သတင်းများ

ရုရှားဓာတ်ငွေ့ပို့ဆောင်မှု အငြင်းပွားမှုမြင့်မားနေချိန် စလိုဗက်ကီးယားဝန်ကြီးချုပ်ကိုဇယ်လန်စကီး ပြစ်တင် ရှုတ်ချ

ရုရှား၏အမိန့်ကို နာခံလျက် ယူကရိန်း လုပ်ဆောင် ချက်ကို ဆန့်ကျင်ကာ ရုရှားဓာတ်ငွေ့များကို ဥရောပသို့ လွှဲပြောင်းပို့ဆောင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယ စွမ်းအင်မျက်နှာစာ ဖွင့်လှစ်နေသည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို ကို ပြစ်တင်ရှုတ်ချလိုက်ပါသည်။ 

လက်ရှိအချိန်တွင် ယူကရိန်းသည် ရုရှားနိုင်ငံမှ ပို့လွှတ် နေသည့် ဓာတ်ငွေ့များကို တစ်ဆင့်ခံစနစ်ဖြင့် စလို ဗက်ကီးယား၊ မော်လ်ဒိုဘာ၊ ဟန်ဂေရီ အစရှိသည့် နိုင်ငံများ အပါအဝင် ဥရောပနိုင်ငံများသို့ ပို့လွှတ် ပေးလျက်ရှိသည်။ ယူကရိန်းက တစ်ဆင့်ခံ ပို့လွှတ် ပေးမှု စနစ်မှာ ၂၀၂၂ ခုနှစ် ရုရှားနှင့် ယူကရိန်း စစ်ပွဲမဖြစ်ပွားမီ ဖြတ်သန်းရေး သဘောတူညီချက်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်ကုန်လျှင် အဆိုပါ စာချုပ်သက်တမ်းကုန်ဆုံးသွားမည်ဖြစ်၍ လက်ရှိ အနေ အထားအရ ရပ်တန့်သွားဖွယ်ရှိနေပါသည်။

ပြီးခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံသို့ အလည်အပတ် လာရောက်သော စလိုဗက်ကီးယား ဝန်ကြီးချုပ်ဖီကိုက  ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ်တွင် ယူကရိန်းက လာမည့်ဇန်နဝါရီ ၁ ရက်တွင် ရုရှားဓာတ်ငွေ့ တစ်ဆင့်ခံပို့လွှတ်သည့် လုပ်ငန်းစနစ်အတွက် သက်တမ်းကုန်ဆုံးပြီး စာချုပ် ရပ်ဆိုင်းတော့မည်ဖြစ်ရာ စလိုဗက်ကီးယား အနေဖြင့် ရုရှားစွမ်းအင်မရရှိပါက များစွာထိခိုက်မည် ဖြစ်သဖြင့် အပြန်အလှန်စီမံချက်အဖြစ် ဖီကို၏တောင်းဆိုချက်အရ စလိုဗက်ကီးယား၌  ရုရှား၏ ဒုတိယစွမ်းအင်မျက်နှာစာ ဖွင့်လှစ်ရန် ပူတင်က ညွှန်ကြားလိုက်ကြောင်း ဇယ်လန် စကီးက လူမှုမီဒီယာတွင် ရေးသားဖော်ပြထားပါသည်။       

ကိုးကား - Reuters 

ဂျော်ဂျီယာနိုင်ငံ၏ ဆဋ္ဌမမြောက်သမ္မတအဖြစ် Mikheil Kavelashvili ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ပါလီမန်အဆောက်အအုံ၌ ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ

ဂျော်ဂျီယာနိုင်ငံ၏ ဆဋ္ဌမမြောက်သမ္မတအဖြစ် Mikheil Kavelashvili ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ပါလီမန်အဆောက်အအုံ၌ ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

သမ္မတဟောင်း Salome Zourabichvili က သမ္မတ အသစ် Mikheil Kavelashvili ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၎င်းသည် ဂျော်ဂျီယာသမ္မတနေအိမ်မှ ထွက်ခွာတော့မည်ဟု ဒီဇင်ဘာ ၂၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

ကိုးကား - geopolitics

Photo- imedinews

တောင်ကိုရီးယားလေယာဉ် ပျက်ကျ အနည်းဆုံး လူ ၁၇၉ ဦး သေဆုံး

ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်မှူးဝန်ထမ်း ၆ ဦး လိုက်ပါလာသော တောင်ကိုရီးယား ဂျေဂျုး လေကြောင်း လိုင်း၏ ခရီးသည်တင်လေယာဉ်ဘိုရင်း 737-800 သည် ဒီဇင်ဘာ ၂၉ ရက်နေ့ ဒေသစံတော်ချိန် ၉:၀၀ နာရီတွင် Muan ကောင်တီ လေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျ၍ အနည်းဆုံး ၁၇၉ ဦး သေဆုံးသွားကြောင်း ၊ လေယာဉ်တစ်စီးလုံး လုံးဝပျက်စီးသွားကြောင်း ဒေသ ဆိုင်ရာမီးသတ်ဌာနက CNN ကို ပြောကြားလိုက်ပါ သည်။ 

