တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်သန်း(၄၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြစန်းရီ(၄၀)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ် တစ်စီးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်သန်းနှင့် ဒေါ်မြစန်းရီတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင် သွားကားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနေ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဦးမြင့်အေး(၆၁)နှစ်သည် ၎င်း၏နေအိမ်မှ မိတ္ထီလာမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မိတ္ထီလာ-မလှိုင်သွားကားလမ်း မိုင်တိုင်အမှတ် ၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းမြင့်(၇၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ ပုလောမြို့နယ်စာတိုက်မှ ဆက်သွယ်ရေး(၄)ဝန်ထမ်း ဦးဝင်းမင်းထွန်း(၄၃)နှစ်တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ယူကရိန်းတပ်ဖွဲ့များသည် ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနှင့် အီတလီတို့ထံမှ လူသေစေသည့် စစ်လက်နက် အမြားအပြား လက်ခံရရှိထားကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ Alexander Bastrykin က TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ဂျာမနီ၊ ရိုမေးနီးယား၊ အက်စတိုးနီးယားနှင့် အခြားနိုင်ငံ အတော်များများက ယူကရိန်းတပ်ဖွဲ့ကို လူသေစေသည့် လက်နက်များ ထောက်ပံ့ပေးနေတာကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်အတူ ကျွန်တော်တို့ အခု မှတ်တမ်းတင်နေပါတယ်” ဟု သူက ဆိုပါသည်။

Bastrykin ၏ ပြောကြားချက်အရ Storm Shadow ခရုဇ်ဒုံးပျံများ၊ အမြောက်ကျည်များ၊ တင့်ကားများ၊ လက်နက်ကြီးကျည်များ၊ လေကြောင်း တိုက်ခိုက်ရေးဗုံးများနှင့် ကျည်ဆံများကို ဥရောပမှ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် ယူကရိန်းတပ်မတော်သည် တိုက်ခိုက်ရေးများတွင် သာမက အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရာတွင်လည်း တွင်ကျယ်စွာအသုံးပြုသည့် ဒရုန်းများကို လက်ခံရရှိထားသည် သိရပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ကျွန်းလှမြို့နယ် ဆားကျင်းကျေးရွာတွင် သက်တော် ၈၅ နှစ်အရွယ်ရှိ ကျောင်းထိုင် ဆရာတော် တစ်ပါး ဒလန်စွပ်စွဲချက်ဖြင့် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်၊နံနက် ၈ နာရီခန့်က ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ် (ဝါတော် ၄၅) သည် ကျောင်း အတွင်း တစ်ပါးတည်းရှိနေစဉ် PDF များ ရောက်ရှိ လာပြီး ဒလန်စွပ်စွဲချက်ဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်သည် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါကျောင်းတိုက်အနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်လည်း မီးရှို့ဖျက်ဆီးခဲ့ကာ PDF များသည် ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား သိရှိသည့် ဒေသခံတစ်ဦးက “PDF တွေက သူတို့ကို မထောက်ပံ့လို့ နမူနာပြ လုပ်သွားခြင်းဖြစ်ကြောင်း၊ သူတို့ အခုလိုလုပ်လိုက်လို့ ရွာသူ ရွာသားများလည်း ရှောင်ပုန်း နေရကြောင်း၊ ဆရာတော်က PDF တွေ ကန့်ဘလူ၊ ကျွန်းလှနဲ့ ရွှေဘို၊ ခင်ဦးမြို့နယ်များမှာ လမ်းပိတ်ထားမှုကြောင့် လူမှုရေး၊ စီးပွားရေး၊ သာရေး၊ နာရေးကိစ္စများ အခက်အခဲဖြစ်တဲ့ ကိစ္စ တွေကို တရားပွဲတွေမှာ မိန့်ကြားခဲ့သည့်အတွက် ဒလန်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း” ပြောကြားသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာတွင် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်းအား Local PDF အဖွဲ့ဝင် ၁၀ ဦးက ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် NUG