သတင်းများ

NATO အဖွဲ့ဝင် နိုင်ငံများသည် အမေရိကန်လက်နက်များအတွက် ကျသင့်ငွေ အပြည့်အဝပေးချေရမည်ဟု ထရမ့် ပြောကြား

အမေရိကန်၏ NATO မဟာမိတ်နိုင်ငံများသည် အမေရိကန်ထုတ် လက်နက်များအတွက် ကျသင့်ငွေအပြည့်အဝ ပေးချေရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ၎င်းလက်နက်များထဲမှ အချို့ ကို ယူကရိန်းသို့ လွှဲပြောင်းပေးအပ်နိုင်ကြောင်း ညွှန်းဆိုခဲ့သည်။

အမေရိကန်သမ္မတသည် ၎င်း၏ ပထမသက်တမ်းအတွင်းကတည်းက ဥရောပ NATO အဖွဲ့ဝင်များအား ၎င်းတို့၏ကာကွယ်ရေးအတွက် တာဝန်ယူရန် ဖိအားပေးခဲ့ပြီး ယခု ဒုတိယသက်တမ်းအတွင်းတွင်လည်း ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် တွန်းအားပေးလျက်ရှိသည်။

သောကြာနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ပြန်ခဲ့သည့် NBC နှင့်အင်တာဗျူး တစ်ခုတွင် အမေရိကန် သမ္မတက အနာဂတ်တွင် စစ်ရေးမဟာမိတ် အဖွဲ့အစည်းသို့ လက်နက်များပေးပို့ရန် ၎င်း၏ ချဉ်းကပ်မှုကို ရှင်းပြ ခဲ့သည်။

“အမေရိကန်က NATO ကို လက်နက်များ ပို့ဆောင်ထောက်ပံ့မည်ဖြစ်ပြီး NATO က အဆိုပါလက်နက်များ၏ တန်ဖိုးအပြည့်အဝကို ပေးချေရမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဝါရှင်တန်၏ NATO မဟာမိတ်များအနေဖြင့် လက်နက်များ ရရှိပြီးနောက် “NATO က အဆိုပါလက်နက်များကို ယူကရိန်းကို ထောက်ပံ့ နိုင်မည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကြာသပတေးနေ့ (ဇူလိုင် ၁၁) တွင် Rubio သည် ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရ

(CNN ၊ ဇူလိုင် ၉)

မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်  နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် ကြာသပတေးနေ့၌ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာရော့ဗ်နှင့် တွေ့ဆုံစီစဉ်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဇူလိုင်လ ၉ ရက်နေ့ CNN သတင်းတွင်ဖော်ပြပါသည်။

အဆိုပါတွေ့ဆုံမှုကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေး၏ ဘေးဘန်း ဆွေးနွေးမှုအဖြစ် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ရန်ရှိပါသည်။ 

ယခုအကြိမ်သည် Rubio နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှု ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး၊ ပထမအကြိမ်ကို ဆော်ဒီအာရေဗျတွင် ယခုနှစ် အစောပိုင်းက တွေ့ဆုံခဲ့ကြပါသည်။  မကြာ သေးမီလများက အမေရိကန်နိုင်ငံ၏ ရုရှားနှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေး အောင်မြင်မှု ရရှိစေရန်အတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ၎င်းတို့နှစ်ဦးသည် တယ်လီဖုန်းမှတစ်ဆင့် ကြိမ်ဖန်များစွာ ပြောဆိုခဲ့ကြပါသည်။ 

