သတင်းများ

Yoon Suk Yeol ကို ထိန်းသိမ်းရန်အတွက် တောင်ကိုရီး ယား တရားရုံးက ဝရမ်းထုတ်

ဆိုးလ်မြို့ရှိ ခရိုင်တရားရုံးတစ်ခုသည် ဆူပူအုံကြွမှု စွပ်စွဲချက်များနှင့် စွပ်စွဲခံထားရသော သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးရန် ဖမ်းဝရမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဖမ်းဝရမ်းအတွက် လျှောက်ထားချက်ကို ရဲတပ်ဖွဲ့၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

Yoon သည် ပူးပေါင်းအဖွဲ့မှ ထုတ်ပြန်သော ဆင့်ခေါ်ချက် ကို လိုက်နာရန် သုံးကြိမ်တိုင်တိုင် ပျက်ကွက်ပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Yoon အား ရာထူးမှ ပြန်လည် ခန့်အပ်ခြင်း သို့မဟုတ် အပြီးအပိုင်ဖယ်ရှားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ကြားနာစစ်ဆေးခဲ့သည်။

လွှတ်တော်အတွင်း မကျေလည်မှုများဖြစ်ပွားနေသော Yoon သည် ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များက နာရီ အနည်းငယ်အကြာတွင် အဆိုပါကြေညာမှုကို ဆန့်ကျင် ခဲ့ကြသည်။

Yoon ၏ ဥပဒေအကြံပေးအဖွဲ့သည် စွပ်စွဲပြစ်တင်မှု အား စုံစမ်းစစ်ဆေးပိုင်ခွင့်မရှိဟု ငြင်းဆိုထားသည့် ထုချေလွှာကို တရားရုံးသို့ တင်သွင်းထားကြောင်း ၎င်း၏ ရှေ့နေက ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ကိုးကား-NHK World

ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် သက်ဆိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်း၏ နှစ်သစ်ကူး သဝဏ် လွှာတွင်ပြောကြား

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ၏ “ပြန်လည်ပေါင်းစည်းရေး” ၏ “သမိုင်းဝင်လမ်းကြောင်း” ကို မည်သူမျှ တားဆီး နိုင်မည် မဟုတ်ကြောင်း သမ္မတ ရှီက ပြောကြား ခဲ့ပါသည်။ ထိုင်ဝမ်ရေလက်ကြား၏နှစ်ဘက်စလုံးသည် “တစ်မိသားစုတည်း” ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RT

စေ့စပ်ညှိနှိုင်းမှုရလဒ်အဖြစ် ယူကရိန်းထိန်းချုပ်နယ်မြေမှ ရုရှားတပ်ဖွဲ့ဝင် ၁၅၀ ဦးသည် ဒီဇင်ဘာ ၃၀ ရက်တွင်ပြန်လည်ရောက်ရှိလာခဲ့ပြီး အပြန်အလှန်အားဖြင့် ယူကရိန်းစစ်တပ်မှ စစ်သုံ့ပန်း ၁၅၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ တပ်မတော်များသည် ဘီလာရုစ်ပိုင်နက်တွင်ရှိနေပြီး ၎င်းတို့အား စိတ်ပိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများပေးကာ ဆွေမျိုးများနှင့် ဆက်သွယ်ရန် ဆောင်ရွက်ပေးထားကြောင်း၊ ယင်းနောက် ၎င်းတို့အား မော်စကိုရှိ ဆေးဘက်ဆိုင်ရာဌာနများတွင် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

ကိုးကား - Zvezdanews

Photo- SAN

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံအတွင်း၌ လူဦးရေ (၅၁,၃၁၆,၇၅၆) ဦး ရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်း အရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့အင်အားဦးစီး ဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန် ထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှရရှိသော ရှေ့ပြေး လူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ညတွင် မြန်မာနိုင်ငံ အတွင်း၌ ရှိနေသူဦးရေမှာ (၅၁,၃၁၆,၇၅၆) ဦး ဖြစ်ပါသည်။ အဆိုပါစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂,၁၉၁,၄၀၇) ဦးနှင့် စာရင်းမကောက်ယူနိုင်သည့်ဒေသများ အတွက် ခန့်မှန်း လူဦးရေ (၁၉,၁၂၅,၃၄၉) ဦး ပါဝင်ပါသည်။ ကောက်ယူ ရရှိသည့် စာရင်းအရ ကျား ဦးရေမှာ (၁၅,၁၀၅,၂၁၅) ဦးနှင့် မ ဦးရေမှာ (၁၇,၀၈၆,၁၉၂) ဦးဖြစ်၍ အမျိုးသမီး ဦးရေ ပိုများသည်ကို တွေ့ရှိရပါသည်။ အမျိုးသား (၄၆.၉) ရာခိုင်နှုန်းဖြစ်၍ အမျိုးသမီး (၅၃.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး / ပြည်နယ် များတွင် ကျား/မ အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု (စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်း လူဦးရေအပါအဝင်)ကို ဇယားများဖြင့် ဖော်ပြထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေ စာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် https://www.dop.gov.mm တွင် ရယူ နိုင်ရန် ထုတ်ပြန်ထားသည်။