အဖွဲ့က ထုတ်ပြန်ရာတွင် Father Donald Martin ရဲနိုင်ဝင်း အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး NUG အနေဖြင့် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်းလုပ်ကိုင်လျက်ရှိကြောင်း၊ ပြစ်မှူကျူးလွန်သူများကို ဖမ်းဆီးထားပြီး ဒေသကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရသဖြင့် စစ်ခုံရုံးတင်စစ်ဆေးကာ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကာ လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် NUG အနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ် ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေး ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဆားကျင်းဆရာတော် သတ်ဖြတ်ခံရမှုအပေါ် NUG အပါအဝင် မည်သည့်အဖွဲ့မျှ တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုသေးသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လအထိစာရင်းများအရ ပဋိပက္ခဖြစ်စဉ်အတွင်း သံဃာအပါး ၁၀၀ ကျော် ပျံလွန်တော်မူကာနှင့် သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ် မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှု များကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
PDF အဖွဲ့များ၏ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာ အပါး ၁၀၀ ကျော်နှင့် သီလရှင်နှစ်ပါးပျံလွန်တော်မူထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ ပျံလွန် တော်မူခဲ့သည့် သာသနာ့ တာဝန်ထမ်းဆောင်နေကြသော သံဃာတော်အပါး ၁၀၀ ကျော် အပါအဝင် အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ထိရှိပြီဖြစ်ကြောင်းသိရသည်။
Source: Eleven Media Group

ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဥရောပလုံခြုံရေးသည် ယူကရိန်း တောင့်တင်းခိုင်မာမှုကိုအခြေပြု၍ စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု ပြောကြားခဲ့ပြီး ယူကရိန်း၏ စစ်အင်အားဖျက်သိမ်းရမည် ဟူသော ရုရှား၏အဆိုပြုမှုကို ပယ်ချခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က မော်စကိုကို တုန့်ပြန်ရန် ကိယက်ဗ်ကို ထောက်ခံ အားဖြည့်ပေးလိုသော နိုင်ငံများ၏ မဟာမိတ်အဖွဲ့သစ်တစ်ခု ဖွဲ့စည်းရန် အစီအစဉ်များကို ကြေညာပြီးနောက် Scholzက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စတာမာက မတ်လ ၂ ရက်(တနင်္ဂနွေနေ့)က လန်ဒန်တွင် အရေးပေါ် အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ကိယက်ဗ်၏ အထောက်အပံ့ပေးသူအချို့တွင် အရင်းအမြစ်များ ကန့်သတ်ချက်ရှိသော်လည်း ဆောင်ရွက်နိုင်သူများသည် အရေးပေါ်လုပ်ဆောင်သင့်ကြောင်း ဝန်ခံခဲ့သည်။ အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားရာတွင် Scholz က ဘာလင်သည် တပ်ဖွဲ့ဝင်များ စေလွှတ်ရေးနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ယူကရိန်းအတွက် ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ကို ဆက်လက်ပေးအပ်မည်ဟု အလေးထား ပြောကြား ခဲ့သည်။
Kiel Institute ၏ အဆိုအရ ဂျာမနီသည် ယူကရိန်းအတွက် စစ်ရေးနှင့် အခြားအကူအညီများ ယူရိုဒေါ်လာ ၁၈ ဘီလီယံခန့် ပံ့ပိုးပေးခဲ့ကာ အမေရိကန်ပြီးလျှင် ဒုတိယထောက်ပံ့မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဝါရှင်တန်၊ ဆိုက်ဘာတိုက်ခိုက်မှု
ရုရှားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ပစ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အမေရိကန်ဆိုက်ဘာတပ်ဖွဲ့အား အမိန့်ပေးညွှန်ကြားလိုက်ကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။

