နျူလက်နက်အင်အားကြီး ၂ နိုင်ငံဖြစ်သော အမေရိကန် နှင့်ရုရှားတို့၏ ခေါင်းဆောင်များဖြစ်သည့် ဒေါ်နယ်ထရမ့် နှင့် ဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံ တော်တော်များများက အလိုရှိနေကြသည်ဟု ရုရှား သံတမန်ဟောင်း ယူရီအက်ရှာကောဗ်က ပြောဆိုလိုက် ပါသည်။

“တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်အတွက် မကြာသေးခင်ကမှ သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန်နှင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုတို့က စီစဉ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်း ရကြောင်း၊ နိုင်ငံအသီးသီးက အဆိုပြုချက်များစွာကို ၎င်းအနေဖြင့် လက်ခံရရှိထားကြောင်း” အက်ရှာကောဗ့် က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ “အလားအလာရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများကို မထိခိုက်စေရန်အတွက် အဆိုပြုထားသည့် နိုင်ငံများ၏ နာမည်များကို ၎င်းအနေဖြင့် ထုတ်ပြောမည် မဟုတ် သော်လည်း ယင်းအဆိုပြုချက်များအတွက် အစီအစဉ် ရေးဆွဲပြီး ဆောင်ရွက်နေကြောင်း ” ၎င်းကဆက်လက် ပြောကြားခဲ့သည်။ “သမ္မတပူတင်ကတော့ တတ်နိုင်သမျှ အမြန်ဆုံးစကားပြောရန် အသင့်ဖြစ်နေပြီ” ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ သို့သော် ထိုကဲ့သို့တွေ့ဆုံပွဲအတွက် သီးခြားအစီအစဉ် များ မရှိဟု ကရင်မလင်အစိုးရက ဒီဇင်ဘာ ၂၂ ရက်နေ့ က ပြန်လည်တုန့်ပြန်ထားသည်။
ကမ္ဘာ့မီဒီယာများ၏ ဖော်ပြချက်အရ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က လက်ရှိဖြစ်နေသည့် ရုရှား - ယူကရိန်းနယ်စပ်က စစ်ပွဲ များကို ရပ်တန့်နိုင်ရေးလုပ်ဆောင်ရန် စဉ်းစားနေ သော်လည်း ရုရှား-ယူကရိန်း ၂ နိုင်ငံစလုံးက အပစ်ရပ်ရေး ကို ငြင်းဆန်ထားပါသည်။ ရုရှား၏တောင်းဆိုချက်များ အနက် ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲသို့ မဝင်ရန်၊ ခရိုင်း မီးယား အပါအဝင် ရုရှားသိမ်းထားသော ရုရှားစကားပြော ယူကရိန်းဒေသများကို ယူကရိန်းအနေဖြင့် စွန့်လွှတ်ရန် စသည်တို့ကိုတောင်းဆိုထားသည်။
ယူကရိန်းဘက်မှလည်း ရုရှားတောင်းဆိုချက်များကို မလိုက်လျောနိုင်သကဲ့သို့ ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကို လာရောက်မထိန်းချုပ်ရန်အတွက် တောင်းဆိုမှုများရှိနေရာ လက်တွေ့မကျသော တောင်းဆိုမှုများဖြစ်နေခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာနိုင်စရာမရှိနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။
ဆွစ်ဇာလန်၊ တူရကီနှင့် ဆော်ဒီအာရေးဗီးယားတို့က ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုများကို လက်ခံ ကျင်းပရန် ဆန္ဒထုတ်ဖော်သည့် နိုင်ငံများတွင် ပါဝင် နေပြီး တရုတ်၊ ဘရာဇီးနှင့် အင်ဒိုနီးရှားတို့က ပဋိပက္ခ အဆုံးသတ်ရန် လမ်းပြမြေပုံကို ထုတ်ဖော်ရေးဆွဲထားရှိ ကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် လက်ရှိအချိန်တွင် လူချင်းတွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ၂၃-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။
ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊ သို့မဟုတ် အခြားအကြောင်းပြချက်မရှိဘဲ တွေ့ဆုံရန်ရှိ/ မရှိ မေးမြန်းခဲ့မှုအပေါ် Dmitry Peskov က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။

အစောပိုင်းကာလတွင် ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် သမ္မတပူတင်နှင့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြား ခဲ့ပါသည်။ အလားတူပင် မည်သည့်အချိန်မဆို ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေသည်ဟု သမ္မတပူတင်က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားထားကြောင်း သိရှိရပါသည်။
ကိုးကား - TASS

