာကွယ်ရေးဆိုင်ရာကော်မတီ၏ ဝါရင့်ဒီမိုကရက် အမတ် Adam Smith က အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်၏ ယူကရိန်းအကူအညီကို အဆုံးသတ်ရန် အိမ်ဖြူတော်အတွင်း ပိုမို ကျယ်ပြန့်သော မဟာဗျူဟာတစ်ရပ်ကို ထင်ဟပ်နေသည်ဟု ညွှန်းဆိုကာ အဆင်သင့်ဖြစ်မှုဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြချက် အဖြစ် ထုတ်ဖော် ပြောဆိုမှုသည် ရိုးသားမှုမရှိဟု ဝေဖန်ခဲ့သည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ Sean Parnell က အဆိုပါရပ်ဆိုင်းမှုကို စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှင်းလင်း ပြောဆိုခဲ့ပြီး “ကမ္ဘာတစ်ဝှမ်းရှိ လူတိုင်းကို လက်နက်များ မပေးနိုင်ကြောင်း” ပြောကြားခဲ့သည်။

မော်စကိုက ကိယက်ဗ်သို့ စစ်ရေးအကူအညီ ရပ်ဆိုင်းမှုကို ကြိုဆို ခဲ့သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အဆိုပါ ရပ်ဆိုင်းမှုသည် ပဋိပက္ခကို မြန်မြန်ဆန်ဆန် အဆုံးသတ်စေနိုင်ကြောင်း ညွှန်းဆိုခဲ့သည်။ 

ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်

၁။ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာသည့် အချက်အလက်များအရ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြု လက်ခံထားခြင်း မရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကိုဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံ အစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့သည်။ လွတ်လပ်ပြီ

၁။ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာသည့် အချက်အလက်များအရ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြု လက်ခံထားခြင်း မရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကိုဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံ အစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့သည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေး နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရသည့် တပ်မတော်အား ဒီမိုကရေစီနောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်ခဲ့မှုများကို လက်ခံယုံကြည်ခဲ့၍ဖြစ်စေ၊ မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များသည် မှန်ကန်သည်ဟုယူဆ၍ဖြစ်စေ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

၂။ နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင် ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ ထို့အပြင် မိမိတို့၏ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ပင်ဖြစ်သည်။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတော်ပင် ခရီးရောက် နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မျှော်မှန်းချက်တူညီပြီး ရွေးကောက်ပွဲ လမ်းကြောင်းသို့ ဝင်ရောက်မည့် နိုင်ငံရေးပါတီများမှာလည်း ၅၄ ပါတီရှိနေပြီဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဆီသို့လျှောက်လှမ်းရန် တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးပင်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် လက်နက်ကိုင် လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက်အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်း တိုက်မှုကြောင့် လမ်းစပျောက်သွားရန်မလိုဘဲ မိမိတို့၏ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက် လမ်းကြောင်း ပေါ်ရောက်ရှိရေး ဆက်လက်လျှောက်လှမ်းရမည်သာဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီး၍ လွှတ်တော်နှင့် အစိုးရများပေါ်ပေါက်လာလျှင် ၎င်းတို့သာ ရွေးကောက်ခံအစိုးရဟူသည့် ရပ်တည်မှု ပျောက်ဆုံးမည်ကို စိုးရိမ်နေသည့် CRPH နှင့် NUG တို့၏ လုပ်ဆောင်မှုများသည် မိမိတို့၏ မျှော်မှန်းချက်များနှင့် ဆန့်ကျင် နေပါက မှန်ကန်သည့်လမ်းကြောင်းကို ပြောင်း၍လျှောက်လှမ်းရမည်သာဖြစ်သည်။ လက်နက်ကိုင် လမ်းစဉ် ကြောင့် လူငယ်၊ လူရွယ်အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စု ကြီးအတွက် လူစွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။

၄။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော် ကြာသော်လည်း မည်သည့် ရလဒ်မျှမထွက်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည်ကို သင်ခန်းစာယူကာ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မိမိတို့ဒေသတည်ငြိမ်အေးချမ်းမှုမရှိသည့် အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်းကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့် ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီး ကြရပြီး အတိဒုက္ခရောက်ကြရသည်ကို ထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲ လမ်းကြောင်း ကို အပြည့်အဝပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့်ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဖြစ်သည်။

