သတင်းများ

ကိယက်ဗ်ကို ဆက်လက်ထောက်ခံရန် Trump အား ဗြိတိန်က တိုက်တွန်းမည်

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းအတွက် ဝါရှင်တန်၏ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို တိုက်တွန်းရန် ကြိုးစားမည်ဟု The Times က ဖော်ပြသည်။

Starmer သည် ဇန်နဝါရီလ ၂၀ ရက်နေ့ Trump ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာ ဇန်နဝါရီနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီ အစောပိုင်းတွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်နိုင်သည်ဟု Downing Street သတင်းစာက ဒီဇင်ဘာ ၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။

အစီရင်ခံစာအရ ဝါရှင်တန်တွင်ရှိနေစဉ် ဗြိတိန်ဝန်ကြီးချုပ်သည် ရုရှားနှင့်ယူကရိန်းကြား ပဋိပက္ခအတွက် သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် ကတိပြုထားသည့် Trump အား ကိယက်ဗ်သို့ လက်နက်များ ဆက်လက်ထောက်ပံ့ရန် တိုက်တွန်းသွားမည်ဟုဆိုသည်။

Trump က မဲဆွယ်စည်းရုံးမှုကာလအတွင်းက အိမ်ဖြူတော်သို့ပြန်လာပြီး ရက်ပေါင်း ၉၀ အတွင်း တိုက်ပွဲများအဆုံးသတ်မည်ဟု အခိုင်အမာပြောဆိုထားခဲ့ပြီး ယူကရိန်းပဋိပက္ခအတွက် ငွေကြေးအလွန်အကျွံသုံးစွဲခဲ့သည့် အမေရိကန်သမ္မတ Joe Biden ၏အုပ်ချုပ်ရေးကို ဝေဖန်ခဲ့သည်။ 

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် အမေရိကန်ရွေးကောက်ပွဲကာလအတွင်းက Trump အား အနိုင်မရရှိစေရန် ကြိုးပမ်းလှုံ့ဆော်ခဲ့ဖူးသူဖြစ်သည်။

ကိုးကား-RT

သမ္မတအပေါ် စွဲချက်တင်ရေး ကြားနာမှုအတွက် အပြန်အလှန်လျှောက်လဲမှုကို တောင်ကိုရီးယားတရားရုံးမှာ ဇန်နဝါရီ ၁၄ ရက်နေ့ စတင်မည်

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ခြင်းအတွက် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို စွဲချက်တင်ရေး လွှတ်တော်၏အဆိုကို အတည်ပြုသင့်၊ မသင့် ဆုံးဖြတ်ရန်အတွက် ပထမဆုံး အပြန်အလှန် လျှောက်လဲမှုကို ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဖွဲ့စည်းပုံဥပဒေတရားရုံးက ထုတ်ပြန်ထားသည်။

ငြင်းခုံခြင်းဆိုင်ရာအချက်များ၊ အထောက်အထားများနှင့်အခြားကိစ္စရပ်များကို ခွဲခြမ်းစိတ်ဖြာရန် အစီအစဉ်ဖြစ်သည့် ဒုတိယအကြိမ် ပြင်ဆင်ကြားနာခြင်း ပြုလုပ်ခဲ့သော ဇန်နဝါရီ ၃ ရက်နေ့တွင် တရားရုံးက ကြေညာခဲ့ပါသည်။ပထမအကြိမ် ကြားနာစစ်ဆေးမှုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင်စတင်ခဲ့ပြီး အဆိုပါကြားနာပွဲသို့ လွှတ်တော်နှင့်သမ္မတ နှစ်ဘက်စလုံးမှ ဥပဒေရေးရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

မစ္စတာ Yoon ၏ ဥပဒေအကျိုးဆောင်အဖွဲ့က မစ္စတာ Yoonအပေါ် စွဲချက်တင်ရန် တရားစီရင်မှုကို အလျင်စလိုပြုလုပ်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သက်သေများစွာ တင်ပြရမည်ဖြစ်ပြီး သက်သေခံချက်များကို အကျယ်တဝင့်စစ်ဆေးရမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ပြောပါသည်။

မစ္စတာ Yoon ၏ ရှေ့နေများက မစ္စတာ Yoon ကို ဖမ်းဆီးရန်ထုတ်ပြန်ခဲ့သည့် ဖမ်းဝရမ်းအား တားမြစ်သည့် တရားဝင်အမိန့်စာ လျင်မြန်စွာဆောင်ရွက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တောင်းဆိုခဲ့ပါသည်။