ယခု ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် ၄၅ နိုင်ငံတို့သည် မိမိတို့နိုင်ငံ၏ ခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြသည်။ ယင်းတို့အနက် ၄ နိုင်ငံသာ အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအကြီးအကဲ ဖြစ်လာစေရန် ရွေးချယ်ခွင့်ရရှိခဲ့ကြောင်း နိုင်ငံတကာဖောင်ဒေးရှင်း၏ ရွေးကောက်ပွဲဆိုင်ရာ စနစ်အချက်အလက် များအပေါ် CNN ၏ လေ့လာဆန်းစစ်မှုအရ သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် အခွင့်အရေးရခဲ့သော်လည်း အမျိုးသမီး များကို ထိပ်ပိုင်းနိုင်ငံ့ခေါင်းဆောင်အဖြစ် မြင်တွေ့ခွင့် ရရှိရန် မျှော်လင့်ထားသည့် မဲဆန္ဒရှင်များအနေဖြင့်ထိုအခွင့်အရေးကို ၈ နှစ်တာအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံဆုံးရှုံးခဲ့ရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည့် (၃) နိုင်ငံမှာ မြောက်မက်ဆီဒိုးနီးယား၊ နမီးဘီးယားနှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်ပြီး ၎င်းတို့ နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးခေါင်းဆောင်များအဖြစ် မှတ်တမ်းဝင်သွားပါသည်။
ကိုးကား - CNN

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။
Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

အသက် ၃၇ နှစ်အရွယ် Assad Hassan al-Shibani ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် ယခင်က HTS နှင့်ဆက်နွှယ်နေသော အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် တူရကီတွင် ပညာသင်ယူခဲ့သူလည်း ဖြစ်ပါသည်။
အသစ်ခန့်အပ်လိုက်သည့် ကာကွယ်ရေးဝန်ကြီးသည် HTS ၏ အကြီးတန်းအဖွဲ့ဝင် Murhaf Abu Qasra ဖြစ်သည်ဟု Reuters သတင်းဌာနနှင့် အခြားမီဒီယာ များတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ကာကွယ်ရေးဝန်ကြီးသစ်နှင့် မစ္စတာ Jolani တို့ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရသစ်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆွေးနွေး ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည် ဆိုပါက HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန် တာဝန်ရှိ သူများက မစ္စတာ Jolani ကို ပြောကြားခဲ့သည်ဟု Washington Post က သတင်းဖော်ပြခဲ့ပါသည်။
နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုထားသည့်အတိုင်း လူနည်းစုများနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့ကို ယာယီအစိုးရက ဖွဲ့စည်းနိုင်မည်လားဆိုသည်ကို အများက အာရုံစိုက်နေကြပါသည်။
ကိုးကား-NHK World

ဂျေရုဆလင် ဒီဇင်ဘာ ၂၃
ဂါဇာဒေသအလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာဆိုင်ရာရုံးက ယနေ့ပြောကြားသည်။
ဆောင်ရွက်ပေးရန်ပန်ကြား

အစ္စရေးတပ်မတော်၏ ၎င်းတိုက်ခိုက်မှုသည် ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် တိုက်ခိုက်ရာတွင် မြေတူးစက်များ၊ ဒရုန်းများ၊ တင့်ကားများ အသုံးပြု၍ အစ္စရေးတပ်ဖွဲ့ဝင်များက စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါရုံးက ထပ်လောင်းပြောကြားသည်။ ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးများနှင့် ကလေးများ အများအပြား သေဆုံးခဲ့သည်။
ယခု တိုက်ခိုက်မှုအတွက် အစ္စရေးတပ်မတော်နှင့် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဂါဇာဒေသခံများအား ကာကွယ်ရေးအတွက် ဝင်ရောက်ဖျန်ဖြေဆောင်ရွက်ပေးရန် ၎င်းရုံးက ပန်ကြားခဲ့သည်။ ဒေသတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု များပြားလာသည့်အတွက် ၎င်းပဋိပက္ခအဆုံးသတ်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက တောင်းဆိုခဲ့သည်။
ဂါဇာဒေသတွင် လက်ရှိအချိန်အထိ ပါလက်စတိုင်းဒေသခံ ၄၅၃၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