၎င်း၏ ဒုတိယသက်တမ်း၏ ပထမလအနည်းငယ်အတွင်း ထရမ့်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူလာစေရန် ရည်ရွယ်၍ ပူတင်နှင့် ပိုမိုညှိနှိုင်းမှုပြုရန် နည်းလမ်းများရှာဖွေခဲ့သည်။  ယခု ရုရှား၏ ယူကရိန်းအပေါ် ဆက်လက်တိုက်ခိုက်နေမှုသည် ထရမ့်အနေဖြင့် စိုးရိမ်စိတ်ကြီးထွားမှု ဆက်လက်ဖြစ်ပေါ်နေရာ Rubio နှင့် လာရော့ဗ်တို့အကြား တွေ့ဆုံမှုသည် တင်းမာနိုင်ခြေရှိသော တွေ့ဆုံမှုတစ်ရပ် ဖြစ်လာနိုင်ပါသည်။ 

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အမေရိကန်၊ တရုတ် ကိုယ်စားလှယ်တို့ ထရမ့်နှင့် ရှီတို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ အကြိုညှိနှိုင်းကြဖွယ်ရှိ

(Bloomberg ၊ ဇူလိုင် ၁၀)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubioနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့သည် သောကြာနေ့ (ဇူလိုင် ၁၁) မလေးရှားတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင်း၌ သမ္မတနှစ်ဦးတို့၏ထိပ်သီး အစည်းအဝေးမတိုင်မီ ပထမအကြိမ် လူကိုယ်တိုင် တွေ့ဆုံ ညှိနှိုင်း ဇာတ်တိုက် ဆွေးနွေးကြဖွယ် ရှိပါသည်။

အမေရိကန်ထိပ်တန်းကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့တွေ့ဆုံမည့် အစီအစဉ်မှာ ကွာလာလမ်ပူမြို့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဖြစ်ကြောင်း Rubio ၏ Public Schedule အရ သိရပါသည်။ နှစ်ဖက်အရာထမ်းများသည် သောကြာနေ့တွင် ပြီးဆုံး မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အစည်းအဝေးတွင် ရောက်ရှိနေကြပါသည်။ 

ယင်းသည် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးချိန်မှစ၍ ကျင်းပ ပြုလုပ်ရန်ရှိသည့် အဆင့်မြင့်ဆုံး အစည်းအဝေးဖြစ်ပါသည်။   အဆင့်မြင့် ကိုယ်စားလှယ်များသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိပြီး ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးအတွက် တိုးတက်မှုများဖော်ဆောင်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှု၊ ပွတ်တိုက်မှုများကိုလည်း တင်းမာမှုများ ဖြေလျော့သွားစေနိုင်လိမ့်မည်ဖြစ်ပါသည်။

Rubio က ကြာသပတေးနေ့တွင် သတင်းသမားများကို “တရုတ်သည် ရုရှား၏ ဆောင်ရွက် ချက်များကို အားပေးထောက်ခံနေသည်မှာ သေချာကြောင်း၊ မိမိအနေနှင့် ၎င်းတို့က မည်သည့် အကျိုးကိုမျှ မျှော်ကိုးခြင်းမရှိဘဲ၊ အကူညီပေးလိုသည့် ဆန္ဒရှိနေကြမည်ဟု ထင်ကြောင်း” ပြောကြားပါသည်။ 

ယူကရိန်းကို ကျူးကျော်မှု ပြုခဲ့သည့် နောက်ပိုင်း ပေကျင်းသည် စီးပွားရေးအရ၊ သံတမန် ရေးအရ မော်စကိုကို ထောက်မပေးနေခြင်းသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ နှစ်ခု၏ ဆက်ဆံရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါသည်။

ဇန်နဝါရီလ နောက်ဆုံးတယ်လီဖုန်းခေါ်ဆိုမှုတွင် Rubioက တရုတ်၏ တိုင်ဝမ်အပေါ် ပြုမူ နေမှုများသည် တောင်တရုတ်ပင်လယ်အရေးကို စိုးရိမ်ပူပန်မှု မြင့်တက်စေကြောင်း ပြောကြား ခဲ့ပြီး၊ ဝမ်က အမေရိကန်သည် တိုင်ဝမ်နှင့်ပတ်သက်၍ သတိထား ကိုင်တွယ် ဆောင်ရွက်ရန် သတိပေးပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံလိုကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းနှင့် အဆင့်မြင့် တရုတ်အရာရှိများက ယခင် ရက်သတ္တပတ်က နှစ်နိုင်ငံဆက်ဆံရေးအပေါ် အပြုသဘော ဖော်ပြခဲ့ကြပါသည်။ 