ထိုလေယာဉ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ထွက်ခွာ လာခြင်းဖြစ်ပြီး သေဆုံးသူဦးရေ ထပ်မံတိုးမြင့်လာဖွယ် ရှိကြောင်း ဆက်လက်ပြောကြားထားပါသည်။ 

ကိုးကား (CNN)

လက်နက်သံများ ရပ်စဲပြီး ကွဲပြားမှုများကို ကျော်လွှား ကြရန် ပုပ်ရဟန်းမင်းကြီး ကမ္ဘာကို တောင်းဆို

ပုပ်ရဟန်းမင်းကြီး Francis က ကမ္ဘာတစ်ဝှမ်းမှ တိုက်ပွဲ များကို ချက်ချင်းရပ်စဲရန် တောင်းဆိုသည့် ခရစ္စမတ် သတင်းစကားကို ပြောကြားခဲ့ပါသည်။၎င်းက အားလုံး သော လူသားများနှင့် နိုင်ငံများကို လက်နက်သံများ ရပ်စဲစေပြီး ကွဲပြားမှုများကို ကျော်လွှားကြရန် တိုက်တွန်း ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်နေ့တွင် ဗာတီကန်၏ စိန့်ပီတာရင်ပြင်၌ စုဝေးရောက်ရှိနေသူများကို အစဉ် အလာအတိုင်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပိုမို ဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက “အပစ်အခတ် ရပ်စဲနိုင်ပါစေ၊ ဓားစာခံတွေ လွတ်မြောက်ပါစေ၊ စစ်နှင့် ငတ်မွတ်ခေါင်းပါးမှုများကြောင့် ဘေးသင့်နေသည့် ပြည်သူများအတွက် အကူအညီများ ပေးအပ်နိုင်ပါစေ” ဟု ပြောခဲ့ပါသည်။

ယူကရိန်းနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက တရား မျှတပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံရေး တံခါးချပ်ကို ဖွင့်ရန်လိုအပ်သော သတ္တိများရှိကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

ကိုးကား-NHK World

silk road

အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံကိုဖြတ်၍ ဥရောပ သို့ ပို့ဆောင်ရေးစင်္ကြံတည်ဆောက်မည့် တရုတ်နိုင်ငံ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်-ကတ်ဂ်စ္စတန်-ဥဇဘက်ကစ္စတန် မီးရထားလမ်း တည်ဆောက်ခြင်းသည် ဒေသတွင်းဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့်တည်ငြိမ်မှုကိုမြှင့်တင်ရန်အတွက် နိုင်ငံသုံး နိုင်ငံအစိုးရများက ချမှတ်ထားသောမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း မီးရထားလမ်း တည်ဆောက်မှု စတင်ခြင်းအခမ်းအနားနှင့်ပတ်သက်၍ ၎င်း၏ဂုဏ်ပြု မှတ်တမ်းတွင်ဖော်ပြထားပါသည်။

အဆိုပါ တည်ဆောက်မှုသည် မဟာဗျူဟာကျသော စင်္ကြံကိုဖွင့်လှစ်ရန် နိုင်ငံသုံးနိုင်ငံ၏တူညီသော ဆန္ဒကို ထင်ဟပ်သည်ဟု သမ္မတရှီကျင့်ဖျင်က မှတ်ချက်ပြုခဲ့ ပါသည်။

ကိုးကား - ဆင်ဟွာ

TikTok ပိတ်ပင်မည့်ဥပဒေ ဆိုင်းငံ့ထားပေးရေး ထရမ့် တောင်းဆို

အမေရိကန်ပြည်ထောင်စုတွင် TikTok အက်ပလီကေး ရှင်းကို ပိတ်ပင်သွားမည့်ဥပဒေအား ဆိုင်းငံ့ထားပေး ရန်နှင့် နောင်တက်လာမည့်အစိုးရအဖွဲ့ကို တာဝန်ပေးရန် ဒီဇင်ဘာ ၂၇ ရက်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို တောင်းဆိုလိုက်ပါသည်။ 

