သတင်းများ

ထိုင်း ပြည်သူ့ပါတီက ပါတီဝင်များအား စစ်အာဏာသိမ်းမှုကို မထောက်ခံရန် သတိပေး

ထိုင်း ပြည်သူ့ပါတီက နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန်အတွက် စစ် အာဏာသိမ်းမှုကို ထောက်ခံသည့် လုပ်ရပ်မျိုး မပြုလုပ်ရန် အဖွဲ့ဝင် များအား “ပါတီ၏မူဝါဒနှင့် လမ်းစဉ်ကို မကျော်လွန်ရ” ဟု သတိပေးထားသည်။ ပါတီအတွင်းရေးမှူး Sarayut Jailak က တနင်္လာနေ့ (ဇွန် ၃၀) တွင် အဖွဲ့ဝင်အားလုံးထံ အဆိုပါသတိပေးချက်ကို ညွှန်ကြားချက် ထုတ်ပြန်ကာ အများပြည်သူသိရှိစေခဲ့သည်။

၎င်းက အဖွဲ့ဝင်အားလုံး “ပါတီ၏မူဝါဒနှင့် လမ်းစဉ်ကို ကျော်လွန်ခြင်း မရှိစေရ” ဟု ပြောကြားခဲ့ပြီး တပ်မတော်အား အကြမ်းဖက်မှု နည်းလမ်း အသုံးပြုရန် ထောက်ခံသည့် မည်သည့်သတင်းစကားမျှ မပြောဆိုရန် သို့မဟုတ် အာဏာသိမ်းရန် အားပေးသည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုရန် သတိပေးခဲ့သည်။ 

ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာက အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး မဲဆန္ဒရှင်များက ဆုံးဖြတ်ခွင့်ပေးရန် တောင်းဆိုချက်ကို ပါတီက ထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆင်နှင့် ဖုန်းစကား ပြောဆိုမှုဖြစ်စဉ် မီဒီယာများတွင် လျှို့ပေါက်ကြားခဲ့ပြီးနောက် နိုင်ငံရေး အရှုပ်တော်ပုံများ ဖြစ်ပွားကာ ညွန့်ပေါင်းအစိုးရအဖွဲ့ ယိုင်နဲ့ခဲ့သည်။

အတိုက်အခံခေါင်းဆောင် Natthaphong Ruengpanyawut က တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် ပြည်သူ့ပါတီအနေဖြင့် စစ်တပ်က နိုင်ငံရေး အကျပ်အတည်းကို ဝင်ရောက်ဖြေရှင်းရန် အခွင့်အရေးဖန်တီးမည့် မည်သည့် လုပ်ရပ်ကိုမဆို အခိုင်အမာ ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။ “ဝန်ကြီးချုပ်နှင့် အစိုးရ၏ အဆိုပါကျရှုံးမှုအခွင့်အရေးကို အသုံး ချ၍ အာဏာသိမ်းရန် လမ်းဖွင့်ပေးခြင်း သို့မဟုတ် နိုင်ငံရေး ပြဿနာများ ကို ဒီမိုကရေစီမဟုတ်သော နည်းလမ်းများဖြင့် ဖြေရှင်းရန် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ခွင့်ပြုမထားသင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အဓိက အတိုက်အခံပါတီသည် စနေနေ့ (ဇွန် ၂၈) က အစိုးရ ဆန့်ကျင်ရေး အစည်းအဝေးတွင် ဆွေးနွေးသူ Sondhi Limthongkul က စစ်တပ်၏ ဝင်ရောက်စွက်ဖက်နိုင်ခြေအကြောင်း လူထုအစည်းအဝေးကြီးကို သတိပေး ပြောကြားပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ၎င်းတို့၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး နှင့် ယခင်အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်ဟောင်းဖြစ်သူ ဆွန်ဒီက ၎င်းသည် အာဏာသိမ်းမှုကို ထောက်ခံသည့်အနေဖြင့် ပြောဆိုခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အောင်ပွဲခံ အထိမ်းအမှတ် ကျောက်တိုင်ရင်ပြင်တွင် ကျင်းပခဲ့သော ဆန္ဒပြပွဲကို “အချုပ်အခြာအာဏာကာကွယ်ရေး ပြည်သူ့စည်းလုံး ညီညွတ်ရေး” အဖွဲ့မှ စီစဉ်ခဲ့သည်။ အရပ်ဘက် ၁၅ ဖွဲ့ပါဝင်သော “ပြည်သူ့ ဒီမိုကရေစီ အတွက် လှုပ်ရှားမှု” အဖွဲ့ချုပ်က တနင်္လာနေ့ (ဇွန် ၃၀) တွင် ဖုန်းစကား ပြောဆိုမှုနှင့်ပတ်သက်သည့် အဖြစ်အပျက်များအတွက် တာဝန်ယူ၍ပေထုန်တန် နုတ်ထွက်ရန် တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့သည် အာဏာသိမ်းမှုအတွက် မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး ယင်းကြောင့် နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်စေကာ ထိုင်းနိုင်ငံ၏ အပြည်ပြည် ဆိုင်ရာ ယုံကြည်မှုကို ပျက်ပြားစေမည်ဟု ဆိုသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှား-ယူကရိန်း တတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုအတွက် ရုရှား ပြင်ဆင်ပြီးကြောင်း ပူတင် ပြောကြား