ဇွန်လ အစောပိုင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုတွင် ရှီက ထရမ့်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ အမေရိကန်အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ အမှုဆောင် အဖွဲ့သည် ယခုနှစ်အတွင်း တရုတ်ပြည်သို့ လိုက်ပါသွားဖွယ်ရှိကြောင်း ယခင် ရက်သတ္တပတ် က Bloomberg သတင်းတွင်ဖော်ပြပါသည်။

ဖေဖော်ဝါရီလအတွင်း ဝမ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက် ရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့သော်လည်း၊ ထရမ့်အစိုးရအဖွဲ့နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။   နောက်ရက်သတ္တပတ်များအတွင်း ဆန်ပေးမှ ဆီရမည် (tip-for-tat) ဆိုသည့် လုပ်ဆောင်မှုမျိုးဖြင့် တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်၏ အကောက် အခွန် စည်းကြပ်မှုသည် မေလညှိနှိုင်းမှုအပြီး ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခြင်း မပြုမီ ၁၄၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ပါသည်။ 

ကိုးကား- Bloomberg

လိုက်ဘေးရီးယားသမ္မတ၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ဒေါ်နယ်ထရမ့် ချီးကျူး

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် အာဖရိကခေါင်းဆောင်များနှင့် တွေ့ဆုံချိန် လိုက်ဘေးရီးယား သမ္မတ ဂျိုးဇက်ဘိုကိုင်၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ချီးကျူး ပြောကြားလိုက်ပါသည်။ 

“လိုက်ဘေးရီးယားသည် အမေရိကန်ပြည်ထောင်စု၏ သမိုင်း ရှည်လျားသော မိတ်ဆွေဖြစ်ပြီး မိမိတို့ကလည်း အမေရိကန် ပြန်လည်ကြီးပွားစေရေး မူဝါဒကို ယုံကြည်ပါကြောင်း၊ လိုက်ဘေးရီးယားနိုင်ငံသို့လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုအပ်ပါကြောင်း၊ ယခုလို အခွင့် အလမ်းများ အတွက်လည်း ကျေးဇူးတင်ပါကြောင်း” လိုက်ဘေးရီးယား သမ္မတဂျိုးဇက်ဘိုကိုင်က အိမ်ဖြူတော်တွေ့ဆုံပွဲတွင် အင်္ဂလိပ်ဘာသာ ဖြင့် ပြောကြားလိုက်ပါသည်။ 

ထိုသို့ လိုက်ဘေးရီးယားသမ္မတ၏ ပြောကြားချက်ကို နားထောင်ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “အလွန်ကောင်းသည့် အင်္ဂလိပ် စကားပဲ၊ ပြောသွားတာ အတော်လည်း လှပပါသည်၊ ဘယ်မှာ သင်ယူခဲ့တာလဲ” ဟု ချီးကျူးမေးမြန်းခဲ့ပါသည်။ “လိုက်ဘေးရီးယားမှာ သင်ထားတာလား” ဟု ထရမ့်၏ မေးမြန်းချက်အပေါ် သမ္မတဘိုကိုင်က “ဟုတ်ကဲ့ပါ သမ္မတကြီး” ဟု ဖြေကြားသွားခဲ့ပါသည်။ 