ဘင်္ဂလားဒေ့ရှ်၌ ပြင်းထန်သည့်ဆန္ဒပြမှုများကြောင့် ၁၆ နှစ်သက်တမ်းရှိ ရှိတ်ဟာဆီနာအစိုးရအဖွဲ့ပြုတ်ကျ ပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် ရှိတ်ဟာဆီနာအား ပြန်လည်လွှဲအပ်ပေးရန် ဘင်္ဂလား ဒေ့ရှ်က အိန္ဒိယနိုင်ငံသို့ သံတမန်စာတစ်စောင် ပေးပို့ ထားပါသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်တွင် ရောက်ရှိနေခြင်း က နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေမည့် အလားအလာရှိနေသဖြင့် သံတမန်ကျွမ်းကျင်မှုရှိရန် လိုအပ်မည်ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားစီရင်ရေး လုပ်ငန်းစဉ် အတွက် သူမကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးနိုင်ရန်အတွက် အိန္ဒိယအစိုးရထံ သံတမန် ရေးရာစာတစ်စောင် ပေးပို့ထားကြောင်း” ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ နိုင်ငံခြားရေးရာအကြံပေး Touhid Hossain က ပြောကြားခဲ့သည်။
ဒါကာရှိ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (International Court of Tribunal -ICT) သည် ရှိတ်ဟာဆီနာနှင့် သူမ၏ ဝန်ကြီးဟောင်းများ၊ အကြံပေးများ၊ စစ်ဘက်နှင့် အရပ်ဘက်အရာရှိများကို “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု” တို့အတွက် ဖမ်းဝရမ်းထုတ်ထားပါသည်။
ကိုးကား - The indian EXPRESS

ယူကရိန်းပဋိပက္ခ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်စေရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသ မော်နင်းက ဒီဇင်ဘာလ ၂၃ ရက် တွင်ပြောသည်။
တောင်ကမ္ဘာခြမ်းမှနိုင်ငံ အများအပြား ပါဝင်သည့် ယူကရိန်းပဋိပက္ခဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများ အဖွဲ့ဟူသောအဖွဲ့ကို ယခုနှစ်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုအဖွဲ့မှတာဝန်ရှိသူများကတွေ့ဆုံစဉ် ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မော်နင်းက ဆက်ပြောသည်။

ထို့ပြင် ယင်းအဖွဲ့သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို လေ့လာသုံးသပ်တွက်ချက်မှုများလုပ်ပြီး မကြာသေးမီကဖြစ်ပေါ်ခဲ့သော အခြေအနေတင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။
အလားတူ အဆိုပါအဖွဲ့သည် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် လေးစားမှုဟူသော အခြေခံသဘောတရားများကို လက်ကိုင်ထားကာ နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းသောဖြေရှင်းနည်း အသုံးပြု၍ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများကိုလျှော့ချရေးအတွက် တောင်းဆိုကြောင်း မော်နင်းက ပြောသည်။
Source: Myawady Web Portal

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico နှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းဝန်က ပြောကြားလိုက်ပါသည်။
ဆလိုဗက်ကီးယားသို့ ရုရှား၏ ဓာတ်ငွေ့သယ်ယူ ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်ကို ရပ်ဆိုင်းရန် ယူကရိန်းသမ္မတ၏ ဆုံးဖြတ်ခဲ့မှု နောက်ပိုင်း တွင် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Fico သည် ပူတင် နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆားဘီးယား သမ္မတ Aleksandar Vucic က အစောပိုင်းက ပြောကြားထားသည်။

ရုရှား၏ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး၏ တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်အတွက် ၅ နှစ် သက်တမ်းရှိ သဘောတူ စာချုပ်ကို ထပ်မံ၍ သက်တမ်းမတိုးရန် ယူကရိန်း သမ္မတ၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစ၍ ရုရှားဓာတ်ငွေ့များ မရရှိပါက ဆလိုဗက်ကီးယား သည် အကြပ်အတည်းဖြစ်စေမည်ဟု Fico အစောပိုင်း က ပြောကြားထားသည်။
Fico သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဆလိုဗက်ကီးယားအစိုးရကို ဦးဆောင်ခဲ့ပြီး ယင်း မတိုင်မီက ၂၀၀၆-၂၀၁၀ နှင့် ၂၀၁၂-၂၀၁၈ ခုနှစ် ကာလ များတွင် ၀န်ကြီးချုပ် တာဝန်ယူခဲ့သည်။ ပူတင်သည် ယခင်ရာထူးသက်တမ်းအတွင်း Fico နှင့် အကြိမ်ကြိမ် တွေ့ဆုံဖူးသည်။
ကိုးကား -TASS/ Foreign policy

