သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဇွန် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကြပါကြောင်း၊ ကိုးကွယ်ရာ ဘာသာတရားချင်းလည်း တူညီမှုရှိကြပြီး အခြေခံဘာသာတရား တူညီနီးစပ်မှုမှ အစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia ပြည်နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိပါကြောင်း၊ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့် ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။

ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Buryatia ပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးအစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း Buryatiaပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့ရှိ သမ္မတနန်းတော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုအကြိမ်တွေ့ဆုံမှု၌ ယခင်ကတွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေဖြင့် ဆန္ဒရှိကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားပြီး ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)အား အိမ်ရှင်အဖြစ်ကျင်းပနေချိန် လုပ်ငန်းတာဝန်များများပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ်တွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ အမြန်ဆုံးစေလွှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိသည်ကို မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်းပြောကြားလိုပါကြောင်း။

အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့

စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်းရရှိခဲ့ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံအကြားရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025) သို့ တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန် နိုင်ငံသမ္မတ၊ ကာဂျစ္စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှစီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥစဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ကနေဒါအရာရှိများသည် ဖလော်ရီဒါအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သော ကနေဒါနိုင်ငံသားတစ်ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရထံ တောင်းဆို

US Immigration and Customs Enforcement (ICE) ၏ ဖမ်းဆီးခံ ခဲ့ရသည့် ကနေဒါနိုင်ငံသားတစ်ဦး ဖလော်ရီဒါအကျဉ်းစခန်းတွင် သေဆုံး ခဲ့ပြီးနောက် ကနေဒါ ဝန်ကြီးချုပ်ရုံးအရာရှိများက အမေရိကန် အစိုးရ ထံမှ အချက်အလက်များ ထပ်မံတောင်းဆိုနေသည်။ 

ICE အရာရှိများ၏ ပြောကြားချက်အရ Johnny Noviello (၄၉ နှစ်) သည် အမေရိကန်တွင် တရားဝင်နေထိုင်ခွင့်ရသူဖြစ်ပြီး ၂၀၂၃ ခုနှစ်က မှုခင်း အဖွဲ့အစည်းဆိုင်ရာ ဥပဒေချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးမှုများဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ပြည်နှင်ဒဏ်ခံရနိုင်သည့် အခြေအနေကြောင့် Miami ရှိ ဖက်ဒရယ်အကျဉ်းစခန်းတွင် ထိန်းသိမ်းခံ ထားရသူဖြစ်သည်။

ICE ၏ထုတ်ပြန်ချက်အရ တနင်္လာနေ့ (ဇွန် ၂၃) မွန်းလွဲပိုင်းတွင် Noviello အား အသက်ရှူလမ်းကြောင်းပိတ်ဆို့နေသည့်အနေအထားဖြင့် တွေ့ရှိခဲ့ပြီး Miami Fire Rescue Department မှ သေဆုံးကြောင်း အတည်ပြုခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

“ကျန်းမာရေးဝန်ထမ်းများက ချက်ချင်းတုန့်ပြန်ကာ အသက်ရှူပြန်လည် နိုးကြားစေရေးနည်းလမ်း (CPR)၊ အလိုအလျောက်နှလုံးခုန်စက်တို့ဖြင့် ကုသမှုများပြုလုပ်ခဲ့ပြီး 911 သို့ အရေးပေါ်ခေါ်ဆိုခဲ့သည်” ဟု ICE မှ ပြောကြားခဲ့သည်။