ထရမ့်သည် ဂါဘွန်၊ ဂီနီ၊ လိုက်ဘေးရီးယား၊ မော်ရီတေးနီးယားနှင့် ဆီနီဂေါမှ ခေါင်းဆောင်များကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် အိမ်ဖြူတော်၌ လက်ခံဧည့်ခံခဲ့ပြီး အမေရိကန်၏ အာဖရိကဆိုင်ရာမူဝါဒကို အကူအညီမှ ကုန်သွယ်ရေးသို့ ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ် ထက် အာဖရိကအတွက် ပိုမိုကောင်းမွန်သော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲရှိ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ဘာသာပြန်များမှတစ်ဆင့် ပြောကြားခဲ့ကြသည်။

ထရမ့်က ၎င်း၏ အစိုးရအဖွဲ့သည် အာဖရိကရှိ မိတ်ဆွေဖွဲ့မှုများကို အားကောင်းလာစေရန် ကတိပြုထားကြောင်း၊ အနာဂတ်တွင် အာဖရိကသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အင်္ဂလိပ်ဘာသာစကားသည် လိုက်ဘေးရီးယား၏ ရုံးသုံးဘာသာစကား ဖြစ်ပါသည်။

ကိုးကား- The Guardian

Photo: CBS News

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယာယီအပစ်အခတ်ရပ်စဲရေးရရှိပါက ထာဝရအပစ်အခတ်ရပ်စဲရေးအတွက်ဆောင်ရွက်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အစ္စရေးနှင့်  ဟားမက်အကြား  ဂါဇာဒေသတွင်  ယာယီ အပစ်အခတ်ရပ်စဲရေးရရှိပါက အစ္စရေးက ထာဝရအပစ်အခတ် ရပ်စဲရေးအတွက် ဆောင်ရွက်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒုန်ဆားက ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။ 

စလိုဗက်ကီးယားနိုင်ငံမြို့တော်   ဗရက်တစ်လာဗာတွင် စလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်    တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဂီဒုန်ဆားက အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။

ဓားစာခံများလွတ်မြောက်ရေးနှင့် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးရရှိရေးဆောင်ရွက်ရန်   အစ္စရေးက စိတ်အားထက်သန်နေသည်ဟု ၎င်းက ပြောကြားသည်။ အစ္စရေးဝန်ကြီးချုပ်    နေတန်ယာဟုနှင့်    အမေရိကန်သမ္မတ   ထရမ့်တို့အကြား ဝါရှင်တန်တွင်      အစည်းအဝေးများ ကျင်းပပြီး  အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၏  ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် ဟားမတ်စ်အဖွဲ့နှင့် ရက် ၆၀ ကြာ အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန် ဆွေးနွေးနေသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN

trump

ယူကရိန်းအရေးကိုဖြေရှင်းရေးသည် ယခင်မျှော်လင့်ထားသည်ထက်ပင် ပိုမို ခက်ခဲကြောင်းသိလိုက်ရပြီဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ၈ရက် တွင် သတင်းထောက်များကိုပြောသည်။ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်း တို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခကို ၂၄ နာရီအတွင်း အဆုံးသတ်စေမည်ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

သတင်းထောက်များက အမေရိကန် အနေဖြင့် ယူကရိန်းသို့ စစ်လက်နက်များ ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ မေးမြန်းရာ ယူကရိန်းနိုင်ငံသည် အမေရိကန်၏ စစ်လက်နက်များကိုမရရှိပါက သုံးရက်၊ လေးရက်အတွင်းမှာပင် ရုရှားထံရှုံးနိမ့်သွား မည်ဖြစ်ကြောင်း ထရမ့်ကပြောသည်။

ယခုအခါ အမေရိကန်အစိုးရသည် အစောပိုင်းတွင်ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကိုရပ်ဆိုင်းခဲ့သော်လည်း  အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ အထိတန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများ ကိုထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Ref: RT

MWD Newspaper

မော်စကိုသည် Trump ၏ ကြမ်းတမ်းသော စကားလုံးများကို စိုးရိမ်မှု မရှိဟု ကရင်မလင်တာဝန်ရှိသူ ပြောဆို

