သတင်းများ

IS စစ်သွေးကြွအဖွဲ့ဝင်များအပါအဝင် အကြမ်းဖက်သမား ၃၇ ဦးအား အရှေ့အာဖရိက ဒေသ တစ်ဝန်းတွင် ဖမ်းဆီးနိုင်ခဲ့

ပဲရစ်၊ အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု

IS စစ်သွေးကြွအဖွဲ့ဝင်များ    အပါအဝင် အကြမ်းဖက်သမား ၃၇ ဦးအား အရှေ့အာဖရိက ဒေသတစ်ဝန်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အင်တာပိုအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

အင်တာပိုအဖွဲ့သည်   စစ်သွေးကြွအဖွဲ့မှ အကြမ်းဖက်သမားများအား အာဖရိကဒေသလုံးဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့်အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာပိုအဖွဲ့သည် အာဖရိကတွင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်း   ကင်ညာနိုင်ငံမှ နှစ်ဦး၊  မိုဇမ်ဘစ်နှင့်တန်ဇန်းနီးယားနိုင်ငံများတွင် တစ်ဦးစီ ဖမ်းဆီးရမိခဲ့ပြီး အခြားအကြမ်းဖက်သမားများကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်    ဆိုမာလီယာနိုင်ငံတို့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက်တိုက်ဖျက်မှုတွင် ယခုကဲ့သို့ အပြုသဘောဆောင်သည့်  ရလဒ်ထွက်ပေါ်လာခြင်းသည် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းအား ကိုဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အင်တာပိုမှ ဆီရေးဂေါက်က ပြောကြားခဲ့သည်။

Source: Myawady Web Portal

ရေကြောင်းဥပဒေ စိုးမိုးရေးပူးပေါင်းမှုအဖြစ် ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ ပူးတွဲ လေ့ကျင့်

ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ ကမ်းခြေစောင့်တပ်နှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း အရာရှိများသည် ရေကြောင်းတရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြကြောင်း မနီလာရှိ အမေရိကန်သံရုံးထုတ်ပြန်ချက် အရသိရှိရပါသည်။

ဇန်နဝါရီ ၁၃ မှ ၂၄ အထိ ၂ ပတ်ခန့်ကြာမြင့်သည့် အဆိုပါ ပူးတွဲလေ့ကျင့်မှုကို ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ် တက်ရောက်တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းဆိုင်ရာ နည်းစနစ်ပိုင်းများကို လေ့ကျင့်ခဲ့ကြကြောင်း၊ တရုတ်နှင့် ရေပိုင်နက်ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သဖြင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ 

မဟာဗျူဟာကျသော ရေလမ်းကြောင်းတွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ မကြာခဏဆိုသလို ထိတွေ့ တင်းမာမှုများ ဖြစ်ပွားလေ့ရှိပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားရေယာဉ်တို့မှာလည်း အလားတူဖြစ်စဉ် ကြုံတွေ့ရလေ့ရှိပါသည်။ 

“မိမိတို့၏ ရေပိုင်နက်အချုပ်အခြာအာဏာ ငြိမ်းချမ်း၍ လုံခြုံမှုရှိပြီး သာယာဝပြောသည့်ဇုန်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး လက်တွဲပူးပေါင်းသွားရန် ထပ်လောင်း ကတိကဝတ်ပြုပြောကြားပါကြောင်း” ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ခရိုင်တပ်မှူး Rejard V Marfe က ပြောကြားထားကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

ကိုးကား-CNA

Photo: ABS-CBN

အမေရိကန်၏ စစ်လက်နက်ပစ္စည်းတင်ပို့မှု စံချိန်တင် အမြင့်ဆုံးသို့ရောက်ရှိ

ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံအများအပြားသည် ၎င်းတို့၏စစ်လက်နက် ပစ္စည်းသိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများ မြင့်တက်လာခဲ့ပြီး အမေရိကန်၏လက်နက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကန်၏ လက်နက်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၁၈ ဒသမ ၇) ဘီလျံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၂၉) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု သိရပါသည်။ အမေရိကန်ကုမ္ပဏီများ၏ စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ရောင်းချမှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၅) ဘီလျံရရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ (၂၀၀ ဒသမ ၈) ဘီလျံထိ မြင့်တက်လာခဲ့သည်ဟု အချက်အလက်များအရ သိရပါသည်။