ယင်းမတိုင်မီ တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရရှိခဲ့သော ယူကရိန်းနှင့် သဘောတူညီချက် အကြောင်းအရာများ လက်တွေ့ဖော်ဆောင်ပြီးမြောက်ပြီးနောက် ရုရှား-ယူကရိန်း နှစ်ဖက်သည် တတိယအကြိမ် စေ့စပ်ညှိနှိုင်းမှု ကျင်းပမည်ဖြစ်ရာ ယင်းအတွက် ရုရှားအနေဖြင့် ပြင်ဆင်ပြီး ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာ၏ သတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါနေ့တွင် ပူတင်က ဘယ်လာရုဇ်နိုင်ငံ မြို့တော်မင့်စ် တွင် ကျင်းပသော ယူရေးရှားစီးပွားရေး ကော်မရှင်၏ ထိပ်တန်းကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ရုရှားနှင့် ယူကရိန်း စေ့စပ် ညှိနှိုင်းရေးအဖွဲ့ တာဝန်ရှိသူများသည် နီးကပ်စွာ အဆက်အသွယ်ရှိပြီး အပြန်အလှန် ဖုန်းခေါ်ဆိုခဲ့ ကြကြောင်း၊ လာမည့် စေ့စပ်ညှိနှိုင်းမှုတွင် နှစ်နိုင်ငံ ပဋိပက္ခဖြေရှင်းရေး အစီအမံ ဆိုင်ရာ စာချွန်လွှာ မူကြမ်းကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက အစည်းအဝေး အပြီး ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်သုံ့ပန်းများ လဲလှယ်ခြင်း အနက်အဓိပ္ပာယ်မှာ လေးနက်အရေးပါကြောင်း၊ နှစ်ဖက် က ပြဿနာ၏ ပကတိအကြောင်းရင်းနှင့်စပ်လျဉ်း၍ လက်တွေ့ကျသည့် ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် အခြေအနေများ ဖန်တီးခဲ့ကြောင်း၊ ရုရှားသည် ယူကရိန်းထံ စစ်သည် ရုပ်အလောင်း ၆,၀၀၀ ကို လွှဲပြောင်းခဲ့ပြီး နောက်ထပ် ယူကရိန်းစစ်သည်ရုပ်အလောင်း ၃,၀၀၀ ကို လွှဲပြောင်းရန် စီစဉ်ထားကြောင်း ပူတင်က ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဒုတိယ အကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းခဲ့ရာ နှစ်ဖက်လုံးက “အားလုံးကို အားလုံးဖြင့် လဲလှယ် ခြင်း” အခြေခံမူ ဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သော၊ အပြင်းအထန် နာမကျန်းဖြစ်နေသော စစ်သုံ့ပန်းများအားလုံးကို လဲလှယ်ရန် သဘောတူညီခဲ့ပြီး အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများနှင့် ကျဆုံးခဲ့သော စစ်သည် ရုပ်အလောင်းများကို ပမာဏအများအပြား လဲလှယ်ခဲ့ကြသည်။ ယခုအကြိမ် စေ့စပ်ညှိနှိုင်းမှုမှ အတည်ပြု ထားသော စစ်သုံ့ပန်းလဲလှယ်ရေး သဘောတူညီချက် အရ ရုရှား-ယူကရိန်းသည် အနည်းဆုံး စစ်သုံ့ပန်း ၁,၀၀၀ ဦး အသီးသီး လဲလှယ်ရန် သဘောတူညီခဲ့ပြီး ရုရှားဘက်က ယူကရိန်းထံ ယူကရိန်းစစ်သည် ၆,၀၀၀ ၏ ရုပ်အလောင်းကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ခါမေနီအပေါ် မလေးစားသည့် ထရမ့်၏ ပြောဆိုချက်ကို အီရန် နိုင်ငံခြားရေးဝန်ကြီး ပြစ်တင် ရှုတ်ချ

အမေရိကန် သမ္မတ ထရမ့်၏ ပြောဆိုချက်များက အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီအပေါ် “မလေး စားကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း” အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဇွန် ၂၈ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ ထိုမတိုင်မီ ထရမ့်က ၎င်းအနေဖြင့် ခါမေနီ သတ်ဖြတ်ခံရမည်ကို ကယ်တင်ခဲ့ဖူးသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အကယ်၍ သမ္မတ ထရမ့်အနေဖြင့် သဘောတူညီချက် တကယ်ရရှိချင်သည်ဆိုပါက အီရန်ထိပ်တန်း ခေါင်းဆောင် ခါမေနီအပေါ် မလေးစားမှုနှင့် လက်သင့်ခံနိုင်ဖွယ်မရှိသည့်လေသံကို စွန့်လွှတ်သင့် ပါသည်” ဟု အဘတ်စ် အာရက်ချီက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် X လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။