အမေရိကန်သမ္မတ Donald Trump ၏ မကြာသေးမီက ကြမ်းတမ်းသော ပြောဆိုမှုများကို ရုရှားနိုင်ငံအနေဖြင့် အေးဆေးတည်ငြိမ်စွာ လက်ခံပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

သမ္မတ Trump က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သတင်းမီဒီယာများအား ၎င်းသည် ရုရှားသမ္မတ Vladimir Putin နှင့် ဆွေးနွေးမှုများကို မကျေနပ် ကြောင်း၊ ပူတင်သည် ယူကရိန်းပဋိပက္ခကို အဖြေရှာရန် မလိုလားဟု စွပ်စွဲခဲ့သည်။ မော်စကိုဘက်မှ ယူကရိန်းနှင့် သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် အဆင်သင့်ဖြစ်သော်လည်း၊ ဥပဒေအရ တာဝန်ယူမှုရှိပြီး အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းသည့် သဘောတူညီချက် ဖြစ်ရမည်ဟု ဆိုသည်။

“မိမိတို့အနေဖြင့် ထရမ့်၏ပြောဆိုမှုများကို အေးဆေးတည်ငြိမ်စွာ လက်ခံ သုံးသပ်ပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရေး၊ ပျက်စီးနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရေး မူဝါဒကိုလည်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါသည်” ဟု ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ Peskov က ပြောကြားခဲ့သည်။

Peskov က Trump ၏ အခြားပြောကြားချက်ဖြစ်သည့် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် “ထင်ထားတာထက် ပိုခက်ခဲတယ်” ဟု ဝန်ခံ ခဲ့သည့် အချက်ကို ပိုမိုအရေးကြီးသည်ဟု ထောက်ပြခဲ့သည်။ “ဒါက မိမိတို့ (ရုရှား) အစကတည်းက ပြောနေခဲ့သည့် အချက်ပါ။ ယခုလို ပြဿနာမျိုးကို တစ်ညတည်းဖြင့် ဖြေရှင်း၍မရနိုင်ပါ” ဟု Peskov က ရှင်းပြခဲ့သည်။

သမ္မတ Trump ၏ မကြာသေးမီက ပြောကြားချက်များရှိသော်လည်း၊ “Trump နှင့် ၎င်းအဖွဲ့သည် ယူကရိန်းအရေးကိစ္စကို သံတမန်ရေးအဆင့် သို့ ရွှေ့ပြောင်းရန် ကြိုးစားအားထုတ်မှုတွေ ဆက်လုပ်သွားမည်ဟု မျှော်လင့်ပါသည်” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့သည်။

မော်စကိုဘက်မှ အစ္စတန်ဘူလ်တွင် တတိယအကြိမ်မြောက် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရန် အဆိုပြုထားသည့် အချက်ကို ယူကရိန်းဘက်မှ အကြောင်းပြန်မှုကိုစောင့်မျှော်နေကြောင်း Peskov က ဖြည့်စွက် ပြောကြားခဲ့သည်။ “ဒါက ယူကရိန်းအတွက် အကျိုးရှိမည့်အချက်ဖြစ်ပါသည်။ အခြေအနေတွေက နေ့စဉ်ပြောင်းလဲနေသောကြောင့် မိမိတို့က ရှေ့ဆက် တိုးနေပါပြီ” ဟု ၎င်းက ရှင်းပြခဲ့သည်။

CNN က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် ထုတ်လွှင့်ခဲ့သည့် အသံဖိုင်နှင့် ပတ်သက်၍လည်း Peskov က မှတ်ချက်ပြုခဲ့ပြီး ယင်းအသံဖိုင်တွင် ၂၀၂၄ ခုနှစ်တွင် Trump က ရုရှားအနေဖြင့် ယူကရိန်းကို တိုက်ခိုက်ပါက “မော်စကိုကို ဗုံးကြဲပစ်လိုက်မည်” ဟု Putin အား ခြိမ်းခြောက်ခဲ့သည်ဟု အလှူရှင်များအား ပြောကြားနေသည့် အသံပါရှိသည်ဟု ဆိုသည်။