အမေရိကန်အစိုးရမှစီစဉ်ပေးသည့် စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၉) ဘီလျံထိမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ(၈၀ ဒသမ ၉)ဘီလျံ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ ဥရောပနိုင်ငံများသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသည့်နိုင်ငံများထဲ၌ ပါဝင်ခဲ့ပြီး ရောင်းချမှု၌ ရိုမေးနီးယားနိုင်ငံအတွက် အမေရိကန် ဒေါ်လာ(၇ ဒသမ ၂)ဘီလျံတန်ဖိုးရှိ F-35 တိုက် လေယာဉ်များ၊ ဂျာမနီအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ဒုံးကျည်များအပြင် နော်ဝေး၊ ပိုလန်၊ စပိန်၊ ဩစတြီးယားနှင့် အခြားနိုင်ငံများအတွက် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် သံချပ်ကာယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုတွင် အစ္စရေးနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁၈ ဒသမ ၈) ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ပါဝင်ကြောင်းလည်း သိရှိရသည်။

ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစတင်ကာ အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အဆမတန်တိုးလာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူ အများအပြားက မှတ်ချက်ပြုပြောဆိုခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းရောင်းချမှု စုစုပေါင်း၏ (၄၂) ရာခိုင်နှုန်းခန့်ရှိကြောင်း Stockholm International Peace Research Institute က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။

ကိုးကား-NP News

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ စာတိုက်တကာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကျော်ထွန်း(၄၂)နှစ်နှင့် ဦးဇော်ဇော်အောင်(၃၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ခြောက်ဦးအား လုယက်ရာမှရရှိသည့် သက်သေခံ ဆိုင်ကယ် သုံးစီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

     ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာနေ မင်းထက်(၁၆)နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေသူများဖြစ်ကြသည့် ချမ်းမြေ့အောင်(ခ)ငချမ်း(၁၈)နှစ်၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်(၁၈)နှစ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ)အောင်ကျော် (၂၁)နှစ်တို့ လေးဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၆၀ လမ်းရှိ Blue Moon ဘီယာဆိုင်၌လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေသူများဖြစ်ကြသော အောင်ကိုမင်း(၂၁)နှစ်နှင့် အောင်သူကျော်(ခ)ကိုချစ်(၁၈)နှစ်တို့ နှစ်ဦးအား မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၉ လမ်းနှင့် ၁၃၀ လမ်းကြား၊ ၅၄ လမ်းရှိ အအေးဆိုင်၌လည်းကောင်း၊ ၎င်းတို့ လုယက်ယူဆောင်ထားသည့် CANDA CZI အမျိုးအစား  ဆိုင်ကယ် တစ်စီး၊ HONDA Click 2018-125 အမျိုးအစား ဆိုင်ကယ် တစ်စီး၊ Cyclone YUNDE-110 အမျိုးအစား ဆိုင်ကယ် တစ်စီးတို့နှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့သည်။
     စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိတရားခံ မင်းထက်ပါ ခြောက်ဦးတို့သည် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆိုင်ကယ်လုယက်မှု နှစ်ကြိမ်၊ စက်တင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ အောက်တိုဘာလအတွင်း ဆိုင်ကယ်လုယက်မှု ခြောက်ကြိမ်၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆိုင်ကယ်လုယက်မှု လေးကြိမ်၊ အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်မှုပေါင်း ၂၁ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း ကနဦးဖော်ထုတ်သိရှိရပြီး လုယက်မှုကျူးလွန်ရာမှရရှိသည့် ဆိုင်ကယ်များအား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ပြည်ကြီးတံခွန်မြို့နယ်နေ ဇော်ထက် (ခ)ဝက်စုတ်(စိစစ်ဆဲ)နှင့် မြစ်ငယ်မြို့နယ်နေ ကုလားကြီး(စိစစ်ဆဲ)တို့ နှစ်ဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုခေါ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုများမှ သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းရမိနိုင်ရေးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးရန်ကျန်တရားခံ နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ ထပ်မံကျူးလွန်ထားသည့် ပြစ်မှုများရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
     ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် ဖမ်းဆီးရမိတရားခံ မင်းထက်၊ ချမ်းမြေ့အောင်(ခ)ငချမ်း၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ)အောင်ကျော်၊ အောင်ကိုမင်း၊ အောင်သူကျော်(ခ)ကိုချစ်တို့ ခြောက်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီးတို့ နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အလားတူဒုစရိုက်မှုများ မဖြစ်ပွားစေရေးနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်းများအား တွေ့ရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ယူကရိန်းစစ်သည်များက မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေး ခြင်းခံ ခဲ့ရဟုဆို

ယူကရိန်းစစ်သည်များသည် မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေးခြင်းခံခဲ့ရကြောင်း ဗြိတိန်မှရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်တစ်ဦးက Sputnik သတင်းဌာနသို့ပြောသည်။