အဘတ်စ် အာရက်ချီက ထရမ့်၏ ထိုမတိုင်မီ Truth Social မီဒီယာပလက်ဖောင်းတွင် တင်ထားသည့် ပို့စ်ကို ဦးတည်၍ အထက်ပါအတိုင်း သဘောထားဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထရမ့်က ၎င်းသည် ခါမေနီ ခိုလှုံတိမ်းရှောင်နေသည့်နေရာကို အတိအကျသိရှိကြောင်း၊ “သို့သော် အစ္စရေး သို့မဟုတ် အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ကို ၎င်း၏အသက်အား အဆုံးသတ်စေမည် မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲမှု အသက်မဝင်မီအချိန်ကလည်း အစ္စရေးလေကြောင်း တိုက်လေယာဉ်များ ပြန်လည်ဆုတ်ခွာရန် ၎င်းအနေဖြင့် တောင်းဆိုခဲ့ရာ ခါမေနီအား “သေမင်း နှုတ်ခမ်းဝမှ ကယ်တင် ခဲ့သည်” ဟု ထရမ့်က ဆိုသည်။ ထို့အပြင် ယခုရက်ပိုင်းများတွင်လည်း အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုများကို ဖျက်သိမ်းရန် တောက်လျှောက် ကြိုးစားနေကြောင်း ၎င်းက ကြေညာခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက် ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက်အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန် နိုင်ငံက အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယား အဆောက်အဦ နေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာ အခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန်ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်မှု အသက်ဝင်ခဲ့သည်။

အကယ်၍ ထောက်လှမ်းရေးသတင်းများတွင် အီရန်၏ ယူရေနီယံသန့်စင်မှုသည် စစ်ဘက်သုံး အဆင့် ထိရောက်ရှိနိုင်သည်ဟု ဖော်ပြထားပါက အမေရိကန်အနေဖြင့် “တုံ့ဆိုင်းခြင်း အလျဉ်း မရှိ ” အီရန်ကို နောက်ထပ်တစ်ကြိမ် ဗုံးကြဲမည်ဖြစ်ကြောင်း ထရမ့်က ဇွန် ၂၇ ရက် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အစ္စရေးကာကွယ်ရေးဝန်ကြီး Katz က အစ္စရေး၏ လေကြောင်းအားသာချက်ကို အာမခံချက် ရှိစေရန်၊ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်အစီအစဉ် တိုးတက်လာမှုကို တားဆီးရန်နှင့် အီရန်၏ မည်သည့်ရန်လိုသောလှုပ်ရှားမှုမျိုးကိုမဆို တုံ့ပြန်တိုက်ခိုက်ရန်အတွက် အစ္စရေး ကာကွယ်ရေးတပ်အား အီရန်ကို ဦးတည်သည့် လှုပ်ရှားမှုအစီအစဉ်ရေးဆွဲရန် ၎င်းအနေဖြင့် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း X လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံတွင် အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းရန် တောင်းဆိုမှုများ တိုးပွား လာ

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာ ဝပ်ထရာ နုတ်ထွက်ရန် တောင်းဆိုမှုများကို အရှိန်မြှင့်တင်ရန် ကတိပြု ထားပြီး ဖြူထိုင်းပါတီနှင့် ပြည်သူ့ပါတီတို့မှ စစ်အာဏာသိမ်းရန် တောင်းဆို သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

အချုပ်အခြာအာဏာကို ကာကွယ်ရန် ပြည်သူ့အင်အားစုများ ပူးပေါင်း ဖွဲ့စည်းထားသော ကွန်ရက်မှ ဦးဆောင်သည့် ဆန္ဒပြသူများသည် စနေ နေ့ (ဇွန် ၂၈) က အောင်ပွဲနေ့ အထိမ်းအမှတ် ရင်ပြင်တွင် ကျင်းပခဲ့သော စုဝေးပွဲသို့ မျှော်လင့်မထားသည့် လူအုပ်ကြီး ရောက်ရှိလာမှုအပြီး ထိုကဲ့သို့ ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါစုဝေးပွဲကို ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် သူမ၏စကားပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပေထုန်တန် နုတ်ထွက်ရန် ဖိအားပေးနိုင်ရေး ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအုပ်စု၏ ပေါ်ထွန်းလာမှုသည် ထိုင်း၏ ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေတွင် အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်ပြီး ထောက်ခံ သူများနှင့် ဝေဖန်သူများ၏ အာရုံကို ဆွဲဆောင်နေသည်။ ဆန္ဒပြသူများ အား ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသားနှင့် ပြည်သူများ ကွန်ရက် (NSPRT) နှင့် ပူးပေါင်းရန် အားပေးထားပြီး ယခုနေရာတွင် စခန်းချ ထားသည်။ ဝန်ကြီးချုပ် ချက်ချင်းနုတ်ထွက်ရန်အပြင် ညွန့်ပေါင်း အဖွဲ့ဝင် အားလုံးကို အစိုးရမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

အဆိုပါအုပ်စုသည် ကာစီနိုများ ထူထောင်ရန် အစိုးရ၏ အစီအစဉ်များ၊ Land Bridge စီမံကိန်းကြီးနှင့် နိုင်ငံခြားသားများအား ၉၉ နှစ် မြေငှား ရမ်းရန် အဆိုပြုထားသော အစီအစဉ်တို့ကိုလည်း ကန့်ကွက်ခဲ့ပြီး ပြည်သူ များက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲရန် တောင်းဆိုခဲ့သည်။ အချို့သော အဓိက ခေါင်းဆောင်များသည် ၎င်းတို့၏ ဆန့်ကျင်ဘက် များက စွပ်စွဲထားသော စစ်အာဏာသိမ်းရန် တောင်းဆိုသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ နိုင်ငံရေး အပြောင်းအလဲများ မဖြစ်ပေါ်ပါက ကြာရှည်သော ဆန္ဒပြမှုများအတွက် ပြင်ဆင်ရန် ထောက်ခံသူများအား တိုက်တွန်းခဲ့သည်။ အုပ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Pichit Chaimongkol က ဆန္ဒပြသူများသည် အစိုးရနှင့် အတိုက်အခံပါတီများထံမှ အာဏာသိမ်းမှုကို ထောက်ခံ သည်ဟု မတရားစွပ်စွဲခံနေရပြီး အမှန်တကယ်တွင် ပေထုန်တန်အား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်းကို ဖိအားပေးရန် အာရုံစိုက်သင့် သည်ဟု ပြောကြားခဲ့သည်။