Source: ပြည်သူ့အင်အားဦးစီးဌာန (DOP)

အီးယူလိုလားသူများ၏ ဆန္ဒပြပွဲများဖြစ်ပေါ်နေမှုများ အကြား ဂျော်ဂျီယာ၌ သမ္မတသစ် ရာထူးတက်လာ

အီးယူအဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုသူများ ဆက်လက် ဆန္ဒပြနေကြစဉ် အနောက်အုပ်စုအပေါ် သဘောထား တင်းမာသော Kavelashvili သည် ဂျော်ဂျီယာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်သည်။

ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်း ဖြစ်ခဲ့ ဖူးသည့် သမ္မတသစ် မီခေးလ်ကာဗလက်ရှ်ဗီလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နေ့တွင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိထားသည့် လက်ရှိအာဏာရ Georgian Dream ပါတီ၏ ထောက်ခံမှုဖြင့် Kavelashvili သည် ယခုလ အစောပိုင်း ၌ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

အနောက်လိုလားသော အတိုက်အခံပါတီများနှင့် သမ္မတဟောင်း Salome Zourabichvili တို့သည် Kavelashvili အား တရားဝင်သမ္မတအဖြစ် အသိအမှတ် မပြုပေ။ အောက်တိုဘာလ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲချိုးဖောက်မှုများရှိခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသို့ ဝင်ရောက်နိုင်ရေး ဆွေးနွေးပွဲများကို ဆိုင်းငံ့ထားရန် အစိုးရက နိုဝင်ဘာလတွင် ကြေညာ ခဲ့ပြီးနောက် မြို့တော် Tbilisi တွင် လူထုဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ပါလီမန် အဆောက်အအုံ အပြင်ဘက်၌ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အီးယူအလံများ ကိုင်ဆောင် ထားသော ဆန္ဒပြသူ အများအပြား စုဝေးခဲ့ကြသည်။

သမ္မတဟောင်းနှင့် အတိုက်အခံများက ပါလီမန်ရွေး ကောက်ပွဲ ပြန်လည်ကျင်းပရန် ကြိုးပမ်းနေကြသည်။

ဂျော်ဂျီယာအစိုးရသည် အနောက်နိုင်ငံများနှင့် ဝေးကွာ နေနိုင်သည်ဟု ပြည်တွင်းကျွမ်းကျင်သူများက သုံးသပ် နေကြသည်။

ရုရှား သမ္မတဗလာဒီမာပူတင်သည် ကရင်မလင် နန်းတော်မှ ရုရှားပြည်သူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဖြင့် မိန့်ခွန်းပြောကြား

ရုရှား သမ္မတဗလာဒီမာပူတင်၏ မိန့်ခွန်းတွင် “လာမည့် မိနစ်အနည်းငယ်အတွင်းမှာ ၂၀၂၅ ခုနှစ် ဆိုသည့် နှစ်သစ်ကို စတင်တော့မည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံတွင် အဆိုပါကာလသည် သမိုင်းဝင်အရေးပါသော အကြီးစား ဖြစ်ရပ်များ အပါအဝင် များစွာသော အခိုက်အတန့်များ ဖြင့်ပြည့်နေပါကြောင်း၊ ၎င်းတို့သည် မိမိတို့အတွက် ကြီးမားသော ရည်မှန်းချက်များကိုချမှတ်ပြီး ၎င်းတို့ကို အောင်မြင်စွာ အတူတကွ လက်တွဲခဲ့ကြသောကြောင့် စိန်ခေါ်မှုများကို တစ်ကြိမ်ထက်မကပို၍ ကျော်ဖြတ် နိုင်ခဲ့ခြင်းသည် ၎င်းတို့၏စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက် နှင့်၎င်းတို့၏စွမ်းဆောင်နိုင်မှုတို့ကို ပိုမိုခိုင်ခံလာစေခဲ့ ပါကြောင်း ပူတင်က ပြောကြား