ICE ၏ သတင်းထုတ်ပြန်ချက်အရ Noviello အား မေလ ၁၅ ရက်နေ့က ကနဦး စစ်ဆေးရေးရုံးတစ်ခုတွင် ICE မှ ဖမ်းဆီးခဲ့ပြီး “ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှုမရှိသည့် ပြစ်မှုတစ်ခုအတွက် အပြစ်ရှိကြောင်းတွေ့ရှိထားသူ” အဖြစ် ပြည်နှင်ဒဏ်ပေးရန် စီရင်ချက် ချမှတ်နိုင်ရေး အကြောင်းကြားစာထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ထိုဖမ်းဆီးမှုသည် Trump အစိုးရ ၏ ရာဇဝတ်မှုကျူးလွန်ခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်သူများအား အဓိကထားဖမ်းဆီးနေသော ပြည်နှင်ဒဏ်ပေးနိုင်ရေးလုပ်ငန်းစဉ် ကျယ်ပြန့်လာချိန်တွင် ဖြစ်ပွားခဲ့သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand က ကြေညာချက် တစ်စောင် တွင် Noviello သေဆုံးမှုနှင့်ပတ်သက်၍ ကနေဒါအစိုးရအား ကြာသပတေးနေ့ (ဇွန် ၂၆) က အသိပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ “ကနေဒါ ဝန်ကြီးချုပ်ရုံး အရာရှိများသည် အမေရိကန်အရာရှိများထံမှ အရေးပေါ် အချက်အလက် များ ရယူနေပါသည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားပြီး မိသားစု ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လေးစားမှုဖြင့် နောက်ထပ် အသေးစိတ်များ ထုတ်ပြန်မည်မဟုတ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကင်ညာနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားရာ လူ ၁၆ ဦး သေဆုံးပြီး ၄၀၀ ခန့်ဒဏ်ရာရ

ကင်ညာနိုင်ငံ၏ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၄၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Irungu Houghton က CNN သို့ ကြာသပတေးနေ့ (ဇွန် ၂၆) တွင် သေဆုံးသူအရေအတွက်ကို အတည်ပြုပြောကြားခဲ့သည်။

ယခုသီတင်းပတ် ဆန္ဒပြမှုများသည် ၂၀၂၃ ခုနှစ်၊ ဇွန်လက အခွန်မူဝါဒ ဆန့်ကျင်ဆန္ဒပြမှုများ၏ တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြီး ယခင် ကလည်း လူပေါင်းများစွာသေဆုံးကာ တစ်နိုင်ငံလုံး အမျက်ထွက်မှု ဖြစ်စေခဲ့သည်။

၂၀၂၄ ခုနှစ် ဆန္ဒပြမှုများကြောင့် အခွန်တိုးမြှင့်သော ငွေကြေးဥပဒေကြမ်း ကို ရုပ်သိမ်းခဲ့ရသော်လည်း၊ ရဲတပ်ဖွဲ့၏ ရက်စက်မှုများ (ဆရာတစ်ဦး အဖမ်းခံရစဉ်သေဆုံးမှု၊ လက်နက်မဲ့လမ်းဘေးဈေးသည်ကို ပစ်ခတ်မှု စသည်) နှင့်ပတ်သက်၍ လူငယ်များအမျက်ထွက်နေဆဲဖြစ်သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် နိုင်ရိုဘီမြို့တော်၊ မွန်ဘာဆာကမ်းခြေမြို့နှင့် အခြားမြို့များတွင် လူထုထောင်ချီ၍ ဆန္ဒပြခဲ့ကြပြီး နိုင်ရိုဘီတွင် ဆန္ဒပြမှုမတိုင်မီကပင် ပါလီမန်နှင့် သမ္မတရုံးသို့ သွားရောက်သည့်လမ်း များကို ပိတ်ဆို့ထားခဲ့သည်။

နိုင်ရိုဘီတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လူစုခွဲရန် ရဲများက မျက်ရည်ယို ဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု CNN က ဖော်ပြ ထားသည်။ ထို့အပြင် ကင်ညာဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ (CAK) က လူငယ်ဦးဆောင်ဆန္ဒပြပွဲများအား တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းရန် တိုင်းပြည်အတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနအားလုံးကို အမိန့် ထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူအချို့က အသုံးပြုပြီးကျည်ခွံများကို ပြသခဲ့ ကြသည်။

ရုရှား၏ နားချမှုဖြင့် အီရန်နျူကလီးယားစက်ရုံများကို IAEA စစ်ဆေး ခွင့်ပြုရန် ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးသပ်

နယူးယောက်၊ ဇွန် ၂၇

အီရန်ရှိ နျူကလီးယားစက်ရုံများအခြေအနေကို IAEA ဝင်ရောက် စစ်ဆေး နိုင်ရန် ရုရှားက နားချစည်းရုံးနိုင်ကြောင်း ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ကွန်ဒိုလီဇာရိုက်စ် က သုံးသပ်ပြောကြားလိုက်ပါသည်။ 