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းတွင် အလုပ်အများဆုံးနေရာဖြစ်သည့် ပနားမားတူးမြောင်းတွင် အမေရိကန်သင်္ဘောများ၏ ဖြတ်သန်းခများကို အလွန်အကျွံနှုန်းထားများဖြင့် ကောက်ခံနေသဖြင့် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ် ကြောင်း ခြိမ်းခြောက်လိုက်ပါသည်။

“ယခုကိစ္စသည် အမေရိကန်၏ရေတပ်စစ်သင်္ဘောများနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအတွက် တရားမျှတမှုမရှိကြောင်း၊ ပနားမားက ကောက်ခံနေသည့်နှုန်းထားများသည် အဆမတန်ကြီးမားနေသဖြင့် အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း” ထရမ့်က ၎င်း၏ Truth Social platform မှတစ်ဆင့် ပြောကြားထား ပါသည်။
အမေရိကန်သည် ၁၉၁၄ ခုနှစ်တွင် ပနားမားတူးမြောင်းကို တည်ဆောက်ပြီးစီးခဲ့ပြီး တူးမြောင်းပတ်ပတ်လည် နယ်နိမိတ်ကို ဆယ်စုနှစ်များစွာ ပူးတွဲထိန်းချုပ်ခဲ့ကာ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံသို့ အပြီးအပိုင် လွှဲအပ်ပေးခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ကိုဆက်သွယ်ပေးထားသည့် ပနားမားတူးမြောင်းတစ်ဝိုက်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုကိုလည်း ထရမ့်က အရိပ်အမြွက်ပြောကြားထားပါသည်။
ကိုးကား - ALJAZEERA

ယူကရိန်းနှင့် ရုရှားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရှာဖွေရန် ဆွေးနွေးမှု များ မြင့်တက်နေချိန်တွင် အမေရိကန် ရွေးကောက်ခံ သမ္မတနှင့် ဗလာဒီမာပူတင် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါသည်။

ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် ကွန်ဆာဗေးတစ် အစည်းအဝေးပွဲတစ်ခု၌ “ပူတင်က ၎င်းနှင့် အမြန်ဆုံး တွေ့ဆုံလိုကြောင်း” ပြောကြားခဲ့သည်ကို တုံ့ပြန်သည့် အနေဖြင့် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒီဇင်ဘာ ၂၃ ရက်တွင် TASS သို့ ပြောကြား ရာတွင် “ဇန်နဝါရီလတွင် သမ္မတ ရာထူးမတက်မီ ထရမ့် နှင့်တွေ့ဆုံမှုအတွက် အမှန်တကယ် တွန်းအားပေးမှုများ မရှိသေးကြောင်း” ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြားတိုက်ပွဲများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး မော်စကိုသည် အရပ်ဘက်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို အဓိကရည်ရွယ်၍ ယူကရိန်း ပိုင်နက်တစ်လျှောက် ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
ကိယက်ဗ်သည် ရုရှားပိုင်နက်အတွင်းရှိ ရုရှားရေနံနှင့် စွမ်းအင်ပစ်မှတ်များကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး သီတင်း ပတ်ကုန်က ရုရှားနိုင်ငံ၏ ရေနံကြွယ်ဝသော တာတာ စတန်သမ္မတနိုင်ငံ၏ မြို့တော် ကာဇန်တွင် အထပ်မြင့် အဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပူတင်သည် ဝါရှင်တန်နှင့် အနောက်နိုင်ငံများရှိ ပရိသတ်များရှေ့၌ ရုရှား၏ လိုက်လျောနိုင်မှု အလားအလာကို ဖော်ပြခဲ့ပြီး ၎င်း၏ နှစ်ကုန်အမေးအဖြေကဏ္ဍနှင့် သတင်းစာရှင်းလင်းပွဲ တွင် “ရုရှားသည် အပေးအယူလုပ်ရန် အဆင်သင့် ဖြစ်နေကြောင်း” တစ်ကြိမ်ထက်မကပြောဆိုခဲ့သည်။
သို့သော် ပူတင်သည် “မော်စကို၏ ယူကရိန်းကို သိမ်းပိုက်ရန်၊ နေတိုးထံမှ အဓိကလုံခြုံရေးအာမခံချက် များရရှိရန်နှင့် အနောက်အုပ်စုအား ငြိမ်းချမ်းစေရန်” စသည့် မော်စကို၏ လိုလားချက်များအား အပေးအယူ လုပ်ရန် ညှိနှိုင်းရေးအချက်များစွာကို ထည့်သွင်းထား သည့်အပြင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီး အား တရားဝင်ခေါင်းဆောင်အဖြစ် မစဉ်းစားကြောင်း ပြောဆိုခဲ့သည်။ “စစ်ပွဲကို အမြန်အဆုံးသတ်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ စစ်ပွဲသည်ကြောက်စရာကောင်းကြောင်း” ထရမ့်က ဒီဇင်ဘာ ၂၂ ရက် Turning Point's America Fest Convention တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
မော်စကို၊ ကိယက်ဗ်၊ ဘရပ်ဆဲလ်၊ ဝါရှင်တန်နှင့် အခြားသော မြို့တော်များတွင် တံခါးပိတ်အစည်းအဝေးပြီးနောက် သံတမန်များ၊ ရွေးကောက်ခံ ခေါင်းဆောင် များနှင့် စစ်ဘက်အရာရှိများသည် ဒုတိယ ကမ္ဘာစစ် ကတည်းက ဥရောပ၏ အကြီးဆုံးမြေပြင်စစ်ပွဲအတွက် ဖြေရှင်းချက်တစ်ခုကို ရှာဖွေနိုင်ရေး အောင်မြင်မှုရရှိရန်အတွက် အားထုတ်ကြိုးပမ်းနေသည့် အခြေအနေ (full-court press) ဖြစ်လာမည့် အလားအလာများအတွက် ပြင်ဆင်နေကြသည်ဟု လေ့လာသူများက ဆိုသည်။
အနောက်တိုင်းစေ့စပ်ညှိနှိုင်းမှုများ၌ ၃၄ လ ကျော်ကြာ ပြီး နှစ်ဖက်စလုံးမှ လူ ၁ သန်းကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည့် ပဋိပက္ခကို ဖြေရှင်းရန်အတွက် သဘောထားအမြင်များသည် တွန်းအားပေးမှုဆီသို့ ပြတ်ပြတ်သားသား ကူးပြောင်းသွားခဲ့သည်။ ပူတင်သည် ဥရောပသမဂ္ဂ ခေါင်းဆောင်တစ်ဦးနှင့် ရှားရှားပါးပါး တွေ့ဆုံမှုအနေဖြင့် ဒီဇင်ဘာ ၂၂ ရက်က ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုနှင့် တွေ့ဆုံခဲ့သည်။ အဓိက အကြောင်းအရာမှာ ယူကရိန်းနိုင်ငံမှတစ်ဆင့် ရုရှားနိုင်ငံ အတွက် သဘာဝဓာတ်ငွေ့များ ဖြတ်သန်းသယ်ဆောင် ခွင့်ပြုသည့်စာချုပ်သည် မကြာမီသက်တမ်းကုန်ဆုံးတော့ မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်း၏ စစ်ရေးအခြေအနေနှင့် စစ်ပွဲအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြေများအကြောင်း ဆွေးနွေးခဲ့ကြသည်။
ဖီကိုသည် လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်က ရုရှားက ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်သည့်အချိန်မှစ၍ ပူတင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထား သည့်ဥရောပခေါင်းဆောင် အနည်းငယ်အနက်မှ တစ်ဦး ဖြစ်သည်။
ယူကရိန်း-ရုရှား စစ်ပွဲအပေါ် ဥရောပခေါင်းဆောင် အများစုနှင့် သိသိသာသာ အမြင်ကွဲပြားသည့် ဖီကိုသည် ၎င်း၏လက်ဝဲဝါဒီအဖွဲ့ ဖြစ်သည့် Smer (Direction) က ရုရှားလိုလားပြီး အမေရိကန်ဆန့်ကျင်ရေး ပလက်ဖောင်းပေါ်တွင် ပါလီမန်ရွေးကောက်ပွဲ၌ အနိုင်ရပြီးနောက် မနှစ်က အာဏာပြန်လည်ရရှိခဲ့သည်။
ထိုအချိန်မှစ၍ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီများ ရပ်ဆိုင်းခဲ့ပြီး ရုရှားအပေါ် အီးယူ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကာ နေတိုးအဖွဲ့ဝင် အဖြစ် ယူကရိန်းကို ပိတ်ဆို့မည်ဟု ကတိပြုခဲ့သည်။
ကိုးကား - Radio Free Europe