အမေရိကန်တွင် TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ရှိပြီး ဧပြီလတွင် ဂျိုးဘိုင်ဒင်လက်မှတ် ရေးထိုးလိုက်သည့် ဥပဒေပြဌာန်းချက်အရ TikTok ပိုင်ရှင်ကုမ္ပဏီအနေဖြင့်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထား၍ TikTok ကို တရုတ်မဟုတ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချခြင်းမရှိပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်မည်ဖြစ်သည်။ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးသည် ထိုအမှုကို လာမည့်ဇန်နဝါရီလ ၁၀ ရက် တွင် လက်ခံကြားနာမည်ဖြစ်ပါသည်။ 

ဒေါ်နယ်ထရမ့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ပထမ အကြိမ် သမ္မတာဝန်ယူခဲ့စဉ်က TikTok ကိုပိတ်ပင်ရန် ကြိုးစားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲ အကြိုကာလတွင် TikTok ကို ပိတ်ခွင့်မပြုဟု လေသံ ပြောင်းလဲသွားခဲ့သည်။ ဒေါ်နယ်ထရမ့်သည် TikTok စီအီးအို Chew Shou Zi အား ယခု ဒီဇင်ဘာလအတွင်း လက်ခံတွေ့ဆုံခဲ့ပါသည်။   

ကိုးကား - CNA

ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆို

ရုရှားနိုင်ငံဘက်မှ အစပြုမှုဖြင့် ရုရှားသမ္မတဗလာဒီမာ ပူတင်သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သမ္မတ Ilham Aliyev နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကာဇက်စတန်နိုင်ငံ Aktau မြို့အနီး ဒီဇင်ဘာ ၂၅ ရက်နေ့က အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီး ပျက်ကျမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ကြေကွဲဖွယ်ဖြစ်ရပ်အတွက် သမ္မတဗလာဒီမာ ပူတင်က တောင်းပန်ခဲ့ပြီး သေဆုံးသူများ၏ မိသားစုများအား လေးလေးနက်နက် ကြေကွဲဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့ပြီး ဒဏ်ရာရသူများအား အမြန်ပြန်ကောင်း လာစေရန် ဆုတောင်းပေးခဲ့ပါသည်။

အချိန်ဇယားအတိုင်း တိတိကျကျသတ်မှတ်ထားသည့် အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်သည် Grozny လေဆိပ်သို့ ထပ်ခါတလဲလဲ ဆင်းသက်ရန် ကြိုးစား ခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ စကားပြောဆို မှုတွင် သတိပြုမိခဲ့ပါသည်။ အဆိုပါအချိန်တွင် Grozny၊ Mozdok နှင့် Vladikavkaz ဒေသတို့သည် ယူကရိန်း တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်နေ သောကြောင့် ရုရှားလေကြောင်းကာကွယ်ရေးစနစ်များ က အဆိုပါတိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နေ ကြောင်းဖော်ပြထားပါသည်။ ရုရှားနိုင်ငံ၏ စုံစမ်း စစ်ဆေးရေးကော်မတီသည် ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၆၃ (ယာဉ်အန္တရာယ်ကင်းရှင်းရေး စည်းကမ်း ဖောက်ဖျက်မှုနှင့် လေကြောင်းပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်မှု) အရ ပဏာမ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အထူးကျွမ်းကျင်သူများကို စစ်ဆေးမေးမြန်းလျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် အဇာဘိုင်ဂျန် အစိုးရ ရှေ့နေချုပ်ရုံးမှ ဝန်ထမ်းနှစ်ဦးသည် Grozny သို့ရောက် ရှိနေပြီး အထွေထွေအစိုးရရှေ့နေရုံးနှင့် ရုရှားဖက်ဒရေးရှင်း ၏ စုံစမ်းစစ်ဆေးရေးကော်မတီတို့မှ ကိုယ်စားလှယ် များနှင့်အတူ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက် နေကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား - kremlin.ru

ICRC အတွက် ရုရှားထောက်ပံ့ငွေပေးချေမှုကို အမေရိကန်က ဖြတ်တောက်ပိတ်ပင်

ရုရှားနိုင်ငံက နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) သို့ ဆန္ဒအလျောက် ပံ့ပိုးကူညီပေးနေသည့် အထောက်အပံ့ ပေးချေမှုကို တရားမဝင် တဖက်သတ်ဆန်သော ပိတ်ဆို့မှုတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုက ဖြတ်တောက် ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခုလုပ်ရပ်သည် ဥပဒေနှင့် မညီညွတ်သည့် ကန့်သတ်မှု ကြောင့် ထိခိုက်နစ်နာစေသည့် အကျိုးသက်ရောက်မှု နမူနာတစ်ခုဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုထား ပါသည်။