ယူကရိန်းစစ်သည်များသည် မြောက်ယော့ရှိုင်းယားရှိ  စစ်အခြေစိုက်စခန်းတစ်ခုတွင် မြို့ပြစစ်ပွဲနှင့်သက်ဆိုင်သည့် လေ့ကျင့်မှုများကို ဘာသာပြန်မှတစ်ဆင့် ဗြိတိန်စစ်ရေးလေ့ကျင့်သင်ကြားပေးသူများ၏   ညွှန်ကြားချက်အတိုင်းသင်ယူခဲ့ခြင်းဖြစ်ပြီး     ၎င်းစစ်သည်များအားကာ့ဒေသရှိ ဆွစ်ဇာမြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်က ဆက်ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံအတွင်းရှိ ကာ့ဒေသသို့ ကျူးကျော်တိုက်ခိုက်မည့်အစီအစဉ်ကို အနောက်နိုင်ငံများမှ  ထောက်လှမ်းရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကSputnik  သတင်းဌာနသို့    ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောကြားခြင်းဖြစ်သည်။

Sputnik သတင်းဌာနသည် ယူကရိန်းစစ်သည်များအား စစ်ရေးနည်းပြများက ဗြိတိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားပေးနေသည့် ဗီဒီယိုပြကွက်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ်ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများတောင်းခံခဲ့ကြသည့် ဝန်ထမ်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများသိရှိ နားလည်စေရန် ရုပ်မြင်သံကြားများနှင့် သတင်းစာများတွင် ထုတ်ပြန်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားများကိုသာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသော်လည်း ဇန်နဝါရီ ၂၆ ရက်နေ့၌ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်အား မြေပြင်သတင်းစိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ၊မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲသည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄)နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ် ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူတစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘိုမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို၊ အမှတ်(၁၀) ရပ်ကွက်တွင်နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့်အသီးသီးခွဲယူခဲ့ကြကြောင်း ဖော်ထုတ်ရရှိ ခဲ့သည်။

ဖြစ်စဉ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာဆင့်ခေါ်သွားရန်နှင့် ငွေကြေးများတောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများမရှိစေရေး တာဝန်ရှိသူများမှအသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

Source: www.moi.gov.mm

IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မည့်အစီအစဉ်ကို မော်ရိုကို ဖော်ထုတ်နိုင်ခဲ့

မော်ရိုကိုနိုင်ငံတွင် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်တိုက်ခိုက်မည့်အစီအစဉ်ကို အာဏာပိုင်အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ထောက်လှမ်းရေး ဗျူရိုက ဇန်နဝါရီလ၂၆ ရက်တွင် ထုတ်ပြန်သည်။

မော်ရိုကိုအထူးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်း ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ပြီးနောက် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်နွှယ်သူလေးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အထူးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ဘာရီချစ်ပြည်နယ်အတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုရန်စီစဉ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများ၊   လက်နက်များနှင့် ဓာတုပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။     

အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဝင်းအောင် (၆၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနောက်ဘက်ရှိ ယာခင်းသို့ သွားရောက်စဉ် ယာခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ဦးဝင်းအောင်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျေးရွာရှိ ကျေးလက်ဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေ ဒေါ်သီသီ(၃၈)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ ကွမ်းခြံသို့ သွားရောက်စဉ် ကွမ်းခြံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

AI နည်းပညာ တပ်ဆင်ထားသည့် ဒုံးကျည်များကို အီရန်အောင်မြင်စွာစမ်းသပ်ပစ်ခတ်

အီရန်တပ်မတော်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ဉာဏ်ရည်တုနည်းပညာ (AI) တပ်ဆင်ထားသည့်  ဒုံးကျည်များကိုအောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းသိရသည်။

အီရန်ရေတပ်ဖွဲ့သည် Qaem နှင့် Almas ဒုံးကျည်များကို Great Prophet Authority 19 ဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၆ရက်တွင် ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။  အီရန်သည်    အဆိုပါစစ်ရေးလေ့ကျင့်မှုကိုယခုလအစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

AI နည်းပညာသုံး အဆိုပါဒုံးကျည်များသည် ဒရုန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များကို အီရန်က အဆင့်မြှင့်တင်ထားသည့် အခြားလက်နက်စနစ်များနှင့်အတူ ထုတ်ဖော်ပြသ၍ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Qaem  ဒုံးကျည်သည်   အနီအောက်ရောင်ခြည်၊ လေဆာ သို့မဟုတ် ရုပ်သံမှတစ်ဆင့် ပဲ့ထိန်းနိုင်ပြီး အလေးချိန်အားဖြင့် ၈.၅ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို အကွာအဝေး ၄၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည်။ ထို့အတူ Almas   ဒုံးကျည်သည် သံချပ်ကာဖျက်ဒုံးအမျိုးအစားတစ်ခုဖြစ်ပြီး အကွာအဝေးအားဖြင့် ၈ ကီလိုမီတာသို့သာပစ်ခတ်နိုင်သည့် ပေါက်ကွဲအားကိုပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည့် ထိပ်ဖူးများအားတပ်ဆင်ထားခြင်းဖြစ်သည်။