၅။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး တို့သည် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေနွေးဆောင်ရွက်သွားကြရမည်ဖြစ်သည်။

၆။ သို့ပါ၍ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ရုရှားနှင့်ယူကရိန်းတို့က သဘောတူညီချက်အရ နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုလုပ်ဆောင်

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် နှစ်နိုင်ငံကြားရရှိခဲ့သည့် သဘောတူညီချက် အရ   နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုကိုလုပ်ဆောင်ကြောင်း    ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက  ဇူလိုင်လ ၄ ရက်တွင် ဖော်ပြ ထားသည်။

ဇွန်လ ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စ တန်ဘူမြို့၌ လုပ်ဆောင်သော ဆွေးနွေးပွဲ အတွင်းရရှိခဲ့သည့် သဘောတူညီချက်အရ ထိုကဲ့သို့အကျဉ်းသား လဲလှယ်မှုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၌ဖော်ပြထားသော်လည်း      လဲလှယ်မှုလုပ်သည့် အကျဉ်းသား အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယူကရိန်းတို့လက်မှ လွတ်မြောက်လာသော ရုရှားစစ်သည်များသည် ယခုအခါ ဘယ်လာရုစ်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ခံယူနေကြောင်းနှင့် ဆေးကုသမှုခံယ ပြီးမှသာ ရုရှားနိုင်ငံသို့ ခေါ်ယူသွားမည်ဖြစ် ကြောင်းသိရသည်။      

MWD Web Portal

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်သဘောတူ

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထု

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထုန်ထန်ရှင်နာဝပ် သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနှင့် ပြောထားသည့် အသံဖိုင်ပေါက်ကြားပြီးနောက် ဝေဖန်မှုများ ခံနေရခြင်းဖြစ်သည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ပါဝင်ရန် တရုတ်နိုင်ငံဆန္ဒရှိဟုဆို

ပေကျင်း ဇူလိုင် ၃

အရှေ့တောင်အာရှဒေသအား နျူကလီးယားလက်နက်ကင်းမဲ့ ဇုန်အဖြစ် တည်ဆောက်ရေးကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံပေးကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်စာချုပ် လက်မှတ်ထိုးရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ ပါဝင်လက်မှတ်ထိုးရေးအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးရန် လည်း တရုတ်နိုင်ငံက အသင့်ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှ နျူကလီး ယား လက်နက်ကင်းမဲ့ဇုန်စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က သဘောတူထားကြောင်း ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက ပြောကြားထားသည်။

အလားတူ အမေရိကန်အစိုးရကလည်း ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုမီ ယင်းသဘောတူညီချက်ကို လေ့လာသုံးသပ်နေကြောင်း မလေးရှားမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်ကို အာဆီယံနိုင်ငံများက ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စတင်အာဏာ သက်ဝင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

YDNB Newspaper

အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံ မဟုတ်တော့ဟု ယူကရိန်း လွှတ်တော်အမတ်များပြော

ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်း မခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ အတွက် မဟာမိတ်မဟုတ်တော့ကြောင်း  ယူကရိန်း လွှတ်တော်အမတ်များကပြောသည်။

အမေရိကန်အစိုးရသည် အမေရိကန် နိုင်ငံဦးစားပေး မူဝါဒကို ပြောင်းလဲကျင့် သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့ မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်း လွှတ်တော် အမတ်များက   ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သော စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ခဲယမ်းများနှင့် အမြောက်ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း  NATO တပ်ဖွဲ့ဆိုင်ရာ    အမေရိကန်သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက်တွင် ပြောခြင်းဖြစ်သည်။

ယူကရိန်းလွှတ်တော် အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံ မဟုတ်တော့ကြောင်း ပြောနေသော်လည်း အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ အနေဖြင့် မည်သည့်အခါကမျှ တရားဝင် မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

အမေရိကန်၏ ယခုကဲ့သို့ စစ်လက်နက်များ ထောက်ပံ့မှုရပ်တန့်ခြင်းနှင့်ပတ်သက်၍ ယူကရိန်းသမ္မတက အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင် ဖော်ပြထားသည်။