ကိုးကား - TASS

Trump ၏ တူးမြောင်းထိန်းချုပ်ရေး တောင်းဆိုမှုကို Panama မှပယ်ချ

ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကို ပနားမားသမ္မတ Jose Raul Mulino က ပယ်ချလိုက်သည်။ Mulino က ရေလမ်းသည် ပနားမားနိုင်ငံ၏ အမျိုးသားအမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှု သည် ညှိနှိုင်းရန်မလိုကြောင်း အလေးပေး ပြောကြား ခဲ့သည်။ 

မကြာသေးမီက ထရမ့်သည် တူးမြောင်းကို ဖြတ်ကျော် သည့် အမေရိကန်သင်္ဘောများအတွက် ကောက်ခံသည့် အခကြေးငွေနှုန်းထားသည် အလွန်များကြောင်း ပြောဆို ခဲ့ပြီး မဟာဗျူဟာကျသော ရေလမ်းကြောင်းသည် တရုတ်သြဇာလွှမ်းမိုးမှုအောက်သို့ ကျဆင်းသွားသည် ဟု ဝေဖန်ခဲ့သည်။ 

Mulino ၏ ရပ်တည်ချက်ကို အခြားသော လက်တင် အမေရိက ခေါင်းဆောင်များက ထောက်ခံခဲ့ပြီး ပနားမား၏ ရေလမ်းကြောင်းပိုင်ဆိုင်မှု အချုပ်အခြာ အာဏာကို ထောက်ခံအားပေးခဲ့ကြသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါသော ပနားမားတူးမြောင်းကို ၂၀ ရာစုအစောပိုင်း တွင် အမေရိကန်မှတည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ် နှောင်းပိုင်းအထိ အမေရိကန်အုပ်ချုပ်မှုအောက်တွင် ဆက်လက်တည်ရှိကာ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆို၍ ပနားမားသို့ တရားဝင်လွှဲပြောင်းပေးခဲ့သည်။

ကိုးကား-RT

ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက် မဖျက်သိမ်း ပါက လက်နက်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံ ရဖွယ်ရှိနေ ဟု တူရကီသမ္မတ သတိပေး

ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကာ့ဒ် YPG အဖွဲ့အနေဖြင့် လက်နက်ဖျက်သိမ်းခြင်းမပြုပါက လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံရမည်ဟု တူရကီသမ္မတ အာဒိုဂမ်က သတိပေးလိုက်ပါသည်။

တူရကီသမ္မတက ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် Kurdish YPG အဖွဲ့အနေဖြင့် လက်နက် ဖျက်သိမ်းမည် သို့မဟုတ် လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံမည်လားဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း၊ တူရကီနှင့်ကာ့ဒ်လူမျိုးများအကြား သွေးထွက်သံယိုမှုများဖြစ်ရန်ဖန်တီးနေသည့် Kurdish YPG အကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီအစိုးရက အမေရိကန်အစိုးရသည်လည်း Kurdish YPG အဖွဲ့အား ကူညီထောက်ပံ့ပေးနေခြင်း များကိုရပ်တန့်စေလိုသည်ဟု ထပ်မံတောင်းဆိုခဲ့ပါသည်။ ကာ့ဒ်လူမျိုး Kurdish YPG အဖွဲ့သည် ဆီးရီးယား နိုင်ငံတွင် အမေရိကန်အစိုးရက အဓိကကူညီ ထောက်ပံ့ ပေးနေသည့် (SDF) အမည်ရှိ လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။ Kurdish YPG အဖွဲ့သည် ဆီးရီးယားနယ်စပ်ဒေသတွင် အခြေစိုက်ပြီး ဆီးရီးယားအစိုးရကို လက်နက်ကိုင် ဆန့်ကျင့်တိုက်ခိုက်ခဲ့သကဲ့သို့ တူရကီအစိုးရကိုလည်း တိုက်ခိုက်နေကြောင်း သိရှိရသည်။ ဆီးရီးယားနိုင်ငံ သမ္မတ အာဆတ်စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပင် ဆီးရီးယားနိုင်ငံ အတွင်းရှိ တူရကီအစိုးရက ကူညီထောက်ပံ့ပေးနေသော လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့ များအကြား ရန်လိုမှုများမြင့်တက်လာနေကြောင်း သိရ သည်။ Kurdish YPG အဖွဲ့သည် တူရကီနိုင်ငံမှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရရန် လက်နက်ကိုင် ဆန့်ကျင်နေသောအဖွဲ့စည်းဖြစ်ကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။

ကိုးကား-NP News