ဒစ်ဂျစ်တယ်စစ်ဆင်မှုများအပါအဝင် ရုရှားနိုင်ငံအပေါ်ဆင်နွှဲနေသည့် ဆိုက်ဘာတိုက်ခိုက်မှုအားလုံးကို ရပ်တန့်ပစ်ရန် ပိဟက်ဆက်က ဆိုက်ဘာတပ်ဖွဲ့မှ အကြီး အကဲ ဗိုလ်ချုပ်ကြီး တင်မသီဟိုအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း The Record က အမေရိကန်အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခြင်းဖြစ်သည်။
ရုရှားနိုင်ငံအပေါ်လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သည့်အချိန်ကာလအထိ ရပ်ဆိုင်းထားမည်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်းသိရသည်။ သို့သော် အမေရိကန်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် ရုရှားနှင့်အမေရိကန်နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တိုးတက်လာစေရန်ရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း မီဒီယာတွင် ဆက်လက်ဖော်ပြထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ရုရှားနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့်ဆန့်ကျင်နေသည့် စစ်ဘက်မှအရာရှိကြီးများကို ရာထူးမှဖယ်ရှားရန် စီစဉ်လျက်ရှိသည်ဟု NBC သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။
Source: https://myawady.net.mm/

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန်-မိုးနဲသွားကားလမ်းတွင် ခွန်မောင်လံ(ခ)လုံးလံ မောင်းနှင်လာသည့် NISSAN MARCH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား (တစ်ပြား လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ခွန်မောင်လံ(ခ)လုံးလံ(၆၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြင်သစ်သမ္မတ Emmanuel Macron က ရုရှား၏နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဥရောပတွင် နျူကလီးယားဟန့်တားရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျာမနီ၏ဝန်ကြီးချုပ်အသစ် Friedrich Merz က နျူကလီးယားဟန့်တားရေးအစီအစဉ်ကို စတင်ပြောကြားခဲ့ ပြီးနောက် နျူကလီးယားလက်နက်အရေး ဆွေးနွေးရန် စဉ်းစားလျက်ရှိကြောင်း Macron က နိုင်ငံပိုင်သတင်းစာ Le Monde နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

Macron က ဥရောပကို ကာကွယ်နိုင်ရန်အတွက် ၎င်း၏ နျူကလီးယားလက်နက်ကို အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ကြေညာပြီးနောက် ယခုကဲ့သို့ ၎င်း၏ ပြောကြားချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
မိမိတို့ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် လွတ်လပ်စွာရပ်တည်နိုင်စွမ်းနှင့် နျူကလီးယားခြိမ်းခြောက်မှုကို ဟန့်တားနိုင်စွမ်းတို့ အားကောင်းလာစေလိုသည့်ဆန္ဒရှိပါက မဟာဗျူဟာကျကျ အသေးစိတ် ဆွေးနွေးမှုကို လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် ထိလွယ်ရှလွယ်ပြီး သိုသိုသိပ်သိပ် လုပ်ဆောင်ရမည့်ကိစ္စရပ် များပါဝင်မည် ဖြစ်သော်လည်း မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အသင့်ရှိကြောင်း Macron က ပြောကြား ခဲ့ပါသည်။
ကိုးကား- Tagtik.co.uk
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျောက်မဲတောင်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနိုင်သာ(၄၃)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ ဥယျာဉ်ခြံသို့ ခြေလျင်သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့၊ အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ထားဝယ်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာနေ ဒေါ်ခင်မာဌေး(၅၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ ရော်ဘာခြံသို့ သွားရောက်စဉ် ရော်ဘာခြံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