လွှတ်တော်ဘက်ကလည်း အပြန်အလှန် လျှောက်လဲမှုများကို နှောင့်နှေးခြင်းမရှိစေဘဲ စတင်ရန် တောင်းဆိုခဲ့ပြီး ပြည်သူများအား စိုးရိမ်မှုမြင့်တက်စေသည့် အခြေအနေကို အမြန်ဆုံးရပ်သင့်ကြောင်း ပြောခဲ့ပါသည်။

တရားရုံးတွင်အပြန်အလှန်လျှောက်လဲမှုများကိုဆက်လက်လုပ်ဆောင်ရန်ပြင်ဆင်သည့်လုပ်ငန်းစဉ်များအပြီးသတ်ခဲ့ပြီဖြစ်ကြောင်းတရားသူကြီးကကြေညာခဲ့ပါသည်။

ကိုးကား-NHK World

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သော်လည်း ဂါဇာတွင် အသေအပျောက် အရေအတွက် မြင့်တက်လာ

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် ဂါဇာကမ်းမြောင်တွင် ဒါဇင်နှင့်ချီသော အသေအပျောက်များ ရှိနေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကို ကာတာတွင် ဇန်နဝါရီ ၃ ရက်နေ့က စတင်ခဲ့ကြသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ယင်းနေ့အစောပိုင်းကတည်းက လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း မီဒီယာတစ်ခုက ဇန်နဝါရီ ၄ ရက်နေ့တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၄၅,၇၁၇ ဦးအထိ မြင့်တက်လာကြောင်း ဂါဇာ ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

UNRWA သည် ဂါဇာတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ဆေးဝါးကုသရေးနှင့်စားနပ်ရိက္ခာများပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 

Las Vegas တွင် Cybertruck ဖြင့် အသေခံကား ပေါက်ကွဲမှုပြုလုပ်ခဲ့သည့် ယာဉ်မောင်းတွင် နိုင်ငံရေး မကျေနပ်ချက်များနှင့် အိမ်တွင်းရေး ပြဿနာများရှိနိုင်ကြောင်း ဝေဖန်ပြောဆို

Las Vegas ရှိ Trump International Hotel အပြင်ဘက်တွင် ဒီဇင်ဘာ ၁ ရက်နေ့က Tesla Cybertruck ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းသေဆုံးကာ လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

Tesla Cybertruck ဖြင့် ကားပေါက်ကွဲမှုပြုလုပ်ခဲ့သည့် အဆိုပါယာဉ်မောင်းမှာ US Army Green Beret တွင် တာဝန်ထမ်းဆောင်နေသော စစ်သား Matthew Alan Livelsberger ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။

Livelsberger သည် အမေရိကန်အထူးတပ်ဖွဲ့ (US Army Special Forces) မှ တပ်ကြပ်ကြီးတစ်ဦး ဖြစ်ကြောင်း ရဲအရာရှိ ၄ ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ထို့ပြင် အဆိုပါ စစ်သားသည် လက်ရှိတွင် အထူးတပ်ဖွဲ့နှင့်အတူ ဂျာမနီတွင် တာဝန်ကျနေသည့် ကာလဖြစ်သော်လည်း အဆိုပါပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ခွင့်ဖြင့် ပြန်လာနေထိုင်ချိန်ဖြစ်ကြောင်း ပြောကြား ထားသည်။