ဝါရင့်ဆန္ဒပြမှု ခေါင်းဆောင်ဟောင်း Sondhi Limthongkul က အခြေအနေသည် နောက်ထပ် အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားသည်အထိ ဆိုးရွားလာမည်ကို မမြင်တွေ့လိုသော်လည်း စနေနေ့ (ဇွန် ၂၈) ညနေက အောင်ပွဲနေ့ အထိမ်းအမှတ်ရင်ပြင်တွင် စုဝေးနေသော ပရိတ်သတ်ထောင်ပေါင်းများစွာကို “စစ်တပ်က တစ်ခုခုလုပ်မည်ဆိုပါက ကန့်ကွက်မည် မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။

စနေနေ့က စုဝေးပွဲအပြီးတွင် ယခင်က ရှပ်နီလှုပ်ရှားမှု၏ ခေါင်းဆောင် ဟောင်းဖြစ်ပြီး ယခုအခါ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ပြတ်ပြတ်သားသား ဝေဖန်သူ Jatuporn Prompan က သက်ဆင်၏ သမီးသည် အာဏာကိုဆုပ်ကိုင်ထားပါက နောက်ဆက်တွဲ ဆန္ဒပြမှုများရှိလာမည်ဟု ကတိပြုခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က အစိုးရက အာဏာ သိမ်းရန် တောင်းဆိုမှုကို ရှုတ်ချကြောင်းနှင့် ထိုသို့သော လုပ်ရပ်များသည် နိုင်ငံတော်၏ တိုးတက်မှုကို အန္တရာယ်ဖြစ်စေကြောင်း သတိပေးခဲ့သည်။ 

ပြည်သူ့ပါတီသည် စနေနေ့က ဆန္ဒပြပွဲအပြီးတွင် ၎င်း၏ Facebook စာမျက်နှာတွင် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် မည်သည့် ကြိုးပမ်းမှုကိုမဆို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ပြည်သူများအား ဆန္ဒ ပြအုပ်စုကို ထောက်ခံမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့သည်။

Netanyahu က "အရေးပါသော အခွင့်အလမ်းများ ပေါ်ထွက်လာခဲ့ပြီ" ဟု ပြောကြားခဲ့ပြီး Trump က Gaza ပဋိပက္ခ သဘောတူညီမှုရရှိရန် တောင်းဆို

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်နိုင်ငံအတွင်း အစ္စရေးတပ်မတော်၏ စစ်ဆင်ရေးများအပြီးတွင် အခွင့်အလမ်းများစွာ ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတွင် ဂါဇာတွင် အကျဉ်းချထားဆဲ ကျန်ရှိနေသော ပြည်သူများအား ပြန်လည်ရရှိရေး အလားအလာလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အစ္စရေး တောင်ပိုင်းရှိ Shin Bet လုံခြုံရေး အဖွဲ့ဌာနတစ်ခု၌ ပြောကြားရာတွင် နေတန်ယာဟုက “သင်တို့သိပြီး ဖြစ်မည်ထင်ပါသည်၊ ထိုအောင်ပွဲအပြီးမှာ အခွင့်အလမ်းတွေ အများကြီး ပွင့်လာပါပြီ ၊ ပထမဆုံးအနေဖြင့် အကျဉ်းသားတွေကို ကယ်တင်ဖို့ပါ ၊ ဂါဇာပြဿနာကိုလည်း ဖြေရှင်းဖို့လိုပါမည်၊ ဟားမက်ကို အနိုင်ယူဖို့လည်း လိုပါမည်၊ အဆိုပါတာဝန်နှစ်ခုလုံးကို မိမိတို့ အောင်မြင်စွာ ပြီးမြောက်အောင် လုပ်နိုင်မည်ဟု ယုံကြည်ပါသည်” ဟု ပြောကြားခဲ့သည်။

နေတန်ယာဟု၏ အဆိုပါပြောကြားချက်သည် ဟားမက်ကို အနိုင်ယူရန်ထက် အကျဉ်းသားများ ပြန်လည်ရရှိရေးကို ဦးစားပေးသည့် ၎င်း၏ ရှင်းလင်းသော ပထမဆုံး ထုတ်ဖော်ပြောဆိုမှုများထဲမှ တစ်ခုဖြစ်ပြီး ဟားမက်တို့အား အနိုင်ယူရေးကို ဦးစားမပေးတော့သည့် သဘောလည်း ရှိသည်။