Peskov က ဆက်လက်၍ သမ္မတ Trump ၏ စကားပြောဟန်သည် ယေဘုယျအားဖြင့် သုံးနှုန်းပုံမှာ အတော်အတန် ကြမ်းတမ်းသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အော်ဘန်က Von der Leyen’s နုတ်ထွက်ရန် အချိန်တန်ပြီဟု ဆို

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလိုက်ပြီး ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်မည့် ယုံကြည်မှုမရှိကြောင်း ဆုံးဖြတ်ချက် မတိုင်မီ သရော်စာပုံတစ်ပုံကို မျှဝေခဲ့သည်။ ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ကျင်းပမည့် အဆိုပါဆုံးဖြတ်ချက်သည် COVID-19 ကာကွယ်ဆေး ဝယ်ယူမှုဆိုင်ရာ သူမ၏ စီမံခန့်ခွဲမှုကို ဦးတည်ထားသည်။ 

အော်ဘန်သည် Time မဂ္ဂဇင်း၏ မျက်နှာဖုံး ဒီဇိုင်းရေးဆွဲထားသော ပုံတစ်ပုံကို အင်္ဂါနေ့ (ဇူလိုင် ၈) တွင် မျှဝေခဲ့ပြီး အနီရောင်နောက်ခံတွင် နောက်သို့ဆုတ်နေသော Von der Leyen ၏ ပုံနှင့်အတူ "time to go" (ထွက်ခွာရန် အချိန်တန်ပြီ) ဟူသော စာတန်းပါရှိသည်။

ထိုပုံသည် ၂၀၂၄ ခုနှစ်က အမေရိကန်သမ္မတဟောင်း ဘိုင်ဒင်၏ ရွေးကောက်ပွဲ မှ နုတ်ထွက်မည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာသော Time မဂ္ဂဇင်း၏ သရော်ပုံတစ်ပုံဖြစ်သည်။

အော်ဘန်သည် ကာလကြာမြင့်စွာပင် Von der Leyen ကို အပြင်းထန် ဆုံး ဝေဖန်သူများထဲမှ တစ်ဦးဖြစ်ကာ သူမအား EU အဖွဲ့အစည်းများကို အားနည်းစေရန် လုပ်ဆောင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော အငြင်းပွားမှုများနှင့် ပိတ်ဆို့မှု မူဝါဒ များကြောင့် ဘရပ်ဆဲလ်နှင့် မကြာခဏဆိုသလို တင်းမာမှုများရှိခဲ့ပြီး EU ခေါင်းဆောင်များက ဟန်ဂေရီနိုင်ငံကို နိုင်ငံရေးအရ သီးခြားဖယ်ထားရန် ကြိုးစားခဲ့သည်ဟု ၎င်းက ဆိုသည်။

EU အတွင်း၌ Von der Leyen သည် COVID-19 ကပ်ရောဂါ ကာလအတွင်း သူမ၏ လုပ်ရပ်များနှင့်ပတ်သက်၍ ပိုမိုများပြားလာသော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ကာကွယ်ဆေးဝယ်ယူမှုဆိုင်ရာ ဆွေးနွေးမှုများ အတွင်း Pfizer ၏ CEO Albert Bourla နှင့် ဖလှယ်ခဲ့သော သီးသန့် အထောက်အထားများကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့ခြင်းကလည်း ဆက်လက် ဖြစ်ပွားနေသော အငြင်းပွားမှုများကို တွန်းအားပေးခဲ့သည်။ ဥရောပ တရားရုံးတစ်ရုံးက ယခုနှစ်အစောပိုင်းတွင် ထိုအပြန်အလှန် ပြောဆိုမှု များကို ဖုံးကွယ်ထားသည့် တရားဝင်အကြောင်းပြချက်တစ်ခုကို သူမ၏ ရုံးက မပေးနိုင်ခဲ့ဟု ဆုံးဖြတ်ခဲ့သည်။ 