Livelsberger သည် ကြေးကြယ်တံဆိပ်ဆုရရှိထားသူ စစ်သားဟောင်းဖြစ်ပြီး ၎င်းသည် “နိုင်ငံရေးမကျေနပ် ချက်များ” နှင့်ပတ်သက်သည့် စာများလည်း ရေးသားခဲ့ သည်။ ထို့ပြင် အချို့နေရာများတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏ အိမ်တွင်းရေး ပြဿနာများက အဆိုပါယာဉ်မောင်းအား မိမိကိုယ်ကို အဆုံးစီရင်သည်အထိဖြစ်စေခဲ့ကြောင်း တာဝန်ရှိသူ များက ဒီဇင်ဘာ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် Livelsberger ၏ ဖုန်းထဲတွင် ၎င်းကိုယ်တိုင် ရေးသားထားသည့်စာများကိုလည်း တွေ့ရှိခဲ့ကြောင်း Las Vegas မြို့တော်ရဲဌာနမှ ရဲအရာရှိ Dori Koren က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းရေးသားခဲ့သောစာတွင် အဆိုပါဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ်မဟုတ်ဘဲ “နိုးကြားမှု တစ်ခု”ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏ ပြန်လည်ပြောကြားချက်အရ သိရှိရသည်။ ထို့ပြင် စုံစမ်းစစ်ဆေးသူများ၏ တွေ့ရှိချက်အရ “အမေရိကန်များသည် ပျော်ပွဲရွှင်ပွဲများနှင့် အကြမ်းဖက်မှုများကိုသာအလေးထားပြီး” “မီးရှူးမီးပန်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ” သည် ၎င်းတို့၏ အာရုံစူးစိုက်မှုခံရစေရန် အကောင်းဆုံးဖြစ်ကြောင်း Livelsberger ၏ စာတွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

ကိုးကား - CNN

ဖိလစ်ပိုင် ဒုသမ္မတကို လုံခြုံရေးကောင်စီဝင်အဖြစ်မှ ဖယ်ရှား

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် ပြီးခဲ့သည့်လက ၎င်းအားသတ်ဖြတ်မည်ဟု ကြုံးဝါးခဲ့သူ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန်ဖယ်ရှားရန် အုပ်ချုပ်ရေး အမိန့်ကို လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါသည်။ မနှစ်ကတည်းက ဖိလစ်ပိုင်နိုင်ငံရေးမဟာမိတ်ဟောင်း ၂ ဦးအကြား ခါးသီးသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာက စတင်၍ ကြီးထွားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကို ပြန်လည်ဖွဲ့စည်းရာတွင် ကောင်စီအဖွဲ့ဝင်များအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း သမ္မတ မားကို့စ်က ပြောကြားခဲ့ပါသည်။

ကိုးကား - The Guardian

သစ္စာဖောက်မှုအတွက် ယူကရိန်းကို စလိုဗက်ကီးယား ပြစ်တင်

ယူကရိန်းနိုင်ငံကို ဖြတ်ကျော်ဆက်သွယ်ထားသော ရုရှားဓာတ်ငွေ့ပိုက်လိုင်းများမှ ဓာတ်ငွေ့မရရှိတော့ခြင်းနှင့်ပတ်သက်၍ စလိုဗက်ကီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Matus Sutaj Estok က ယူကရိန်းအနေဖြင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သစ္စာမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။ 

ယူကရိန်း-ရုရှား ပဋိပက္ခစတင်ကတည်းက စလိုဗက်ကီးယားနိုင်ငံက ယူကရိန်းနိုင်ငံအတွက် အရေးပါသော စစ်ရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးကမ်းခဲ့သော်လည်း ဓာတ်ငွေ့ပိုက်လိုင်းများ စာချုပ်ပြည့်သွားပြီဟုဆိုကာ ယူကရိန်းနိုင်ငံကိုဖြတ်ကျော်ပြီး ဥရောပနိုင်ငံများသို့ ဖြန့်ဖြူးပေးထားသောဓာတ်ငွေ့များ ဖြတ်သွားခွင့်မပြုတော့ခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ဥရောပနိုင်ငံများ၏ စွမ်းအင်တည်ငြိမ်မှုကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ 

သို့သော် ၎င်းကယူကရိန်းအနေဖြင့် ကျန်ရှိသည့် ဥရောပနိုင်ငံများနှင့် ပြန်လည်စည်းလုံးမှုရစေရန် မျှော်လင့်ကြောင်း ရေးသားခဲ့ပါသည်။ ယူကရိန်းက ရုရှားနိုင်ငံပိုင် Gazprom ရေနံကုမ္ပဏီနှင့် ရေနံနှင့်ဓာတ်ငွေ့တင်ပို့မှု ဖြတ်သန်းခွင့်စာချုပ်ကို ၂၀၂၄ နှစ်ကုန်တွင် သက်တမ်းတိုးရန် ငြင်းဆိုခဲ့ခြင်းကြောင့် သြစတြီးယား၊ အီတလီနှင့် စလိုဗက်ကီးယားအပါအဝင် အီးယူနိုင်ငံအချို့သို့ သဘာဝဓာတ်ငွေ့ စီးဆင်းမှု ပြတ်တောက်သွားခဲ့သည်။ ကုန်းတွင်းပိတ် စလိုဗက်ကီးယားနိုင်ငံ၏ ၀ယ်လိုအား ၆၀ ရာခိုင်နှုန်းခန့်ကို ပြည့်မီရန် ရုရှားဓာတ်ငွေ့အပေါ် မူတည်နေရသည်။ ယူကရိန်း၏ ဆုံးဖြတ်ချက်က အစားထိုးထောက်ပံ့ရေး စရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားလာမည်ဖြစ်ပြီး နှစ်စဉ် ယူရိုသန်းရာနှင့်ချီ ကုန်ကျမည်ဟု အီစတော့က ဆိုလိုက်ပါသည်။ 