လပေါင်းများစွာက နေတန်ယာဟုသည် ဂါဇာရှိ ဟားမက်ကို အနိုင် ယူရန်ကိုသာ ဦးစားပေးခဲ့ပြီး "လုံးဝအောင်ပွဲ" အကြောင်း ပြောဆို ခဲ့သည်။ မေလအစောပိုင်းတွင် ၎င်းက အကျဉ်းသားများ လွတ်မြောက်ရေးထက် ဟားမက်တို့အား အနိုင်ယူရန်ကို "အမြင့်မားဆုံးသော ရည်မှန်းချက်" အဖြစ် သတ်မှတ်ခဲ့သည်။

တနင်္ဂနွေနေ့ (ဇွန် ၂၉) က ၎င်း၏ထုတ်ဖော်ပြောဆိုချက်များသည် အစ္စရေး၏ စစ်ပွဲဆိုင်ရာ ရည်မှန်းချက်များကို ရှင်းလင်းစွာ ဖော်ပြပုံတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ရပ် ဖြစ်နိုင်ကြောင်း ပြသနေသည်။ အကျဉ်းသားမိသားစုများ၊ အတိုက်အခံနိုင်ငံရေးသမားများနှင့် အလွှာပေါင်းစုံ မှအစ္စရေးပြည်သူအများအပြားက ၎င်းအား အကျဉ်းသားများ ပြန်လည်ရရှိရေးကို အစ္စရေး၏ အဓိကဦးစားပေးရည်မှန်းချက်အဖြစ် ရှင်းလင်းစွာ သတ်မှတ်မထားသည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည်။

၎င်း၏တနင်္ဂနွေနေ့ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် အကျဉ်းသားမိသားစုများ ဖိုရမ်၏ ဗဟိုအဖွဲ့ချုပ်က အကျဉ်းသား ၅၀ ဦး အားလုံးပြန်လည်ရရှိရန်နှင့် ဂါဇာတွင် တိုက်ပွဲများ အဆုံးသတ်ရန် ပြည့်စုံသော သဘောတူညီမှုတစ်ရပ် ချမှတ်ရန် တောင်းဆိုခဲ့သည်။

“လိုအပ်နေသည်မှာ လွှတ်ပေးရန်ဖြစ်ပြီး ကယ်တင်ရန်မဟုတ်ပါ။ အဆိုပါ စကားလုံးတစ်လုံးချင်းက အကျဉ်းသားတွေအတွက် ကယ်တင်ခြင်းနှင့် ဆုံးရှုံးခြင်းကြား ကွာခြားချက်ဖြစ်နိုင်ပါသည်” ဟု ဖိုရမ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

နေတန်ယာဟု မိန့်ခွန်း၏ အခြားအပိုင်းတွင် “ဒေသဆိုင်ရာ အခွင့်အလမ်းတွေ ပိုမိုကျယ်ပြန့်စွာ ပွင့်လာနေပါပြီ” ဟု ပြောကြားခဲ့ပြီး ဤသည်မှာ အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံအချို့ကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေခဲ့သည့် အေဗရာဟမ် သဘောတူညီချက်များကို ချဲ့ထွင်ရန်လုပ်ဆောင်နေခြင်းကို ရည်ညွှန်းနေသည်။

ကိုးကား- CNN

အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနှင့် ဆက်စပ်နေသည့် Hamas အဖွဲ့၏ ပူးတွဲတည်ထောင်သူတစ်ဦးကို သုတ်သင်လိုက်ကြောင်း ကြေညာ

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က စနေနေ့ (ဇွန် ၂၈) တွင် Hamas ၏ စစ်ရေးတပ်ဖွဲ့ကို ပူးတွဲတည်ထောင်သူနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှု၏ အဓိက အစီအစဉ်သူအဖြစ် ဖော်ပြခဲ့သော Hakham Muhammad Issa Al-Issa ကို ဖယ်ရှားလိုက်ပြီဟု ကြေညာခဲ့သည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့များ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ခန့်သေဆုံးခဲ့ပြီး ၂၅၀ ခန့်ကို အကျဉ်းသားအဖြစ် ဖမ်းဆီး ခဲ့သည်။ အစ္စရေးက တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ Hamas အပေါ် ကြီးမားသော စစ်ဆင်ရေးကို စတင်ခဲ့ပြီး လူဦးရေသိပ်သည်းသည့် ပါလက်စတိုင်းနယ်မြေကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကာ မြို့ကြီးများစွာကို ပျက်စီးသွားစေခဲ့သည်။

IDF အဆိုအရ Issa သည် Hamas ၏ အင်အားတည်ဆောက်ရေး၊ လေ့ကျင့်ရေးနှင့် အောက်တိုဘာ ၇ ရက်မှ လူမဆန်စွာသတ်ဖြတ်မှုကို စီစဉ်ခဲ့သူဖြစ်ပြီး သောကြာနေ့ (ဇွန် ၂၇) က ဂါဇာတွင် သတ်ဖြတ်ခံခဲ့ ရသည်။

၎င်းသည် “စစ်ဆင်ရေးထောက်ပံ့ရေးဌာနချုပ်၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အစ္စရေးနယ်မြေအတွင်း လှုပ်ရှားနေသော အရပ်သားများနှင့် IDF တပ်ဖွဲ့ဝင်များကို လေကြောင်းနှင့် ရေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှု များကို အားပေးထောက်ပံ့ခဲ့သူ” လည်းဖြစ်ကြောင်း Telegram တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် Issa သည် “Hamas ၊ လေ့ကျင့်ရေးဌာနချုပ် ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အထွေထွေလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်” ဟု IDF က ဖြည့်စွက်ပြောကြားခဲ့သည်။