“ကျွန်မတို့၏ တစ်ခုတည်းသော စိုးရိမ်ပူပန်နေမှုက အီရန်က ဒီကိစ္စ (နျူကလီးယား) ကို ဆက်ပြီး လုပ်ဆောင်နေမှာကို စိုးရိမ်နေကြပါသည် ရုရှားကလည်း အီရန်ကို ၎င်းတို့၏ မိတ်ဆွေဟု ကြွေးကြော်နေသောကြောင့်၎င်းတို့ကို ဖိအားပေးခိုင်းပြီး IAEA ကို ဝင်ရောက်စစ်ဆေးခွင့်ပြုရန် နားချခိုင်းဖို့ အချိန်တန်နေပါပြီ။ သို့မှသာ အီရန်က ဘာတွေလုပ်နေလဲ ဆိုတာ ရှင်းရှင်း လင်းလင်းသိရမှာပါ” ဟု ရိုက်စ်က ကြာသပတေးနေ့ (ဇွန် ၂၆) က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့က အီရန်နှင့် IAEA တို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ရှိနေမည်ဟု မော်စကိုက မျှော်လင့်နေကြောင်း ယခင်က ပြောကြားဖူးပါသည်။ 

ပြီးခဲ့သည့် ဇွန် ၂၅ ရက်က အီရန်လွှတ်တော်သည် IAEA နှင့် ပူးပေါင်း ဆောင်ရွက်မှု ရပ်ဆိုင်းရေးဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး ဇွန်လ ၂၆ ရက်တွင် အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီကလည်း ထိုစာတမ်းကို အတည်ပြုခဲ့ပါသည်။ ယခုအခါ ထိုစာတမ်းကို သမ္မတထံ လက်မှတ် ရေးထိုးပေးပို့ရမည် ဖြစ်ပါသည်။ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘတ် ရှင်းပြချက်အရ အီရန်သည် IAEA နှင့် ယာယီ ပူးပေါင်း ဆောင်ရွက်မှု ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အကြောင်းရင်းမှာ IAEA အနေဖြင့် စစ်ပွဲအတွက် ပြင်ဆင်နိုင်ရန် အစ္စရေးကို ကာကွယ် ပေးခဲ့ သဖြင့် ဖြစ်ပါသည်။

ဇွန် ၂၄ ရက်က ထရမ့်သည် အစ္စရေးနှင့် အီရန်တို့ လုံးဝစစ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း ကြေညာခဲ့ပါသည်။ အစ္စရေး အာဏာပိုင် များက အမေရိကန်၏ အဆိုပြုချက်ကို လက်ခံကြောင်း အတည်ပြုပြီး အီရန်အပေါ် စစ်ဆင်ရေးတွင် ရည်မှန်းချက်အားလုံး ပြည့်မီခဲ့ကြောင်း ကြေညာခဲ့သည်။ တစ်ဖက်တွင် တီဟီရန်က တယ်လ်အဗီးဗ်အပေါ် အောင်ပွဲရခဲ့ကြောင်း၊ အကြောင်းမှာ အစ္စရေးက တဖက်သတ်စစ်ပွဲ ရပ်စဲရန် လိုက်လျောခဲ့ရသဖြင့် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ နှစ်နိုင်ငံအကြား အငြင်းပွားမှုဖြစ်ပွားရာ နယ်စပ်ဒေသသို့ သွားရောက်ကြည့်ရှု

ဇွန် ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ထရာနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့သည် နှစ်နိုင်ငံအကြား အငြင်းပွားမှုဖြစ်ပွားရာ နယ်စပ်ဒေသများသို့ သွားရောက်ခဲ့ကြသည်။ ထိုသို့သွားရောက်ရခြင်းမှာ နယ်မြေအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား တင်းမာမှုအခြေအနေများနှင့် လက်ရှိတွင် ထိုင်းအစိုးရ သည်လည်း ပြိုကွဲမည့်အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။ 