နိုင်ငံရေးအရ လက်ဝဲနှင့်လက်ယာ နှစ်ဖက်စလုံးမှ ဝေဖန်သူများအပြင် ဥရောပသမဂ္ဂကို ယုံကြည်မှုနည်းသူများကလည်း Von der Leyen အပေါ် အာဏာစည်းမျဉ်းစည်းကမ်းများကို ဗဟိုချုပ်ကိုင်ရန် ကြိုးပမ်းခြင်း၊ သမားရိုးကျကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့် ပါလီမန်ကြီးကြပ်မှုကို ကျော်လွှားခြင်း၊ အထိခိုက်မခံသော ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုခြင်းများ ရှိသည်ဟု စွပ်စွဲခဲ့ကြသည်။

လာဗရော့ဗ်နှင့် ရူဘီယိုတို့ မလေးရှားတွင် တွေ့ဆုံမည်ဟု ဝါရှင်တန် ကြေညာ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်နှင့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မာကို ရူဘီယိုတို့သည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ASEAN ဖိုရမ်ဘေးတစ်ဘက်၌ ကြာသပတေးနေ့ (ဇူလိုင် ၁၀) ၌ တွေ့ဆုံ ကြမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

လာဗရော့ဗ်နှင့် ရူဘီယိုတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရသည့် ဇန်နဝါရီကတည်းက ဖုန်းဖြင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း၊ နိုင်ငံနှစ်ခုဆက်ဆံရေး ပုံမှန်ဖြစ်စေရန်အတွက် ဆော်ဒီအာရေဗျတွင် ဖေဖော်ဝါရီက တစ်ကြိမ်သာ တွေ့ဆုံခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ထားသော အစီအစဉ်အရ ရူဘီယိုနှင့် လာဗရော့ဗ်တို့သည် ကွာလာလမ်ပူ မြို့တွင် တွေ့ဆုံမည်ဖြစ်ပြီး နှစ်ဦးစလုံးသည် အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) ၏ နှစ်ပတ်လည် ဒေသဆိုင်ရာဖိုရမ်သို့ တက်ရောက် မည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဒီပလိုမက်နှစ်ဦးတို့၏ ဆွေးနွေးပွဲသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ (GMT နံနက် ၁၀ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက “အစည်းအဝေးတစ်ခု စီစဉ်ဆောင်ရွက်နေကြောင်း အတည်ပြုနိုင်ပါသည်” ဟု TASS သို့ ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် မလိုလားဟုစွပ်စွဲပြောဆိုခဲ့သည်။ မော်စကိုက ကိယက်ဗ်နှင့် သံတမန် နည်းလမ်းဖြင့် အဖြေရှာရန် အဆင်သင့်ဖြစ်ကြောင်း၊ သို့သော် ဥပဒေ အရ တရားဝင်ပြီး ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းပေးမည့် သဘောတူညီချက်ဖြစ်ရမည်ဟု ခိုင်ခိုင်မာမာရပ်တည်ထားသည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် ရုရှားအာဏာပိုင်များသည် ထရမ့်၏ ထုတ်ဖော် ပြောဆိုချက် များကို “အေးဆေးတည်ငြိမ်စွာ လက်ခံထားကြောင်း” ရှင်းပြခဲ့ပြီး အမေရိကန် သမ္မတ၏ ပြောဟန်သည် “၎င်းသုံးနှုန်းသည့် စကားလုံးများသည် ယေဘုယျ အားဖြင့် အတော်အတန် ကြမ်းတမ်းသည့် ပုံစံရှိသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

“ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်နှင့် ဆိုးရွားစွာ ပျက်စီး နေသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် မိမိတို့၏ မူဝါဒကို ဆက်လက်အကောင်အထည်ဖော်သွားမည်” ဟု ပက်စကော့ဗ် က မှတ်ချက်ပြုခဲ့သည်။

အကြီးတန်း EU သံတမန်တစ်ဦးက လွှတ်တော်သို့ နောက်ကျစွာ ရောက်ရှိ လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအပေါ် ပြစ်တင် ပြောဆို

အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က နိုင်ငံတကာ အကျပ် အတည်းများက ၎င်းအား ဝန်ပိစေသည်ဟု ညည်းညူကာ “၎င်းသည် သမိုင်းတစ်လျှောက် ကံအဆိုးဆုံး ဝန်ကြီး” ဟု ရည်ညွှန်းခဲ့သည်။

အီတလီပါလီမန်တွင် ကျင်းပသည့် မြေထဲပင်လယ်ဒေသ ဒီမိုကရေစီနှင့် လွှတ်တော်စနစ်ဆိုင်ရာ အစည်းအဝေးသို့ နောက်ကျမှ ရောက်ရှိ ပြီးနောက် ဝန်ကြီး Tajani က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းတင်းမာမှုများ အရှိန်မြှင့်တင်မှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများကို ရည်ညွှန်းကာ ၎င်းသည် သမိုင်းတွင် ကံအဆိုးဆုံးဝန်ကြီးဖြစ်သည်ဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း Tajani က Formiche မီဒီယာတွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ယူကရိန်းစစ်ပြီးခေတ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အီတလီ၏ အခန်းကဏ္ဍကို ထပ်လောင်း အတည်ပြု ခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ အဆိုပါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်သည့် ကုမ္ပဏီများအတွက် ငွေကြေးထောက်ပံ့မှု များကို ရောမအစိုးရက မကြာမီ ကြေညာမည်ဖြစ်သည်။

ဂါဇာစစ်ပွဲသည် အီတလီအပါအဝင် EU အစိုးရများအတွက် ဒုတိယ အကြီးဆုံး သံတမန်ရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ရပ်စဲရေး တောင်းဆိုမှုများနှင့် အစ္စရေးသို့ အနောက်နိုင်ငံများ၏ လက်နက်ရောင်းဝယ်မှု ဆက်လက်လုပ်ဆောင်နေခြင်းတို့အကြား ကြား ညပ်နေသည့် အခြေအနေတွင် ဖြစ်သည်။

Tajani ၏ ထုတ်ဖော်ပြောဆိုချက်များသည် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် EU အနေဖြင့် သမ္မတ Donald Trump ၏ ဧပြီလ ၂ ရက်က ကြေညာခဲ့သည့် ' Liberation Day ' ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် များ အကောင်အထည်ဖော်နိုင်သည့် အလားအလာကို ရင်ဆိုင်နေရချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Trump က EU အား “ဆက်ဆံရန် အလွန်ခက်ခဲသော” အဖွဲ့အစည်း ဟုလည်းကောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုများအား လုံးဝ လက်မခံနိုင်သော အခြေအနေဟုလည်းကောင်း ထပ်လောင်း သုံးသပ် ခဲ့သည်။ ထရမ့်သည် EU ထုတ်ကုန်အားလုံးကို ၂၀% ၊ ကားနှင့် သတ္တု ပစ္စည်းများကို ၂၅% အကောက်ခွန် စည်းကြပ်မှုများ ချမှတ်ခဲ့သည်။ ၂၀% အကောက်ခွန်ကို ဧပြီ ၉ ရက်တွင် ၉၀ ရက်ကြာ ရွှေ့ဆိုင်းခဲ့သော်လည်း ၁၀% အခြေခံအကောက်ခွန်မှာမူ ဆက်လက်ကျင့်သုံးလျက်ရှိသည်။