မီဒီယာများတွင် ဖော်ပြမှုများအရ အဆိုပါ Hamas စစ်ခေါင်းဆောင်သည် လေတပ်ဗုံးကြဲမှုတစ်ခုတွင် ၎င်း၏ဇနီးနှင့် မြေးတို့နှင့်အတူ အသက်ဆုံးရှုံးခဲ့သည်။

လွန်ခဲ့သည့် လကုန်ပိုင်းတွင် IDF က မေလ ၁၃ ရက်တွင် Khan Younis မြို့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဖြင့် Hamas ခေါင်းဆောင် Muhammad Sinwar ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထုတ်ပြန်ချက်အရ ၎င်းတိုက်ခိုက်မှုသည် Khan Younis ရှိ ဥရောပ ဆေးရုံအောက်မှ မြေအောက်ကွပ်ကဲရေးစင်တာကို ဖျက်ဆီးခဲ့ပြီး ထိုနေရာ တွင် အဆင့်မြင့် Hamas အဖွဲ့ဝင်များနှင့်အတူ ခိုအောင်းနေသည့် ခေါင်းဆောင် ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ Hamas က စစ်ရေးအဆောက်အအုံများကို ရပ်ကွက်များ သို့မဟုတ် အရပ်သားအဆောက်အအုံများနှင့် ရောနှော ထားသည်ဆိုသော အစ္စရေး၏ စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆို ခဲ့သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က တီဟီရန်မြို့ရှိ Hamas ၏ နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုအတွက် တာဝန်ယူကြောင်း ကြေညာခဲ့သည်။အစ္စရေးနှင့် သံတမန်နည်းလမ်းအရ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများတွင် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့၏ အဓိက ညှိနှိုင်းသူ ဖြစ်သူ Haniyeh ကို ဗုံးခွဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Hamas ထိန်းသိမ်းထားသည့် အကျဉ်းသားများ၏ ကံကြမ္မာနှင့် ပတ်သက်သော ညှိနှိုင်းမှုများ ရပ်တန့်သွားပြီးနောက် အစ္စရေးက မေလ တွင် ဂါဇာတွင် ကြီးမားသော မြေပြင်စစ်ဆင်ရေးကို တိုးမြှင့်ခဲ့သည်။Hamas တို့ကြီးစိုးသော ဂါဇာကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ ပဋိပက္ခအတွင်း ပါလက်စတိုင်းသား ၅၅,၆၀၀ ကျော် (အများစုမှာ အရပ်သားများ) သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကိုးကား- RT

ယူကရိန်းကို ပြင်သစ်က စစ်ရေးအထောက်အပံ့ပေးမှု ရပ်တန့်ရေး ပဲရစ်တွင် ဆန္ဒပြ

ပဲရစ်တွင် လက်ယာယိမ်း နိုင်ငံရေးသမား Florian Philippot ၏ Eurosceptic ပါတီမှ တနင်္ဂနွေနေ့ (ဇွန် ၂၉) က NATO ၊ ဥရောပ၏ စစ်ရေးတိုးချဲ့မှုနှင့် ယူကရိန်းအား ပြင်သစ်အစိုးရ၏ စစ်ရေးထောက်ပံ့မှု ကို ရှုတ်ချသည့် ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပခဲ့သည်။

ယခင်သီတင်းပတ်က ကျင်းပခဲ့သော NATO အစည်းအဝေးတွင် ရုရှား၏ ခြိမ်းခြောက်မှုဟူသော အချက်ကိုအကြောင်းပြု၍ စစ်ရေးအသုံးစရိတ် များကို သိသိသာသာတိုးမြှင့်ရန် သဘောတူညီခဲ့သည်။ လွန်ခဲ့သည့် လ အတွင်းကလည်း ဥရောပသမဂ္ဂ (EU) သည် ၎င်း၏စစ်ရေး တည်ဆောက်မှု အတွက် ယူရို ၁၅၀ ဘီလီယံ (ဒေါ်လာ ၁၇၁ ဘီလီယံ) ချေးငွေ ရယူမည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။ ရုရှားဘက်မှမူ ဥရောပကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိသည်ဆိုသော အဆိုပြုချက်များကို အကြိမ်ကြိမ် ပယ်ချ ခဲ့သည်။

X (တွမ်တာ) တွင် ပါတီ၏ရေးသားမှုများအရ ပဲရစ်မြို့တော်ရှိ တနင်္ဂနွေနေ့ (ဇွန် ၂၉) ဆန္ဒပြပွဲ၏ ကြေညာထားသောရည်ရွယ်ချက်မှာ "ငြိမ်းချမ်းရေး နှင့် လွတ်လပ်သောပြင်သစ်နိုင်ငံကို ကာကွယ်ရန်" ဖြစ်သည်ဟု ဆိုသည်။ ဆန္ဒပြသူများသည် သမ္မတ Emmanuel Macron ၏ ဥရောပအတွင်း ထိပ်တိုက်ရင်ဆိုင်မှုမြင့်တက်လာသည်ဟူသော အမြင်ရှိသည့် မူဝါဒများ ကိုလည်း အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် မိန့်ခွန်းပြောကြားရာတွင် Florian Philippot က “NATO ဆိုသည့် ထိုရာဇဝတ်အဖွဲ့အစည်းမှာ မိမိတို့မပါဝင်သင့်ပါ။ အဆိုပါ အဖွဲ့က မိမိတို့ကို ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကာလ ကြာမြင့် စွာကပင် ပျောက်ကွယ်သွားသင့်သောအဖွဲ့ဖြစ်ပါသည်” ဟု ကြေညာ ခဲ့သည်။