ရုရှား သမ္မတဗလာဒီမာပူတင်၏ မိန့်ခွန်းတွင် “လာမည့် မိနစ်အနည်းငယ်အတွင်းမှာ ၂၀၂၅ ခုနှစ် ဆိုသည့် နှစ်သစ်ကို စတင်တော့မည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံတွင် အဆိုပါကာလသည် သမိုင်းဝင်အရေးပါသော အကြီးစား ဖြစ်ရပ်များ အပါအဝင် များစွာသော အခိုက်အတန့်များ ဖြင့်ပြည့်နေပါကြောင်း၊ ၎င်းတို့သည် မိမိတို့အတွက် ကြီးမားသော ရည်မှန်းချက်များကိုချမှတ်ပြီး ၎င်းတို့ကို အောင်မြင်စွာ အတူတကွ လက်တွဲခဲ့ကြသောကြောင့် စိန်ခေါ်မှုများကို တစ်ကြိမ်ထက်မကပို၍ ကျော်ဖြတ် နိုင်ခဲ့ခြင်းသည် ၎င်းတို့၏စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက် နှင့်၎င်းတို့၏စွမ်းဆောင်နိုင်မှုတို့ကို ပိုမိုခိုင်ခံလာစေခဲ့ ပါကြောင်း ပူတင်က ပြောကြားခဲ့ပါသည်။

ထို့အပြင်၎င်းတို့တွင် ဆုံးဖြတ်စရာကိစ္စရပ်များစွာ ကျန်ရှိနေသေးပါကြောင်း သို့သော် လုပ်ဆောင်ပြီးကိစ္စရပ်များအတွက်လည်းဂုဏ်ယူပါကြောင်း၊ ဤသည်မှာ ၎င်းတို့၏ ဘုံအမွေအနှစ်ဖြစ်ပြီး နောက်ထပ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ယုံကြည်စိတ်ချရသော အခြေခံဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး ခိုင်မာသော ၎င်းတို့နိုင်ငံ သည် အခက်ခဲဆုံးသော စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ခဲ့ပါကြောင်း၊ ယခုလည်း နှစ်သစ်၏ တံခါးဝတွင် ၎င်းတို့ သည် ၎င်းတို့၏အနာဂတ်ကို တွေးတောနေပါကြောင်း၊  အရာအားလုံးအဆင်ပြေသွားမည်မှာ သေချာပါကြောင်း၊ ၎င်းတို့အနေဖြင့် ရှေ့ကိုဆက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အတွက် ပကတိတန်ဖိုးသည် ရုရှားနိုင်ငံ၏ ကံကြမ္မာဖြစ်ပြီး နိုင်ငံသားများ၏ သုခချမ်းသာဖြစ်ရေး ကို ရှေးရှုထားပါကြောင်း၊ အမိနိုင်ငံအတွက် စိတ်ရင်းမှန် ဖြင့်ခံစားချက်များသည် ၎င်းတို့၏ဘဝများကို အဓိပ္ပာယ်ပြည့်ဝစေပါကြောင်း၊ ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ အကျိုးစီးပွားများနှင့် လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကာအကွယ်ပေးလိုသောဆန္ဒသည် ၎င်းတို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

ဤနှစ်သစ်ကူးအကြိုတွင် ရုရှားနိုင်ငံတစ်ဝှမ်းရှိသန်းပေါင်း များစွာသောပြည်သူလူထုများ၊ မိသားစုဆွေမျိုးများ၏ အတွေးများနှင့် မျှော်လင့်ချက်များသည် ရုရှားနိုင်ငံ၏ တပ်မတော်သားများ၊ တပ်မှူးများနှင့်အတူ ရှိနေ ပါကြောင်း၊ ရုရှားနိုင်ငံကို ကာကွယ်ရန်နှင့် ပြည်သူများကို ထာဝရငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အာမခံချက်များကို ပေးဆောင်ရန်အတွက် ကြီးကျယ်ခမ်းနားသည့် စစ်ရေးအလုပ်များကို ဆောင်ရွက်နေကြသည့် စစ်မှန်သည့်သူရဲကောင်းများအဖြစ် ရုရှားတပ်မတော်သားများအား မှတ်ယူထားပါကြောင်း၊ ၎င်းတို့၏ရဲစွမ်းသတ္တိအတွက် ဂုဏ်ယူပါကြောင်း၊ သမ္မတ ဗလာဒီမာပူတင်က ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