နည်းပညာဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှရှောင်ရှားကြရန် နိုင်ငံအတွင်းရှိ AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအား တရုတ်အာဏာပိုင်အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအနေဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ပါက နိုင်ငံ၏နည်းပညာ တိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားမည်ကို တရုတ်အစိုးရက စိုးရိမ်နေခြင်းဖြစ်ကြောင်း the Wall Street Journal က ဖေဖော်ဝါရီလ ၂၈ ရက်တွင်ဖော်ပြသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် AI နည်းပညာကဏ္ဍမှ ဦးဆောင်သူများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမေရိကန်နှင့် တရုတ်တို့၏ စေ့စပ်ဆွေးနွေးမှုတွင် အမေရိကန်၏ အသုံးချခံရမည်ကို တရုတ်နိုင်ငံက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ဂျာနယ်တွင် ဆက်လက် ဖော်ပြထားသည်။
အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ AI နည်းပညာပြိုင်ဆိုင်မှုတွင် ထိပ်ဆုံးမှပါဝင်လျက်ရှိပြီး မကြာသေးမီက မိတ်ဆက်ဖော်ပြခဲ့သည့် တရုတ်နိုင်ငံမှ Deep-Seek AI မော်ဒယ်သည် အမေရိကန်၏ OpenAI နှင့် alphabet တို့ထက် တန်ဖိုးနည်းပါးသော်လည်း နည်းပညာသာလွန်မှုရှိသည် ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာလုံခြုံရေးအပါအဝင် အလုံးစုံသောလုံခြုံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေးလုပ်ဆောင်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များအား ဖေဖော်ဝါရီလ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တောင်ခမ်းစစ်မျက်နှာတွင် ထိုးစစ်ဆင်ခဲ့သော TNLA ပူးပေါင်းတပ်ဖွဲ့များကို အသာစီးရယူခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် နောင်ချိုသို့ ဦးတည်နေပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ခံစစ်ပြင်နေရကာ တောင်ခမ်းစစ်မြေပြင်မှ TNLA ၏ အကြွင်းအကျန် တပ်များကို တပ်မတော်ကနှစ်ဖက်ညှပ်ကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ခမ်းစစ်မြေပြင်မှ တပ်မတော်၏ တန်ပြန်ထိုးစစ်၏ အရှိန်ကြောင့် TNLA တို့၏ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းအချို့ကို ဟန့်တားနိုင်ခဲ့ကြောင်းလည်း သိရသည်။
“တောင်ခမ်းက Save ဖြစ်ပြီဟု ပြောနိုင်ပြီ ဖြစ်ကြောင်း၊ ယခု လုံကာ စာသင်ကျောင်းကိုရပြီ၊ ရပြီဆိုသည်နှင့် အောက်ဘက် အင်းဖိုဘက်က လာနေသည့် ထောက်ပံ့ပို့ဆောင်ရေး (Logistic) တချို့လည်း ရပ်သွားမည်ဖြစ်ကြောင်း၊ အင်းဖို၊ ယာပြင်၊ သရက်ချို လမ်းကြောင်းကို ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ လမ်းကြောင်းအားလုံး မဟုတ်သေးကြောင်း၊ တပ်တွေကတော့ နောင်ချိုကို ခေါင်းတည်နေကြောင်း” စစ်ရေး သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
တောင်ခမ်းစစ်မြေပြင်တွင် အရေးမလှဖြစ်နေသော TNLA ပူးပေါင်းအဖွဲ့ သည် နောင်ချိုမြို့ကို ကာကွယ်ရန်အတွက် ထပ်မံခံစစ်ဆင်ဖွယ်ရှိသော်လည်းမြေပြင်အနေအထားအရ တပ်မတော်ဘက်တွင် အလေးသာလျက် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
တောင်ခမ်းတိုက်ပွဲတွင် ဗမာ PDF အများအပြားက ပါဝင် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် စိတ်ဓာတ်ကျဆင်းကာ တိုက်လိုခိုက်လိုစိတ် နည်းပါးသွားသည်ကို တွေ့မြင်ရကြောင်းလည်း မေးမြန်းထားသောအချက်အလက်များအရ သိရသည်။ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် လ၊ ၁၀ ရက်မှစတင်ကာ ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်အတွင်းရှိ တောင်ခမ်းကျေးရွာ တပ်မတော်အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းအဖွဲ့က စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ့်ပြီး ယနေ့အထိ ဆိုပါလျှင် ရက်ပေါင်း (၁၉၀) ကျော် လာခဲ့ပြီဖြစ်သည်။ တောင်ခမ်းတိုက်ပွဲအတွင်း၌ TNLA / PDF ပူပေါင်း အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား-NP News