ယခင်က ဥရောပပါလီမန်အမတ်ဖြစ်ခဲ့ဖူးသူ Philippot က “ပြင်သစ် နိုင်ငံသည် Frexit (ပြင်သစ်၏ EU ထွက်ခွာရေး) မှတစ်ဆင့် အမြန်ဆုံး EU နှင့် NATO မှ ထွက်ခွာရမည်” ဟုလည်း ပြောကြားခဲ့သည်။

ဆန္ဒပြသူများက “Frexit ဆိုတာ ငြိမ်းချမ်းရေး၏အခြားအမည်တစ်ခုပါ” နှင့် “ငြိမ်းချမ်းရေးအတွက် အမိမြေကိုချစ်သောသူများ” စသည့် ဆောင်ပုဒ် များပါဝင်သည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ကိုလည်း အော်ဟစ်ခဲ့ကြသည်။

ထို့အပြင် ၎င်းတို့သည် ပြင်သစ်အစိုးရ၏ ယူကရိန်းအားထောက်ပံ့မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကာ “ယူကရိန်းအတွက် အသေမခံနိုင်” ဟု ပြတ်ပြတ်သားသား ကြွေးကြော်ခဲ့ကြသည်။

မတ်လကုန်ပိုင်းတွင် Macron အတည်ပြုခဲ့သည့် ယူကရိန်းအတွက် ယူရို ၂ ဘီလီယံတန်စစ်ရေးအကူအညီအစီအစဉ်ကို ဆန့်ကျင်သည့် အလားတူ ဆန္ဒပြပွဲတစ်ခု ပဲရစ်စ်မြို့တွင် ကျင်းပခဲ့သည်။

ထိုလအစောပိုင်းတွင် Macron က ပြင်သစ်၏ နျူကလီးယား လက်နက် များကို အခြားဥရောပမဟာမိတ်နိုင်ငံများသို့ တပ်ဖြန့်ရန် အဆိုပြု ပြောဆို ပြီးနောက် ပဲရစ်စ်မြို့တွင် သီးခြားဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အနောက်အုပ်စုအနေဖြင့် ရုရှားအပေါ်မည်သည့်အခါမျှ အနိုင်ရမည်မဟုတ်ဟု လက်ရော့ပြော

အနောက်အုပ်စုအနေဖြင့် ရုရှားနိုင်ငံ အပေါ် မည်သည့်အခါမျှအနိုင်ရရှိမည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ကာဂျစ်စတန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဇွန်လ ၂၉ ရက် တွင်တွေ့ဆုံစဉ်ပြောသည်။

ထို့ပြင် NATO အုပ်စုနှင့် ဥရောပသမဂ္ဂ တို့သည် ရုရှားနိုင်ငံကိုတိုက်ခိုက်နိုင်ရေးအတွက် ယူကရိန်းပဋိပက္ခကို လက်နက်တစ်ခုအနေဖြင့် အသုံးချနေခြင်းဖြစ်သည်  ဟု လက်ရော့က ဆက်ပြောသည်။ 
အနောက်အုပ်စုသည် ရုရှားနိုင်ငံကို စစ်ဆင်နွှဲရန် နောက်တစ်ကြိမ်ဆုံးဖြတ် ချက်ချမှတ်ထားကြောင်း၊ အနောက်အုပ်စု အနေဖြင့် ရုရှားနိုင်ငံအပေါ် ထိုသို့နည်း ဖြင့် မည်သည့်အခါကမျှ အနိုင်ရရှိခဲ့ခြင်း မရှိသကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း ရုရှားအပေါ်အနိုင်ရမည်မဟုတ်ကြောင်း လက်ရော့ကဆက်ပြောသည်။

ပြီးခဲ့သည့် ဥရောပသမဂ္ဂ ထိပ်သီး ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံအများအပြားသည် ယူကရိန်းကိုထောက်ပံ့မှုပိုပေးကာ ရုရှား ကိုပိတ်ဆို့မှုများပိုမိုချမှတ်ရန် ကြိုးပမ်း ခဲ့ကြောင်းသိရသည်။ 

Ref. RT

MWD Newspaper

ကမ္ဘောဒီးယားက ထိုင်းမှဝင်လာမည့် မည်သည့်ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့

ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသည့် နယ်စပ်ဂိတ်များမှ တစ်ဆင့် ဝင်ရောက်လာမည့် မည်သည့် ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့ကြောင်း ကမ္ဘောဒီးယားလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ညွှန်ကြားချက်နှင့်အညီ ယခုလုပ်ဆောင်မှုကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် နှစ်နိုင်ငံမှကုန်စည်များကူးသန်းရနေရာများဖြစ်သော နယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်ထားသမျှကာလပတ်လုံး ထို ညွှန်ကြားချက်က အသက်ဝင်နေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား တင်းမာမှုများဖြစ်ပွားနေစဉ် နှစ်နိုင်ငံကြားရှိ နယ်စပ်စစ်ဆေးရေးဂိတ်များကို နှစ်ဖက်စလုံးက ပိတ်လာခြင်းဖြစ်ကြောင်းသိရသည်။ 