အမိမြေအတွက် တိုက်ပွဲဝင်ခဲ့ကြသော ဘိုးဘေးဘီဘင်များအား ဂုဏ်ပြုသောအားဖြင့် ကျရောက်မည့် ၂၀၂၅ ခုနှစ်အား အမိမြေကို ကာကွယ်သောနှစ် ၈၀ ပြည့်အဖြစ် ဂုဏ်ပြုမည့်နှစ်အဖြစ် ကြေညာပါကြောင်း၊ ၎င်းတို့သည် နာဇီဝါဒကို ချေမှုန်းပစ်ခဲ့သောမျိုးဆက်၏ သားသမီးများ၊ မြေးများနှင့် မြစ်များဖြစ်ပါကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှုထမ်းဟောင်းများ၏ ပဋိညာဉ်များနှင့် ဓလေ့ထုံးတမ်းများကို သစ္စာစောင့်သိသွားမည်ဖြစ်ပါကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။

နှစ်သစ်တွင် ၎င်းတို့၏ အိပ်မက်များနှင့် အတွေးအခေါ်များ၊ အကောင်းဆုံးသော ရည်ရွယ်ချက်များသည် သေချာပေါက် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းတို့၏ ချစ်ခင်မြတ်နိုးသည့် ရုရှားနိုင်ငံနှင့် ပြည်သူလူထုများအတွက် ကောင်းကျိုးသုခနှင့် ကြွယ်ဝချမ်းသာမှုတို့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ သည်” ဟု သမ္မတ ပူတင် မှ နှစ်သစ်ကူး ဆုမွန်တောင်းပေးခဲ့ပါသည်။

ကိုးကား - kremlin.ru

Photo- Aljazeera

၂၀၂၅ တွင် တရုတ်သမ္မတ၏ ရုရှားခရီးစဉ် စီစဉ်နေကြောင်း ရုရှားသံအမတ်ကြီးပြောကြား

တရုတ်သမ္မတရှီကျင့်ဖျင်သည် လာမည့် ၂၀၂၅ ခုနှစ် တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဘေဂျင်း မြို့အခြေစိုက် မော်စကိုသံရုံး၏ သံအမတ်ကြီး Igor Morgulov ကို ကိုးကား၍ ရုရှားအစိုးရပိုင် RIA သတင်း ဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောကြားထားပါသည်။

“နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာမှုအတွက်သင့်လျော်သည့်အစီအမံများ စီစဉ်လုပ်ဆောင်နေကြောင်း၊လာမည့်နှစ်တွင် တရုတ်ခေါင်းဆောင်က ရုရှားကို သွားမည်ဟု မျှော်မှန်းထားသည့် ခရီးစဉ်ကို လျှို့ဝှက် ထားစရာမလိုကြောင်း” သံအမတ်ကြီး Igor Morgulov က RIA ကို ပြောကြားထားပါသည်။

နှစ်နိုင်ငံအကြား နီးကပ်သောဆက်ဆံရေး ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားထား သလို တရုတ်နှင့် မိမိတို့၏ မိတ်ဖက် ဆက်ဆံရေးတွင် “အကန့်အသတ်မရှိ” ဟု  ပူတင်က ဆိုထားပါသည်။ 

ကိုးကား (Reuters)

အမေရိကန်အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာတစ်ရပ်ကို မြောက်ကိုရီးယားက ကြေညာ

မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် အမေရိကန်အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာတစ်ရပ် ကို မြောက်ကိုရီးယားက ကြေညာခဲ့သည်ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြသည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် တစ်နှစ်တာရလဒ်များကို အကျဉ်းချုံးဆွေးနွေးကြပြီး လာမည့်နောက်နှစ်အတွက် လုပ်ဆောင်ရမည့် ကဏ္ဍ များကို ဆုံးဖြတ်ခဲ့ကြသည်။ 

အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မြောက်ကိုရီးယား၏ အနာဂတ်နိုင်ငံတော်အကျိုးစီးပွား ကို ကာကွယ်ရန်နှင့် လုံခြုံရေးစိတ်ချရမှုရှိရန်အတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်မည့် အမေရိကန် အပေါ် အလွန်ပြင်းထန်သော တုံ့ပြန်ရေး မဟာဗျူဟာ တစ်ရပ်ကို အလေးထားဆွေးနွေးသွားကြောင်း မီဒီယာ များက ဖော်ပြခဲ့ကြပါသည်။