၂၀၂၅ အတွက် စွမ်းအင်လိုအပ်ချက်ပြည့်မီသော်လည်း နောက်နှစ်များတွင် ကြုံတွေ့လာမည့် အခက်အခဲများအတွက် သက်တမ်းတိုးရန် လိုအပ်ပြီး စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေး သေချာစေမည့် ဖြေရှင်းချက်များနှင့်အပေးအယူများကို ရှာဖွေရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။ ဝန်ကြီးချုပ်ကလည်း ယူကရိန်း ဒုက္ခသည်များကို ထောက်ပံ့နေမှုအား ပြန်လည်သုံးသပ်နေကြောင်း ပြောဆိုလိုက်ပါသည်။

တောင်ကိုရီးယားသမ္မတ ယွန်းကို ဖမ်းဆီးရန်ကြိုးပမ်းမှု ရပ်ဆိုင်း

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol အား ဖမ်းဝရမ်းထုတ်ပြီးနောက် သမ္မတအိမ်ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းသည့်အဖွဲ့ဝင်များနှင့် သမ္မတလုံခြုံရေးအဖွဲ့ဝင်များ၊ ထောက်ခံသူများအကြား နာရီအတန်ကြာ အခြေအနေတင်းမာမှုများဖြစ်ပွားပြီး စုံစမ်းစစ်ဆေးရေးမှူးများက ဖမ်းဆီးရန်ကြိုးပမ်းမှုအား ရပ်ဆိုင်းလိုက်သည်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတယွန်း၏ ပြစ်မှုအပေါ် ပြန်လည်သုံးသပ်ပြီး နောက်ထပ်အဆင့်များအတွက် ဆုံးဖြတ်သွားမည်ဟုဆိုပါသည်။ ဖမ်းဝရမ်းသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

သမ္မတယွန်းအား ထိန်းသိမ်းရန် ဖမ်းဝရမ်းဖြင့် အဖွဲ့ဝင် ၁၅၀ ကျော်ကို ဆိုးလ်မြို့ရှိ သမ္မတအိမ်ခြံဝင်းအတွင်းသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဖြန့်ကျက်ချထား သော်လည်း သမ္မတလုံခြုံရေးအဖွဲ့က ၎င်းတို့၏ နေအိမ်အား ရှာဖွေခွင့်မပြုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတယွန်းကို ထောက်ခံသူများက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းအပေါ်  ကန့်ကွက်ခဲ့ကြပြီး ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်အပြင်ဘက်တွင် နေ့စဉ်စုဝေးခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးမှူးများသည် ထောက်ခံသူများနှင့် ထိပ်တိုက်တွေ့မည်ကို စိုးရိမ်မှုများရှိလာကြောင်းလည်းဖော်ပြထားပါသည်။

ဘိုင်ဒင်က နိုင်ငံတော်သစ္စာဖောက်မှုကျူးလွန်ဟု အီလွန်မက်စွပ်စွဲ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းသို့အများအပြားဝင်ရောက်နေထိုင်ခွင့်ပြုခြင်း၊ အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် ခွဲဝေပေးထားသော ကုန်ကြမ်းပစ္စည်းများကိုရောင်းချခြင်းအားဖြင့် နိုင်ငံတော်သစ္စာဖောက်မှုကိုကျူးလွန်ကြောင်း အီလွန်မက် ကစွပ်စွဲလိုက်သည်။