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှု အခြေအနေများကို လေ့လာဆန်းစစ်ရန်နှင့် မော်တော်ကားများ၊ ခရီးသွားများနှင့် ကုန်သည်များအား ကမ္ဘောဒီးယားသို့ ဖြတ်သန်းခွင့်ကို ယာယီ ရပ်ဆိုင်းထားသည့် ထိုင်းနိုင်ငံ၏ နယ်စပ်ဒေသဆိုင်ရာ တားမြစ် ကန့်သတ်ချက်များ၏ သက်ရောက်မှုကို သုံးသပ်ရန်အတွက် သွားရောက် ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါခရီးစဉ်အတွင်း ပေထုန်တန်သည် အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် အွန်လိုင်း လိမ်လည်မှု စင်တာများ၏ အဓိက ဗဟိုဖြစ်သည်ဟု ထိုင်းဘက်က စွပ်စွဲထားပြီး ကမ္ဘောဒီးယားအစိုးရက ထိုအချက်ကို ငြင်းဆိုခဲ့သည်။ 

ကိုးကား - CNA

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ

ဇွန်လ (၂၅) ရက်က စတင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်( Peace Forum 2025) ကို ယနေ့ ဇွန်လ (၂၇) ရက် နံနက်ပိုင်းတွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

NSPNC မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်ပညာရှင်များနှင့် စစ်ဘက်/အရပ်ဘက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနေသည့် အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် ယနေ့၌လည်း အုပ်စု(၂) ခုခွဲ၍ တံခါးပိတ်ဆွေးနွေးကြမည်ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ၊ လူမှုစီးပွားဘဝစိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စများ၊ အသွင်ကူးပြောင်းရေးတွင် ပြောင်းလဲကျင့်သုံးသင့်သည့် နည်းဗျူဟာများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးမှုနှင့် အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲ” ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၆

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့သုံးသပ်ဆွေးနွေးပွဲ” ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။

ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။

နံနက်ပိုင်းဆွေးနွေးမှုတွင် အဖွဲ့ (၁) နှင့် အဖွဲ့ (၂) တို့၏ သဘာပတိများအဖြစ် အဖွဲ့ (၁) ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ အဖွဲ့ (၂) ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (အငြိမ်းစား) တို့က ဆောင်ရွက်ကြပြီး “ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး (နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲ၏ အရေးပါမှု၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပြီး ဂုဏ်သိက္ခာရှိသော လွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သော အစီအမံများ)” ခေါင်းစဉ်ကိုလည်းကောင်း၊ မွန်းလွဲပိုင်းဆွေးနွေးမှုတွင် အဖွဲ့ (၁) ၌ သဘာပတိအဖြစ် ဒေါက်တာညိုညိုသင်းက ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဖော်ထုတ်ခြင်း”၊ အဖွဲ့ (၂) ၌ သဘာပတိအဖြစ် ဒေါက်တာ ချောချောစိန်က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာအသိုက်အဝန်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ခြင်း" ခေါင်းစဉ်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အိန္ဒိယက ရုရှားအတွက် ထူးခြားအရေးပါသည့်မိတ်ဖက်နိုင်ငံဖြစ်ဟုဆို

မော်စကို၊ နိုင်ငံရေး

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံအတွက် ထူးခြားပြီးအရေးပါသည့် မဟာဗျူဟာ မြောက်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် ဇွန်လ ၂၆ ရက်တွင်တွေ့ဆုံ စဉ်ပြောသည်။

ထို့ပြင် အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးက စစ်ဘက်-နည်းပညာ နယ်ပယ်အထိတိုးမြင့်ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ် နိုင်ငံ ကျင်းတောင်မြို့၌ကျင်းပနေသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံ၏ဘေးပန်းတွေ့ဆုံမှုတွင် တွေ့ဆုံစဉ် ရုရှားကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံအတွက်လိုအပ်နေသော စစ်လက်နက်ပစ္စည်းများအနက် ၆ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှတင်သွင်း နေခြင်းဖြစ်သော်လည်း ယခုအခါ ရုရှားနှင့် ပူးပေါင်း၍ ပြည်တွင်း၌ထုတ်လုပ်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။

 Ref: RT

MWD Daily Newspaper

Photo - The Economic Time