ကိုးကား - TASS

ထရမ့်၏ ဂရင်းလန်းအပေါ် သဘောထားမှတ်ချက်များက ရုရှားနှင့် တရုတ်ကို တုံ့ပြန်မည့်မူဝါဒ၏ တစ်စိတ် တစ်ပိုင်း ဖြစ်လာနိုင်

ဂရင်းလန်း၊ ကနေဒါနှင့် ပနားမားတူးမြောင်းတို့အပေါ် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သဘောထားမှတ်ချက်များက ရုရှားနှင့် တရုတ်ကို တုံ့ပြန်မည့်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟု The Washington Post က ရေးသားခဲ့သည်။ 

ကနေဒါ၊ မက္ကဆီကို၊ ဂရင်းလန်းနှင့် ပနားမားတို့နှင့် ပတ်သက်ပြီး ထရမ့်၏ မှတ်ချက်များမှာ ခြိမ်းခြောက် လာနေသည့် ပြိုင်ဘက် ရုရှားနှင့် တရုတ်တို့ကို တုံ့ပြန်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ဆက်နွှယ်မှုရှိနေကြောင်း ထရမ့်၏ အသွင်ကူးပြောင်းရေး အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြ ထားသည်။ 

အစောပိုင်းက ထရမ့်သည် ကနေဒါဝန်ကြီးချုပ် Justin Trudeau အား Great State of Canada ၏ Governor အဖြစ် ရည်ညွှန်းပြောကြားခဲ့ပြီး ပနားမားတူးမြောင်း အသုံးပြုခွင့်အခြေအနေကို မပြင်ဆင်ပါက အမေရိကန် သည် ပနားမားတူးမြောင်းကို ပြန်လည်သိမ်းပိုက်နိုင်သည် ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သည် ဂရင်းလန်း (Greenland) ကို ထိန်းချုပ်ရန် လိုအပ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတက ပြောကြားထားသည်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်

အမေရိကန်ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတ ဂျင်မီကာတာသည် ဒီဇင်ဘာ ၂၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။ ၎င်းသည် ကွယ်လွန်ချိန် တွင် အသက် ၁၀၀ အရွယ်ရှိပြီ ဖြစ်ပါသည်။ 

ဂျင်မီကာတာသည် အမေရိကန်ရေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အီဂျစ်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူစာချုပ် ရေးထိုးနိုင်ရန် မားမားမတ်မတ် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်သည်။ သမ္မတတာဝန်ယူချိန် ၁၉၇၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု စွမ်းအင် ဌာနကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်သည်။

ကာတာသည် ၎င်း၏ တိုတောင်းလှသော သမ္မတ တာဝန် ထမ်းဆောင်ပြီးနောက် ဇနီးဖြစ်သူ ရို့စလင်းနှင့်အတူ Carter Center ကို ထူထောင်ခဲ့ပြီး နိုင်ငံတကာ ရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်ခြင်း၊ ကမ္ဘာအနှံ့ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။ ယခုအခါ ဂျင်မီကာတာဈာပနာ အခမ်းအနား ကို အမေရိကန်၏ နိုင်ငံတော်အဆင့်ဈာပနအဖြစ် ကျင်းပ သွားမည်ဖြစ်ပါသည်။

ဂျင်မီကာတာနှင့်ဇနီးရို့စလင်းတို့သည် ၁၉၄၆ ခုနှစ် ဇူလိုင် ၇ ရက်တွင် လက်ထပ်ခဲ့ကြပြီး ရို့စလင်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အသက် ၉၆ အရွယ်၌ ကွယ်လွန်ခဲ့ပါသည်။ အသက် ၁၀၀ အရွယ် ဂျင်မီ ကာတာ သည် အမေရိကန်သမ္မတများအနက် အသက်အရှည်ဆုံး သမ္မတအဖြစ်လည်းကောင်း၊ ၎င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်သက်တမ်း ၇၇ နှစ် အတူနေထိုင်ခဲ့ကြသည့် အသက်အရှည်ဆုံး အမေရိကန်သမ္မတ ဇနီးမောင်နှံ အဖြစ်လည်းကောင်း အမေရိကန်သမိုင်းတွင် မှတ်တမ်း ဝင်သွားပါသည်။

ကိုးကား - CNN