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်များက အမေရိကန်နိုင်ငံ၏နယ်စပ်ဒေသများ လုံခြုံမှုမရှိခြင်းအတွက် ဂျိုးဘိုင်ဒင်ကိုလွန်ခဲ့သောနှစ်များစွာကတည်းက ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း ကာရံမှုအတွက် ထရမ့်၏ပထမအကြိမ် သမ္မတသက်တမ်းတွင် ခွင့်ပြုခဲ့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက်တွင် ရပ်ဆိုင်းသည့်အပြင် ဆောက်လုပ်ရေးပစ္စည်းများကိုပါ လေလံတင်ရောင်းစားလိုက်သောကြောင့် ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများ၊ တိုက်ခိုက်မှုများနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် ဂျိုးဘိုင်ဒင်အစိုးရသည် နယ်စပ်ကိုရည်ရွယ်ချက်ရှိရှိဖွင့်ပေးခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်သစ္စာဖောက်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟု အီလွန်မက် ကပြောထားခြင်းဖြစ်သည်။

Ref: RT

Source: Myawady Web Portal

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့်လမ်းကြောင်းကို မျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ ကြိုးစားလျှောက်လှမ်းခဲ့ကြလို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့နိုင်ငံသားများရဲ့ ကောင်းကျိုးကို မလိုလားသူတွေအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့ရွာများလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြပါတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ရဲ့ဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေတဲ့ အသိဉာဏ်မဲ့တဲ့သူများရဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အကြောင်းအရာများကို အကြမ်းဖက်လုပ်ရပ်များအပေါ် ခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အောက်ကျနောက်ကျ လုပ်နေတာပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ကာကွယ်တားဆီးကြဖို့၊ ရပ်တန့်အောင် ကြိုးစားကြဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းမြင့်မားအောင် အုတ်မြစ်ချနိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စားစွာ ဆောင်ရွက်နေကြသူများ ရှိနေကြလို့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးကို ကျွန်တော်အလေးအနက်ဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တမ်းတွေအဖြစ် ကျန်ရစ်ခဲ့မှာဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို ဖော်ထုတ်ပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကိုပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလို ဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းမတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။

ဒီကမ္ဘာလောကကြီးမှာ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနဲ့ မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝရပ်တည်ရေးကို ကိုယ်စွမ်းကိုယ်စနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝကို ကျရောက်စေနိုင်တာကိုလည်း သတိချပ်စေလိုပါတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေဖို့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက သွေးစည်းညီညွတ်ကြရပါမယ်။ နိုင်ငံတော်ကို ဘေးအန္တရာယ်ကျရောက်လာရင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိတဲ့ တပ်မတော်နဲ့ ပြည်သူတို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝနဲ့ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ကာကွယ်ပြီး နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြရပါမယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်၍တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူများက ၂၀၂၄ ခုနှစ်မှာ ပြသနိုင်ခဲ့ကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသား မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး တစ်ဦးပေါ်တစ်ဦး အပြန်အလှန်မေတ္တာထားပြီး နိုင်ငံနဲ့လူမျိုးကောင်းကျိုးကို ဖော်ဆောင်နိုင်ကြသူများဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။

Source: myanmar.gov.mm

ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဟု ကင်ဂျုံအွန်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ဂျုံအွန် က ပြောကြားခဲ့သည်ဟု  KCNA သတင်းအေဂျင်စီက   ဒီဇင်ဘာလ ၃၁ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးသည်  ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းသစ်များ ဖော်ဆောင်ခြင်းအားဖြင့် ပိုမိုမြင့်တက် ခိုင်မာလာခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း   နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်ခံ့လာစေရေးလုပ်ဆောင်ရန်    ဆန္ဒရှိနေကြောင်း ဒီဇင်ဘာလ ၃၀ ရက်တွင်   ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံသားများသို့     စာရေးသားပေးပို့၍ နှုတ်ခွန်းဆက်သရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်သစ်သည် ရုရှားတပ်မတော်နှင့်  ရုရှားပြည်သူများ၏ ၂၁ ရာစုအတွင်း ပထမဆုံးအကြိမ် အောင်ပွဲရရှိသော နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်ကဆက်လက်ပြောကြားခဲ့ကြောင်း  KCNA သတင်းအေဂျင်စီက  ဆက်လက်ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦးသည် ၂၀၂၄ ခုနှစ်   ဇွန်လအတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ စစ်ရေးအရ တိုက်ခိုက်ခံရပါက တစ်နိုင်ငံအားအခြား တစ်နိုင်ငံမှ အပြန်အလှန် အကူအညီပေးမည် ဖြစ်ကြောင်း သိရသည်။ 