Ref: TST

MWD Daily Newspaper

Photo -Khmer Times

အမေရိကန်က ဥရောပရှိ EU နိုင်ငံတစ်ခုတွင် နျူကလီးယား ဓာတ်ပေါင်းဖို စက်ရုံ တည်ဆောက်မှုကို ပိတ်ပင်ထားသည့် ရုရှားအပေါ် ဒဏ်ခတ်မှုများကို ရုတ်သိမ်း

အမေရိကန်သည် ဟန်ဂေရီနိုင်ငံရှိ Paks-2 နျူကလီးယား စွမ်းအင် စက်ရုံနှင့် သက်ဆိုင်သော ရုရှား၏ Gazprombank မှတစ်ဆင့်ငွေကြေးလွှဲပြောင်းမှုများကို တားမြစ်ထားသည့် ဒဏ်ခတ်မှုများကိုရုပ်သိမ်းလိုက်ပါသည်။ အမေရိကန်၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံး (OFAC) မှ သောကြာနေ့ (ဇွန် ၂၇) က ထုတ်ပြန်ခဲ့သော အထွေထွေ ခွင့်ပြုချက်တွင် Gazprombank နှင့် အခြားရုရှားဘဏ်များအား "အရပ်ဘက်နျူကလီးယားစွမ်းအင်နှင့်သက်ဆိုင်သော" ငွေလွှဲပြောင်းမှု များ ပြုလုပ်ခွင့်ကို ခွင့်ပြုထားသည်။

Paks-2 စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် စတင်ခဲ့ပြီး ရုရှား၏ Rosatom မှ တည်ဆောက်မည့် ရီအက်တာနှစ်ခု ပါဝင်ကာ ခန့်မှန်းကုန်ကျစရိတ် ၁၂.၅ ဘီလီယံယူရိုအနက် အဓိက ကျသော ၁၀ ဘီလီယံယူရို ($၁၁.၇ ဘီလီယံ) အား ရုရှားမှ ချေးငွေဖြင့် ထောက်ပံ့မည်ဖြစ်သည်။ ဟန်ဂေရီနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပါသည့် အဆိုပါစီမံကိန်းကို နိုင်ငံ၏ တစ်ခုတည်းသော နျူကလီးယား စက်ရုံဖြစ်ပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား၏ တစ်ဝက်ခန့်ကို ထုတ်လုပ် ပေးနေသည့် လက်ရှိ Paks နျူကလီးယားစက်ရုံ အနီးတွင် ယခုနှစ် အတွင်း စတင်ရန် စီစဉ်ထားသော်လည်း စီမံကိန်းအား ငွေကြေး ထောက်ပံ့သည့်  Gazprombank ပေါ်သို့ အမေရိကန်၏ ဒဏ်ခတ်မှု များကြောင့် ဆောက်လုပ်ရေး ရပ်ဆိုင်းခဲ့ရပြီး ဘူဒါပက်စ်မှ ဝါရှင်တန်သို့ အကြိမ်ကြိမ် ခွင့်ပြုချက်တောင်းခံခဲ့သည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် အမေရိကန်က ယခုအခါ အဆိုပါ ကန့်သတ်မှုများကို ရုတ်သိမ်း လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“အမေရိကန်သည် နိုင်ငံရေးအရ ဆုံးဖြတ်ချက်များစွာကို ချမှတ်ခဲ့ပြီး၎င်းတို့က မိမိတို့နိုင်ငံကို အလွန်အခက်အခဲဖြစ်စေခဲ့သည်” ဟု နိုင်ငံခြားရေး ဝန်ကြီး Peter Szijjarto က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ထိုဆုံးဖြတ်ချက်များထဲမှ တစ်ခုမှာ Paks-2 နျူကလီးယား စွမ်းအင် စက်ရုံ တည်ဆောက်ရေးကို ကန့်သတ်ချက်များချမှတ်ကာ ဟန်ဂေရီ၏ စွမ်းအင်ထောက်ပံ့မှုကို အားနည်းစေရန် ရည်ရွယ်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသလောက် ဖြစ်စေ ခဲ့သည်” ဟု ဆိုသည်။

ထို့အပြင် ၎င်းက “ကံကောင်းထောက်မစွာပင် ဇန်နဝါရီလမှစတင်၍ ဝါရှင်တန်တွင် ဟန်ဂေရီနိုင်ငံကို မိတ်ဆွေအဖြစ်ရှုမြင်သော သမ္မတ တစ်ဦး ရှိနေပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ထိုအခြေအနေအရ အမေရိကန်အစိုးရသည် Paks နျူကလီးယား စွမ်းအင် စက်ရုံ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ဒဏ်ခတ်မှုများကို ရုတ်သိမ်း လိုက်ပြီ” ဟု Szijjarto က ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းက Paks-2 စီမံကိန်းသည် “ဟန်ဂေရီနိုင်ငံ၏ လုံခြုံသော စွမ်းအင်ထောက်ပံ့မှုကိုအာမခံပေးပြီး ၂၀၃၀ ခုနှစ်အလယ်လောက်တွင် နိုင်ငံ၏ လျှပ်စစ် လိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်မည်” ဟု အားလုံးသိရှိစေရန် ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။